Tuesday, June 20, 2017
လေယာဉ်ပေါ်မတက်မှီပြင်ဆင်ထားသင့်သောအချက်(၁၅)ချက်။
Monday, June 19, 2017
. . . . . . . . . . . လေ ယာဉ် ဒီ ဇိုင်း ရဲ့ အ ရေး အ ကြီး ဆုံး Wind Tunnel Test . . . . . . . . .
.
Tennis ဘော် လုံး တစ် လုံး ကို ရိုက် တင် လိုက် တဲ့ အ ခါ - ဘယ် လောက် မြန် မြန် ပြေး သွား သ လဲ ဆို တာ ကို ကြည့် ရ အောင် ပါ ။ ရူ ပ ဗေ ဒ ပ ညာ ရှင် ကြီး အိုင် စ တိုင်း ရဲ့ " Relativity Theory " ( မှီ ငြမ်း ပြု နိ ယာ မ ) နဲ့ ဆုံး ဖြတ် ကြ ပါ တယ် ။ မြန် သ လား / နှေး သ လား ဆို တာ - Tennis ဘော် လုံး ဖြတ် သန်း သွား တဲ့ ပတ် ဝန်း ကျင် ( လေ ထု ) ကို " Reference " မှီ ငြမ်း ပြု ပြီး သိ နိုင် ကြ တယ် ပေါ့ ။ အ ကယ် ၍ . . . Tennis ဘော် လုံး ကို ရပ် ခိုင်း ထား ပြီး / သူ ပြေး ခဲ့ တဲ့ အ မြန် နှုံး အ တိုင်း လေ ထု ကို မှုတ် သွင်း ပေး ရင် လည်း " ဖြစ် စဉ် နှစ် ခု " က အ တူ တူ ဘဲ ဖြစ် ပါ တယ် ။ အ ဓိ ပ္ပါယ် က တော့ . . . ဘော် လုံး ဘဲ ရွေ့ ရွေ့ / လေ က ဘဲ ရွေ့ ရွေ့ . . . တ ခု ကို တ ခု Reference ယူ တာ ကြောင့် အ တူ တူ ဖြစ် ပါ တယ် ။ ပုံ - ၂
.
လေ ယာဉ် ပျံ ရဲ့ အ တောင် ပံ " Wings " တစ် စုံ ကို ကြိုက် တဲ့ နေ ရာ က ဖြတ် ကြည့် လိုက် ရင် . . . " အ လယ် မှာ ဖေါင်း အ ပေါ် မျက် နှာ ပြင် ခုံး " ပုံ သ ဏ္ဌန် ( Aerofoil shape ) ဆို တာ သိ ပြီး ဖြစ် ကြ မှာ ပါ ။ Tennis ဘော် လုံး က တော့ ကြိုက် တဲ့ နေ ရာ ဖြတ် . . . အ ဝိုင်း ( Circle ) ဖြစ် ပါ တယ် ။ လေ ထဲ မှာ ဖြတ် သွား တဲ့ အ ခါ - အ ပေါ် / အောက် / ဘေး . . . ရှေ့ မှ အ နောက် သို့ အ ကွာ အ ဝေး က အ တူ တူ ဖြစ် ပါ လိမ့် မယ် ။ တူ ညီ တဲ့ စက် ဝန်း ခြမ်း ( Semi circle ) ပေါ့ ။ လေ ယာဉ် အ တောင် ပံ " Aerofoil " မှာ တော့ - အောက် ဘက် မျက် နှာ ပြင် ထက် - အ ပေါ် မျက် နှာ ပြင် က ပို ကြီး ပါ လိမ့် မယ် ( ရှေ့ နောက် ) ။
.
လေ ယာဉ် အ တောင် ပံ " Wings " ရဲ့ အ ပေါ် ခြမ်း က ခုံး နေ လို့ . . . တိုင်း ကြည့် မယ် ဆို ရင် - အ ပေါ် ခြမ်း က အောက် ခြမ်း ထက် ပို ကွာ ဝေး ပါ တယ် ။ ဥ ပ မာ - အောက် ဘက် မှာ တိုင်း ရင် ၁၀ ပေ ဆို / အ ပေါ် ဘက် မျက် နှာ ပြင် က ၁၄ ပေ ခန့် ရှိ ပါ မယ် ( ရှေ့ နောက် ) ။ ဒီ အ ချက် က ဘဲ . . . လေ ယာဉ် ကို လေ ထဲ မြှောက် တင် ပေး တဲ့ " Lift " ကို ဖြစ် ပေါ် စေ တာ ပါ ။ ပုံ - ၃
.
ရှင်း ပြ ရ ရင် . . . Fluid Dynamic ရဲ့ အ ထင် က ရ ပ ညာ ရှင် ကြီး Bernoulli ရဲ့ နိ ယာ မ ကို နား လည် အောင် ပြော ပါ ရ စေ ။ ဥ ပ မာ - လေ ယာဉ် တောင် ပံ တစ် ခု လေ ထဲ မှာ . . . တစ် စ က္ကန့် လျှင် " ၁၀ ပေ " နှုံး နဲ့ ရွေ့ ရှား နေ သည် ဆို ပါ စို့ ။ အ တောင် ပံ အောက် က ဖြတ် သွား နေ တဲ့ လေ တွေ - တစ် စ က္ကန့် ( ၁၀ ပေ ) ရောက် ရင် / အ ပေါ် မျက် နှာ ပြင် ကို ဖြတ် သန်း ရ မဲ့ လေ တွေ က တစ် စ က္ကန့် ( ၁၄ ပေ ) ရောက် ရ ပါ လိမ့် မယ် ( ပို ကွာ ဝေး တော့ . . ပို မြန် ရ တယ် ပေါ့ ) ။ ဒါ မှ အ တောင် ပံ နောက် ဖျား မှာ - အောက် က လေ နဲ့ အ ပေါ် က လာ တဲ့ လေ တို့ ပေါင်း ဆုံ မိ ကြ မှာ ပါ ။ Bernoulli's Principle အ ရ . . . Fluid ငွေ့ ရည် တစ် ခု ( ဒီ နေ ရာ မှာ " လေ ထု " ) အ နေ နဲ့ မြန် မြန် သွား လေ - ဖိ အား Pressure ကျ ဆင်း လေ လေ ဖြစ် ပါ တယ် ။ ဒါ ကြောင့် . . . လေ ယာဉ် အ တောင် ပံ ပေါ် က လေ တွေ ပို မြန် မြန် သွား ရ တော့ - တောင် ပံ အ ပေါ် မှာ ဖိ အား ကျ ဆင်း သွား သ လို / တောင် ပံ အောက် က သွား နေ တဲ့ လေ တွေ ရဲ့ ဖိ အား နဲ့ အ ပေါ် ကို တွန်း တင် ခြင်း ခံ ရ ပါ တယ် ။ ဒါ ကို " Lift " လို့ ခေါ် တယ် ပေါ့ ။
.
ဒီ တော့ . . . လေ ယာဉ် ထုတ် လုပ် ဘို့ Design လုပ် တဲ့ အ ခါ - လူ ဘယ် နှစ် ယောက် စီး မယ် / ကုန် ဘယ် လောက် တင် မယ် / လောင် ဆာ ဆီ အ ပါ ဝင် လေ ယာဉ် အ တွက် လို အပ် တဲ့ ပ စ္စည်း အား လုံး " လေ ယာဉ် တစ် စီး လုံး ရဲ့ အ လေး ချိန် " ကို တော့ သိ ပြီ ။ လေ ယာဉ် အ တောင် ပံ တစ် စုံ က လည်း နက် နဲ သော ပ ညာ ရပ် တွေ နဲ့ တည် ဆောက် ထား ပြီး ပြီ ။ လို အပ် တဲ့ အောက် မှ အ ပေါ် သို့ ပင့် အား " Lift " ဘယ် လောက် ရ နိုင် မှာ လည်း ဆို တာ သိ ဘို့ လို အပ် လာ ပါ တယ် ။ လူ အ ပြည့် / ကုန် အ ပြည့် တင် ပြီး စမ်း မောင်း ကြည့် ဘို့ ဆို တာ တော့ မ ဖြစ် နိုင် ပါ ။ ဒီ တော့ . . . အ ပေါ် မှာ ပြော ခဲ့ တဲ့ Tennis ဘော် လုံး ကို လေ ထဲ ရိုက် တင် တာ နဲ့ ရပ် နေ တဲ့ Tennis ဘော် လုံး ကို လေ မှုတ် ပေး တာ ဟာ အ တူ တူ ဘဲ ဆို တဲ့ - မှီ ငြမ်း ပြု နိ ယာ မ " Relativity Theory " ကို အ သုံး ပြု ဘို့ လို လာ ပါ တယ် ။ Wind Tunnel Test ပါ ။
.
လေ ယာဉ် ဒီ ဇိုင်း လုပ် စဉ် အ သုံး ပြု တဲ့ လေ ယာဉ် ပုံ စံ ငယ် " Proto type " က နေ . . . တ ကယ် ပျံ သန်း မဲ့ လေ ယာဉ် အ ရွယ် အ စား " Full scale " အ ထိ စမ်း သပ် နိုင် တဲ့ " အ လုံ ပိတ် လေ ပြွန် ခန်း " ( Wind Tunnel ) တွေ ရှိ ပါ တယ် ။ တည် ဆောက် ပုံ က တော့ . . . အ လုံ ပိတ် ထား တဲ့ အ ခန်း တွင်း ကို တ ဘက် က နေ " ဧ ရာ မ " ပန် ကာ ကြီး တွေ နဲ့ လေ မှုတ် သွင်း ပေး ပြီး / အ ခြား တ ဘက် နေ ထွက် လာ တဲ့ လေ တွေ ကို Closed Circuit နဲ့ ဒီ အ ခန်း တွင်း ကို ပြန် ထည့် ပေး ပါ တယ် ။ Wind Tunnel အ တွင်း လေ တိုက် နှုံး က တော့ - တစ် နာ ရီ လျှင် 200 mph က နေ 4000 mph ထိ ရှိ ပါ တယ် ။ Wind Tunnel အ လယ် မှာ တော့ စမ်း သပ် မဲ့ အ ရာ ဝ တ္ထု ( လေ ယာဉ် / အ တောင် ပံ / အာ ကာ သ ယာဉ် / ဒုံး ပျံ . . . စ သ ဖြင့် ) ရှိ ပါ လိမ့် မယ် ။ စမ်း သပ် မဲ့ ပ စ္စည်း ကို Actuator တွေ ပေါ် မှာ တပ် / Sensor တွေ / Cell တွေ ကို Wired လုပ် ထား ပြီး - လို အပ် တဲ့ Data တွေ ရ ယူ တယ် ပေါ့ ။ လေ တိုက် နှုန်း တ ခု မှာ ရ နိုင် မဲ့ Lift / Angle of Attack မြှင့် တင် လိုက် လို့ လေ ယာဉ် Stall ဖြစ် မဲ့ Angle / Take-off အ တွက် လို အပ် တဲ့ Lift ကို ပေး နိုင် မဲ့ လေ ယာဉ် Speed စ တာ တွေ ပေါ့ ။ လေ ယာဉ် ထုတ် လုပ် သူ အ တော် များ များ က တော့ - NASA ရဲ့ Wind tunnel တွေ ကို ငှား ရမ်း အ သုံး ပြု ကြ ပါ တယ် ။ အ ချို့ မော် တော် ကား ထုတ် လုပ် သူ တွေ က လည်း Streamline ချော တဲ့ ကား တွေ ထုတ် လုပ် နိုင် ဘို့ . . . လေ ကို ခွင်း နိုင် မှု / Rear Turbulence နဲ့ Skin friction က အ စ စမ်း သပ် ထုတ် လုပ် နေ ကြ တာ ဖြစ် ပါ တယ် ။ ပုံ - ၁
.https://m.facebook.com/story.php?story_fbid=1364260766983531&id=100001988622790
Wednesday, June 14, 2017
ATC
ATCကို(Air Traffic Control)လိုခေါ်ပါတယ်။ATC Controlအမျိုးအစားသုံးမျိုးရှိတယ်လို့လေ့လာဖူးပါတယ်။
၁။ Aerodrone Control
၂။ Approach Control
၃။ Area Controlတို့ဖြစ်ပါတယ်။
၁။Aerodrone Controlအမျိုးအစားကတော့ 10mileအထိလေယာဉ်ကိုထိန်းပါတယ်။
၂။Approach Controlအမျိုးအစားကတော့ 40 mileအထိလေယာဉ်ကိုထိန်းပါတယ်။
၃။Area Controlအမျိုးအစားကတော့ 100mileအထိလေယာဉ်ကိုထိန်းပါတယ်။
ATCမှာပါဝင်တဲ့အစိတ်အပိုင်းတွေကတော့
၁။Ground
၂။Tower
၃။Approach
၎။local ပြီးရှိပါတယ်။Local ကို sector ၄ခုထက်ခွဲပါတယ်။
Sector 1ကတော့ မြန်မာပြည်အထက်ထက်ပိုင်းကိုထိန်းပါတယ်။
Sector 2 and sector 3ကတော့မြန်မာပြည်အလည်ပိုင်းကိုထိန်းပါတယ်။
Sector 4ကတော့ မြန်မာပြည်အောက်ပိုင်းကိုထိန်းပါတယ်။
sector 1 and sector 4 ကတော့ internationalလေယာဉ်များကိုထိန်းပါတယ်။
