.....မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ကြေငြာချက် တစ်ခုထုတ်ပြန်ခဲ့ပါတယ်။
.....လေဆိပ် လုပ်ငန်းများနဲ့ သက်ဆိုင်မှုရှိနေတဲ့အတွက်
အရေးကြီးတဲ့ကေ့ငြာချက်တစ်စောင်ဖြစ်တယ်လို့ ပြောလို့ရနေပါတယ်။ လေဆိပ် နဲ့ လေကြောင်းလုပ်ငန်း
တော်တော်များများဟာ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်နဲ့
ပက်သက်နေပါတယ်။လေဆိပ်မှာရှိတဲ့ Duty Free Shop တွေ၊Travel and Tour လုပ်ငန်းတွေ၊လေကြောင်းလိုင်းလုပ်ငန်းတွေ၊သွင်းကုန်ထုတ်ကုန် လုပ်ကိုင်ကြတဲ့လုပ်ငန်းတွေ၊စတာ စတာ တွေဟာ မြန်မာနိုငှ်ငံ ဗဟိုဘဏ်မှာလိုင်စင်လျှောက်ထားပြီး ကိုင်ဆောင်အသုံးပြုလျှက်ရှိကြပါတယ်။
လုပ်ငန်းအားလုံးရဲ့ ကိုင်ဆောင်ခွင့်လိုင်စင် ပြန်လည်အပ်နှံရမယ်ဆိုတော့ မကိုင်ရဘူး လို့ အဓိပ္ပါယ် သက်ရောက်သလို၊လုပ်ငန်းအတွက် သုံးစွဲမယ့် ငွေကြေးကို မြန်မာငွေ
ကျပ် နဲ့ အသုံးပြုရမယ့် သဘောဖြစ်နေပါတယ်။အရင်တခါတုံးကလည်း နိုငှ်ငံခြားငွေနဲ့ ညီမျှတဲ့ FEC တွေ
ထုတ်ခဲ့ပေမယ့် ဒေါ်လာ နဲ့ FEC ဟာ တန်ဖိုးခြင်းကွာ
ဟနေတာကိုတွေ့ရမှာပါ။ဘယ်လိုဖြစ်ဖြစ် နိုင်ငံတော်အစိုးရ တာဝန်ရှိသူများက မြန်မာငွေတန်ဖိုးတက်အောင်
နည်းလမ်းအမျိုးမျိုးနဲ့ ကြံစည်ကျိုးပမ်းနေတာကိုတော့အသိအမှတ်ပြုရမှာပါ။ ထူးခြားပြီး ပြောင်းလဲလာတာကို မျှော်လင့်စောင့်စားရင်း..
Friday, October 16, 2015
နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment