Saturday, October 31, 2015

လေဆိပ်​များ၏တည်​​နေရာများ

မြန်မာပြည် မိုးဇလ မှ
ရာသီဥတုတိမ်းတာသည့် စခန်းများ တည်နေရာကို
ဂိုဂယ်မှ ကြည့်ရန် မြေပုံညွှန်းများ ။

ခန္တီး 25.99°N 95.69°E
မြစ်ကြီးနား 25.43°N 97.4°E
ဗမော် 24.26°N 97.23°E
ကသာ 24.18°N 96.33°E
ကလေးဝ 23.19°N 94.29°E
ဖလန်း 22.9°N 93.67°E
ဟားခါး  22.69°N 93.61°E
စစ်တွေ 20.14°N 92.87°E
သံတွဲ 18.45°N 94.34°E
လား၇ှိုး 23.02°N 97.77°E
တောင်ကြီး  20.8°N 97.04°E
ကျိုင်းတုံ 21.32°N 99.65°E
လွိုင်ကော်  19.67°N 97.22°E
ဘီလင်း 17.21°N 97.23°E
ဖါးအံ 16.87°N 97.64°E
မော်လမြိုင် 16.44°N 97.66°E
ရေး 15.25°N 97.85°E
ထားဝယ် 14.08°N 98.2°E
မြိတ် 12.44°N 98.63°E
ကော့သောင် 9.99°N 98.55°E
မုံရွာ 22.11°N 95.15°E
မန္တလေး 21.96°N 96.09°E
ပခုက္ကူ 21.33°N 95.08°E
မကွေး 20.15°N 94.94°E
စလင်း 20.57°N 94.65°E
နေပြည်တော် 19.71°N 96.1°E
ပြည် 18.82°N 95.25°E
တောင်ငူ 18.94°N 96.44°E
ဟသာၤတ 17.65°N 95.46°E
ပဲခူး 17.32°N 96.46°E
ရန်ကုန်
ရွှေတိဂုံ 16.8°N 96.15°E
အင်းစိန် 16.91°N 96.07°E
ဒဂုံ 16.92°N 96.22°E
မှော်ဘီ  17.13°N 96.01°E
သံလျင် 16.76°N 96.25°E
ပုသိမ် ။ 16.78°N 94.74°E

http://www.dmh.gov.mm/ မှာ
မိုးတိမ် တခုထဲ ရှိတယ် ဆိုပြီး
သွားရေးလိုက်လို့ ထင်တယ် ။
ပြန်ဖြုတ်ချထားသေးတယ် ။
https://www.facebook.com/1492415994418808/photos/a.1492430471084027.1073741828.1492415994418808/1498915137102227/?type=3&theater

လေယာဉ်ကွင်း ရာသီဥတု
http://ourairports.com/airports/VYYY/pilot-info.html
( Credit U Htay Tint facebook)

