Sunday, July 23, 2017
လေကြောင်းထိန်းလုပ်ငန်း
ATC(Air Traffic Control) 💚Nerve Centre
==============
ATC Controlအမျိုးအစားသုံးမျိုးရှိပါတယ်။
၁။ Aerodrone Control
၂။ Approach Control
၃။ Area Controlတို့ဖြစ်ပါတယ်။
၁။Aerodrone Controlအမျိုးအစားကတော့ 10mileအထိလေယာဉ်ကိုထိန်းပါတယ်။
၂။Approach Controlအမျိုးအစားကတော့ 40 mileအထိလေယာဉ်ကိုထိန်းပါတယ်။
၃။Area Controlအမျိုးအစားကတော့ 100mileအထိလေယာဉ်ကိုထိန်းပါတယ်။
ATCမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့
၁။Ground
၂။Tower
၃။Approach
၎။local ပြီးရှိပါတယ်။Local ကို sector ၄ခုထက်ခွဲပါတယ်။
Sector 1ကတော့ မြန်မာပြည်အထက်ထက်ပိုင်းကိုထိန်းပါတယ်။
Sector 2 and sector 3ကတော့မြန်မာပြည်အလည်ပိုင်းကိုထိန်းပါတယ်။
Sector 4ကတော့ မြန်မာပြည်အောက်ပိုင်းကိုထိန်းပါတယ်။
sector 1 and sector 4 ကတော့ internationalလေယာဉ်များကိုထိန်းပါတယ်။
sector 2 and sector 3ကတော့ international and domestic လေယာဉ်တွေပါထိန်းပါတယ်။
၁။Ground
Groundကတော့ လေယာဉ်တွေကို engine start ၊ taxi in/out ၊ activate tranaponder code(squawk)ပေးတာ၊parkingနေရာပေးတာ၊ပျံသန်းမဲ့အမြင့်ပေ ပေးတာတွေလုပ်ပါတယ်။Taxiထွက်လာသောလေယာဉ်ကို taxi way ပေါ်ရောက်တာနဲ့Towerကိုလွဲပေးပါတယ်။
၂။Tower
Towerကတော့Groundကလွဲပေးလိုက်သောလေယာဉ်ကို intention(လေယာဉ်လေထဲရောက်တာနဲ့ ဘယ်/ညာ ကွေ့ဖို့ အညွန်းဒီဂရီ)ပေးပါတယ် လေယာဉ်ပြေးလမ်းရှင်းပါက လေထဲကိုတက်ခွင့်ပြုပါတယ်။ထို့နောက် approachကိုလွဲပေးပါတယ်။ထိုအပြင်ဆင်းလာသောလေယာဉ်ကိုလည်းပြေးလမ်းရှင်းပါကဆင်းခွင့်ပေးပါတယ်။ထို့နောက် Taxiwayပေါ်တင်ပေးပြီးGroundကိုလွဲပေးပါတယ်။
၃။ Approch
Towerမှလွဲပေးလိုက်သောလေယာဉ်ကို သတ်မှတ်ထားသောအမြင့်ပေရောက်အောင်ထက်ပြီးတင်ပါတယ်။လေယာဉ်သွားရာလမ်းကြောင်းအတွက်အညွှန်းဒီဂရီထက်ပေးပါတယ်။ထိုနောက် sector 2ကိုလွဲပေးပါတယ်။အဆင်းလေယာဉ်များကိုလည်းsector2မှလွဲပေးပြီးနောက်Runwayနဲ့တည့်အောင်အညွှန်းဒီဂရီပေးပါတယ်။5mileခန့်ရောက်ပါက towerကိုလွဲပေးပါတယ်။
၎။ Sector 2 and sector 3
Approchမှလွဲပေးလိုက်သောလေယာဉ် သတ်မှတ်အမြင့်ပေရောက်အောင်ထက်တင်ပါတယ်။
လေယာဉ်ဦးတည်သောလေဆိပ်သို့သတ်မှတ်ထားသောလမ်းကြောင်းအတိုင်းရောက်ရှိအောင်လိုအပ်သလိုထိန်းကြောင်းပါတယ်။ထို့နောက် သက်ဆိုင်ရာtowerအသီးသီးဆီသို့ လွှဲပြောင်းပေးပါတယ်။အဆင်းလေယာဉ်များကိုလည်း အစဉ်အလိုက်ဆင်းသက်နိုင်အောင် လေယာဉ်အမြင့်ပေလျှော့ချခြင်း။အညွှန်းဒီဂရီများပေးခြင်းတို့ဖြင့်ထိန်းပါတယ်။ထို့နောက် towerကိုလွှဲပြောင်းပေးပါတယ်။
အမြင့်ပေသက်မှတ်ခြင်း။
မြန်မာပြည်ဧ။် အရှေ့ဖက်မှဝင်လာသောလေယာဉ်များကိုအမြင့်ပေ စုံဂဏန်းပေးပြီးနောက်ဖက်မှဝင်လာသောလေယာဉ်များကို အမြင့်ပေ မ ဂဏန်းပေးပါတယ်။ထို့အပြင် မြောက်ဖက်မှလာသောလေယာဉ်များကို မ ဂဏန်းပေးပြီး တောင်ဖက်မှလာသော လေယာဉ်များကို စုံ ဂဏန်းပေးပါတယ်။အမြင့်ပေများကို လေယာဉ်တစ်စီးနှင့်တစ်စီး ပေ ၁၀၀၀ ခြားပေးပါတယ်။သို့သော် အမြင့်ပေ ၄၁၀၀၀ကျော်သွားပါက ပေ ၂၀၀၀ စီခြားပေးပါတယ်။
Reporting Pointများ
မြန်မာနိုင်ငံကိုဖြတ်ကျော်ပျံသန်းမည့်internationalလေယာဉ်များနှင်ဆင်းသက်မည့်လေယာဉ်များသည် မြန်မာနိုင်ငံပိုင်ဝေဟင်သို့စတင်ရောက်ရှိပါက သတင်းပို့ရသည့် Reporting Pointများရှိသည်။
မြန်မာပြည်ဧ။်အရှေ့ဖက် Reporting Pointများ
1. LINSO
2. AKSAG
3. SISUK
4. BOMAS
5. MAKAS
6. LIMLA
7. BETNO
8. TANEK
9. AKATO
10.EKAVO
11.NURDA
13.PUMORဆိုပြီးရှိပါတယ်။
မြန်မာပြည်ဧ။်တောင်ဖက် Reporting Pointများ
1. PADET
2. IKULA