sector 2 and sector 3ကတော့ international and domestic လေယာဉ်တွေပါထိန်းပါတယ်။
၁။Ground
Groundကတော့ လေယာဉ်တွေကို engine start ၊ taxi in/out ၊ activate tranaponder code(squawk)ပေးတာ၊parkingနေရာပေးတာ၊ပျံသန်းမဲ့အမြင့်ပေ ပေးတာတွေလုပ်ပါတယ်။Taxiထွက်လာသောလေယာဉ်ကို taxi way ပေါ်ရောက်တာနဲ့Towerကိုလွဲပေးပါတယ်။
၂။Tower
Towerကတော့Groundကလွဲပေးလိုက်သောလေယာဉ်ကို intention(လေယာဉ်လေထဲရောက်တာနဲ့ ဘယ်/ညာ ကွေ့ဖို့ အညွန်းဒီဂရီ)ပေးပါတယ် လေယာဉ်ပြေးလမ်းရှင်းပါက လေထဲကိုတက်ခွင့်ပြုပါတယ်။ထို့နောက် approachကိုလွဲပေးပါတယ်။ထိုအပြင်ဆင်းလာသောလေယာဉ်ကိုလည်းပြေးလမ်းရှင်းပါကဆင်းခွင့်ပေးပါတယ်။ထို့နောက် Taxiwayပေါ်တင်ပေးပြီးGroundကိုလွဲပေးပါတယ်။
၃။ Approch
Towerမှလွဲပေးလိုက်သောလေယာဉ်ကို သတ်မှတ်ထားသောအမြင့်ပေရောက်အောင်ထက်ပြီးတင်ပါတယ်။လေယာဉ်သွားရာလမ်းကြောင်းအတွက်အညွှန်းဒီဂရီထက်ပေးပါတယ်။ထိုနောက် sector 2ကိုလွဲပေးပါတယ်။အဆင်းလေယာဉ်များကိုလည်းsector2မှလွဲပေးပြီးနောက်Runwayနဲ့တည့်အောင်အညွှန်းဒီဂရီပေးပါတယ်။5mileခန့်ရောက်ပါက towerကိုလွဲပေးပါတယ်။
၎။ Sector 2 and sector 3
Approchမှလွဲပေးလိုက်သောလေယာဉ် သတ်မှတ်အမြင့်ပေရောက်အောင်ထက်တင်ပါတယ်။
လေယာဉ်ဦးတည်သောလေဆိပ်သို့သတ်မှတ်ထားသောလမ်းကြောင်းအတိုင်းရောက်ရှိအောင်လိုအပ်သလိုထိန်းကြောင်းပါတယ်။ထို့နောက် သက်ဆိုင်ရာtowerအသီးသီးဆီသို့ လွှဲပြောင်းပေးပါတယ်။အဆင်းလေယာဉ်များကိုလည်း အစဉ်အလိုက်ဆင်းသက်နိုင်အောင် လေယာဉ်အမြင့်ပေလျှော့ချခြင်း။အညွှန်းဒီဂရီများပေးခြင်းတို့ဖြင့်ထိန်းပါတယ်။ထို့နောက် towerကိုလွှဲပြောင်းပေးပါတယ်။
အမြင့်ပေသက်မှတ်ခြင်း။
မြန်မာပြည်ဧ။် အရှေ့ဖက်မှဝင်လာသောလေယာဉ်များကိုအမြင့်ပေ စုံဂဏန်းပေးပြီးနောက်ဖက်မှဝင်လာသောလေယာဉ်များကို အမြင့်ပေ မ ဂဏန်းပေးပါတယ်။ထို့အပြင် မြောက်ဖက်မှလာသောလေယာဉ်များကို မ ဂဏန်းပေးပြီး တောင်ဖက်မှလာသော လေယာဉ်များကို စုံ ဂဏန်းပေးပါတယ်။အမြင့်ပေများကို လေယာဉ်တစ်စီးနှင့်တစ်စီး ပေ ၁၀၀၀ ခြားပေးပါတယ်။သို့သော် အမြင့်ပေ ၄၁၀၀၀ကျော်သွားပါက ပေ ၂၀၀၀ စီခြားပေးပါတယ်။
Reporting Pointများ
မြန်မာနိုင်ငံကိုဖြတ်ကျော်ပျံသန်းမည့်internationalလေယာဉ်များနှင်ဆင်းသက်မည့်လေယာဉ်များသည် မြန်မာနိုင်ငံပိုင်ဝေဟင်သို့စတင်ရောက်ရှိပါက သတင်းပို့ရသည့် Reporting Pointများရှိသည်။
မြန်မာပြည်ဧ။်အရှေ့ဖက် Reporting Pointများ
1. LINSO
2. AKSAG
3. SISUK
4. BOMAS
5. MAKAS
6. LIMLA
7. BETNO
8. TANEK
9. AKATO
10.EKAVO
11.NURDA
13.PUMORဆိုပြီးရှိပါတယ်။
မြန်မာပြည်ဧ။်တောင်ဖက် Reporting Pointများ
1. PADET
2. IKULA
3. TAVUNဆိုပြီးရှိပါတယ်။
မြန်မာပြည်ဧ။်အနောက်ဖက် Reporting Pointများ
1. ANSOS
2. CHILA
3. APAGO
4. AVLED
5. TEBOV
6.IBITA
7.SAGOD
8. MEPEL
9. RINDA
10.LIBDI
11.LULDA
12.MIPAK
13.BORBUဆိုပြီးရှိပါတယ်။
မြန်မာနိုင်ငံတွင်ဖြတ်ကျော်ပျံသန်းနေသော အပြည်ပြည်ဆိုင်ရာလေယာဉ်များနှင့် ပြည်တွင်းလေကြောင်းများဧ။် ပျံသန်းသည့်အရေအတွက်မှာ တစ်ရက်လျှင်အစီးရေ ၁၀၀၀နီးပါးခန့်ကို ထိန်းကြောင်းပေးနေပါသည်။မြန်မာနိုင်ငံတွင် ATC Controllerအရေအတွက် ၄၀၀နီးပါးခန့်မျှသာရှိပါသည်။လူဦးရေနည်းသော်လည်း မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေအများဆုံးရရှိအောင်၂၄နာရီ ပတ်လုံး ရှာဖွေပေးနေကြသူများဖြစ်သည်။မြန်မာနိုင်ငံအတွက်နိုင်ငံခြားဝင်ငွေအများဆုံးရရှိအောင်ရှာဖွေပေးသော ATCဧ။် လုပ်ငန်းသဘောတရားများနှင့် လေကြောင်းဗဟုသုတ ရရှိစေရန်ရည်ရွယ်၍လေ့လာမိသလောက် လူအများသိရှိအောင်ရေးခြင်းဖြစ်ပါသည်။ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာအားလုံးကိုကျေးဇူးတင်ပါသည်။
https://m.facebook.com/story.php?story_fbid=224272268074085&id=100014739403518
