မြန်မာအမျိုးသားလေကြောင်းလိုင်း
Myanmar National Airlines
အိုင်အေတီအေ
UBအိုင်စီအေအို
UBAခေါ်ဆို
UNIONAIR
ဆောင်ပုဒ်Safety, Service, Image
တည်ထောင်၁၉၄၈
အခြေစိုက် ဌာန
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
ပြေးဆွဲသည့်
မြို့ပေါင်း၃၂ မြို့
လေယာဉ်ပေါင်း၁၈ စီး
မိခင်ကုမ္ပဏီပို့ဆောင်ရေးဝန်ကြီးဌာန,ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
ဌာနချုပ်
ရန်ကုန်,
မြန်မာ့လေကြောင်းသည်မြန်မာနိုင်ငံ၏တစ်ခုတည်းသောအစိုးရပိုင်၊ပြည်တွင်းအလံတင် လေကြောင်းလိုင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်
ရာလေဆိပ်တွင်ဌာနချုပ် ထားရှိသည်။ မြန်မာ့
လေကြောင်းသည် ပြည်သူများ အဆင်ပြေချော
မွေ့စွာ သွားလာနိုင်ရေးအတွက်လမ်းပန်း
ဆက်သွယ်ရေး ခက်ခဲသည့်ဒေသများ၊ အခြား ပုဂ္ဂလိကလေကြောင်းလိုင်းများ မပြေးဆွဲသည့် လေယာဉ်ကွင်းများကို အကျိုးအမြတ်မယူပဲ
များစွာ သက်သာသော ဈေးနှုန်းဖြင့် ပြေးဆွဲ
ပေးလျက်ရှိသည်။
လွတ်လပ်ရေးမရမီ (BOAC)လေကြောင်း
ကုမ္ပဏီမှ မြန်မာ့မြို့ပြလေကြောင်းလုပ်ငန်းများ
ကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်
ရေးရရှိလာသောအခါ ယင်းလေကြောင်း ကုမ္ပဏီ လက်အောက်တွင် မြန်မာ့မြို့ပြလေကြောင်း
ဆက်သွယ်ရေး လုပ်ငန်းများအား ဆက်လက်
ထားရှိရန် မသင့်လျော်သဖြင့် ခေတ်ပညာတတ်
စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်းကျွမ်းကျင်သူ
လူငယ်များက ကြိုးစား နည်းလမ်းရှာဖွေခဲ့ရာ International Aeradio Limited ခေါ် IAL ကုမ္ပဏီနှင့် ဆက်သွယ်မိခဲ့ပြီး မြို့ ပြလေကြောင်း
ဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန်
ငှားရမ်း၍ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်း
ဆက်သွယ်ရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်
ဆောင်ရွက်ခဲ့ပါသည်။
မြို့ ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို
ရှေ့ရှုလျက် ၁၉၄ရခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေ
ကြောင်း အဖွဲ့ချုပ် ICAOကိုဖွဲ့စည်းတည်ထောင်
ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်
ဩဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ်
ပါဝင်ခဲ့ပါသည်။
၁၉၄၈ခုနှစ်တွင်လေကြောင်းပို့ဆောင်ရေး UBA - Union of Burma Airways ဘုတ်အဖွဲ့တစ်ခုကို တည်ထောင် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မှာ
ပင် လေကြောင်းပျံသန်းမှုလုပ်ငန်း စတင်ဆောင်
ရွက်ချိန်၌ ပြည်တွင်း လေယာဉ်ခရီးစဉ် ပျံသန်းမှု
ကို ခရီးသည် (၉) ယောက်စီး ဂျိုးဖြူလေယာဉ် (၆) စီးဖြင့် ဆောင်ရွက်ခဲ့ရာ ရှေးဦးစွာ ပြည်တွင်း
လေဆိပ်မြို့ (၁၉) မြို့ သို့ ဆက်သွယ် ပျံသန်းခဲ့