Sunday, October 25, 2015

လေယာဉ်​တွင်​တပ်​ဆင်​အသုံးပြု​သော စက်​​သေနတ်​များ

"' Gryazev-Shipunov Gsh-301"'
**********************************
တိုက်လေယာဉ်နှင့်တိုက်ခိုက်ရေးရဟတ်ယာဉ်
်များတွင်တပ်ဆင်အသုံးပြုသောစက်အမြောက်
သေနတ်ဖြစ်သည်။
Gryazev-Shipunov Gsh-301(GRAV
index designation 9A-4071K)သည်
၃၀မမအော်တိုစက်အမြောက်ဖြစ်၍ဆိုဗီယက်
ရုရှာလေယာဉ်များအတွက်ပုံစံထုတ်ခဲ့ခြင်းဖြစ်
ပြီး၁၉၈၀အစောပိုင်းတွင်စတင်အသုံးပြုခဲ့သည်။
လက်ရှိရုရှားကုမ္ပဏီတခုဖြစ်သောIzhmash JSC
မှထုတ်လုပ်လျှက်ရှိပါသည်။
Gsh-301သည်ပြောင်းတစ်လုံးနှင့်နောက်ယမ်းကန်အား
အသုံးပြုShortrecoilအော်တိုစက်အမြောက်အမျိုးအစားဖြစ်၍ကျဉ်
်ထွက်နှုန်းနှေးစေလျှက်အလေးချိန်လျော့နဲစေသောကျဉ်အတွဲဖြင့်ပစ်
်ခတ်ရသောစက်အမြောက်ဖြစ်သည်။
အလေးချိန်46kg(၁၀၁ပေါင်)ရှိပြီးကျဉ်ထွက်
်နှုန်းတမိနစ်လျှင်၁၅၀၀မှ၁၈၀၀ဖြစ်သည်။
Evaporationအအေးစနစ်နှင့်ဆလင်ဒါပုံရေကန်လှည့်
့်ပါတ်စနစ်အသုံးပြုပြင်းထန်သောကျဉ်ပေါက်ကွဲမှုကြောင်ဖြစ်ပေါ်လာ
သည့်အပူချိန်ကိုထိန်းညှိပေးသည်။
Gsh-301ထိရောက်မှုအကွာအဝေးမှာဝေဟင်
တွင်၂၀၀မှ၈၀၀မီတာအတွင်းနှင့်မြေပြင်ရေပြင်
ပစ်မှတ်အား၁၂၀၀မှ၁၈၀၀မီတာအတွင်း
ပစ်ခတ်နိုင်သည်။
လေဆာပစ်မှတ်ချိန်ကရိယာLaser rangefinding/targeting
systemဖြင့်တွဲ၍ပစ်ခတ်ပါကအလွန်တိကျ၍အင်အားကြီးမား
ထိရောက်သဖြင့်ကျဉ်၃တောင့်မှ၅တောင့်ဖြင့်ပင်ပစ်မှတ်အား
ပျက်စီးစေပါသည်။
'Gsh-301၏အချက်အလက်များ'
-------------------------------------------
*အမျိုးအစား-Automatic cannon
*ထုတ်လုပ်သည့်မူရင်း-ရုရှား
*ပုံစံထုတ်သူ-V.Gryazev-A.Shipunov
*ထုတ်လုပ်သည်နှစ်-၁၉၈၀မှယနေ့ထိ
*အလေးချိန်-၄၆ကီလို
*အလျား-၁၉၇၈မီလီမီတာ
*ပြောင်းအရှည်-၁၅၀၀မီလီမီတာ
*အနံ-၁၅၆မီလီမီတာ
*အမြင့်-၁၈၅မီလီမီတာ
*ကျဉ်- 30×165(Russia standard)
-30×173mm(NATO Standard)
*ပြောင်း-၁
*Action-Short recoil operated
*ကျဉ်ထွက်နှုန်း-တမိနစ်လျှင်၁၅၀၀-၁၈၀၀
*ပြောင်းထွက်အရှိန်-၈၆၀မီတာ/စက္ကန့်
-
'အသုံးပြုသောကျဉ်အမျိုးအစား'
--------------------------------------------------
Ammunition
The 30x165mm rounds, fitted with distance-armed and delayed action fuze, are commonly fired from the GSh-301. This type of ammunition is intended to engage air and ground targets. The 30x165mm round can have several projectiles. Its variants are:[1]
• Armour Piercing Tracer (AP-T)
• Armour Piercing Incendiary Tracer (API-T)
• Armour Piercing Tracer, Tungsten Alloy Penetrator (APT-T)
• Inert Armour Piercing (AP Inert)
• High Explosive Tracer (HE-T)
• Short Range High Explosive Tracer (HE-T-SR)
• Inert High Explosive Tracer (HE-T Inert)
• High Explosive Incendiary (HEI)
• High Explosive Incendiary Tracer (HEI-T)
• Target Practice (RTP)
• Target Practice Tracer (RTP-T)

'အသုံးပြုတပ်ဆင်သည့်လေယာဉ်'
-------------------------------------------
• Su-27, Su-30, Su-33, Su-34, Su-35 and Su-37: 1 GSh-301 in starboard wing root (150 rds. ammunition load)
• PAK FA: 1 GSh-301 in right LEVCON root
• MiG-29: 1 GSh-301 in port wing root (150 rds. ammunition load)
• Yak-141: 1 GSh-301 on the belly (120 rds. ammunition load)
• Shenyang J-11, Shenyang J-15, Shenyang J-16: 1 GSh-301 in starboard wing root (150 rds. ammunition load)
• 9A4273 gun pod: 1 GSh-301 flexibly mounted, pod weight 480 kg (150 rds. ammunition load)
• Mil Mi-24,Mil Mi-28,Mil Mi-35,Ka-50
-
With Best Wishes…
____________________________________________________
Credit to No.1 Flying Training School
Facebook page