လေယာဉ်ပေါ်က သတိမထားမိတဲ့အရာများ
လေယာဉ်ပေါ်က လူတွေသိပ်သတိမထားမိတဲ့ ထူးထူးဆန်းဆန်း အရာများ
လေယာဉ်ပေါ်မှာ ကျနော်တို့ သတိမထားမိတဲ့ အရာလေးတွေ၊ သတိထားမိပေမယ့် မည်သို့မည်ပုံ အသုံးဝင်မှန်း မသိနိုင်တဲ့ အရာလေးတွေ များစွာ ပါဝင်ပါတယ်။ ဒီအထဲမှာမှ 5 ခုကို ရွေးချယ်ပြီး၊ ယင်းတို့ကို ဘယ်လိုအခြေအနေမှာ သုံးရတယ်ဆို တာကိုဖော်ပြပေးလိုက်ပါတယ်။
(၁)တောင်ပံပေါ်မှ ချိတ်ကလေး
လေယာဉ်တွေရဲ့ တောင်ပံပေါ်မှာ ချိတ်ငယ်ကလေး ရှိပါတယ်။ အဲဒီ ချိတ်ငယ်လေးဟာ အရေးပေါ်အခြေအနေမှာ အရေးပေါ်လှေကားက ဆင်းလာတဲ့ လူတွေဟာ တောင်ပံပေါ်ရောက်သွားပါလိမ့်မယ်။ ဒီလိုအခြေအနေမှာ ချော်ပြီး မကျနိုင်ဖို့အတွက် အဆိုပါ ကွင်းပါတဲ့ချိတ်ငယ်လေးထဲကို ကြိုးနဲ့ ဖြတ်သန်းချည်နှောင်ပြီး အသုံးပြုရတာ ဖြစ်ပါတယ်။
(၂) လေယာဉ်မှူးနောက်ကျောက ပုစိန်ငယ်
လေယာဉ်မှူးနောက်ကျောက ပုစိန်ကတော့ အရေးပေါ်အခြေအနေအတွက် ဖြစ်ပါတယ်။ လေယာဉ်မှုတွေဟာ များသောအားဖြင့် သူတို့အခန်းကို အလုံပိတ်ပြီး မောင်းနှင်ကြပါတယ်။ ဒီလိုအခြေအနေမှာ မီးလောင်မီးလန့်မှု ဖြစ်ခဲ့ရင် ပုစိန်ကို အသုံးပြုနိုင်သလို၊ လေယာဉ်အပိုင်းစီးတဲ့သူတွေကို ကာကွယ်ဖို့အတွက်လည်း လက်နက်ငယ်အဖြစ် အသုံးပြုလို့ ရပါတယ်
(၃) လေယာဉ်ပြူတင်းပေါက် မှန်
လေယာဉ်ပြူတင်းပေါက်မှာ မှန်က အလွှာသုံးလွှာ ပါရှိပါတယ်။ အပြင်ဘက်အလွှာက ပင်လယ်အော်ကဲ့သို့သော လေဖိအား
များတဲ့ကောင်းကင်ကို ပျံသန်းတဲ့အခါမှာ လေဖိအားကို ထိန်းသိမ်းခြင်း/ကာကွယ်ခြင်းတွေအတွက် အသုံးဝင်ပါတယ်။ အလယ်အလွှာမှာပါတဲ့ မှန်ကတော့ အတွင်းကမှန် မထိခိုက်စေဖို့၊ သို့မဟုတ် အရံမှန်ဖြစ်ပါတယ်။ အတွင်းအကျဆုံး မှန်ကတော့ အောက်ခြေမှာ အပေါက်ငယ်လေး ပါဝင်ပြီး၊ လေယာဉ်ကိုယ်ထည်အတွင်းက မတူညီတဲ့ ဖိအားကို ထိန်းညှိဖို့ ဖြစ်ပါတယ်။
(၄) အရံပါဝါစနစ်
လေယာဉ်တစ်စီး ကွင်းတစ်ခုမှာ ဆိုက်ကပ်တဲ့အခါ အင်ဂျင်တွေ ရပ်တန့်ထားတာတောင်မှ စက်သံနဲ့မတူတဲ့ ဆူညံသံကို ကြားရပါလိမ့်မယ်။ ဒါဟာ Auxiliary Power Unit လို့ခေါ်တဲ့ အရံပါဝါစနစ်က လေယာဉ်အတွက် လိုအပ်တဲ့ လျှပ်စစ်ကို ဖြန့်ဝေပေးတဲ့ အသံပါ။ အဆိုပါ အရံပါဝါစနစ်ဟာ လေယာဉ်ပေါ်မှာ အရေးပေါ် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ ရင်လည်း မိနစ်အကန့်အသက်နဲ့ အသုံးပြုလို့ရပါတယ်။
(၅) လေယာဉ်နံရံပေါ်က အမည်းရောင် တြိဂံ
လေယာဉ်ရဲ့ အလယ်ဗဟိုလောက်မှာ အမည်းရောင် တြိဂံလေး ပါဝင်ပါတယ်။ ဒီ တြိဂံလေး ဘာကြောင့် ထည့်သွင်းထားရ
သလဲဆိုရင် လေယာဉ်ရဲ့ အရေးပေါ်အခြေအနေမှာ လေယာဉ်မှူး/တာဝန်ရှိသူတစ်ဦးဦးက တောင်ပံကို စစ်ဆေးဖို့အတွက် လိုအပ်ပါတယ်။ ဒီလိုအခြေအနေမှာ အမည်းရောင် တြိဂံလေးမှတ်သားထားတဲ့ နေရာကို ရှာဖွေပြီး အပြင်ကို အလွယ်တကူ လှမ်းကြည့်လို့ရပါတယ်။ အဆိုပါ နေရာဟာ တောင်ပံတစ်ခုလုံးကို မြင်နိုင်တဲ့နေရာ ဖြစ်ပါတယ်။
လင်းဇော်ကို (Shwemom)
#Edkza@KGM
Sonar
Sonar စနစ် ဆိုတာ
စနစ်ရဲ့ အရှည်ကောက်ကတော့ Sound Navigation and Ranging ဖြစ်ပါတယ်။ အသံလှိုင်းကို သုံးပြီး မြေပုံစနစ် ဆိုင်ရာ နည်းစနစ်တွေနဲ့ အကွာအဝေးကို တိုင်းတာပြီး တည်နေရာ သတ်မှတ်တဲ့ နည်းပညာ ဖြစ်ပါတယ်။ များသောအားဖြင့်တော့ လူ မရောက်နိုင်တဲ့ နေရာတွေ အတွက် မြေပုံနဲ့ တည်နေရာ အတည်ပြုဖို့ သုံးပါတယ်။ အများဆုံးကတော့ ရေအောက် တည်နေရာတွေ တိုင်းတာ ရှာဖွေဖို့ အတွက်ပါ။ ယေဘုယျ အနေနဲ့တော့ Sonar တပ်ဆင်ထားတဲ့ သင်္ဘောက အခြား ရေအောက်က ရေငုပ်သင်္ဘောနဲ့ ရေမြှုပ်မိုင်းလို အရာတွေကို ခြေရာခံပြီး တည်နေရာ အတည်ပြု စောင့်ကြည့်တာ ဖြစ်ပါတယ်။
Sonar စနစ် ၂ မျိုး ရှိပါတယ်။ Passive Sonar ကတော့ အခြား ယာဉ်တွေကနေ ထုတ်လွှတ်လာတဲ့ အသံလှိုင်းတွေကို ဖမ်းယူပြီး တည်နေရာ အတည်ပြုတဲ့ စနစ် ဖြစ်ပြီး Active Sonar ကတော့ မိမိကနေ အသံ ထုတ်လွှတ်တယ်၊ ပြီးမှာ အခြား အရာဝတ္ထုပေါ်ကို ရိုက်ခတ်ပြီး ပြန်လာတဲ့ အသံလှိုင်းကို ပြန်လည် ဖမ်းယူကာ တည်နေရာ သတ်မှတ်တဲ့ ပုံစံပါ။
