Mandalay International Airport
✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈
ဖတ်မိသမျှ မန်းလေးလေဆိပ်အကြောင်း
ကို ဝေမျှချင်ပါတယ်။
.....မန်းလေးလေဆိပ်ကြီးကိုတည်ဆောက်ရေး
အပိုင်း မှာ လေဆိပ်အဆောက်အဦနှင့်ဆက်စပ်လုပ်ငန်းများကို၁၉၉၄ ခုနှစ်မှာ Italian Thai Develop Public ကုမ္ပဏီက အမေရိကန်ဒေါ်လာ
သန်း ၁၅၀၊ပြေးလမ်းနဲ့ဆက်စပ်လုပ်ငန်းများကို
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ မြန်မာကျပ်
ငွေ ၈၀၄၉ ဒသမ ၅၂သန်းအကုန်အကျခံပြီး ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၀၀ပြည့် နှစ် စက်တင်ဘာ ၁၇ ရက်နေ့မှာ နိုင်ငံတော်အစိုးရ ကဖွင့်လှစ်အသုံးပြုခဲ့ပါတယ်။ထိုင်းExIm Bank မှ ရေရှည်ချေးငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။
..... မန္တလေးချမ်းမြသာစည်လေဆိပ် ကိုတော့ မြန်မာအမျိုးသားလေကြောင်း ကလေယာဉ်ငယ်
တွေဘဲဆင်းသက်တော့ပါတယ်။
တည်နေရာ
တံတားဦးမြို့၊ကျောက်ဆည်ခရိုင်
မန္တလေးတိုင်းဒေသကြီး။
မန္တလေး မြို့နဲ့ ၃၅ ကီလိုမီတာ ကွာဝေး
ပင်လယ်မျက်နှာပြင်အထက် ၃၀၀ ပေ(၉၁မီတာ)
Coordinates
21°42′08″N 095°58′41″E / 21.70222, 95.97806
IATA: MDL – ICAO: VYMD
ပြေးလမ်းဦးတည်ရာအရပ် 17 /35
လေယာဉ်ပြေးလမ်း အလျား ၁၄၀၀၀ ပေ(၄၂၆၇
-မီတာ)၊အကျယ် ၂၀၀ ပေ(၆၁-မီတာ)
အမျိုးအစား...ကွန်ကရစ်
ကမ္ဘာပေါ်တွင်အရှည်ဆုံးသောလေယာဉ်
ပြေးလမ်းများစာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှတွင်လက်ရှိအသုံးပြုနေသော လေယာဉ်ပြေးလမ်းများတွင် အရှည်ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၃သန်း အသုံးပြုနိုင်သည် ဟုသိရပါတယ်။ လေဆိပ်ကြီးမှာ ပြည်တွင်းလေကြောင်းလိုင်းများဖြစ်တဲ့ရွှေမြန်မာလေကြောင်း
လိုင်း၊မန်းရတနာပုံ လေကြောင်းလိုင်း၊မန်းရတနာ
ပုံလေကြောင်း၊ရန်ကုန်အဲယားဝေးစ်လေကြောင်း နဲ့မြန်မာအမျိုးသားလေကြောင်းတို့အခြေပြုပြေး
ဆွဲလျှက်ရှိပါတယ်။
ပြည်တွင်းလေကြောင်းလိုင်းအနေနဲ့
(၁)အဲယားပုဂံလေကြောင်းလိုင်း
(ကလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ မုံရွာ၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး)
(၂)ကမ္ဘောဇ
(ကျိုင်းတုံ၊ တာချီလိတ်၊ ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး)
(၃)အဲယားမန္တလေးလေကြောင်းလိုင်း
(မြစ်ကြီးနား၊ ရန်ကုန်)
(၄)အေရှန်းဝင်း လေကြောင်းလိုင်း
(ကလေး၊ ကျိုင်းတုံ၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ မုံရွာ၊ ရန်ကုန်၊ လွိုင်ကော်၊ဟုမ္ပလင်း၊ ဟဲဟိုး)
(၅)ရွှေမြန်မာလေကြောင်းလိုင်း
(တာချီလိတ်၊ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး)