3. TAVUNဆိုပြီးရှိပါတယ်။
မြန်မာပြည်ဧ။်အနောက်ဖက် Reporting Pointများ
1. ANSOS
2. CHILA
3. APAGO
4. AVLED
5. TEBOV
6.IBITA
7.SAGOD
8. MEPEL
9. RINDA
10.LIBDI
11.LULDA
12.MIPAK
13.BORBUဆိုပြီးရှိပါတယ်။
မြန်မာနိုင်ငံတွင်ဖြတ်ကျော်ပျံသန်းနေသော အပြည်ပြည်ဆိုင်ရာလေယာဉ်များနှင့် ပြည်တွင်းလေကြောင်းများဧ။် ပျံသန်းသည့်အရေအတွက်မှာ တစ်ရက်လျှင်အစီးရေ ၁၀၀၀နီးပါးခန့်ကို ထိန်းကြောင်းပေးနေပါသည်။မြန်မာနိုင်ငံတွင် ATC Controllerအရေအတွက် ၄၀၀နီးပါးခန့်မျှသာရှိပါသည်။လူဦးရေနည်းသော်လည်း မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအများဆုံးရရှိအောင်၂၄နာရီ ပတ်လုံး ရှာဖွေပေးနေကြသူများဖြစ်သည်။မြန်မာနိုင်ငံအတွက်နိုင်ငံခြားဝင်ငွေအများဆုံးရရှိအောင်ရှာဖွေပေးသော ATCဧ။် လုပ်ငန်းသဘောတရားများနှင့် လေကြောင်းဗဟုသုတ ရရှိစေရန်ရည်ရွယ်ပါသည်။
# လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး ပေးပါရန် Controller များအား မေတ္တာ ရပ်ခံ ပါသည်။
#phyo wai linn
ROTARY - WING 47
#Myanmar _ Military _ Observers
https://m.facebook.com/story.php?story_fbid=1374072622678748&id=915047311914617
Saturday, July 22, 2017
လေယာဉ်ရေမခဲစေရန် ကာကွယ်နည်း
. . . . . . . . . လေ ယာဉ် ပေါ် ရေ မ ခဲ ရန် " Anti-ice " ကာ ကွယ် စ နစ် များ . . . . . . . .
.
ရေ ခဲ ဖြစ် မ လာ စေ ရန် ကာ ကွယ် သည့် စ နစ် " Anti-icing system " နဲ့ / ဖြစ် ပေါ် လာ တဲ့ ရေ ခဲ တွေ ကို ဖြို ဖျက် တဲ့ " De-icing system " ဆို ပြီး ( နှစ် မျိုး ) ရှိ ပါ တယ် ။ ဒီ နေ့ ခေတ် လေ ယာဉ် ပျံ တွေ မှာ တော့ - ကြို တင် ကာ ကွယ် တဲ့ " Anti-icing " စ နစ် များ ကို ဘဲ အ သုံး ပြု တာ ပါ ။ ပုံ ( ၁ )
.
Pitot Static tubes, Static ports, AOA နဲ့ အ ခြား Sensor probes များ ရေ မ ခဲ စေ ရန် -
" Probe Heat system " ဟာ 115 V AC လျှပ် စစ် သုံး " ကွိုင် အ ပူ ပေး စ နစ် " ( Electric heater ) ဖြစ် ပါ တယ် ။ Pitot tubes / Temperature tubes / Static ports / Angle of Attack ( AOA ) စ တဲ့ လေ ယာဉ် ပြင် ပ မှာ တပ် ဆင် ထား တဲ့ " ခံ စား ထောက် လှမ်း ကိ ရိ ယာ " ( Sensor ) အား လုံး ရဲ့ အ တွင်း မှာ Resistance Elements များ ထည့် သွင်း ပြု လုပ် ထား တာ ပါ ။ Boeing - 737 လေ ယာဉ် လို - အ ရင် တုန်း က တော့ . . . လက် နဲ့ ' Manually ' ဖွင့် / ပိတ် နိုင် တဲ့ ခ လုတ် များ ကို Cockpit Overhead panel မှာ တွေ့ ကြ ရ တယ် ပေါ့ ။ ဒီ နေ့ ခေတ် Boeing - 757 / Airbus A - 320 လေ ယာဉ် တွေ မှာ တော . . . " Push button " မှာ ' AUTO ' ထား လို့ ရ ပါ ပြီ ။ လေ ယာဉ် ခေါင်း " Nose " မှာ တပ် ဆင် ထား တဲ့ - Temperature probes တွေ က အ ပြင် မှာ အ လွန် အေး ပြီး / ရေ ခဲ မ လာ ခင် " Probe & Windows heating system " များ ကို " ပါ ဝါ " စ ပေး မှာ ဖြစ် ပါ တယ် ။ ပုံ ( ၂ )
.
ရှေ့ လေ ကာ မှန် ရေ မ ခဲ စေ ရန် " Windshield Heat system "
Cockpit ရှေ့ လေ ကာ မှန် များ ကို - မှန် / ဗီ နိုင်း နဲ့ အ ခိုင်း လစ် ( Glass, Vinyl & Acrylic ) အ လွာ လိုက် ထပ် ပြီး ပြု လုပ် ထား ပါ တယ် ။ အ လွာ များ အ ကြား မှာ အ ပူ စီး နိုင် တဲ့ Conductive coating များ ထည့် သွင်း ထား ပြီး / အ ပေါ် နဲ့ အောက် ဘက် မှာ ကွိုင် ငယ် များ ( Filaments ) မြှုပ် ၍ / 115 V AC နဲ့ အ ပူ ပေး ပါ တယ် ။ အ ပူ အ ပြည့် ရ ဘို့ ( ၃ မိ နစ် ) လို ပါ တယ် ။ အ ပူ ချိန် ( 80' F - 120' F ) အ ကြား ထိန်း ထား မှာ ဖြစ် ပြီး / 145' F မှာ Overheat sensor တွေ က ဖြတ် တောက် ပေး မှာ ပါ ။ ပုံ ( ၄ )
.
အ တောင် ပံ မှာ ရေ မ ခဲ စေ ရန် " Wing Anti-icing system "
လေ ယာဉ် အင် ဂျင် " ကွန် ပ ရက် ဆာ " က နေ ဖေါက် ထုတ် ယူ ထား တဲ့ " လေ ပူ " ကို သုံး ပါ တယ် ။ အင် ဂျင် ရဲ့ HP ( High pressure ) နဲ့ LP ( Low Pressure ) တို့ က ဖေါက် ထုတ် " လေ " ( ၂ မျိုး ) လုံး ရ ရှိ နိုင် တဲ့ " Pneumatic Manifold " က တ ဆင့် / ဘယ် ညာ အ တောင် ပံ ( ၂ ဘက် ) ရှေ့ ခြမ်း ကို အ ပူ ပေး မှာ ပါ ။ လေ ပူ ကို - Slats များ နောက် က နေ သွယ် တန်း ထား တဲ့ ပိုက် လိုင်း ( Telescopic Ducts ) အ တွင်း ဝင် ရောက် စေ ပါ တယ် ။ APU ဖေါက် ထုတ် လေ ( APU Bleed Air ) ကို သုံး ရင် လည်း ရ ပါ တယ် ။ အ ပူ ချိန် 200' F ကို ရောက် ရင် တော့ / အ တောင် ပံ များ အ တွင်း လေ ပူ များ ဆက် လက် မ ဝင် ရောက် နိုင် အောင် " Valve " များ ပိတ် သွား မှာ ပါ ။ Overheat ပေါ့ ။ ဘယ် ညာ အ တောင် ပံ တ ဘက် ချင်း အ တွက် သီး ခြား အ ပူ ပေး နိုင် ပါ တယ် ။ ဒီ " ဘား တွေ " ( Valves ) ဖွင့် / ပိတ် ဘို့ 28 V DC အ သုံး ပြု ပါ တယ် ။ ပုံ ( ၃ ) နဲ့ ပုံ ( ၅ )
.
အင် ဂျင် ရေ မ ခဲ စေ ရန် " Engine Anti-icing system "
အင် ဂျင် " HP Compressor " ရဲ့ 5th. နဲ့ 9th. stage က ဖေါက် ယူ တဲ့ " ဖိ အား မြင့် လေ ပူ များ " ( Bleed Air ) ကို အ သုံး ပြု ပါ တယ် ။ ဖိ အား 50 psi က နေ 75 psi ကြား မှာ ' Regulate ' လုပ် ပေး နေ တဲ့ လေ ပူ တွေ ကို " Engine Cowl " အ တွင်း မှာ တပ် ဆင် ထား တဲ့ " Distribution Spray ring " က နေ - ပတ် ပတ် လည် ကို ဆောင့် ထုတ် ပေး နေ မှာ ပါ ။ အ ပူ ချိန် 825'±20' F ကို ရောက် လာ ရင် တော့ . . . 9th stage က လေ ပူ " Valve " ကို ပိတ် ပေး မှာ ပါ ။ Overheat ပေါ့ ။ ပုံ ( ၅ )
.
( Boeing - 737 နဲ့ - 757 လေ ယာဉ် များ မှ ထုတ် ပြ ပါ သည်https://m.facebook.com/story.php?story_fbid=1424078321001775&id=100001988622790
Thursday, July 20, 2017
လေယာဉ်နှင့်ရေခဲရခြင်းပြသနာ
. . . . . . . . . . . လေ ယာဉ် နဲ့ ရေ ခဲ ပြ ဿ နာ . . . . . . . . .
.
လေ ယာဉ် ပျံ သန်း နေ တုန်း - ဘာ ကြောင့် ရေ ခဲ တာ လဲ ? ဆို တာ / အား လုံး နား လည် လွယ် အောင် . . . ဥ ပ မာ ပေး ပါ မယ် ။ မ န္တ လေး မြို့ မှာ ပူ လို့ - မေ မြို့ တက် လိုက် တော့ အေး သွား တယ် / တ ခါ . . . တောင် ကြီး မြို့ က - မေ မြို့ ထက် ပို အေး တဲ့ " သ ဘော တ ရား " အ တိုင်း ပါ ဘဲ ။ မ န္တ လေး က မြေ ပြန့် / မေ မြို့ က ပေ ၃၀၀၀ ကျော် / တောင် ကြီး မြို့ က ပေ ၄၀၀၀ ကျော် မြင့် ပါ တယ် ။ အ ပေါ် ပို မြင့် လေ လေ . . . ပို အေး လေ လေ ဖြစ် ပါ တယ် ။ လေ ယာဉ် ပျံ က - အ မြင့် ပေ " တစ် သောင်း " အ ထက် က နေ / တ ချို့ " ပေ သုံး သောင်း " ကျော် မှာ ပျံ ကြ တာ လေ ။ ဒါ ကြောင့် . . . " ပျံ သန်း နေ စဉ် " လေ ယာဉ် အ ပြင် ဘက် မှာ အ ပူ ချိန် က - အ တော် လေး အေး နေ တာ ပါ ။
.
ရာ သီ ဥ တု က လည်း - ဆောင်း နဲ့ မိုး / နေ နဲ့ ဝေး တဲ့ - " မ နက် / ည နေ / ည " အ ချိန် တွေ မှာ . . . လေ ယာဉ် ပေါ် ရေ ခဲ တာ ဖြစ် ရိုး ဖြစ် စဉ် ပါ ။ နေ နဲ့ အ လွန် ဝေး တဲ့ - မြောက် နဲ့ တောင် ဝန်း ရိုး စွန်း ဒေ သ တွေ ရယ် . . . " အီ ကွေ တာ " နဲ့ ဝေး တဲ့ တောင် / မြောက် လ တ္တီ ကျူ့ တွေ မှာ ဆို - လေ ယာဉ် ပေါ် " တ နှစ် ပါတ် လုံး " ရေ ခဲ လေ့ ရှိ တာ ပါ ။ ပုံ ( ၁ )
.