အခု Y-8 ရှာဖွေမှုမှာ ဆိုရင် Active Sonar စနစ်ကို သုံးနေတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Y-8 အနေနဲ့ အသံလှိုင်း ထုတ်လွှတ်လာဖို့ မရှိတော့တာကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာ မှတ်သားစရာ တခုကို ပြောချင်တာက အသံကို သုံးပြီး တည်နေရာ သတ်မှတ်မှုမှာ အများစုက ရေအောက်မှာ Sonar ကို သုံးပြီး ရေပေါ် (လေထု) မှာ Radar ကို သုံးတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Sonar ကို လေထုမှာလည်း သုံးတာ တွေ့ရပါတယ်။ လေထုဆိုင်ရာ စမ်းသပ်ချက်တွေ အတွက်ပါ။ စစ်ဘက် ရေးရာ အသုံးမှာ Sonar ကို လေထု အတွင်း သုံးတာ မတွေ့ရပါဘူး။ Sonar စနစ်ကနေ ရေအောက်က အသံလှိုင်းကို ဖမ်းယူရာမှာ အရမ်းနိမ့်တဲ့ အသံလှိုင်း (infrasonic) ကနေ အလွန်မြင့်မားတဲ့ ရေအောက် အသံလှိုင်း (ultrasonic) ထိအောင် ဖမ်းယူပြီး အသံထွက်ရာ တည်နေရာကို အတည်ပြုနိုင်တာ တွေ့ရပါတယ်။ ပျမ်းမျှ Sonar စနစ်တွေကတော့ သိရသလောက် ရေနက် မီတာ ၁၀၀၀ ကနေ ၂၀၀၀ အတွင်းရှိ တည်နေရာကို အတည်ပြု ရှာဖွေနိုင်တာ တွေ့ရပါတယ်။
Active Sonar
Active Sonar စနစ် အကြောင်း နည်းနည်း ဆက်ပြောပါမယ်။ ဒီစနစ်မှာ အသံလွှင့်စနစ် Transmitter ရော အသံဖမ်းစနစ် Receiver ပါ ပါရှိပါတယ်။ စနစ် နှစ်ခုလုံးကို တနေရာတည်းမှာ စုစည်း တပ်ဆင်ထားတာပါ။ လျှပ်စစ်အား ကနေ ရယူ ထုတ်လုပ်တဲ့ Ping လို့ ခေါ်တဲ့ အသံလှိုင်းတွေကို ထုတ်လွှတ်ပါတယ်။ အဆိုပါ အသံလှိုင်းတွေကနေ အနီးနားမှာ ရှိတဲ့ အရာဝတ္ထုကို ရိုက်ခတ်ပြီး ပြန်လာတဲ့ ပဲ့တင်သံကို Receiver ကနေ ပြန်လည် ဖမ်းယူပြီး အဆိုပါ ပဲ့တင်သံ အပေါ်ကို မူတည်ကာ တည်နေရာကို အတည်ပြု ပေးတာ ဖြစ်ပါတယ်။
Sonar စနစ်ကို ဗဟိုထားပြီး စက်ဝန်းပုံစံ အဝန်းအတွင်းရှိ အရာဝတ္ထု တည်နေရာတွေကို သိနိုင်ပါတယ်။ ဒီနေရာမှာ Transmitter ကနေ အသံလှိုင်း ကြီးကြီး ထုတ်ပေးနိုင်လေလေ ပဲ့တင်သံ များများ ပြန်လာနိုင်လေလေ ဖြစ်ပြီး အဝန်းကြီးကြီး အတွင်းက အရာဝတ္ထုတွေကို တည်နေရာ ရှာနိုင်လေလေ ဖြစ်ပါတယ်။
ဒါပေမယ့် အသံလှိုင်းကြောင့် ရေအောက်မှာ ရှိတဲ့ ငါး၊ ပုဇွန်နဲ့ ရေနေသတ္တဝါတွေရဲ့ ရွေ့လျားသွားလာမှု၊ မွေးဖွားကြီးပြင်းမှု၊ အစာရှာဖွေ စားသောက်မှုတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ၂၀၁၂ ခုနှစ် အမေရိကန်ရေတပ်က စမ်းသပ်မှုကြောင့် ရေနေသတ္တဝါတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့ကြောင်း အမျိုးသား သဘာဝအရင်းအမြစ်များ ကာကွယ်ရေး ကောင်စီ National Resources Defense Council (NRDC) က ဖော်ပြဖူးပါတယ်။
Sonar ကို ဘယ်လို တပ်ဆင်သုံးနိုင်သလဲ
ဒီစနစ်ကို အများစု သုံးတာက စစ်ဘက်ဆိုင်ရာတွေမှာ ပါ။ စစ်သင်္ဘောတွေမှာ အခြား ရေပေါ်၊ ရေအောက် သင်္ဘောတွေရဲ့ တည်နေရာကို သိဖို့ သုံးပါတယ်၊ ခေတ်သစ် တော်ပီဒိုလို ဖျက်ဗုံးတွေမှာ Sonar စနစ် ထည့်လာပါတယ်၊ ဒါကြောင့် ပိုမို တိကျတဲ့ ပစ်မှတ်ကို ရှာဖွေ ပစ်ခတ်လာနိုင်ပါတယ်၊ မိုင်းတွေမှာလည်း Sonar စနစ် သုံးလာကြပြီး ချိန်ကိုက်မိုင်းတွေမှာ ထည့်သွင်းမှု များပါတယ်။
သင်္ဘောတွေရဲ့ မြေပုံပြစနစ်မှာ Sonar စနစ်ကို ထည့်သွင်းလာပြီး အခြေစိုက် စခန်း ကနေ သတင်း ရယူနိုင်မှု မရှိသည့် တိုင်အောင် မိမိရဲ့ တည်နေရာရော အခြား ယာဉ်နဲ့ နီးစပ်မှု တည်နေရာပါ သိနိုင်လာပါတယ်။ ရဟတ်ယာဉ်တွေမှာလည်း Sonar စနစ်ကို ထည့်သွင်းလာကြပါတယ်။ ရေငုပ်သင်္ဘောတွေရဲ့ ဆက်သွယ်ရေးနဲ့ မြေပုံစနစ်မှာလည်း Sonar ကို ထည့်သွင်းတာ တွေ့ရပါတယ်။
Sonar စနစ် မြန်မာ့ရေတပ် ရောက်ရှိလာပုံ
