Sunday, October 25, 2015

Aircraft Engineer

ကျနော်သည် လိုင်စင်ကိုင်ဆောင်ထားသော လေယဉ် အင်ဂျင်နီယာ (Licensed Aircraft Engineer) တစ်ယောက်ပါ။ လေယဉ်အင်ဂျင်နီယာ လုပ်ငန်းနှင့် ပတ်သက်၍ FB မှ ဆယ်တန်းအောင်ခါစ ညီညီမငယ်များရဲ့မေးခွန်းများကို ဒီ post မှတဆင့် အခြားသောမိတ်ဆွေများပါ  ဗဟုသုတရအောင် ဖြေကြား ဝေမျှခြင်းဖြစ်ပါသည်။  လေကြောင်းလိုင်းတိုင်း မှ Chief Engineer အပါဝင် Licensed Aircraft Engineer (LAE) တိုင်း သည် Aircraft Mechanics ဘဝကိုကျော်ဖြတ်ရသည်။ မြန်မာနိုင်ငံမှာရှိသော Aircraft Mechanics အများစုသည် ဆယ်တန်းမှာ အမှတ်ကောင်းပြီး သက်ဆိုင်ရာ  အင်ဂျင်နီယာ ဘာသာရပ်များကို ၅ နှစ် ၆ နှစ်ကြာသင်ယူ အောင်မြင်ပြီး Bachelor of Engineering (BE) ဘွဲ့ကိုကိုင်ဆောင်သူများဖြစ်ကြသည်။ လုပ်ငန်းအတွေ့ကြုံ နှင့် aircraft basic training အောင်မြင်ပြီးစီးပြီး  ၃ နှစ်ကြာမှ လေကြောင်းဦးစီးဌာနမှကျင်းပသော လေယဉ်အင်ဂျင်နီယာလိုင်စင် စာမေးပွဲများကိုအောင်မြင်ပြီးနောက် (အောင်မှတ်သည် ဘာသာတိုင်း၏ 75%) သက်ဆိုင်ရာလေယဉ်၏ Type Course training (Airbus/Boeing/ATR အစရှိသည်) များကို တက်ရောက်ပြီးစီးအောင်မြင်မှသာ Licensed Aircraft Engineer ဖြစ်နိုင်ပါသည်။ Chief Engineer ကြီးများ နှင့် DCA မှ inspector ဆရာကြီးများ အပါဝင် ကျနော် Airbus A320 type course training တက်တုန်းက Air France မှ ပြင်သစ် instructor များ က လေယဉ်အင်ဂျင်နီယာ လိုင်စင် ရပြီး လက်မှတ်ထိုးခါနီးတိုင်းမှာ စဉ်းစားရမှာက  လေယာဉ်အကြီးသေးပေါ်မူတည်ပြီး ခရီးသည်ပေါင်းများစွာ နှင့် pilots & cabin crew တွေရဲ့ အသက်၊ ဒီလေယဉ်ကိုမှီခို လုပ်ကိုင် နေကြသော လေကြောင်းလိုင်း ဝန်ထမ်းတွေရဲ့စားဝတ်နေရေးတွေ နှင့် လေယာဉ်တဆင်းလုံးရဲ့တန်ဖိုးတွေအားလုံးသည် မင်းတို့ရဲ့လက်မှတ်တစ်ချက် အပေါ်မှာအများကြီး မှီခိုမူတည် တဲ့အတွက် တကယ်သေချာမှ လက်မှတ်ထိုးပါလို့ မှာကြားခဲ့ဖူးတာ သတိရ မိပါတယ်။  လေယာဉ်သည်လဲ စက်ပစ္စည်းများဖြင့်ဖွဲ့စည်းထားသောယာဉ်ဖြစ်တဲ့အတွက် အချိန်နှင့်အမျှပျက်စီး ယိုယွင်းလာတက်သည်။ ဤယိုယွင်း ပျက်စီးနိုင်သော လေယာဉ်များ Airworthy ဖြစ်ဖို့ရန်အတွက် Maintenance Schedules, Work Orders, Job Cards, Check Lists /Airworthiness Directive နှင့် Service Bulletin အစရှိသော လုပ်ငန်းများကို သက်ဆိုင်ရာ Manual များနှင့်အညီ ဆောင်ရွက်ရပါသည်။ ဤအရာများမလုပ်ဆောင်နိုင်ပါက Civil Aviation Rules & Regulations များအရ  လေယာဉ် ပျံသန်းခွင့်မရှိပါ။ ဤ အရာကြီးကို ဝေဟင်မှာစိတ်ချ လုံခြုံစွာ ပျံသန်းနိုင်ဖို့ စက်ကိရိယာများ ကောင်မွန်အောင် စစ်ဆေး ပြုပင် ထိန်းသိမ်းစောင့်ရှောက် ရပြီး အတည်ပြု အာမခံ လက်မှတ် ထိုးရတဲ့ အလုပ်ကို Aircraft Mechanics & LAE  များမှလုပ်ဆောင်ရပါတယ်။ လုပ်ငန်းသဘောသဘာဝ အရ Pilot နှင့် Cabin crew များအလုပ်စချိန် တွင် Engineering crew များ standby နေရပြီး Pilot & Cabin crew များအလုပ်မစ မှီနှင့် အလုပ်နားချိန်တွင် Engineering crew များအလုပ်စလုပ်ရပါသည်။  Faulty & Error ဖြစ်နေသော systems တွေကို အဖြေရှာရာတွင် လိုအပ်လျှင် ညမိုးလင်းပေါက် trouble shotting လုပ်ရသည်။ Component များလဲလှယ် ဖြုတ်တပ်ဆင် ရာတွင်လည်း လဲပြီးသား component သည်အမှန်တကယ် ကောင်းမွန်ပြီး လေယာဉ်ရဲ့ safety ကို ထိခိုက်မှုမရှိကြောင်းအာမခံ လက်မှတ်ထိုးပေးရပါသည်။  သည်လူတွေကသာ အလုပ်ပေါ်မှာစေတနာမထားပဲ ပေါ့စမိလျှင် (ဥပမာ Engine/ Flight Control Surface & Landing Gears တွေ ထဲမှ component တခုခုမှာ အသေးမွှားဆုံး screw နှင့် nut တွေ ကို သက်ဆိုင်ရာ Torque Value နှင့်အညီ မ ကြပ်မိခဲ့လျှင်) နောက်ဆက်တွဲဆုံးရှုံးမှု တွေကမတွေးဝံ့စရာပင်။ လေကြောင်းလိုင်းအသီးသီး အသက်ဆက်ဖို့ရန် အတွက် နေပူမိုးရွာ မရှောင် ချွေးတလုံးလုံးနှင့် စက်ဂျီးများပေကျံကာ နောက်ကွယ်မှ ထောက်ပံ့ပေးနေသော Aircraft Mechanics နှင့် LAE များ၏ လုပ်ငန်း အရေးပါပုံ ကို သိရှိနိုင်မည် မျှော်လင့်ပါသည်။
ဗဟုသုတအဖြစ်​ Salai Andrew ​ဖေ့ဘုတ်​မှ ကူးယူပါသည်​။

No comments:

Post a Comment