ပါသည်။၁၉၅ဝခုနှစ်တွင် ပြည်ပခရီးစဉ်များ အဖြစ် ဘန်ကောက်၊ကာလကတ္တား နှင့်စစ်တကောင်းမြို့
များသို့ တိုးချဲ့ ပျံသန်းခဲ့ပါသည်။
၁၉၅၂ခုနှစ်တွင်လေကြောင်းပို့ဆောင်ရေးအဖွဲ့
အဖြစ် အက်ဥပဒေ ပြဋ္ဌာန်းချက်ဖြင့် ပြောင်းလဲ
ဖွဲ့စည်းခဲ့ပါသည်။ ပြည်ပနိုင်ငံများသို့ တိုးချဲ့ ပျံသန်းမှုအစီအစဉ်အရ ၁၉၅၃ခုနှစ်တွင် ပီနန်၊ စင်ကာပူနှင့် ခတ္တမန္ဒူ မြို့များသို့ စတင်ပျံသန်း ဆက်သွယ်နိုင်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံ
တော်အုပ်ချုပ်ရေးစနစ်သစ် စတင်သည့်အချိန်
မှစ၍ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့မှ လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (BAC) အဖြစ် ပြောင်းလဲ ဖွဲ့စည်း
ခဲ့ပါသည်။
၁၉၈၉ခုနှစ်တွင် မြန်မာလေကြောင်းအဖြစ်ပြန်
လည်ဖွဲ့စည်းခဲ့ပြီး အမှတ်အသားတံဆိပ် အသစ်
ကို စတင်အသုံးပြု ခဲ့ပါသည်။ ပြည်ပခရီးစဉ်များအဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ခတ္တမန္ဒူ၊ ဒက္ကာ၊ ဟောင်ကောင်၊ ဂျာကာတာ ခရီးစဉ်မြို့များသို့ ၁၉၉၃ခုနှစ် ဩဂုတ်လ ၁၅ရက်
အထိပျံသန်းခဲ့ပါသည်။ ယခုအချိန်တွင် မြန်မာ့
လေကြောင်းသည် ပြည်တွင်းခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲ ပေးလျက်ရှိပါသည်။
၂၀၁၄ ဒီဇင်ဘာတွင်မြန်မာအမျိုးသားလေ
ကြောင်းလိုင်း (Myanmar National Airlines) အမည်သို့ ပြောင်းလဲခဲ့သည်။ ၂၀၁၅ ခုနှစ်အစော
ပိုင်းတွင် နိုင်ငံတကာ ခရီးစဉ်များ ပြန်လည်ပြေး
ဆွဲရန် စီစဉ်လျက်ရှိသည်။
မြန်မာလေကြောင်းသည် ဖော်ကာအက်ဖ်-၂၇ လေယာဉ်အမျိုးအစားများကို ၁၉၆၃ ခုနှစ် မှ
စတင်၍ အသုံးပြုခဲ့သည်။ထိုလေယာဉ်အမျိုး
အစားကို နှစ်၄၀ထက်မနည်း ပျံသန်းခဲ့ကြပြီး မြန်မာလေကြောင်းပိုင် လေယာဉ်များထဲတွင် မတော်တဆဖြစ်မှုအများဆုံး လေယာဉ်လည်း ဖြစ်သည်။ ၂၀၁၀ခုနှစ်တွင် တရုတ်နိုင်ငံလုပ် အမ်အေ-၆၀ လေယာဉ် ၃စီးဖြင့် အစားထိုးကာ ဖော်ကာအက်ဖ်-၂၇ လေယာဉ်များအားလုံးကို ပျံသန်းမှု မှ အနားပေးခဲ့သည်။လက်ကျန် လေယာဉ်များအနက်မှ တစ်စီးကို ပြည်သူ့ရင်ပြင် တွင်အလှပြသရန် ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလက ရွှေ့ပြောင်းခဲ့သည်။တစ်ဖန် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ သက်တမ်းနှစ် ၃၀ကျော်ပြီဖြစ်သော ဖော်ကာအက်ဖ်-၂၈-၄၀၀၀အမျိုးအစားလေယာဉ်
များကိုလည်း တစ်စီးပြီးတစ်စီး ပျံသန်းမှုမှ ရပ်နား
ခဲ့သည်။ ထိုလေယာဉ်များနေရာတွင်အစားထိုးရန် အမေရိကန်နှင့်အိုင်ယာလန်ပိုင်လေယာဉ် ငှား
ကုမ္ပဏီ GE Capital Aviation Services Limited မှ အမ်ဘရာရာ ၁၉၀ အမျိုးအစားလေ
ယာဉ်နှစ်စီး ငှားရမ်းခဲ့သည်။ ယခင်ဖော်ကာ
အက်ဖ်-၂၈ ပြေးဆွဲခဲ့သော လမ်းကြောင်းများတွင် ဝင်ရောက် တာဝန်ထမ်းဆောင်နေကြပြီး မြန်မာ့
လေကြောင်းသည် အရှေ့တောင်အာရှတွင်အဆို
ပါလေယာဉ်အမျိုးအစား ပထမဦးဆုံးအသုံးပြု
သောလေကြောင်းလိုင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ
ဖြစ်သည်။ ထိုလေယာဉ်များဖြင့် ထိုင်းနိုင်ငံချင်းမိုင်
နှင့် အိန္ဒိယနိုင်ငံ ဂယာမြို့များသို့ပျံသန်းရန်လည်း
အစီအစဉ်ရှိသည်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် စင်္ကာပူ
နိုင်ငံတွင်အမေရိကန်အခြေစိုက် GECASလုပ်ငန်း
နှင့် ဒေါ်လာ သန်း ၉၆၀ တန်ဖိုးရှိ Boeing 737-800s လေယာဉ် (၆) စီးနှင့် Boeing 737 MAX လေယာဉ် (၄) စီးငှားရမ်းသည့်စာချုပ်ဖြစ်
သည်။အဆိုပါ စာချုပ်မှာ မြန်မာနိုင်ငံလေကြောင်း
လိုင်းများမှအကြီးမားဆုံး လေယာဉ်မှာယူမှုဖြစ်ပြီး
အမေရိကန်နှင့် မြန်မာနိုင်ငံတို့အကြားရောင်းဝယ်
မှုအကြီးမားဆုံး စာချုပ်လည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာ့လေကြောင်းမှ မြန်မာအမျိုးသားလေကြောင်း အဖြစ် နာမည်
ပြောင်းလဲခဲ့သည်။
မြေပြင်ဝန်ဆောင်ထောက်ပံ့မှုဌာန
မြန်မာ့လေကြောင်းသည် ပြည်တွင်းလေဆိပ်
ပေါင်း ၃၃ ခု အထူးသဖြင့် ရန်ကုန် အပြည်ပြည်
ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည်
ဆိုင်ရာ လေဆိပ် နှင့် ပုဂံညောင်ဦးလေဆိပ် တို့
တွင် မြေပြင်ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်
ပေးလျက်ရှိသည်။ ၂၀၀၉ ခုနှစ်မှစတင်၍ မြေပြင် ဝန်ဆောင်မှုဌာနသည် ရန်ကုန် အပြည်ပြည်ဆိုင်
ရာလေဆိပ် တွင် မြန်မာ့လေကြောင်း၏ကြီးကြပ်
မှုဖြင့်အခြားသောလေကြောင်းလိုင်းများ ကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။မြေပြင်ဝန်ဆောင်မှု
ဌာန၏အဓိကလုပ်ငန်းစဉ်များမှာခရီးသည်နှင့်
လက်ဆွဲအိတ်များအတင်အချ ပြုလုပ်ခြင်း၊လေ
ယာဉ်ရပ်နားရာနေရာများ၊လေယာဉ်သန့်ရှင်းရေး လုပ်ငန်းများ၊ ကုန်စည် ကြီးကြပ်ကွပ်ကဲမှုနှင့်
ဆက်သွယ်ရေး၊ ကုန်စည်၊လေကြောင်းခရီးစဉ်
များပျံသန်းခြင်း၊ မြေပြင်သယ်ယူ ပို့ဆောင်မှု နှင့် IATA ၏မြေပြင်ဝန်ဆောင်မှု ဆိုင်ရာ စည်းမျဉ်း
စည်းကမ်းများနှင့်အညီ ကြီးကြပ်ကွပ်ကဲထိန်းချုပ်
ပေးခြင်းများ ပါဝင်သည်။
မြေပြင် ဝန်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံ
သို့ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်း
များ ဖြစ်သည့် ဘန်ကောက်အဲဝေး၊ အပြည်ပြည်
ဆိုင်ရာ ထိုင်းလေကြောင်း၊ အဲချိုင်းနား၊အဲအိန္ဒိယ၊
ဂျက်စတား၊ကိုရီးယားလေကြောင်း၊ မလေးရှား
လေကြောင်း၊ချိုင်းနားအဲလိုင်း၊ကာတာလေကြောင်းလိုင်း၊ ဆစ်အဲ၊ ထိုင်းအဲအေးရှား စသည့် လေ
ကြောင်းလိုင်းများကို အပြည့်အ၀ဝန်ဆောင် မှု
ပေးလျက်ရှိသည်။
၁၉၇၀ ခုနှစ်အတွင်း ပြည်ထောင်စု မြန်မာနိုင်ငံ
တော်လေကြောင်းပျံသန်းမှုများလေယာဉ်အမျိုး
အစားစုစုပေါင်းမှာယူတင်သွင်းမှုများ
Boeing 727
Douglas DC-3
Fokker F27
Vickers Viscount 700
စုစုပေါင်း၁၆