လေ ယာဉ် တစ် စင်း လုံး ရေ ခဲ တွေ ဖုံး နေ ပါ စေ . . . ရေ ခဲ လို့ မ ဖြစ် တဲ့ " အ လွန် အ ရေး ကြီး တဲ့ " နေ ရာ တွေ ရှိ ပါ တယ် ။
( ၁ ) လေ ယာဉ် ဦး ခေါင်း ဘေး က - ပြွန် ချောင်း ငယ် များ ( Pitot Tubes ) / ပျား အုံ လို အ ပေါက် ငယ် လေး များ အုပ် စု ( Static Ports ) / ကန့် လန့် အ တက် ငယ် လေး ( Angle of Attack )
( ၂ ) လေ ယာဉ် မှူး တွေ ရှေ့ က - လေ ကာ မှန် များ ( Windshields )
( ၃ ) လေ ယာဉ် အ တောင် ပံ ရှေ့ ခြမ်း များ ( Wing Leading Edges )
( ၄ ) အင် ဂျင် အ ဝင် ဝ နှုပ် ခမ်း ( Engine Cowl L.E.'s )
မှာ ရေ ခဲ ရင် တ ကယ့် ပြ ဿ နာ ပါ ။
.
လေ ယာဉ် ပျံ သန်း နေ စဉ် . . .
( ၁ ) Pitot Tube တွေ အ ထဲ ဝင် ရောက် တဲ့ " လှုပ် ရှား ဖိ အား " ( Dynamic pressure ) က နေ - လေ ယာဉ် ရဲ့ အ မြန် နှုံး ( Airspeed ) ကို ကွန် ပြူ တာ က တွက် ချက် ပေး ပါ တယ် ။ ဒီ ပြွန် ချောင်း အ ဝ နဲ့ အ ထဲ မှာ ရေ ခဲ ပြီး " အ ပေါက် ကို ဆို့ " သွား ပြီ ဆို ရင် - ရ ရှိ မဲ့ အ ချက် အ လက် ( Data ) တွေ က မ မှန် တော့ ပါ ။ မှား နေ တဲ့ Data ကို ကွန် ပြူ တာ ထဲ ထည့် တွက် တော့ - အ မှား တွေ ဘဲ ထွက် လာ မှာ ပေါ့ ။
လေ ယာဉ် အ မြန် နှုံး ( Air speed ) က အ ထူး အ ရေး ကြီး ပါ တယ် ။ ဒီ အ မြန် နှုံး ကြောင့် - လေ ယာဉ် ပျံ နေ နိုင် တာ ပါ ။ အ လွယ် ပြော ရ ရင် . . . မြန် လေ အ ပေါ် ကို ပို တက် နိုင် လေ / နှေး လေ လေ . . . အောက် ကို လျှော ကျ လေ ပေါ့ ။
.
Static port တွေ က - လေ ယာဉ် အ ပြင် ဘက် က " ဖိ အား " ( Static pressure ) နဲ့ အ လုပ် လုပ် ပါ တယ် ။ အ ပေါ် " အ မြင့် " ကို ရောက် လေ လေ . . . ဖိ အား က ကျ ဆင်း လေ လေ ဖြစ် ပါ တယ် ။ အ တွင်း မှာ ရှိ တဲ့ " အ လွာ ပါး " ( Diaphragm ) ပေါ် ဖိ လာ တဲ့ " ဖိ အား " ကို လိုက် ပြီး - ပင် လယ် ရေ ပြင် အ ထက် " အ မြင့် ပေ " ဘယ် လောက် မှာ ရှိ နေ တယ် ဆို တာ - တွက် ချက် ရ တာ ပါ ။ ဒီ အ ပေါက် ငယ် လေး တွေ မှာ ရေ ဝင် ပြီး / ရေ ခဲ တွေ ဆို့ သွား ရင် - လေ ယာဉ် ဘယ် လောက် မြင့် နေ တယ် ဆို တာ " မ မှန် ကန် နိုင် " တော့ ပါ ။ အောက် က မြေ ပြင် ( သို့ ) ပင် လယ် ပြင် နဲ့ ဘယ် လောက် အ ကွာ မှာ ရှိ တယ် ဆို တာ ကို " မ သိ ရင် " - အ န္တ ရာယ် ဘဲ ပေါ့ ။
.
Angle of Attack က လေ ယာဉ် ဘေး မှာ - တ ချိန် လုံး " အ ပေါ် နဲ့ အောက် " လှုပ် ရှား နေ တာ ပါ ။ ဒီ အ တက် ငယ် လေး အ နေ အ ထား " အ ပေါ် ထောင် / အောက် ဆိုက် " ကို တွက် ချက် ပြီး . . . လေ ယာဉ် ဦး ခေါင်း - အ ပေါ် မော့ နေ သ လား ? လေ ယာဉ် ဖင် ထောင် နေ သ လား ? ကို တွက် ချက် တာ ပါ ။ ဒီ အ တက် က လေး ရဲ့ ဝန် ရိုး မှာ - ရေ ခဲ တွေ ကပ် ပြီး " ကြပ် သွား လို့ " မ လှုပ် ရှား နိုင် တော့ ရင် . . . လေ ယာဉ် အ ပေါ် ကို တက် နေ တာ လား ? အောက် ကို ထိုး ဆင်း နေ တာ လား ? " Aircraft Orientation " ကို မ သိ နိုင် တော့ ပါ ။ ပြ ဿ နာ အ ကြီး ကြီး ပါ ။
.
အ ပေါ် မှာ ဖေါ် ပြ ထား တဲ့ " ကိ ရိ ယာ တွေ " ကောင်း မွန် စွာ အ လုပ် လုပ် နိုင် ဘို့ - သူ တို့ ကို ရေ ခဲ လို့ မ ဖြစ် ပါ ။ သူ တို့ ဆီ က ရ တဲ့ အ ချက် အ လက် Data တွေ ကို လေ ယာဉ် ကွန် ပြူ တာ ထဲ မှာ ထည့် တွက် / လေ ယာဉ် ရဲ့ " အ ခြေ အ နေ နဲ့ အ နေ အ ထား " တွေ ကို - လေ ယာဉ် မှူး ( ၂ ယောက် ) ရှေ့ က ဒိုင် ခွက် ( Instrument Displays ) တွေ မှာ ထုတ် ပြ တာ ဖြစ် ပါ တယ် ။ လေ ယာဉ် မှူး ( ၂ ယောက် ) က - ဒါ တွေ ကို ကြည့် ပြီး - လေ ယာဉ် ကို ထိန်း ကြောင်း " Control " လုပ် ရ တာ ပါ ။ Auto-pilot လည်း - ဒီ Data တွေ အ ပေါ် မူ တည် ပြီး " ပျံ သန်း တာ " ဆို တော့ . . . မြင် ရ တဲ့ ( ရ ရှိ တဲ့ အ ချက် အ လက် တွေ ) က မှား နေ ပြီ ဆို မှ တော့ . . . " Lost control " ပေါ့ ဗျာ ။ ပုံ ( ၂ )
.
( ၂ ) လေ ယာဉ် ရဲ့ ရှေ့ လေ ကာ မှန် ( Windshields ) တွေ ဟာ - ပုံ မှန် အ ပူ ချိန် မှာ အ ထိ ခိုက် ခံ ( Durable ) ဖြစ် သော် လည်း / ရေ ခဲ လောက် တဲ့ " အ လွန် အေး တဲ့ အ ခြေ အ နေ " တွေ မှာ တော့ - ကျွတ် ဆပ် ( Brittle ) ဖြစ် လာ ပါ တယ် ။ ငှက် နဲ့ ဝင် တိုက် တာ မျိုး - တစ် ခု ခု နဲ့ ဆောင့် မိ ရင် " အ စိပ် စိပ် အ မွာ မွာ " ကြေ သွား နိုင် ပါ တယ် ။ ဒါ ကြောင့် . . . သူ တို့ ကို အ ပူ ပေး ထား ရ ပြီး / မှန် ပေါ် မှာ ရေ ခဲ လို့ မ ဖြစ် ပါ ။
.
( ၃ ) လေ ယာဉ် အ တောင် ပံ မှာ ရေ ခဲ ရင် လည်း - အ ထူး သ ဖြင့် ရှေ့ ဘက် ခြမ်း Leading Edge တွေ မှာ ရေ ခဲ လို့ မ ဖြစ် ပါ ။ လေ ယာဉ် အ တောင် ပံ တွေ ရဲ့ ပုံ သ ဏ္ဌန် ( Aerofoil shape ) ကြောင့် - လေ ယာဉ် က လေ ထဲ မှာ ပျံ နိုင် တာ ပါ ။ အ တောင် ပံ ပေါ် ရေ လာ ခဲ လို့ " ပုံ သ ဏ္ဌန် ပျက် သွား ပြီ " ဆို မှ တော့ . . . ( a ) လေ ယာဉ် ကို ပင့် တင် အား " Lift " လျော့ ကျ သွား သ လို ( b ) လေ ကို ခွင်း ရ တဲ့ ခု ခံ မှု " Drag " က များ လာ ပါ တယ် ။ ပို ဆိုး တာ က - အ တောင် ပံ တ ဘက် နှင့် တ ဘက် " မ ညီ မျှ တဲ့ " ရေ ခဲ မှု ပါ ဖြစ် လာ တော့ . . . မ တူ ညီ တဲ့ " Drag " ကြောင့် / လေ ယာဉ် က တ ဘက် ဘက် ကို ဆွဲ တော့ မှာ ပါ ။ Flight control အ ပေါ် သက် ရောက် မှု ရှိ လာ တယ် ပေါ့ ။ ပုံ ( ၄ )
.
( ၄ ) အင် ဂျင် အ ဝင် ဝ ( Engine Intake ) မှာ ရေ ခဲ တာ ကို ကြည့် ရ အောင် ပါ ။
( a ) ရေ ခဲ တုံး တွေ ဟာ - အ ရည် မ ပျော် ခင် တ လျှောက် လုံး " Fan " နဲ့ " Compressor blade " တွေ ကို ရိုက် ခပ် ဖျက် ဆီး သွား ပါ တယ် ( Downstream damages )
( b ) လေ ကို စုပ် သွင်း ရာ မှာ " ရေ ခဲ မှုန် " တွေ ရော နှော ပါ ဝင် နေ လို့ - " Fan " နဲ့ " Compressor " ရဲ့ စွမ်း ဆောင် နိုင် ရည် လျော့ ကျ ပါ တယ် ( Low efficiency )
( c ) အင် ဂျင် " ဝင် ပေါက် " အ ဝ မှာ ရေ ခဲ ထု ရှိ လာ လို့ - ဝင် ရောက် နိုင် တဲ့ " လေ ပ မာ ဏ " လျော့ ကျ သွား ပါ တယ် ( Reduced airflow ) / Rich fuel - High EGT ( Exhaust Gas Temperature ) ပေါ့ ။
( d ) အင် ဂျင် အ ခြေ အ နေ ကို ခံ စား ထောက် လှမ်း တဲ့ " Sensor " လေး တွေ မှာ - ရေ ခဲ ပြီး ပိတ် ဆို့ လိုက် လို့ ရ ရှိ တဲ့ " အ ချက် အ လက် " တွေ က မှား ယွင်း ကုန် ပါ ပြီ ( Mislead sensors )
ဒီ အ ချက် အ လက် တွေ ကို - ရှေ့ က Instrument display တွေ မှာ ကြည့် ပြီး / Pilot တွေ က အင် ဂျင် ကို ထိန်း ချုပ် " Control " လုပ် ရ တာ ဖြစ် ပါ တယ် ။ မှား ယွင်း ခဲ့ ပြီ ဆို ရင် - အင် ဂျင် ရပ် တန့် ( Shutdown ) ဖြစ် သွား ခြင်း / မီး လောင် ပျက် စီး ခြင်း တွေ ဖြစ် လာ မှာ ပါ ။ ပုံ ( ၃ )
.
ဒီ လို . . . ရေ ခဲ ဖြစ် ပေါ် မှု တွေ ကို - ကြို တင် တား ဆီး တဲ့ စ နစ် ( System ) တွေ / လေ ယာဉ် ပေါ် မှာ တပ် ဆင် ထား ပါ တယ် ။
( 1 ) Aircraft anti-icing system
( 2 ) Aircraft de-icing system
( နောက် Post မှာ ဖတ် ပါ )
Credit..Tint Naing
https://m.facebook.com/story.php?story_fbid=1422544854488455&id=100001988622790
Tuesday, July 18, 2017
🇰 🇳 🇴 🇼 🇱 🇪 🇩 🇬 🇪
🇰 🇳 🇴 🇼 🇱 🇪 🇩 🇬 🇪
ငှက်ကလေးတစ်ကောင် ဝင်တိုက်တာများ
လေယာဉ်ကြီးက မခံနိုင်ဘူးလား?
ကဲ တွက်ကြည့်လိုက်ရအောင်။
ငှက်ရဲ့ အလေးချိန်= 1 lbs ထား
လေယာဉ်ရဲ့ velocity = 400 ft/s ထား
Kinetic Energy (KE)= 1/2*mass*velocity*velocity
KE= 1/2 x 1/32 x (400x400)
= 2500 ft-lb ရှိပါလိမ့်မယ်
အဲဒါကြောင့် ၁ ပေါင်လောက်သာ အလေးချိန် ရှိတဲ့ ငှက်တစ်ကောင်ကို 400 fps နဲ့ပျံသန်းနေတဲ့ လေယာဉ်က တိုက်မိရင် 2500 ft-lb စွမ်းအင် ဖြစ်သွားပါတယ်။ အဲဒီစွမ်းအင်ပမာဏဟာ ပေါင် ၂၅၀၀ အလေးချိန်ရှိတဲ့ အရာဝတ္ထုတစ်ခု ကို ၁ ပေ အကွာအဝေး ရွေ့စေနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ညနေမှောင်ရီပြိုးချိန် ဦးထုပ်မပါဘဲ ဆိုင်ကယ်စီးရင် ပိုးကောင်လေး မျက်နှာကိုတိုးမိရင်တောင် စပ်ဖျင်းဖျင်နာကျင်ရ သလိုပါပဲ။
Credit ......Original Uploader
Wednesday, July 5, 2017
Monday, July 3, 2017
Sunday, July 2, 2017
ဘာကြောင့် လေယာဉ်စီးရမှာမကြောက်သင့်လဲ
" ဘာကြောင့်လေယာဉ်စီးရမှာမကြောက်သင့်လဲ ? "
***************
အပိုင်း (၁)
ကျွန်တော့ရဲ့ လေယာဉ်နဲ့ပါတ်သတ်တဲ့စာတွေဖတ်မိတဲ့ စာဖတ်ပရိသတ်တချို့ကအထက်ပါခေါင်းစဉ်နဲ့ ကျွန်တော့ကိုစာစီစာကုန်းရေးခိုင်းနေပါပြီ ....
ခက်ပြီ ..ငယ်ငယ်ကလဲမြန်မာစာဆို တခါမှဂုဏ်ထူးမထွက်ခဲ့ဘူး.. အမှတ် ၆၀ကျော် ၇၀ လောက်မှာပဲ 😇
သဘောင်္သားတစ်ဦးကဆိုရင် စီးတာကြာလာတာနဲ့အမျှ Used to ဖြစ်မလာပဲပိုပိုကြောက်လာလို့မက်စေ့ဘောက်ကနေရေးပေးဖို့တိုက်တွန်းနေတော့ ကျွန်တော်တကယ်ကိုယ်ချင်းစာသွားတယ်... စာနာမိတယ်..
သဘောင်္သားဆိုတော့နိုင်ငံရပ်ခြားသွားရမှာလေ.. လေယာဉ်မစီးလို့ကလဲမဖြစ်...
သူအပါအဝင်အခြားလေယာဉ်စီးရမှာကြောက်သူများကို ကြောက်စိတ်လေး ဖြေသိမ့်ပေးချင်တဲ့ဆန္ဒ၊ အသိပညာကိုဝေမျှပေးချင်တဲ့ဆန္ဒတွေနဲ့ ရေးပေးလိုက်ပါတယ် ...တကယ်ရေးရင်ကျယ်ပြန့်ပါတယ် .. စာရှည်ရှည်ဆိုရင်လဲဖတ်ရတာပျင်းမှာစိုးတော့ သိသင့်သလောက်အချုပ်လေးပဲပေါ့နော် ..
....................................
ခရီးစဉ်တခုသွားတော့မယ်ဆိုရင် ဥပမာ A မြို့ကနေ B မြို့ သွားတယ်ဆိုပါတော့ .. အကြောင်းကြောင်းကြောင့် B မြို့မဆင်းနိုင်ရင် အရံကွင်းC မြို့(သို့) D မြို့ကိုသွားလို့ရအောင်အပြင်အဲဒီမှာပတ်ဖို့ မိနစ်(၃၀) စာလေယာဉ်ဆီကိုအနည်းဆုံးထဲ့ကြရပါတယ် .... ဒါကဆီထဲ့တဲ့အပိုင်းပါ
လေယာဉ်မထွက်ခွါခင်မှာ လမ်းခရီးရာသီဥတုနဲ့ B မြို့ရာသီဥတုကိုရယူရပါတယ်..ကိုယ်သွားတဲ့ B မြို့မကောင်းရင်တောင် အရံကွင်း တွေကောင်းတယ်ဆိုရင်ဆီပိုထည့်ပြီးသွားလို့ရပါတယ်...
တနေ့လုံးရာသီဥတုဆိုးတယ်ဆိုတာမှမရှိတာ ..
မိုးရွာလဲလေယာဉ်ဆိုတာဆင်းလို့ရပါတယ်.. အဓိကမိုးနဲ့အတူလေအရမ်းကြမ်းတာ၊ မိုးအရမ်းများပြီးမြင်နိုင်စွမ်းအားအရမ်းနည်းသွားမှသာ ဆင်းလို့မကောင်းတာပါ.. အဲဒီအချိန်လေးရှောင်ဖို့တနေရာရာမှာပတ်ဖို့ဆီပါရင်ပတ်နေရုံပါပဲ ... မပါရင်တော့ပါသလောက်ပတ်ကြည့် အရံကွင်းသွားရတော့မဲ့ဆီပမာဏရောက်ရင်သွားလိုက်ယုံပါပဲ .......
(သွားမဲ့နေရာကမုန်တိုင်းဝင်တဲ့နေရာဆိုရင်တော့ခရီးစဉ်အချိန်ပြောင်းကြရပါတယ်)
အဲတော့မိုးတွင်းဆိုလေယာဉ်စီးရမှာကြောက်သူများမကြောက်ပါနဲ့... မိုးလေးအေးအေး၊ လေငြိမ်ငြိမ်ဆို တက်ရ ဆင်းရတာပိုတောင်ကောင်းသေး 😊
............
လေယာဉ်စီးရမှာကြောက်တတ်သူကတော့ ကြောက်တာပါပဲ .....
အရမ်းကြောက်လွန်းနေသူ၊ စီးရင်ကိုရှော့ဖြစ်တတ်သူတွေအတွက်ကတော့ တတ်နိုင်သလောက်လေယာဉ်ခရီးရှောင်ပေါ့ ...