၂၀၁၅ ခုနှစ် ဧပြီ ၃၀ရက် ရက်စွဲနဲ့ AMDR ရဲ့ ဖော်ပြချက် အရ အိန္ဒိယ ရေတပ်အတွက် ဖန်တီးထားတဲ့ Sonar စနစ်ကို မြန်မာ့ ရေတပ်မှာလည်း သုံးနိုင်အောင် ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီစနစ်ကို အိန္ဒိယ အခြေစိုက် Defense Research and Development Organisation (DRDO) ကနေ အိန္ဒိယ ရေတပ်မှာ သုံးဖို့ ဖန်တီးခဲ့တာပါ။ အိန္ဒိယ အခြေစိုက် Bharat Electronics Limited (BEL) ဖြစ်ပြီး မြန်မာ့ရေတပ်မှာ သုံးဖို့ တင်ပို့ခဲ့တာပါ။
TKM news
Sunday, June 4, 2017
လေထုနှင့်လေကြောင်းပညာ
လေထု နှင့် လေကြောင်းပညာ
================
( ဒုတိယ အကြိမ် ပြန်လည်ဖော်ပြခြင်း)
✴ လေယာဉ်ပျံသည် လေထဲတွင်သွားသောယာဉ်ဖြစ်
၏။ လေကိုအမှီပြု၍ ပျံသန်းနိုင်ခြင်းဖြစ်၏။ လေမရှိ
လျှင် လေယာဉ်ပျံဟူ၍ ပေါ်ပေါက် မလာနိုင် ။သို့သော်
လူတို့သည် လေကြောင်းစီးပွားလုပ်ငန်းနယ်ပယ်ကြီး
( Aviation Industry ) ၏ အခြေခံအကျဆုံးမှာ ' လေ '
ဖြစ်ကြောင်းကို မေ့လျော့ထားတတ်ကြသည်။ လေယာဉ်မပေါ်မီက ရှေးဦးတီထွင်သူတို့သည် လေကို
လေ့လာစူးစမ်းကြသည်။
✴ လေသည် ကမ္ဘာမြေကြီးကို ဝန်းရံပတ်ထားသော
ဓာတ်ငွေ့ ရောဖြစ်သည်။ လေထု ( atmosphere ) ဟု
လည်းခေါ်ကြသည်။ လေဟုခေါ်သော ဓာတ်ငွေ့ရော
သည် ကမ္ဘာ့မျက်နှာပြင်မှသည် အာကာသအထိ ပျံနှံနေ
သည်။ ကမ္ဘာ ပတ်လည်တွင် လေထုတည်တံ့နေအောင်
ကမ္ဘာ့ဆွဲအားက ဆွဲငင်ထားသည်။ လေတွင်ပါဝင်သော
ဓာတ်ငွေ့များသည် လွတ်လပ်စွာရွေ့လျား ရောပြွမ်းနေ
ကြသည်။ ဓာတ်ငွေ့ မော်လီကျူးများသည် လေထုကို
ဖြတိသန်းသွားသော နေရောင်ခြည် နှင့် ထိတွေ့ရိုက်
ခတ်မိသောအခါတွင် အရောင်မျိုးစုံဖြာထွက်သည် ။
အပြာရောင်သည် အခြားအရောင်များထက် ပိုမိုအား
ကောင်းသဖြင့် မိုးကောင်းကင်သည် ပြာနှမ်းနေရခြင်း
ဖြစ်၏။
✴ လေထဲတွင် အချိုးအစားအများဆုံး ပါဝင်သော
အဓိကဓာတ်ငွေ့နှစ်မျိုးမှာ နိုက်ထရိုဂျင် နှင့်
အောက်စီဂျင် ဖြစ်၏။ နိုက်ထရိုဂျင် က ၇၈% နှင့်
အောက်စီဂျင် ၂၁% ပါဝင်သည်။ ကျန် ၁% တွင်
အာဂွန်က အများဆုံး ဖြစ်ပြီး ရေငွေ့ ၊ ကာဗွန်ဒိုင်
အောက်ဆိုက် ၊ နီယွန် ၊ ဟီလီယမ် ၊ ခရစ်တွန် ၊
ဟိုက်ဒရိုဂျင် ၊ ဇီနွန် နှင့် အိုဇုန်းဓာတ်ငွေ့ တို့က
အနည်းငယ်စီ ပါဝင်ကြသည် ။
✴ လေထဲတွင် ရေငွေ့ပါဝင်ကြောင်း အထက်တွင်
ဆိုခဲ့၏။ ဤရေငွေ့ ( Water vapour )သည် မျက်စိဖြင့်
မမြင်နိုင်သော ဓာတ်ငွေ့ အသွင်ဖြင့်ပါဝင်နေခြင်းဖြစ်သု။
မြစ် ၊ ချောင်း ၊ အင်းအိုင် ၊ ပင်လယ် ၊ သမုဒ္ဒရာ တို့မှ
ရေများအငွေ့ပြန်ကာ လေထုထဲရောက်ရှိရောနှောသွား
သောရေငွေ့ကို ရေငွေ့စို ( moisture )ဟုခေါ်သည် ။
တစ်ဖန် လေထုထဲတွင် ရှိနေသော ရေငွေ့စို ပမာဏ ကို
စိုထိုင်းဆ ( humidity )ဟုခေါ်သည် ။ လေထု၏ စိုထိုင်းဆသည် လေထု၏ အပူချိန် ၊ လေထုတည်ရှိ
သောနေရာနှင့် ရာသီဥတု အပေါ်တွင်တည်မှီ၍
အနည်းအများ ကွာခြားသည် ။
✴ လေသည် အလွန့်အလွန် အေးမြလာပါက
လေထုတွင်ပါဝင်သောရေငွေ့သည် အလွန်သေးငယ်
သော ရေမှုန်ရေမွှား ( water droplets ) သို့မဟုတ်
ရေမှုန်ခဲ ( ice crystals ) အဖြစ် ပြောင်းလဲသွားပြန်သု။
ယင်းကို အခဲဖြစ်စဉ် ( condensation )ဟု ခေါ်သည်။
ဤဖြစ်စဉ် ပေါ်ပေါက်စေသော အပူချိန်ကို ရေခဲမှတ်
( dew point ) ဟု ခေါ်သည်။ လေထု နှင့် ဆက်စပ်
နေသော အနှီရူပဗေဒဆိုင်ရာ အကြောင်းအချက်နှင့်
ဝေါဟာရ တို့သည် လေကြောင်းပျံသန်းမှုတွင် မိုးလေဝသ ( Meteorology )ဘာာသာရပ် အဖြစ် အကျုံးဝင်လာသည် ။
လေ၏ဂုဏ်သတ္တိများ
***************
✴ လေယာဉ် တည်ဆောက်ရာတွင် လေ၏ဂုဏ်သတ္တိကိုမှီပြီး ပုံစံ ရေးဆွဲကြရသည် ။
✴ ပထမဂုဏ်သတ္တိမှာ ' အလေးချိန်ဖိအားရှိခြင်း '
ဖြစ်၏။ လေသည် အစိုင်အခဲနှင့် အရည်တို့ထက်
များစွာ ပေါ့ပါးသောကြောင့် သူ့တွင် အလေးချိန်ရှိသည်
ကို သတိမပြုမိကြချေ။ လေတွင် အလေးချိန်ရှိပုံကို
ရိုးစင်းလွယ်ကူသော နည်းဖြင်ပြသနိုင်သည် ။
ပုလင်းတစ်ပုလင်းထဲမှ လေကို လေစုပ်စက်ဖြင့် စုပ်ယူ
ကာ အဖုံးကိုလုံအောင်ပိတ်ပြီး အလေးချိန်ချိန်ပါ ။
ထို့နောက် အဖုံးဖွင့်၍ လေပြန်ဝင်စေပြီး ထပ်မံချိန်ပါ ။