လေယာဉ်အမျိုးအစားများမှာ
Boeing 737-800၁ စီး၁၁ရက် ဇွန်လ ၂၀၁၅ ခုနှစ်တွင် ရောက်ရှိသည်။
Fokker F28 Fellowship၁ စီးXY-AGH ကိုခရီးသည်တင်အဖြစ်မှအနားပေးကာကုန်စည်သယ်ဆောင်ရန်အတွက်သာသုံးသည်။
ATR 42-320၁ စီး၄၈ ဦး
ATR 72-212၃ စီး၇၀ ဦး
MA-60၃ စီး
Beechcraft 1900D၂ စီး
Embraer ERJ190AR၂ စီး၁၀၆ ဦး
စုစုပေါင်း၁၃ စီး
မူဝါဒများ
(၁)လုံခြုံဘေးကင်းရေး
(၂)လုပ်ငန်းတာဝန်ကျေပွန်ရေး
(၃)လေယာဉ်မှူးများ/အင်ဂျင်နီယာများ
ခေတ်နှင့်အညီကျွမ်းကျင်တတ်ကျွမ်းမှုရှိ
နိုင်ရေး
(၄)လျာထားချက်ဝင်ငွေပြည့်မှီရေး၊အသုံးစရိတ်လျာထားချက်ထက်လျော့ပေါ့ရေး
ပြည်ပခရီးစဉ်များ
စင်္ကာပူ
မြန်မာ့လေကြောင်း ပြည်တွင်းခရီးစဉ်များ၊ ပုံမှန်ပြေးဆွဲနေသောခရီးစဉ်များ
ကလေးမြို့
ကျိုင်းတုံ
ကျောက်ဖြူ
ကော့သောင်း
ခန္တီး
နေပြည်တော်
စစ်တွေ
တာချီလိတ်
ထားဝယ်
ပုဂံ/ညောင်ဦး
ပုသိမ်
ဗန်းမော်
ဘုတ်ပြင်း
မန္တလေး
မြစ်ကြီးနား
မော်လမြိုင်
မိုင်းဆတ်
မုံရွာ
မြိတ်
လွိုင်ကော်
လားရှိုး
သံတွဲ
ဟဲဟိုး
ဟုမ္မလင်း
ပူတာအို
အမ်း
ရန်ကုန်
စင်းလုံးငှား ခရီးစဉ်များကို အောက်ပါမြို့ များသို့ပျံသန်းပြေးဆွဲပေးလျက်ရှိပါသည်။ ပြည်
ဖားအံ
ကိုကိုးကျွန်း
လမ်းရွာ
မကွေး
မတော်တဆ ဖြစ်ပျက်မှုများ
(၁)၁၉၆၉ ခုနှစ် မေလ ၂၃ ရက်နေ့တွင် Douglas DC-3 XY-ACRလေယာဉ်သည် လားရှိုးမြို့လေဆိပ်ကို ချဉ်းကပ်စဉ်ပျက်
ကျခဲ့ပြီး လူ ၆ ဦးသေဆုံးခဲ့သည်။
(၂)၁၉၇၂ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့
တွင် Douglas C-47B XY-ACM အမျိုး
အစား လေယာဉ်ပျံတစ်စီး သံတွဲလေဆိပ်
မှ ခရီးသည်များ တင်ဆောင်ပြီး ပြေးလမ်း
နှင့် လေယာဉ်ဝမ်း ယှက်သန်းမှုကြောင့် လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရသည်။
(၃)၁၉၇၂ ခုနှစ်တွင် Vickers Viscount XY-ADF အမျိုးအစားလေယာဉ်ပျံသည် စစ်တွေလေဆိပ်တွင် ပြင်ဆင်မှုများ ပြု
လုပ်ပြီးနောက် ပြေးလမ်းပေါ် ဆင်းသက်
စဉ် လေယာဉ်ဘီးအုံပျက်စီးခဲ့ရသည်။
(၄)၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့
တွင် FokkerF27 လေယာဉ်သည်ရန်ကုန်
လေဆိပ်မှ ထွက်ခွာစဉ် ပျက်ကျခဲ့သည်။ ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၄၅ ဦး
ပါရှိပြီး ၁၆ ဦး သေဆုံးခဲ့ရသည်။
(၅)၁၉၉၈ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့
တွင် မြန်မာ့လေကြောင်းပိုင်လေယာဉ်ပျံ ၆၃၅ သည် တာချီလတ် လေဆိပ်အနီး ၂မိုင်အကွာရှိ တောင်အား လေယာဉ်ဝမ်း
ဖြင့် ပွတ်တိုက်မှုကြောင့် လူပေါင်း ၃၆ ဦး သေဆုံးခဲ့ရသည်။
(၆)၂၀၀၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် FokkerF28-4000 လေယာဉ်အမျိုးအစား
သည် စစ်တွေဆိပ်တွင် ပြေးလမ်း
ကျော်သွားခဲ့သည်။
(Htet Aung Hlaing facebook မှ)
No comments:
Post a Comment