(ဟိုအရင်က အာစင်နယ်ဘောလုံးသမား ဘားကမ့် ထင်တယ်.. လုံးဝမစီးရဲဘူး.. အဝေးကွင်းသွားကန်လဲတခြားသူတွေလေယာဉ်နဲ့သွားကြပေမဲ့ သူကကားနဲ့ပဲသွားတယ်.... လေယာဉ်နဲ့ဆိုသူမလိုက်သလောက်ပဲ)
လေယာဉ်မတက်ရသေးဘူး .. အထဲဝင်ထိုင်လိုက်ရင်ကို. ရှော့ဖြစ်လောက်အောင်မဟုတ်ပေမဲ့ ကြောက်စိတ်ကြောင့် အသက်ရှုမဝတဲ့သူတွေရှိတယ်...
ကျွန်တော်က အမြင့်ကြောက်တတ်တယ်.. တိုက်အမြင့်ကြီးတို့ ... သစ်ပင်အမြင့်တက်တာတို့ဆိုအဲဒီပေါ်ကနေအောက်ကြည့်ရင်ကြောက်တယ်.. ..
ဒါပေမဲ့လေယာဉ်ကျတော့မကြောက်ဘူး.. အထဲမှာ Secure ဖြစ်တယ်၊လုံခြုံတယ်လို့ခံစားရတယ် ...
လေယာဉ်ကြောက်တဲ့မိတ်ဆွေတွေက ကျွန်တော်နဲ့ပြောင်းပြန်ခံစားနေရလို့ကြောက်တာဖြစ်မယ်လို့သုံးသပ်မိတယ် ...
ဆိုလိုတာက လေယာဉ်ထဲမှာထိုင်နေ/ပျံနေတာ သူတို့အနေနဲ့ ကား၊သင်္ဘော၊ရထားတွေထဲမှာနေရသလို Secure မဖြစ်ဘူး မလုံခြုံဘူးဆိုတဲ့သဘောပေါ့ ...အဲဒီအတွေးကိုပြောင်းပေးရမယ် ....
တကယ်တော့လေထဲမှာအတွယ်အတာမဲ့ ဒီယာဉ်ကြီးပျံနေတယ်လို့လူအတော်များများကတွေးကြတယ် .... တခြားယာဉ်တွေကအတွယ်အတာအခုအခံနဲ့လေ (ကားဆိုကားလမ်း၊ ရထားဆိုရထားလမ်း၊ သဘောင်္ဆိုရေထု) တခုခုဖြစ်ရင်ရပ်ထားယုံပဲ..
ဒီလေယာဉ်တွေမှာကအတွယ်အတာအခုအခံမပါဘူး.. တခုခုဆို ဘယ်နားသွားရပ်မတုန်း ပြုတ်ကျမှာ ဆိုတဲ့အတွေးလေးတွေရှိနေကြတယ် .... အဲဒီအတွေးကိုဖယ်ပစ်ရမယ် ..
တဖြည်းဖြည်းဖယ်နိုင်လာရင် ကြောက်စိတ်တဖြည်းဖြည်းလျော့လျော့လာပါလိမ့်မယ် ...
လေယာဉ်မှာ လေထုဆိုတဲ့ အတွယ်အတာအခုအခံရှိပါတယ် ... လေထုရှိမှန်းသိတော့သိတယ်.. လေဆိုတာကလဲမြင်ရတဲ့အရာမဟုတ်တာလဲပါပါတယ်..အဲတော့ သိတယ်၊ လက်တွေ့မမြင်ရဘူး ... အဲဒီမှာမအိုကေဘူးဖြစ်နေတာ ..
ရေလမ်း၊ကားလမ်း၊ရထားလမ်းဆိုတာတွေကမြင်ရတယ်..... သိတယ်၊ မြင်တယ်၊ ဆိုတော့အိုကေတာပေါ့
လေယာဉ်တွေဟာလေထဲမှာပျံနိုင်နေနိုင်နေအောင် အင်ဂျင်တွေ တောင်ပံတွေတပ်ပေးထားတာပါ.... အဲတော့တခုခုဖြစ်ရင် သင့်တော်တဲ့ကွင်းထိအရောက်သွားနိုင်ပါတယ် (သို့) အရေးတကြီးဆင်းဖို့လိုရင် နီးစပ်ရာကွင်းကိုဆင်းနိုင်ပါတယ် ........
နောက်ဆုံးခုဆင်းမှဖြစ်မယ်.. အနီးဆုံးကွင်းလဲအဆင်မပြေဘူးဆိုရင်တောင် မြစ်ထဲဆင်းတာ၊ သောင်ပြင်ဆင်းတာ၊ ကွင်းညီညီဆင်းတာထိ ဆင်းလို့ရပါတယ် .. (တကယ်ဆင်းခဲ့တဲ့သာဓကတွေရှိပါတယ်.. မြန်မာပြည်မှာ စစ်ကိုင်းမြစ်သောင်ပြင်၊ နိုင်ငံတကာမှာတော့ ငှက်အုပ်နဲ့တိုက်ပြီးအင်ဂျင် ၂ လုံးလုံးအတက်မှာရပ်သွားလို့မြစ်ထဲဆင်းလိုက်ရတဲ့ဖြစ်စဉ်... ရုပ်ရှင်တောင် Sully ဆိုပြီးရိုက်ထားသေးတယ်.... ဒီလိုအဖြစ်တွေဟာအရမ်းရှားပါတယ် .. Flight တစ်သန်းမှာ တဖလိုက်တောင်မဖြစ်ပါဘူး)
လေယာဉ်စီးရမှာကြောက်သူတွေဟာ လေယာဉ်ထဲစထိုင်ထဲကစကြောက်လာတာ နဲနဲလေးလေယာဉ်ကတုန်ပြီ ခါပြီဆိုကြောက်စိတ်ပိုလာပြီ ....
ဖြစ်တတ်တာလေးတွေပြောပြပါ့မယ် ....
လေယာဉ်တက်စဉ် ဆင်းစဉ် ပြေးလမ်းမှာပြေးနေတဲ့အချိန် ပြေးလမ်းမညီလို့ရှိရင်နဲနဲလေးခုန်တတ်တယ်၊ ခါတတ်တယ် ....