Aircraft Engineer

ကျနော်သည် လိုင်စင်ကိုင်ဆောင်ထားသော လေယဉ် အင်ဂျင်နီယာ (Licensed Aircraft Engineer) တစ်ယောက်ပါ။ လေယဉ်အင်ဂျင်နီယာ လုပ်ငန်းနှင့် ပတ်သက်၍ FB မှ ဆယ်တန်းအောင်ခါစ ညီညီမငယ်များရဲ့မေးခွန်းများကို ဒီ post မှတဆင့် အခြားသောမိတ်ဆွေများပါ  ဗဟုသုတရအောင် ဖြေကြား ဝေမျှခြင်းဖြစ်ပါသည်။  လေကြောင်းလိုင်းတိုင်း မှ Chief Engineer အပါဝင် Licensed Aircraft Engineer (LAE) တိုင်း သည် Aircraft Mechanics ဘဝကိုကျော်ဖြတ်ရသည်။ မြန်မာနိုင်ငံမှာရှိသော Aircraft Mechanics အများစုသည် ဆယ်တန်းမှာ အမှတ်ကောင်းပြီး သက်ဆိုင်ရာ  အင်ဂျင်နီယာ ဘာသာရပ်များကို ၅ နှစ် ၆ နှစ်ကြာသင်ယူ အောင်မြင်ပြီး Bachelor of Engineering (BE) ဘွဲ့ကိုကိုင်ဆောင်သူများဖြစ်ကြသည်။ လုပ်ငန်းအတွေ့ကြုံ နှင့် aircraft basic training အောင်မြင်ပြီးစီးပြီး  ၃ နှစ်ကြာမှ လေကြောင်းဦးစီးဌာနမှကျင်းပသော လေယဉ်အင်ဂျင်နီယာလိုင်စင် စာမေးပွဲများကိုအောင်မြင်ပြီးနောက် (အောင်မှတ်သည် ဘာသာတိုင်း၏ 75%) သက်ဆိုင်ရာလေယဉ်၏ Type Course training (Airbus/Boeing/ATR အစရှိသည်) များကို တက်ရောက်ပြီးစီးအောင်မြင်မှသာ Licensed Aircraft Engineer ဖြစ်နိုင်ပါသည်။ Chief Engineer ကြီးများ နှင့် DCA မှ inspector ဆရာကြီးများ အပါဝင် ကျနော် Airbus A320 type course training တက်တုန်းက Air France မှ ပြင်သစ် instructor များ က လေယဉ်အင်ဂျင်နီယာ လိုင်စင် ရပြီး လက်မှတ်ထိုးခါနီးတိုင်းမှာ စဉ်းစားရမှာက  လေယာဉ်အကြီးသေးပေါ်မူတည်ပြီး ခရီးသည်ပေါင်းများစွာ နှင့် pilots & cabin crew တွေရဲ့ အသက်၊ ဒီလေယဉ်ကိုမှီခို လုပ်ကိုင် နေကြသော လေကြောင်းလိုင်း ဝန်ထမ်းတွေရဲ့စားဝတ်နေရေးတွေ နှင့် လေယာဉ်တဆင်းလုံးရဲ့တန်ဖိုးတွေအားလုံးသည် မင်းတို့ရဲ့လက်မှတ်တစ်ချက် အပေါ်မှာအများကြီး မှီခိုမူတည် တဲ့အတွက် တကယ်သေချာမှ လက်မှတ်ထိုးပါလို့ မှာကြားခဲ့ဖူးတာ သတိရ မိပါတယ်။  လေယာဉ်သည်လဲ စက်ပစ္စည်းများဖြင့်ဖွဲ့စည်းထားသောယာဉ်ဖြစ်တဲ့အတွက် အချိန်နှင့်အမျှပျက်စီး ယိုယွင်းလာတက်သည်။ ဤယိုယွင်း ပျက်စီးနိုင်သော လေယာဉ်များ Airworthy ဖြစ်ဖို့ရန်အတွက် Maintenance Schedules, Work Orders, Job Cards, Check Lists /Airworthiness Directive နှင့် Service Bulletin အစရှိသော လုပ်ငန်းများကို သက်ဆိုင်ရာ Manual များနှင့်အညီ ဆောင်ရွက်ရပါသည်။ ဤအရာများမလုပ်ဆောင်နိုင်ပါက Civil Aviation Rules & Regulations များအရ  လေယာဉ် ပျံသန်းခွင့်မရှိပါ။ ဤ အရာကြီးကို ဝေဟင်မှာစိတ်ချ လုံခြုံစွာ ပျံသန်းနိုင်ဖို့ စက်ကိရိယာများ ကောင်မွန်အောင် စစ်ဆေး ပြုပင် ထိန်းသိမ်းစောင့်ရှောက် ရပြီး အတည်ပြု အာမခံ လက်မှတ် ထိုးရတဲ့ အလုပ်ကို Aircraft Mechanics & LAE  များမှလုပ်ဆောင်ရပါတယ်။ လုပ်ငန်းသဘောသဘာဝ အရ Pilot နှင့် Cabin crew များအလုပ်စချိန် တွင် Engineering crew များ standby နေရပြီး Pilot & Cabin crew များအလုပ်မစ မှီနှင့် အလုပ်နားချိန်တွင် Engineering crew များအလုပ်စလုပ်ရပါသည်။  Faulty & Error ဖြစ်နေသော systems တွေကို အဖြေရှာရာတွင် လိုအပ်လျှင် ညမိုးလင်းပေါက် trouble shotting လုပ်ရသည်။ Component များလဲလှယ် ဖြုတ်တပ်ဆင် ရာတွင်လည်း လဲပြီးသား component သည်အမှန်တကယ် ကောင်းမွန်ပြီး လေယာဉ်ရဲ့ safety ကို ထိခိုက်မှုမရှိကြောင်းအာမခံ လက်မှတ်ထိုးပေးရပါသည်။  သည်လူတွေကသာ အလုပ်ပေါ်မှာစေတနာမထားပဲ ပေါ့စမိလျှင် (ဥပမာ Engine/ Flight Control Surface & Landing Gears တွေ ထဲမှ component တခုခုမှာ အသေးမွှားဆုံး screw နှင့် nut တွေ ကို သက်ဆိုင်ရာ Torque Value နှင့်အညီ မ ကြပ်မိခဲ့လျှင်) နောက်ဆက်တွဲဆုံးရှုံးမှု တွေကမတွေးဝံ့စရာပင်။ လေကြောင်းလိုင်းအသီးသီး အသက်ဆက်ဖို့ရန် အတွက် နေပူမိုးရွာ မရှောင် ချွေးတလုံးလုံးနှင့် စက်ဂျီးများပေကျံကာ နောက်ကွယ်မှ ထောက်ပံ့ပေးနေသော Aircraft Mechanics နှင့် LAE များ၏ လုပ်ငန်း အရေးပါပုံ ကို သိရှိနိုင်မည် မျှော်လင့်ပါသည်။
ဗဟုသုတအဖြစ်​ Salai Andrew ​ဖေ့ဘုတ်​မှ ကူးယူပါသည်​။