ပထမ အလေးချိန်ထက် တိုးလာသည် ။
ခြားနားသော အလေးချိန်မှာ လေ၏ အလေးချိန်ဖြစ်၏။
✴ တစ်ဖန် လေတွင်ဖိအားရှိပြန်သည် ။
ဖိအားရှိခြင်းမှာ အလေးချိန်ကြောင့် ဖြစ်သည် ။
ဖိအားရှိကြောင်းကိုလည်း လွယ်ကူစွာစမ်းသပ်ပြနိုင်သု။
ဖျော်ရည်ခွက်ထဲကို စက္ကူ ကျူရိုးတံ စိုက်ထည့်ထား
လျှင် ဖျော်ရည်မျက်နှာပြင်သည် နဂိုအတိုင်းပင်ရှိနေ၏။
ကျူရိုးတံ ကို ပါးစပ်ဖြင့်စုပ်သော် ဖျော်ရည်သည် ကျူရိုး
တံ အတိုင်းတက်လာ၏။ သာမန်အားဖြင့် ဖျော်ရည်ကို
စုပ်ယူသည်ဟု ထင်မှတ်ကြ၏ ။ အမှန်တကယ် မှာ
ကျူရိုးတံ ထဲရှိ လေကို စုပ်ယူလိုက်ခြင်းဖြစ်သည် ။
✴ ထို့ကြောင့် ကျူရိုးတံ ထဲတွင် လေဟာနယ်ဖြစ်
သွား၍ လေဖိအားကျသွားသည်။ ထိုအခါ ကျူရိုးတံ
အပြင်ဘက်ဖျော်ရည် မျက်နှာပြင် ပေါ်ဖိနေသော လေဖိ
အားက များသွားသည်။ ဖိအားများသောလေကဖိလိုက်
သဖြင့် ဖိအားနည်းသော ကျူရိုးတံ တလျှောက် ဖျော်ရည် တက်လိုက်လာခြင်းဖြစ်သည် ။ လေကိုစုပ်
မယူမိက ကျူရိုးတံ ထဲရှိ လေဖိအားနှင့် ဖျော်ရည်ခွက်
ထဲရှိ လေဖိအားတို့ ညီမျှနေသဖြင့် ဖျော်ရည်မျက်နှာပြင်
သည် တစ်ညီတည်းရှိ နေခြင်းဖြစ်သည် ။
လေတွင်ဖိအားမရှိလျှင် အတောင်ပံက ပင့်အားရယူ
မပေးနိုင်လောက်အောင်ပင် တစ်နည်းအားဖြင့်
လေယာဉ်ပျံဟူ၍ ဖြစ်မလာနိုင်လောက်အောင်ပင်
အရေးပါလှပေသည် ။
✴ သိပ္ပံပညာတွင် လေဖိအားကို ပြောဆိုရာ တွင်
ပင်လယ်ရေမျက်နှာပြင် ( sea level ) ကို ကမ္ဘာ့မျက်နှာ
ပြင် အဖြစ်စံထား တိုင်းထွာ ကြသည် ။
ပင်လယ်ရေမျက်နှာပြင်ရှိ လေတစ်ကုဗပေ
( ၀ ဒသမ ၀၃ ကုဗမီတာ ) ၏ အလေးချိန်မှာ 1¼အောင်စ ( ၃၅ ဂရမ် )မျှသာ ရှိသော်လည်း ကမ္ဘာ
ပတ်လည်ရှိ လေထုကြီး တစ်ခုလုံး၏ အလေးချိန်မှာ
၅,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှော့တန်
( ၅၂၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ မက်ထရစ်တန် )
မက ရှိပေသည် ။ လေထု၏ အပေါ်ဆုံး အလွှာမှသည်
အောက်ဘက်ရှိ အလွှာအသီးသီးပေါ်သို့ ဖိထားသော
လေ၏ အလေးချိန်ကြောင့် လေဖိအား ( air pressure)
တစ်နည်းအားဖြင့် လေထုဖိအား ( atmospheric px )
ဟူ၍ ဖြစ်လာသည် ။
✴ လေဖိအား ကို ဘာရော်မီတာ ဖြင့် တိုင်းသည် ။
အတိုင်းအထွာ ယူနစ် နှစ်မျိုး ရှိသည် ။ ပြဒါးအမှတ် ၏
လက်မ ၊ သို့မဟုတ် မီလီမီတာ
( inches or millimeters of mercury ) ဖြင့် တစ်မျိုး
တိုင်းသည်။ နောက်တစ်မျိုးမှာ ဘား ( bars )
သို့မဟုတ် မီလီဘား ( millibars ) ဖြစ်သည် ။
✴ ဘာရိုမီတာတွင် ပင်လယ်ရေမျက်နှာပြင်၏
ပျှမ်းပြလေထုဖိအားကို ပြဒါး၏ ၂၉ ဒသမ ၉၂ လက်မ
သို့မဟုတ် ပြဒါး၏ ၇၆၀ မီလီမီတာ ဟု လည်းကောင်း
၁၀၁၃ မီလီဘား ဟုလည်းကောင်းဖော်ပြသည် ။
✴ ထို့ကြောင့် လေယာဉ်ပျံ၏ အမြင့်ပြမီတာတွင်
၂၉ ဒသမ ၉၂ လက်မ ၊ သို့မဟုတ် ၇၆၀ မီလီမီတာ
သို့မဟုတ် ၁၀၁၃ မီလီဘား ကို ထည့်သွင်းလိုက်ပါက
ညွှန်တံပြသော အမြင့်မှာ ပင်လယ်ရေမျက်နှာပြင်
အထက်တွင် ရောက်ရှိနေသော လေယာဉ်၏ အမြင့်ပေ
သို့မဟုတ် အမြင့်မီတာ ကိုရသည် ။
✴ လေဖိအား သည် ရာသီဥတု ကိုလိုက်၍ ပြောင်း
လဲသည်။ ကြည်လင်သော နေ့ထက် စွတ်စိုထိုင်းမှိုင်း
သောနေ့၏ လေထုဖိအား မှာ ပိုနည်းသည် ။
မိမိ သွားမည့် လေယာဉ်ကွင်း၏ ဖိအားသည် ရှိရိုးရှိစဉ်
ထက် နိမ့်ကျနေပြီဆိုလျှင် လေယာဉ်ကွင်းအဝင်တွင်
မိုးတိမ် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတွေကို
မျှော်တွေး ထားနိုင်လေသည် ။
✴ ထို့အပြင် မြေမျက်နှာပြင်အနိမ့်အမြင့် ကိုလိုက်၍
လည်း ဖိအားမတူညီပေ ။ ကမ္ဘာ မြေပြင်နှင့် နီးကပ်
သော လေသည် လေထု ထုထည်ကြီးတစ်ခုလုံး၏
အလေးချိန်ဖိထားခြင်းကို ခံရသဖြင့် ဖိအားပိုများ ၍
အပေါ်သိုမြင့်တက်သွားသည်နှင့်အမျှ လေထု၏ အလေးချိန်လျော့သွားကာ ဖိအားနည်းသွားရခြင်းဖြစ်သု
ထို့ကြောင့် တောင်ပေါ်လေယာဉ်ကွင်းသည် မြေပြန့်
လေယာဉ် ကွင်းထက် ဖိအားနည်းသည် ။
✴ ဒုတိယဂုဏ်သတ္တိမှာ ' ရွေ့လျားမှု ရှိခြင်း' ဖြစ်သု။