တက်သွားပြီးချိန်တွေ၊ လေထဲရှိနေချိန်၊ ဆင်းခါနီးအချိန်တွေမှာ လေထုမငြိမ်သက်မှု့အပေါ်မူတည်ပြီး အနဲအများလှုပ်တတ်တယ်....
လေယာဉ်လှုပ်တယ်၊ လေထဲမှာပေအနည်းငယ်ပြုတ်ကျတယ်.. ဒါတွေကတော့လေထုမငြိမ်သက်မှုကြောင့်ဖြစ်ရခြင်းဖြစ်ပါတယ်... အရမ်းဆိုးတဲ့မငြိမ်သက်မှုဆိုရင်တောင်လေယာဉ်ပျက်ကျတဲ့ထိတော့မဖြစ်ပါဘူး .....
တောင်တွေပေါ်ကနိမ့်နိမ့်ဖြတ်ပျံရင်၊ လေယာဉ်အကြီးကြီးတွေရဲ့နောက်ကကပ်လိုက်ရင်၊ လေလှိုင်းလေးတွေဖြစ်ပြီးလှုပ်တတ်ပါတယ် .....
မိုးလေဝသဘာသာရပ်သင်တုန်းကဆရာတစ်ယောက်သင်ပေးဘူးတာမှတ်မိသေးတယ်...
လေဆိုတာ "ပူပေါ့တက်လိုး" တဲ့ ...
ပူတော့ပေါ့တယ်... ပေါ့တော့အပေါ်တက်တယ်... Low pressure (လေဖိအားနည်းရပ်ဝန်း) ဖြစ်တယ်
အဲတော့ရာသီဥတုအရမ်းပူရင် လေတွေကပေါ့နေတယ်.. မငြိမ်သက်မှု့ပိုဖြစ်တယ် .. ပြေးလမ်းချဉ်းကပ်ပြီဆိုလှုပ်ရမ်းနေတာပဲ .. ဒါပေမဲ့ကြောက်စရာမလိုပါဘူး ..
နောက်တခုကမိုးတိမ်တောင်တွေကြောင့်လဲဖြစ်တတ်ပါတယ်.. အဲဒါတွေကိုအဝေးမှာကထဲကထောက်လှမ်းတဲ့ ရေဒါဆိုတာလေယာဉ်တွေမှာပါပါတယ် ... ပိုင်းလော့တွေက ရှောင်လို့ရရင်ရှောင်တယ်.. မရရင်တိမ်ပါးတဲ့နေရာကတိုးတယ်... အရမ်းထူပြီးခဲနေတဲ့နေရာထဲဘယ်သူမှမဝင်ပါဘူး ..
အဲတော့ တိမ်တွေတိုးလို့ ဒုတ်ဒုတ် နဲ့လေယာဉ်လှုပ်နေလဲမကြောက်ပါနဲ့ ... ထိုင်ပြီးမှိန်းနေလိုက်ပါ.. အားပြည့်ပြီးခေါင်းမနောက်တော့ဘူးပေါ့ 😊
*** အန္တရာယ်ကင်းချင်ရင် ထိုင်နေချိန်တိုင်းခါးပတ်သာပတ်ထားပေးကြပါ ***
အဲတော့ လေယာဉ်ကြီးလှုပ်နေတယ်ဆိုပြီးမကြောက်ပါနဲ့ ဘာမှမဖြစ်ပါဘူး ...
အိမ်မှာ ဒါန်းလေးစီးနေတယ်လို့သဘောထားလိုက်ပါ 👌
ဟာ ... စီးနေရင်းလေထဲမှာ ပြုတ်ကျတာ ရင်ထဲအေးပြီးကြောက်လိုက်တာဆိုရင်လဲ မကြောက်ပါနဲ့ .. ဘာမှမဖြစ်ဘူး ... အေးသွားတဲ့ဖီလင်လေးပဲလိုက်သိနေလိုက်ပါ 😊
ကစားကွင်းမှာ Free-fall ဖြုတ်ချတာတို့ ရိုလာကိုစတာတို့ဆို ပိုက်ဆံပေးစီးရတာ .. အဲဒါလေးစီးရသလိုပါလားလို့တွေးလိုက်ပါ 😊
အရမ်းဆိုးဆိုးရွားရွားဖြစ်တဲ့ လှုပ်ခါမှု့ (severe Turbulence) ကိုကျွန်တော့လုပ်သက်အတွေ့အကြုံ၂၅ နှစ် (လေယာဉ်မောင် ၃ နှစ်+ လေယာဉ်မှူး ၂၂ နှစ်) မှာမတွေ့ဘူးသေးပါဘူး..
လေယာဉ်မောင်ဘဝတုန်းကတော့ ပေ ၁၀၀ လောက်ပြုတ်ကျတာကြုံဘူးတယ် .. မိုးတိမ်လုံးဝမရှိဘူး.. အဲဒါကို CAT (Clear Air Turbulence) လို့ခေါ်ပါတယ်.. service ပေး သကြားလုံးကျွေးနေတုန်းလူကခေါင်မိုးကပ်သွားတယ်ဆိုတာ ..စာစုလေးအဖြစ်အရင်ကရေးခဲ့ဘူးပါတယ်
ဒီလောက်ပါပဲ ..လေယာဉ်ပျက်ကျသွားလောက်အောင်မရှိပါဘူးဆိုတာလေးခေါင်းထဲထည့်ထားရင်ကြောက်စိတ်လျော့လာပါလိမ့်မယ် ...
စာလဲရှည်သွားပြီဖြစ်လို့ ပထမပိုင်း ဒုတိယပိုင်းပဲလုပ်လိုက်ပါ့မယ်..
ဒီစာစုဟာ ကြောက်တတ်သူများအတွက်ကြောက်စိတ်လေးဖြေပေးချင်တဲ့စိတ်ဆန္ဒရယ်၊ မသိသေးသူများအတွက်အသိပညာလေးဝေမျှပေးချင်တဲ့စိတ်ဆန္ဒကြောင့်ရေးဖြစ်တဲ့စာစုလေးသာဖြစ်ပါတယ်..
အားလုံးပဲအဆင်ပြေကြပါစေလို့ဆန္ဒပြုရင်း
ထွန်းထွန်းဝင်း
၂.၀၇.၂၀၁၇
https://m.facebook.com/story.php?story_fbid=10213190866988384&id=1296815353
Subscribe to:
Posts (Atom)