လေဆိပ်​များအနီး​နေထိုင်​သူများ​ရေရှည်​ကျန်းမာ​ရေး

လေဆိပ်အနီး နေထိုင်သူများ ကျန်းမာရေး အန္တရာယ်ရှိနေ

===================
===================

လေဆိပ်နားတစ်ဝိုက် နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းဘူးလို့ သုတေသီတွေက ပြောခဲ့ပါတယ်။ လေဆိပ်နဲ့ ၆မိုင်အတွင်း နေထိုင်သူတွေဟာ ပန်းနာရင်ကြပ် ပြဿနာနဲ့ နှလုံးရောဂါ ဖြစ်နိုင်မှုအန္တရာယ် များပါတယ်။

လေဆိပ်တွေဟာ ပြေးလမ်းတွေပေါ်မှာ သွားလာနေစဉ်၊ ဒါမှမဟုတ် စက်နှိုးထားစဉ် ကာဘွန်မိုနောက်ဆိုဒ် (CO) ပမာဏ အများကြီး ထုတ်လွှတ်တာကြောင့် လေထုကို ညစ်ညမ်းစေတယ်ဆိုပြီး သုတေသီတွေက အပြစ်တင်ထားပါတယ်။ လေဆိပ်နဲ့ ၆မိုင်ပတ်လည်အတွင်း နေထိုင်သူတွေမှာ ပန်းနာနဲ့ နှလုံးရောဂါ နှစ်ခုစလုံးဖြစ်နိုင်ခြေဟာ ၁၇ရာခိုင်နှုန်း မြင့်တက်သွားကြောင်း ဆေးရုံမှတ်တမ်းတွေအရ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

နှလုံးရောဂါ တစ်ခုတည်း ဖြစ်နိုင်ခြေကတော့ ၉ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ ဒီလိုလေထုညစ်ညမ်းမှုနဲ့ နေ့စဉ်ထိတွေ့နေရတဲ့ ကယ်လီဖိုးနီးယားက လေဆိပ်ကြီး ၁၂ခု တစ်ဝိုက်ကို ကယ်လီဖိုးနီးယား တက္ကသိုလ်နဲ့ ကိုလံဘီယာ တက္ကသိုလ် ပညာရေးအဖွဲ့တွေက စစ်ဆေးလေ့လာခဲ့ပါတယ်။ လေ့လာမှုပြုရာမှာ လေ ဘယ်ဘက်တိုက်တယ် ဆိုတာကို ထည့်တွက်ခဲ့ကြပါတယ်။ လေဆိပ်ကနေ ၆မိုင်အတွင်း လေညာဘက် ဒေသရှိသူတွေဟာ လေထုညစ်ညမ်းမှုကို အပြင်းအထန်ခံစားရပြီး နှလုံးရောဂါ၊ ပန်းနာ နဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ခံစားနေကြရပါတယ်။

လေထုထဲမှာ ခဏတာပဲဖြစ်ဖြစ် ပမာဏနဲနဲပဲဖြစ်ဖြစ် ညစ်ညမ်းတာတောင် ကျန်းမာရေးအတွက် ဆိုးရွားတဲ့ ရလဒ်တွေ အထူးသဖြင့် ပန်းနာနဲ့ နှလုံးရောဂါ ဖြစ်နိုင်တယ်ဆိုတာကို ဒီလေ့လာမှုက တင်ပြထားတာပါ။

Ref: Daily Mail

============

Burmese of aircraft hijack(Movie)

မြန်မာနိုင်ငံ ၏ လေယာဉ်ပြန်ပေးဆွဲခြင်းဖြစ်ရပ်မှန်
ဇာတ်လမ်း
      မြန်မာနိုင်ငံတွင် တကယ့်ဖြစ်ရပ်မှန်တစ်ခု ဖြစ်ခဲ့သည့် မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီးကို KNU များက ပြန်ပေးဆွဲခဲ့သော အကြောင်းအရာကို ဒါရိုက်တာ အဏ်ထော်ဏီက “ရောင်နီဦး အလင်းရောင်နှင့်အတူ” အမည်ဖြင့် (World First Hijack) ကို သရုပ်ဆောင် အသစ်များနှင့် ရိုက်ကူးပုံဖော်ခဲ့ရာ စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း (၂၅၀၀)ကျော် ကုန်ကျခဲ့ကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ပြောသည်။
      ထိုရုပ်ရှင်ဇာတ်လမ်းသည် ၁၉၅၄ ခုနှစ်က အုပ်ချုပ်ခဲ့သော အစိုးရကို မကျေနပ်သောကြောင့် ကရင်ပြည်နယ် လွတ်မြောက်ရေး အတွက် KNU အဖွဲ့က မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်ဦးကို ပြန်ပေးဆွဲခဲ့သော အကြောင်းအရာ ဖြစ်ပြီး KNU မှ  ဗိုလ်ကြီးစောကျော်အေး၏ ဘ၀အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။ ဦးစောကျော်အေး ကိုယ်တိုင် ရေးသားထားသော ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပြီး၊ ဇာတ်လမ်းတွင် ပေးထားသော မက်ဆေ့ခ်ျသည် မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားလူမျိုး အားလုံးသည် စည်းလုံးညီညွတ်စေရန် ရည်ရွယ်ကာ ပြောင်းလဲမှုများကို မှတ်တိုင်ထူနိုင်ခြင်းနှင့် လက်တွဲပူးပေါင်းနိုင်ပါက စစ်မှန်သော ငြိမ်းချမ်းမှုကို ရနိုင်ကြောင်း၊ မိမိသားသမီးတို့၏ အနာဂတ်များလည်း လှပနိုင်ကြောင်းကို ဖော်ကျူးထားခြင်း ဖြစ်သည်။ လက်ရှိတွင် ဦးစောကျော်အေးသည် အလင်းဝင်ပြီးနောက် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်တွင် နေထိုင်လျက်ရှိသည်။
ဓာတ်ပုံ ဒါရိုက်တာ အဏ်ထော်ဏီ

      “ဒီကားလေးကတော့ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ထားတာပါ။ မြန်မာပြည်မှာ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲတဲ့ အကြောင်းကို ရိုက်ထားတယ်။ ကျွန်တော်တို့ ဒီကားကိုရိုက်ဖို့က ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မတော်လေယာဉ် မင်္ဂလာဒုံ လေတပ်စခန်းမှ လေယာဉ်ကြီးရဖို့ကို ကျွန်တော်တို့က ကာကွယ်ရေး ဦးစီးချုပ်ရဲ့ တိုက်ရိုက်ခွင့်ပြုချက် ရအောင် ကြိုးစားပါတယ်။ ကြိုးစားတဲ့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က မင်္ဂလာဒုံ လေယာဉ်တပ်စခန်းမှာ ပြထားတဲ့ လေယာဉ်ကို သုံးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၁၉၅၄ ခုနှစ်က လက်နက်တွေ ပြည်ထဲရေးမှာပဲရှိတော့ ပြည်ထဲရေးဝန်ကြီးကလည်း ရိုက်ခွင့်ရအောင် ရဲချုပ်ကလည်း ခွင့်ပြုပေးခဲ့တယ်။လက်နက် အစစ်တွေ သုံးခွင့်ရခဲ့ပါတယ်။လေယာဉ်က ၁၉၇၈ ကတည်းက မပျံတော့ဘူး၊ ရပ်ထားတယ်။ ပြထားတဲ့ဟာဆိုတော့ အထဲမှာ ဘာမှမရှိဘူး။ အထဲကိုလည်း ပြင်ရတယ်။ အဲဒီတုန်းက ယူဘီအေ အရောင်ဖြစ်အောင် တစ်စီးလုံး ပြင်ရတယ်။  မှတ်တမ်းတွေ ရှာပြီးတော့ အကုန်လုပ်ရတယ်။ပြုပြင်စရိတ်က သိန်းတစ်ရာကျော်လောက် ကုန်တယ်။ ဒါက လေယာဉ်တစ်စီးစာ ပြင်ဆင်စရိတ်ပဲ ရှိတယ်။ အခက်အခဲက လေယာဉ်က လေပေါ်ပျံလို့ မရတဲ့အတွက် ပျံလို့ရအောင် 3D ပညာရှင်တွေနဲ့ သုံးကြိမ်လောက် ပြန်ပြင်ရတယ်။ ဒါကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ မပြည့်စုံတဲ့ ပစ္စည်းအခက်အခဲပေါ့။ ရိုက်ကူးချိန်ကတော့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကန်တော့ပွဲ ပေးပြီးတော့ ရိုက်လိုက်နားလိုက်နဲ့ ရိုက်တာ ၂၀၁၄ ခုနှစ်၊ ဇွန်လမှာ ပြီးတယ်။ ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့မှာ ပထမအကြိမ် ဆင်ဆာစကြည့်တယ်။ ဆင်ဆာမှာတော့ ခေတ်နဲ့ မကိုက်တဲ့ ပြကွက်တချို့ကို ထောက်ညွှန်တယ်။ ဒါကလည်း လက်နက်ပြကွက်တွေရယ်၊ ပိုင်းလော့ပခုံးက ဘားတွေပေါ့နော်။ ဒါတွေက နည်းနည်းလည်း ကွာဟချက်ရှိလို့ ပြန်ရိုက်ရတာ ရှိတယ်။ ကျန်တာတော့ မရှိပါဘူး။ ၂၀၁၅ ခုနှစ်၊ အောက်တို ဘာလ(၁၅)ရက်မှ နောက်ဆုံးအကြိမ် ဆင်ဆာကြည့်တော့ အခုမှ ဆင်ဆာခွင့်ပြုချက် ရသွားတာပါ။ ဇာတ်ကားတစ်ကားလုံး အပြီးအစီးဆိုရင် ကုန်ကျစရိတ်က ကျပ်သိန်း(၂၅၀၀) ကျော် ကုန်ပါတယ်။ ၂၀၁၅ ခုနှစ် အကယ်ဒမီ ဇာတ်ကားဝင်အောင် ပြမယ်။ ပြီးရင်တော့ ထိုင်းနိုင်ငံမှာလည်း ဒီကားကို ပရက်ရှိုး ထပ်ပြမယ်။ ထိုင်းမှာပြပြီးရင်တော့ ထိုင်းမှာ ရုံတင်နိုင်အောင် ကျွန်တော်တို့ ညှိနှိုင်းပါမယ်။ ကျွန်တော် ရိုက်ထားတဲ့ ကားလေးကလည်း တက်သစ်စ ကလေးတွေကို မြေတောင်မြှောက်ပြီးတော့ ရိုက်ပေးတဲ့ ကားလေးပါ။ ပရိသတ်အတွက် မက်ဆေ့ခ်ျကတော့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ နေထိုင်ရင် အေးချမ်းစွာ နေထိုင်ရတယ် ဆိုတာကို ပေးချင်တယ်။

သရုပ်ဆောင်စိုင်းလျှံ (KNUမှ ဗိုလ်ကြီး စောကျော်အေးအဖြစ် သရုပ်ဆောင်ထားသူ)

       “ကျွန်တော် KNU ဗိုလ်စောကျော်အေး နေရာက သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့လည်း ကျွန်တော့်ရဲ့ မျက်နှာ အနေအထားကတော့ လိုပါသေးတယ်။ မျက်နှာက နည်းနည်းပျော့နေတယ် ပေါ့နော်။ ကျွန်တော်ကတော့ ကာရိုက်တာနဲ့ တူအောင်လို့တော့ မျက်နှာကိုတော့ တင်းထားပါတယ်။ ခက်ထန်အောင်လို့တော့ ကြိုးစားပြီး လုပ်ထားတယ်။ ကျွန်တော် တတ်သလောက်၊ မှတ်သလောက် လုပ်ထားတာလေးတွေကို ပရိသတ်က လက်ခံပေးမယ်၊ အသိအမှတ်တော့ ပြုပေးမယ်လို့ ယုံကြည်ပါတယ်။ လေယာဉ်ပြန်ပေးဆွဲရတဲ့ အခန်းကို ရိုက်တော့ ကျွန်တော့်အတွက် အခက်အခဲတော့ ရှိခဲ့ပါတယ်။ ခရီးသွားတဲ့ အချိန်မှာ လမ်းတွေကလည်း ကြမ်းတယ်။ စစ်တိုက်တဲ့ အခန်းဆိုရင်လည်း အလူးအလဲ ရိုက်ရတယ်။ အခုပြန်ကြည့်ရတာတော့ မထည့်ထားတဲ့ အခန်းတွေလည်း ပါပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားထားတယ်။ ဖြတ်လိုက်ရတဲ့ အခန်းတွေမှာ ကျွန်တော်အားထုတ်ပြီး ရိုက်ထားတဲ့ အခန်းတွေလည်း ပါသွားပါတယ်။ အခက်အခဲကြားကနေ လုပ်ထားတာ ဖြစ်လို့ ပရိသတ်တွေလည်း အားပေးမယ်လို့ ယုံကြည်ပါတယ်။

သရုပ်ဆောင် မိုးမြင့်သဇင် (သူနာပြုဆရာမ နော်ပူးပူးအဖြစ် သရုပ်ဆောင်ထားသူ)

       “ညီမတို့ ဒီကားကို နယ်စပ်တွေမှာ ရိုက်ထားတာပါ။ လမ်းပန်း ဆက်သွယ်ရေးလည်း ခက်ခဲတယ်။ ညီမတို့ရိုက်တဲ့ နေရာဆိုရင် ရေတောင် သောက်စရာမရှိတဲ့နေရာ။ ဒုက္ခလည်း ရောက်တယ်။ ညီမဆို ကျန်းမာရေး မကောင်းဖြစ်ခဲ့ရတယ်။ရောက်တာနဲ့ ဖျားတယ်။ ဒါပေမဲ့လည်း ညီမကြိုးစားပြီး ရိုက်တယ်။ ကိုယ်လုပ်နိုင်သလောက်ကို ညီမကြိုးစားပြီး သရုပ်ဆောင်တယ်။ အခုလို ရုံတင်ပြသတော့မယ် ဆိုတော့လည်း အရမ်းပျော်တယ်။ ရိုက်ထားတာကလည်း တစ်နှစ်ကျော်ပြီ။ ဂုဏ်လည်းယူတယ်။ ဒီကားလေးက ဖြစ်ရပ်မှန်လည်း ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ၁၉၅၄ ခုနှစ်က လေယာဉ်ပြန်ပေးဆွဲတယ်။ ညီမတို့တောင် မမွေးသေးပါဘူး။ ဒီကားမှာလည်း ရိုက်ခွင့်ပါခွင့်ရတဲ့ အတွက် ဂုဏ်ယူပါတယ်။ ပရိသတ်ကို ပြောချင်တာက ညီမတို့က အသစ်တွေ၊ ၀ါရင့်သရုပ်ဆောင် တွေလည်း မပါဘူး။ ညီမတို့မှာ လိုအပ်တာတွေ ရှိရင်လည်း နားလည်ပေးချင်တယ်။ ခွင့်လွှတ်ပေး စေချင်တယ်။ လာကြည့်ဖို့လည်း ဖိတ်ခေါ်ချင်တယ်။ ညီမအတွက် အမှတ်တရကတော့ ညီမရဲ့သမီးလေး ဆေးမကုနိုင်တာပေါ့နော်။ ကိုယ်တိုင်ကလည်း သူနာပြုဆရာမ ဖြစ်ပြီးတော့ ကိုယ့်သမီးကို ဆေးမကုနိုင်တာကို ၀မ်းနည်းပြီး ငိုတဲ့အခန်းပေါ့။ အဲဒီအခန်းဆိုရင် တစ်နေ့လုံး ညီမငိုခဲ့ရတယ်။ အဲဒါလေးက အမှတ်တရ ဖြစ်ပါတယ်”
Credit DVB