(၆)မြန်မာအမျိုးသားလေကြောင်း
(ကလေး၊ကျိုင်းတုံ၊ ခန္တီး၊တာချီလိတ်၊နေပြည်
တော်၊ညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ မုံရွာ၊ ရန်ကုန်၊ လွိုင်ကော်၊ လားရှိုး၊ ဟုမ္ပလင်း၊ ဟဲဟိုး)
(၇)ရန်ကုန် အဲယားဝေးစ် လေကြောင်းလိုင်း
(ကလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နေပြည်တော်၊
ညောင်ဦး၊ ပူတာအို၊ဗန်းမော်၊ မြစ်ကြီးနား၊ရန်ကုန်၊
လားရှိုး၊ဟဲဟိုး)
(၈)မန်းရတနာပုံလေကြောင်းလိုင်း
(ကျိုင်းတုံ၊ တာချီလိတ်၊ နေပြည်တော်၊ခန္တီး၊ညောင်ဦး၊ မြစ်ကြီးနား၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး မြို့)
ပြည်ပလေကြောင်းလိုင်း အနေနဲ့
(၁)Bangkok Airways ဘန်ကောက်/ချင်းမိုင်၊ထိုင်းနိုင်ငံ
(၂)China Eastern ကူမင်းမြို့ တရုတ်
နိုင်ငံ(၃)Air Asiaဒွန်မောင်း၊ထိုင်းနိုင်ငံ
(၃)Thai Smile Airways.ဘန်ကောက် ထိုင်းနိုင်ငံ(လောလောဆယ် မပြေးဆွဲ)
(၄)Slik Air..စင်ကာပူမြို့ (စင်ကာပူနိုင်ငံ) (၅)Myanmar International Airline
(ရံဖန်ရန်ခါ)တို့ပြေးဆွဲလျှက်ရှိပါတယ်။
လေဆိပ်ဝန်ဆောင်မှုများ
၂၀၀၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သောလေဆိပ်အဆောက်အဦး
သည် ဆိုက်ရောက်ခရီးသည် ၁၀၀၀၊ထွက်ခွာခရီး
သည် ၁၀၀၀ ကိုတစ်ပြိုင်တည်းဝန်ဆောင်မှုပေး
နိုင်သည်။ တစ်နှစ်တွင်ခရီးသည်ပမာဏ ၃ သန်း
ခန့်လက်ခံနိုင်ပြီး ၁၅သန်းအထိတိုးချဲ့နိုင်စွမ်း ရှိ
သည်။လေဆိပ်ကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း
မန္တလေးမြို့ တောင်ဘက် တံတားဦးမြို့တွင်တည်ရှိပြီး စုစုပေါင်းဧရိယာ ၂၈၅၇၆ ဧက ကျယ်ဝန်း
ပါတယ်။ ၄င်းဧရိယာ ထဲမှလေတပ်ဆွယ်အတွက်
၅၆၁ဒသမ၂ ဧက၊အမြန်လမ်းရဲစခန်း အတွက် ၂ဒသမ၇၂ ဧက၊ဆီဆိုင်အမှတ်(၀၆၇၂)အတွက် ၁ဒသမ၁၂ ဧက၊အမြန်လမ်းအတွက်၄၅၂ ဒသမ
၈၉ ဧက၊အောင်စည်းခုံဘုရားဝတ္တကမြေအတွက်
၁.၂ ဧက စုစုပေါင်း ၁၀၁၉၀ဒသမ၂၁ ခွဲဝေပေးခဲ့ရ
ပါတယ်။အမြန်လမ်း အရှေ့ဘက် ၉၀၅၅ ဧက ကို
လည်း ၂၀၁၂ လယ်ယာမြေ ဥပဒေနဲ့ အညီ
၂၆.၆.၂၀၁၄ ရက်နေ့မှာ မူလ တောင်သူ တွေကို ပြန်လည်လွှဲပေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်
လေဆိပ်မြေအဖြစ် ၁၈၅၀၁ ဒသမ ၇၉ ဧကသာ
ကျန်တော့ပါတယ်။ခြံစည်းရိုးခတ်ပြီးလက်ရှိအသုံး
ပြုမြေက ၃၅၉၅ ဧကဖြစ်ပြီး ကျန်ရှိမြေကို လောလောဆယ် မူလတောင်သူတွေကို စိုက်ပျိုးခွင့်ပေး
ထားတယ်လို့သိရပါတယ်။
အဲဒီမြေဟာနောင်တချိန်လေဆိပ်ကြီး ဖွံ့ဖြိုးစည်ပင်လာတဲ့အချိန်မှာ လေယာဉ်ပြေးလမ်းနောက်တစ်ခု ထပ်မံတည်ဆောက်ဖို့စီစဉ်ထားတယ်လို့
သိရပါတယ်။(ယခုလေဆိပ်ရဲ့ အနောက်ဘက်ခြမ်း၊လေဆိပ်အဆောက်အဦ နဲ့တာဝါကိုအလယ်
မှာထားပြီး)နောက်ပြီးတော့မန္တလေးမြို့လယ် မှ လေဆိပ်သို့ ကားဖြင့်လာမည်ဆိုပါကတစ်နာရီခန့်
