Sunday, July 23, 2017

လေကြောင်းထိန်းလုပ်ငန်း





ATC(Air Traffic Control) 💚Nerve Centre
==============

ATC Controlအမျိုးအစားသုံးမျိုးရှိပါတယ်။

၁။ Aerodrone Control
၂။ Approach Control
၃။ Area Controlတို့ဖြစ်​ပါတယ်​။

၁။Aerodrone Controlအမျိုးအစားက​တော့ 10mileအထိ​လေယာဉ်​ကိုထိန်းပါတယ်​။
၂။Approach Controlအမျိုးအစားက​တော့ 40 mileအထိ​လေယာဉ်​ကိုထိန်းပါတယ်​။
၃။Area Controlအမျိုးအစားက​တော့ 100mileအထိ​လေယာဉ်​ကိုထိန်းပါတယ်​။

ATCမှာပါဝင်​တဲ့အစိတ်​အပိုင်း​တွေက​တော့
၁။Ground
၂။Tower
၃။Approach
၎။local ပြီးရှိပါတယ်​။Local ကို sector ၄ခုထက်​ခွဲပါတယ်​။

Sector 1က​တော့ မြန်​မာပြည်​အထက်​ထက်​ပိုင်းကိုထိန်းပါတယ်​။
Sector 2 and sector 3က​တော့မြန်​မာပြည်​အလည်​ပိုင်းကိုထိန်းပါတယ်​။
Sector 4က​တော့ မြန်​မာပြည်​​အောက်​ပိုင်းကိုထိန်းပါတယ်​။
sector 1 and sector 4 က​တော့ international​လေယာဉ်​များကိုထိန်းပါတယ်​။
sector 2 and sector 3က​တော့ international and domestic ​လေယာဉ်​​တွေပါထိန်းပါတယ်​။

၁။Ground

Groundက​တော့ ​လေယာဉ်​​တွေကို engine start ၊ taxi in/out ၊ activate tranaponder code(squawk)​​ပေးတာ၊parking​နေရာ​ပေးတာ​၊ပျံသန်းမဲ့အမြင့်​​ပေ ​ပေးတာတွေလုပ်​ပါတယ်​။Taxiထွက်​လာ​သော​လေယာဉ်​ကို taxi way ​ပေါ်​ရောက်​တာနဲ့Towerကိုလွဲ​ပေးပါတယ်​။

၂။Tower

Towerက​တော့Groundကလွဲ​ပေး​လိုက်​​သော​လေယာဉ်​ကို intention​(​လေယာဉ်​​လေထဲ​ရောက်​တာနဲ့ ဘယ်​/ညာ ​ကွေ့ဖို့ အညွန်းဒီဂရီ)​ပေးပါတယ်​ ​လေယာဉ်​​ပြေးလမ်းရှင်းပါက ​လေထဲကိုတက်​ခွင့်​ပြုပါတယ်​။ထို့​နောက်​ approachကိုလွဲ​ပေးပါတယ်​။ထိုအပြင်​ဆင်းလာ​သော​လေယာဉ်​ကိုလည်း​ပြေးလမ်းရှင်းပါကဆင်းခွင့်​​ပေးပါတယ်​။ထို့​နောက်​ Taxiway​ပေါ်တင်​​ပေးပြီးGroundကိုလွဲ​ပေးပါတယ်​။

၃။ Approch

Towerမှလွဲ​ပေးလိုက်​​သော​လေယာဉ်​ကို သတ်​မှတ်​ထား​သောအမြင့်​​ပေ​ရောက်​​အောင်​ထက်​ပြီးတင်​ပါတယ်​။လေယာဉ်​သွားရာလမ်း​ကြောင်းအတွက်​အညွှန်းဒီဂရီထက်​​ပေးပါတယ်​။ထို​နောက်​ sector 2ကိုလွဲ​ပေးပါတယ်​။အဆင်း​လေယာဉ်​များကိုလည်းsector2မှလွဲ​ပေးပြီး​နောက်​Runwayနဲ့တည့်​​အောင်​အညွှန်းဒီဂရီ​ပေးပါတယ်​။5mileခန့်​​ရောက်​ပါက towerကိုလွဲ​ပေးပါတယ်​။