Friday, October 16, 2015

နိုင်​ငံခြား​ငွေ ကိုင်​​ဆောင်​ခွင့်

.....မြန်​မာနိုင်​ငံဗဟိုဘဏ်​က​နေ ​ကြေငြာချက်​ တစ်​ခုထုတ်​ပြန်​ခဲ့ပါတယ်​။
.....​လေဆိပ်​ လုပ်​ငန်းများနဲ့ သက်​ဆိုင်​မှုရှိ​နေတဲ့အတွက်
အ​ရေးကြီးတဲ့​ကေ့ငြာချက်​တစ်​​စောင်​ဖြစ်​တယ်​လို့ ​ပြောလို့ရ​နေပါတယ်​။ ​လေဆိပ်​ နဲ့ ​လေ​ကြောင်းလုပ်​ငန်း
တော်​​တော်​များများဟာ နိုင်​ငံခြား​ငွေကိုင်​​ဆောင်​ခွင့်​နဲ့
ပက်​သက်​​နေပါတယ်​။လေဆိပ်​မှာရှိတဲ့ Duty Free Shop ​တွေ၊Travel and Tour လုပ်​ငန်း​တွေ၊​လေ​ကြောင်းလိုင်းလုပ်​ငန်း​တွေ၊သွင်းကုန်​ထုတ်​ကုန်​ လုပ်​ကိုင်​ကြတဲ့လုပ်​ငန်း​တွေ၊စတာ စတာ ​တွေဟာ မြန်​မာနိုငှ်ငံ ဗဟိုဘဏ်​မှာလိုင်​စင်​​လျှောက်​ထားပြီး ကိုင်​​ဆောင်​အသုံးပြုလျှက်​ရှိကြပါတယ်​။
လုပ်​ငန်းအားလုံးရဲ့ ကိုင်​​ဆောင်​ခွင့်​လိုင်​စင်​ ပြန်​လည်​အပ်​နှံရမယ်​ဆို​တော့ မကိုင်​ရဘူး လို့ အဓိပ္ပါယ်​ သက်​​ရောက်​သလို၊လုပ်​ငန်းအတွက်​ သုံးစွဲမယ့်​ ​ငွေ​ကြေးကို မြန်​မာ​ငွေ
ကျပ်​ နဲ့ အသုံးပြုရမယ့်​ သ​ဘောဖြစ်​​နေပါတယ်​။အရင်​တခါတုံးကလည်း နိုငှ်ငံခြား​ငွေနဲ့ ညီမျှတဲ့ FEC ​တွေ
ထုတ်​ခဲ့​ပေမယ့်​ ​ဒေါ်လာ နဲ့ FEC ဟာ တန်​ဖိုးခြင်းကွာ
ဟ​နေတာကို​တွေ့ရမှာပါ။ဘယ်​လိုဖြစ်​ဖြစ်​ နိုင်​ငံ​တော်​အစိုးရ တာဝန်​ရှိသူများက မြန်​မာ​ငွေတန်​ဖိုးတက်​​အောင်
နည်းလမ်းအမျိုးမျိုးနဲ့ ကြံစည်​ကျိုးပမ်း​နေတာကို​တော့အသိအမှတ်​ပြုရမှာပါ။ ထူးခြားပြီး ​ပြောင်းလဲလာတာကို ​မျှော်​လင့်​​စောင့်​စားရင်း..

Sunday, October 11, 2015

Yangon Airways

ရန်ကုန် အဲယား​ဝေးစ်လေ​ကြောင်းလိုင်း
Yangon Airways
IATA........YH
ICAO........YANKE HOTEL
ဆောင်ပုဒ်You're safe with us
တည်ထောင် ၁၉၉၆ ခုနှစ်
အခြေစိုက် ဌာန
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်