မောင်းနှင်ရပါမယ်။ကားပါကင်တွင်မော်တော်
ယာဉ် အစီးရေ ၇၀၀ ခန့်ရပ်နားနိုင်တဲ့ Car Packing, လေဆိပ်အဆောက်အဦ ထဲမှာတော့ လေအေးပေးစနစ်၊မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ်နှင့်အရေးပေါ်လျှပ်စစ်ဓာတ်အားပေးရေးစနစ်များ တပ်ဆင်ထားပါတယ်။ ထို့အပြင် ခရီး
သည်များအတွက်ဓာတ်လှေကား၆ခု၊စက်လှေကား ၃ခု၊ ကုန်တင်ဓာတ်လှေကား ၁ခု၊ ခရီးသည်
ပို့ဆောင်သော ရွေ့လျားတံတား ၆ခု အနက် ၃ခု မှာ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးများ ဆိုက်ကပ်နိုင်
သည်။ လေယာဉ် ၁၀ စီး လုံလုံလောက်လောက် ရပ်နားနိုင်ပြီးမည်သည့်အရွယ်အစားရှိသည့်လေယာဉ်မဆို ရှစ်မိနစ်တစ်စီးနှုန်းဖြင့်ဆင်းသက်
ထွက်ခွာနိုင်သည်။(လောလောဆယ် ပြုပြင်မှုများဆောင်ရွက်နေပါသည်။) မန္တလေးလေဆိပ်မြေပြင် ဝန်ဆောင်မှုလုပ်ငန်းကို ယခင်က (MAGS) မှ ခရီးသည်တင်နှင့် ကုန်တင်လေယာဉ်များအတွက် မြေပြင်ကိုင်တွယ်မှုလုပ်ငန်းများကိုဆောင်ရွက်ပေး
ခဲ့ပါတယ်။(ယခု Mjas မှတာဝန်ယူဆောင်ရွက်)
လေဆိပ်တွင်ထည့်သွင်းထားသော လေကြောင်း
ဆက်သွယ်မှုဆိုင်ရာစနစ်များအဖြစ် VHF and HF SSB transmitters and receivers၊အသံ
ထိန်းချုပ်စနစ်၊အလိုအလျောက်လေဆိပ်အချက်အလက်ထုတ်ပြန်သောစနစ်(ATIS)၊လေကြောင်း
ဆက်သွယ်မှုကွန်ရက်တို့ပါဝင်ပါတယ်။လေကြောင်းထိန်းတာဝါ မှာ ရေဒါနှင့် လမ်းပြစနစ် မြောက်များစွာ တပ်ဆင်ထားပြီးဖြစ်ပါတယ်။
ခရီးသည်ဝန်ဆောင်မှုများ
check-indesk ၃၆ ခု
ဂိတ် ၈ ခု
ရွေ့လျားတံတား ၆ ခု လက်ဆွဲအိတ်ပြန်လည်ရွေးယူရာရွေ့လျားခါးပတ် ၃ခု
လေယာဉ် အချိန်တိုရပ်နားနိုင်သောပါကင် ၁၁ခု၊ အချိန်ကြာရပ်နားနိုင်သောပါကင် ၆ ခု
စာတိုက်
ဘဏ်
ငွေလဲလှယ်ရေးကောင်တာ
စားသောက်ဆိုင်
အထူးပုဂ္ဂိုလ်များနားနေဆောင် အကောက်ခွန်မဲ့အမှတ်တရပစ္စည်းအရောင်းဆိုင်ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ ခရီးသည်များအတွက် Information Counter ကားအငှားလုပ်ငန်းများ
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ ကိန်း
အောင်းရာ မြို့တော်ကြီးဖြစ်သောကြောင့် လည်း
ကောင်း၊ ရန်ကုန်လေဆိပ်မှာ တိုးတက်လာတဲ့
လေကြောင်းလိုင်းများနဲ့လေယာဉ်များကြောင့်
လေယာဉ်ရပ်နားရာနေရာ ကျဉ်းမြောင်းလာမှုကြောင့်လည်းကောင်း မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် ဟာမြန်မာနိုင်ငံအတွက် ဒုတိယအကောင်းဆုံးနေရာ တစ်ခုဖြစ်လာတယ်ဆိုတာ မငြင်းနိုင်တဲ့ အကြောင်းအရာတစ်ခုဖြစ်လာပါတယ်။
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ကိုးကား ၁။ https://en.m.wikipedia.org/wiki/Mandalay_International_Airport
၂။ပြည်သူလွှတ်တော်
၃။အခြား
Credit :Htet Aung Hlaing
No comments:
Post a Comment