၎။ Sector 2 and sector 3

Approchမှလွဲ​ပေးလိုက်​​သော​လေယာဉ်​ သတ်​မှတ်​အမြင့်​​ပေ​ရောက်​​အောင်​ထက်​တင်​ပါတယ်​။
လေယာဉ်​ဦးတည်​​သော​လေဆိပ်​သို့သတ်​မှတ်​ထား​သောလမ်း​ကြောင်းအတိုင်း​ရောက်​ရှိ​အောင်​လိုအပ်​သလိုထိန်း​ကြောင်းပါတယ်​။ထို့​နောက်​ သက်​ဆိုင်​ရာtowerအသီးသီးဆီသို့ လွှဲ​ပြောင်း​ပေးပါတယ်​။အဆင်း​လေယာဉ်​များကိုလည်း အစဉ်​အလိုက်​ဆင်းသက်​နိုင်​​အောင်​ ​လေယာဉ်​အမြင့်​​ပေ​လျှော့ချခြင်း။အညွှန်းဒီဂရီများ​ပေးခြင်းတို့ဖြင့်​ထိန်းပါတယ်​။ထို့​နောက်​ towerကိုလွှဲ​ပြောင်း​ပေးပါတယ်​။
အမြင့်​​ပေသက်​မှတ်​ခြင်း။
မြန်​မာပြည်​ဧ။်​ အ​ရှေ့ဖက်​မှဝင်​လာ​သော​လေယာဉ်​များကိုအမြင့်​​ပေ စုံဂဏန်း​ပေးပြီး​နောက်​ဖက်​မှဝင်​လာ​သော​လေယာဉ်​များကို အမြင့်​​ပေ မ ဂဏန်း​ပေးပါတယ်​။ထို့အပြင်​ ​မြောက်​ဖက်​မှလာ​သော​လေယာဉ်​များကို မ ဂဏန်း​ပေးပြီး ​တောင်​ဖက်​မှလာ​သော ​လေယာဉ်​များကို စုံ ဂဏန်း​ပေးပါတယ်​။အမြင့်​​ပေများကို ​လေယာဉ်​တစ်​စီးနှင့်​တစ်​စီး ​ပေ ၁၀၀၀ ခြား​ပေးပါတယ်​။သို့​သော်​ အမြင့်​​ပေ ၄၁၀၀၀​ကျော်​သွားပါက ​ပေ ၂၀၀၀ စီခြား​ပေးပါတယ်​။

Reporting Pointများ

မြန်​မာနိုင်​ငံကိုဖြတ်​​ကျော်​ပျံသန်းမည့်​​international​လေယာဉ်​များနှင်​ဆင်းသက်​မည့်​​လေယာဉ်​များသည်​ မြန်​မာနိုင်​ငံပိုင်​​ဝေဟင်​သို့စတင်​​ရောက်​ရှိပါက သတင်းပို့ရသည့်​ Reporting Pointများရှိသည်​။
မြန်​မာပြည်​ဧ။်​အ​ရှေ့ဖက်​ Reporting Pointများ
1.  LINSO
2.  AKSAG
3.  SISUK
4.  BOMAS
5.  MAKAS
6.  LIMLA
7.  BETNO
8.  TANEK
9.  AKATO
10.EKAVO
11.NURDA
13.PUMORဆိုပြီးရှိပါတယ်​။

မြန်​မာပြည်​ဧ။်​​တောင်​ဖက်​ Reporting Pointများ
1. PADET
2. IKULA
3. TAVUNဆိုပြီးရှိပါတယ်​။

မြန်​မာပြည်​ဧ။်​အ​နောက်​ဖက်​ Reporting Pointများ
1. ANSOS
2. CHILA
3. APAGO
4. AVLED
5. TEBOV
6.IBITA
7.SAGOD
8. MEPEL
9. RINDA
10.LIBDI
11.LULDA
12.MIPAK
13.BORBUဆိုပြီးရှိပါတယ်​။

မြန်​မာနိုင်​ငံတွင်​ဖြတ်​​ကျော်​ပျံသန်း​နေ​သော အပြည်​ပြည်​ဆိုင်​ရာ​လေယာဉ်​များနှင့်​ ပြည်​တွင်း​လေ​ကြောင်းများဧ။်​ ပျံသန်းသည့်​အ​ရေအတွက်​မှာ တစ်​ရက်​လျှင်​အစီး​ရေ ၁၀၀၀နီးပါးခန့်​ကို ထိန်း​ကြောင်း​ပေး​နေပါသည်​။မြန်​မာနိုင်​ငံတွင်​ ATC Controllerအ​ရေအတွက်​ ၄၀၀နီးပါးခန့်​မျှသာရှိပါသည်​။လူဦး​ရေနည်း​သော်​လည်း မြန်​မာနိုင်ငံအတွက်​ နိုင်​ငံခြားဝင်​​ငွေအများဆုံးရရှိ​အောင်​၂၄နာရီ ပတ်​လုံး ရှာ​ဖွေပေး​နေကြသူများဖြစ်​သည်​။မြန်​မာနိုင်​ငံအတွက်​နိုင်​ငံခြားဝင်​​ငွေအများဆုံးရရှိ​အောင်​ရှာ​ဖွေ​ပေး​သော ATCဧ။်​ လုပ်​ငန်းသ​ဘောတရားများနှင့်​ ​လေ​ကြောင်းဗဟုသုတ ရရှိ​စေရန်​ရည်​ရွယ်​ပါသည်။

# လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး ပေးပါရန် Controller များအား မေတ္တာ ရပ်ခံ ပါသည်။

#phyo wai linn
ROTARY - WING 47
 #Myanmar _ Military _ Observers

https://m.facebook.com/story.php?story_fbid=1374072622678748&id=915047311914617

No comments:

Post a Comment