လေယာဉ်ပေါင်း၃ စီ:
ဌာနချုပ်
ရန်ကုန်,
အရေးပါသူများ
U Tin Soe ( Managing Director)
ရန်ကုန် လေကြောင်းလိုင်းသည် ရန်ကုန်အပြည်
ပြည်ဆိုင်ရာလေဆိပ် နှင့်မန္တလေးအပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်ကိုအခြေခံ၍ ပြည်တွင်းပျံသန်း
မှုများ ပျံသန်းခဲ့သည်။၎င်းလေကြောင်းလိုင်းကို ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ မှစ၍ ပျံသန်းမှု များ ရပ်တန့်ခဲ့သည်။သို့သော် ၂၀၁၁ ခုနှစ်၊အောက်တို
ဘာလ၊ ၁၆ နေ့မှ စတင်၍ ပြန်လည်ပျံသန်းလျက်
ရှိသည်။
သမိုင်းကြောင်း
၁၉၉၆ ခုနှစ်တွင် မြန်မာ့လေကြောင်းနှင့်ထိုင်းနိုင်ငံ
မှ Krong – Sombat Company တို့ ပူးပေါင်း၍ ရန်ကုန်လေကြောင်းလိုင်းအား စတင်ထူထောင်ခဲ့
သည်။၁၉၉၇ ခုနှစ် အောက်တိုဘာလ တွင်MHE-
မေဖလားဝါးကုမ္ပဏီ ကYangon Airways လေ
ကြောင်းလိုင်းအတွက် Krong-Sombat ရဲ့
ရှယ်ယာဝယ်ယူခြင်းဖြင့် စတင်​ခဲ့ကာနောက်​ပိုင်း
တိုင်းရင်းသားလုပ်​ငန်းရှင်​တစ်​ဦး ၏ ပုဂ္ဂလိကပိုင်​​လေ​ကြောင်းလိုင်းတစ်​ခုဖြစ်​ခဲ့သည်​။ဤသို့ဖြင့်​ ရန်ကုန်အဲယားဝေးလေကြောင်းလိုင်းသည်မြန်မာနိုင်ငံတွင် ပြည်တွင်းလေကြောင်းလိုင်း အဖြစ်
တဖြည်းဖြည်းပြောင်းလဲလာခဲ့သည် ခရီးသည်
( ၇၀ ) ဆံ့ ATR 72 လေယာဉ် (၂) စီးဖြင့် မြန်မာ
နိုင်ငံ၏အဓိကမြို့ကြီးများသို့ ပျံသန်းပို့ဆောင်ပေး
နိုင်ခဲ့ပါသည်။ယနေ့ခေတ် မြန်မာနိုင်ငံတွင်ပြောင်း
လဲဖော်ဆောင်လာသော တံခါးဖွင့် မူဝါဒအရ နိုင်ငံခြားသား ဧည့်သည်များ နှစ်စဉ် တိုးတက် ဝင်ရောက်လာသည့် အတွက်လေကြောင်းလိုင်း
များ၏ အနာဂတ်ပုံရိပ်သည်လည်း ပိုမို ခိုင်မာ
ထင်ရှားလျက် ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်တာ ကာလအတွင်း ရန်ကုန်လေကြောင်းလိုင်း၏ ဈေး
ကွက်ဝေစုသည် ၂၀ဝ၇ ခုနှစ်တွင် ၃၇% မှ ၂၀ဝ၈ ခုနှစ်တွင် ၄၁% ထိ သိသာထင်ရှားစွာ တိုးတက် ခဲ့ပါသည်။ပုံမှန် ပြည်တွင်းခရီးစဉ်များ အနေဖြင့် ရန်ကုန်မြို့မှ နေပြည်တော်၊ ပုဂံ၊ မန္တလေးမြို့၊
ဟဲဟိုးမြို့၊ကျိုင်းတုံမြို့၊တာချီလိတ်မြို့၊ မြစ်ကြီး
နားမြို့၊ သံတွဲမြို့၊စစ်တွေမြို့၊ထားဝယ်မြို့၊
မြိတ်မြို့၊ကော့သောင်းမြို့၊လားရှိုးမြို့၊ဗန်းမော်မြို့၊ ပူတာအိုမြို့၊ခန္တီးမြို့နှင့် ကလေးမြို့များသို့ ပြေးဆွဲ
ပေးလျှက် ရှိပါသည်။
ရန်ကုန်လေကြောင်းလိုင်းကို အတွေ့အကြုံ ရင့်ကျက်သော လေယာဉ်မှူးများ၊ အင်ဂျင်နီယာ
များ၊ ပြည်တွင်း ပြည်ပ များတွင် လေ့လာသင်ယူ
ထားသော ဝေဟင်မြေပြင် ဝန်ထမ်းများဖြင့် ဖွဲ့
စည်းထားပါသည်။ ခရီးသည်များ လိုရာခရီးကို လုံခြုံစိတ်ချ အန္တရာယ်ကင်းစွာဖြင့် စရိတ်သက်
သာ စိတ်ချမ်းသာစွာဖြင့် ခရီးသွားလာနိုင်ရေး သည် ရန်ကုန်လေကြောင်းလိုင်း၏ ရည်မှန်းချက် ဖြစ်ပါသည်။ခေတ်နှင့် လျော်ညီစွာတိုးတက်
ပြောင်းလဲလာသောသတင်းအချက်အလက်နည်းပညာ များနည်းတူ ပို့ဆောင်ဆက်သွယ်ရေး သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပါသည်။

သင်္ကေတ
မြန်မာနိုင်ငံသမိုင်းနှင့်ယဉ်ကျေးမှု တွင် ဆင်သည်
လူ့အဖွဲ့အစည်းအတွက်​သစ္စာစောင့်သိကာကူညီ
တတ်​​သောသတ္တဝါဖြစ်သည်ဟု သတ်မှတ်ထား
ကြသည်။အလုပ်ကြိုးစားခြင်း၊သူတို့၏သခင်
အပေါ်သစ္စာရှိခြင်း၊ခွန်အားကြီးမားခြင်းနှင့်မြန်မာ
နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကအရေးပါသောအခန်းကဏ္ဍမှပါဝင်သော အရိယာ
တိရိစ္ဆာန်များဖြစ်ကြပေသည်။မြန်မာဘုရင်များ လက်ထက်ကပင်ဆင်ကိုတန်ဖိုးထားခဲ့ကြကြောင်း
၊မြန်မာဘုရင်များအဖို့ ဆင်ဖြူ တော်ကို တော်ဝင်
အရာထားကာ ဂုဏ် အဆောင်အယောင် အဖြစ် ဂုဏ်ယူတန်ဖိုးထားခဲ့သည်။
ထို့ကြောင့်ပင်Sin Phyu Taw Pyan (the Flying Royal White Elephant)အမှတ်အသားကို
ရန်ကုန်အဲယားဝေးလေကြောင်းမှ အသုံးပြုခဲ့
ကြောင်းသိရသည်။

Yangon Airways

ATR 72-212၂စီ:
ATR 72-212A၁စီ:
စုစုပေါင်း၃စီ:
XY-AIN,XY-AIN &XY-AJI