လေသည် ကမ္ဘာ့မျက်နှာပြင် အနှံ့ဖြတ်သန်း၍ အမျိုးမျိုး
ရွေ့လျားသွားလာသည် ။ ဤသို့ဖြင့် လေတိုက်ခတ်မှု
( ဝါ )တိုက်ခတ်လေ ( wind ) ဖြစ်လာသည် ။
တိုက်ခတ်လေ ဖြစ်ပေါ်အောင် ဖန်တီးပေးသူမှာ နေ၏
အပူချိန် ( heat )ဖြစ်သည် ။ ထိုအပူရှိန်သည် ကမ္ဘာ
မြေပြင်ပေါ် သို့ ညီညီမျှမျှ မသက်ရောက်ပေ ။
✴ ပူနွေးသောနေရာရှိလေတို့သည် အပူရှိန်ကြောင့်
ကျယ်ပြန့်လာသည်။ ပေါ့ပါးလာသည်။ ထိုအခါမြေမျက်
နှာပြင်အနီးရှိ လေပေါ့တို့သည် အပေါ်သို့တက်သွားပေ
ရာ ထိုနေရာတွင် လေဖိအားနည်းပြီး ကျန်ရစ်သည် ။
ပတ်ဝန်းကျင် ဖိအားများသော နေရာမှလေတို့သည်
ဖိအားနည်းသော နေရာသို့အစားထိုးဝင်ရောက်လာခြင်း
ဖြင့် လေတိုက်ခတ်မှု ဖြစ်ပေါ်သည် ။ ပထဝီဘာသာ
တွင် သင်ကြားရသော ပင်လယ်လေနှင့် ကုန်းလေ
တို့မှာ ဤသဘောတရားအတိုင်းပင်ဖြစ်၏ ။
✴ ကမ္ဘာမြေပြင်အထက် ၆ မိုင် မှ ၉မိုင် ( ၁၀ မှ
၁၅ ကီလိုမီတာ )အတွင်းတွင် ကွေ့ဝိုက်တိုက်ခတ်သော
လေစီးကြောင်းတစ်မျိုးမှာ အလွန်မြန်သော အလျင်နှုန်း
ရှိသော ကြောင့် ဂျက်လေစီးကြောင်း ( Jet streams )
ဟုခေါ်သည် ။ လေစီးကြောင်း ဗဟိုတွင် တစ်နာရီလျှင်
မိုင် ၂၀၀ ( ၃၂၀ ကီလိုမီတာ ) နှုန်းမက ရှိတတ်သော
ကြောင့် လေယာဉ် မှုးများ အထူးသတိထားရသည် ။
✴ တတိယ ဂုဏ်သတ္တိမှာ ' တွန်းကန်ခုခံမှုရှိခြင်း'
ဖြစ်သည်။ လေ၏ တွန်းကန်ခုခံမှု ( air resistance )
သည် ပျံသန်းမှုပညာရပ်တွင် အလွန်အရေးကြီးသော
အခန်းကဏမှ ပါဝင်သည်။ ဤတွန်းကန်ခုခံမှုကို လေထီးခုန်ဥပမာတွင် သိသာနိုင်သည်။ လေထီးမပွင့်မီ
လျင်မြန်စွာကျလာသောသူသည် လေထီးပွင့်ပြီးနောက်
လေထီးကို လေကတွန်းကန်ထား သဖြင့် အကျနှေး
ကွေးရသည်။
✴ လေသည် လေထုအတွင်း ဖြတ်သန်းသွားသော
မည်သည့်ရွေ့လျား အရာဝတ္ထုကိုမဆို တွန်းခုခံမည်သာ
ဖြစ်၏။ လေထုတွင်ပါဝင်သော ဓာတ်ငွေ့ တို့၏ အဏုမြူ
မှုန် ကလေးများ ၊ မော်လီကျူးများနှင့် ရွေ့လျား
အရာဝတ္ထုတို့ ပွတ်တိုက်မိသောကြောင့် ဤတွန်းကန်
ခုခံမှု ပေါ်ပေါက် လာရသည်။
✴ အရာဝတ္ထုသည် လေထုအတွင်း မြန်မြန်ဖြတ်
သန်းသွားလေလေ လေ၏တွန်းကန်ခုခံမှုကို ပိုမိုရင်ဆိုင်
ရ လေလေဖြစ်သည်။ သင်သည် ညီညာသောလမ်းပေါ်
တွင် စက်ဘီးနင်းသွားပါက မျက်နှာကိုလေတိုးသော
ခံစားမှု့ ကိုခံစားရလိမ့်မည်။ဤသည်မှာ လေ၏
ခုခံတွန်းကန်မှု ဖြစ်၏။ အကယ်၍ ကုန်းဆင်းအတိုင်း
နင်းသွားလျှင် ပိုပြီးလေတိုးသည် ကိုခံစားရ၏။
တစ်ဖန် ကုန်းတက်ရောက်သွားသော အခါ လမ်းပြင်
ညီပေါ်မှာထက် လေတိုးမှု့လျော့နည်းသွားကြောင်းတွေ့
ရ၏။ ထို့ကြောင့် လေ၏တွန်းကန် ခုခံမှု သည်
အရာဝတ္ထု၏ ရွေ့လျားမှု နှင့် တိုက်ရိုက်အချိုးကျပေသု ။
✴ စတုတ္ထဂုတ်သတ္တိမှာ ' ဖိသိပ်ခံနိုင်ခြင်း 'ဖြစ်သည်
လေကိုပုံမှန်ရှိမြဲ လေထုဖိအား ထက် အဆရာပေါင်းများ
စွာတိုးမြှင့်၍ အလုံပိတ်နေရာ တစ်ခုခုအတွင်းတွင် ထည့်
ထားနိုင်သည်။ ယင်းလေကို ဖိသိပ်လေ
( compress air )ဟု ခေါ်သည်။ ထိုသို့လေကို ဖိသိပ်
ထားသောအခါ လေ၏ အဏုမြူ အက်တမ်နှင့်
မော်လီကျူး တို့၏ လှုပ်ရှားမှု့ နှုန်းမှာ သွက်လက်မြန်
ဆန်လာသည်။
✴ ထို့ကြောင့် ဖိသိပ်ခံထားရသော လေသည်
ပူနွေး နေ၏။ လေယာဉ် ဘီးတံ ( undercarriage
Or landing gear ) တွင် ဆောင့်ဒဏ်ခံနိုင်အောင်
ဖိသိပ်လေကို စပရင်ကန်အားသဖွယ် အသုံးပြုသည်။
နူမက်တစ်ပရက်ရှာ ( pneumatic pressure )
ဟု ခေါ်သည်။
✴ ၂၀ ရာစုဝင်ခါနီးမှ အေရိုဒိုင်းနမစ် ( Aerodynamics ) ဘာသာရပ်သည် စတင်ပေါ်ပေါက်
လာ၏။ လေ ၊ သို့မဟုတ် ငွေ့ရည် ( fluid ) တစ်
မျိုးမျိုးထဲတွင် ရွေ့လျားနေသော အရာဝတ္ထုတစ်ခုခု
အပေါ်တွင် သက်ရေက်သောအားများ ( forces )
ကို လေ့လာသော သိပ္ပံအညာရပ် ဖြစ်သည် ။
ဤ ပညာရပ်ကြောင့် လေထက်လေးသော ယာဉ်ပျံကို
တီထွင်နိုင်ခဲ့သည်။ လေထုနှင့် လေ၏ဂုဏ်သတ္တိများ
သည် လေကြောင်းပညာရပ်အတွက် အခြေခံအကျဆုံး
လိုအပ်ချက်များဖြစ်သည်။
#phyo wai linn