ရန်ကုန် အဲယားဝေးစ်လေကြောင်းလိုင်း
Yangon Airways
IATA........YH
ICAO........YANKE HOTEL
ဆောင်ပုဒ်You're safe with us
တည်ထောင် ၁၉၉၆ ခုနှစ်
အခြေစိုက် ဌာန
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
လေယာဉ်ပေါင်း၃ စီ:
ဌာနချုပ်
ရန်ကုန်,
အရေးပါသူများ
U Tin Soe ( Managing Director)
ရန်ကုန် လေကြောင်းလိုင်းသည် ရန်ကုန်အပြည်
ပြည်ဆိုင်ရာလေဆိပ် နှင့်မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုအခြေခံ၍ ပြည်တွင်းပျံသန်း
မှုများ ပျံသန်းခဲ့သည်။၎င်းလေကြောင်းလိုင်းကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ မှစ၍ ပျံသန်းမှု များ ရပ်တန့်ခဲ့သည်။သို့သော် ၂၀၁၁ ခုနှစ်၊အောက်တို
ဘာလ၊ ၁၆ နေ့မှ စတင်၍ ပြန်လည်ပျံသန်းလျက်
ရှိသည်။
သမိုင်းကြောင်း
၁၉၉၆ ခုနှစ်တွင် မြန်မာ့လေကြောင်းနှင့်ထိုင်းနိုင်ငံ
မှ Krong – Sombat Company တို့ ပူးပေါင်း၍ ရန်ကုန်လေကြောင်းလိုင်းအား စတင်ထူထောင်ခဲ့
သည်။၁၉၉၇ ခုနှစ် အောက်တိုဘာလ တွင်MHE-
မေဖလားဝါးကုမ္ပဏီ ကYangon Airways လေ
ကြောင်းလိုင်းအတွက် Krong-Sombat ရဲ့
ရှယ်ယာဝယ်ယူခြင်းဖြင့် စတင်ခဲ့ကာနောက်ပိုင်း
တိုင်းရင်းသားလုပ်ငန်းရှင်တစ်ဦး ၏ ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်ခဲ့သည်။ဤသို့ဖြင့် ရန်ကုန်အဲယားဝေးလေကြောင်းလိုင်းသည်မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်း အဖြစ်
တဖြည်းဖြည်းပြောင်းလဲလာခဲ့သည် ခရီးသည်
( ၇၀ ) ဆံ့ ATR 72 လေယာဉ် (၂) စီးဖြင့် မြန်မာ
နိုင်ငံ၏အဓိကမြို့ကြီးများသို့ ပျံသန်းပို့ဆောင်ပေး
နိုင်ခဲ့ပါသည်။ယနေ့ခေတ် မြန်မာနိုင်ငံတွင်ပြောင်း
လဲဖော်ဆောင်လာသော တံခါးဖွင့် မူဝါဒအရ နိုင်ငံခြားသား ဧည့်သည်များ နှစ်စဉ် တိုးတက် ဝင်ရောက်လာသည့် အတွက်လေကြောင်းလိုင်း
များ၏ အနာဂတ်ပုံရိပ်သည်လည်း ပိုမို ခိုင်မာ
ထင်ရှားလျက် ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်တာ ကာလအတွင်း ရန်ကုန်လေကြောင်းလိုင်း၏ ဈေး
ကွက်ဝေစုသည် ၂၀ဝ၇ ခုနှစ်တွင် ၃၇% မှ ၂၀ဝ၈ ခုနှစ်တွင် ၄၁% ထိ သိသာထင်ရှားစွာ တိုးတက် ခဲ့ပါသည်။ပုံမှန် ပြည်တွင်းခရီးစဉ်များ အနေဖြင့် ရန်ကုန်မြို့မှ နေပြည်တော်၊ ပုဂံ၊ မန္တလေးမြို့၊
ဟဲဟိုးမြို့၊ကျိုင်းတုံမြို့၊တာချီလိတ်မြို့၊ မြစ်ကြီး
နားမြို့၊ သံတွဲမြို့၊စစ်တွေမြို့၊ထားဝယ်မြို့၊
မြိတ်မြို့၊ကော့သောင်းမြို့၊လားရှိုးမြို့၊ဗန်းမော်မြို့၊ ပူတာအိုမြို့၊ခန္တီးမြို့နှင့် ကလေးမြို့များသို့ ပြေးဆွဲ
ပေးလျှက် ရှိပါသည်။
ရန်ကုန်လေကြောင်းလိုင်းကို အတွေ့အကြုံ ရင့်ကျက်သော လေယာဉ်မှူးများ၊ အင်ဂျင်နီယာ
များ၊ ပြည်တွင်း ပြည်ပ များတွင် လေ့လာသင်ယူ
ထားသော ဝေဟင်မြေပြင် ဝန်ထမ်းများဖြင့် ဖွဲ့
စည်းထားပါသည်။ ခရီးသည်များ လိုရာခရီးကို လုံခြုံစိတ်ချ အန္တရာယ်ကင်းစွာဖြင့် စရိတ်သက်
သာ စိတ်ချမ်းသာစွာဖြင့် ခရီးသွားလာနိုင်ရေး သည် ရန်ကုန်လေကြောင်းလိုင်း၏ ရည်မှန်းချက် ဖြစ်ပါသည်။ခေတ်နှင့် လျော်ညီစွာတိုးတက်
ပြောင်းလဲလာသောသတင်းအချက်အလက်နည်းပညာ များနည်းတူ ပို့ဆောင်ဆက်သွယ်ရေး သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။
သင်္ကေတ
မြန်မာနိုင်ငံသမိုင်းနှင့်ယဉ်ကျေးမှု တွင် ဆင်သည်
လူ့အဖွဲ့အစည်းအတွက်သစ္စာစောင့်သိကာကူညီ
တတ်သောသတ္တဝါဖြစ်သည်ဟု သတ်မှတ်ထား
ကြသည်။အလုပ်ကြိုးစားခြင်း၊သူတို့၏သခင်
အပေါ်သစ္စာရှိခြင်း၊ခွန်အားကြီးမားခြင်းနှင့်မြန်မာ
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကအရေးပါသောအခန်းကဏ္ဍမှပါဝင်သော အရိယာ
တိရိစ္ဆာန်များဖြစ်ကြပေသည်။မြန်မာဘုရင်များ လက်ထက်ကပင်ဆင်ကိုတန်ဖိုးထားခဲ့ကြကြောင်း
၊မြန်မာဘုရင်များအဖို့ ဆင်ဖြူ တော်ကို တော်ဝင်
အရာထားကာ ဂုဏ် အဆောင်အယောင် အဖြစ် ဂုဏ်ယူတန်ဖိုးထားခဲ့သည်။
ထို့ကြောင့်ပင်Sin Phyu Taw Pyan (the Flying Royal White Elephant)အမှတ်အသားကို
ရန်ကုန်အဲယားဝေးလေကြောင်းမှ အသုံးပြုခဲ့
ကြောင်းသိရသည်။
Yangon Airways
ATR 72-212၂စီ:
ATR 72-212A၁စီ:
စုစုပေါင်း၃စီ:
XY-AIN,XY-AIN &XY-AJI
No comments:
Post a Comment