. . . . . . . . . လေ ယာဉ် အ ရွယ် အ စား ( Classification ) နဲ့ ဖွဲ့ စည်း မှု ( Configuration ) . . . . .
.
လေ ကြောင်း လိုင်း တွေ မှာ အ သုံး ပြု တဲ့ လေ ယာဉ် ကြီး တွေ ကို - အ လွယ် တ ကူ သိ ရှိ နိုင် အောင် / အ မျိုး အ စား ခွဲ ခြား ထား ပါ တယ် ။ လေ ယာဉ် ကိုယ် ထည် ရဲ့ အ ကျယ် အ ဝန်း အ လိုက် - " Class " ခွဲ ထား တာ ဖြစ် ပြီး ( ၂ ) မျိုး ဘဲ ရှိ ပါ တယ် ။
.
- ကိုယ် ထည် ကျယ် ( Wide body )
- ကိုယ် ထည် ကျဉ်း ( Narrow body )
.
လေ ယာဉ် ခ ရီး သည် အ ခန်း ( Cabin ) မှာ - လေ ယာဉ် မယ် တွေ လျှောက် တဲ့ လမ်း ( Aisle ) တစ် ခု တည်း ရှိ ရင် " Narrow body " / ( ၂ ) ခု ရှိ ရင် " Wide body " လို့ သတ် မှတ် ပါ တယ် ။ Wide body လေ ယာဉ် မှာ ဘယ် နဲ့ ညာ ထိုင် ခုံ တန်း ( Seat row ) များ အ ပြင် - အ လယ် မှာ ထိုင် ခုံ ( ၄ ) လုံး မှ ( ၆ ) လုံး အ ထိ ဆက် ထား တဲ့ / " Seat row " များ ရှိ မှာ ပါ ။ လေ ယာဉ် အ ကြီး တွေ ပေါ့ ။
.
Narrow body လေ ယာဉ် တွေ က တော့ / Boeing - 727, - 737, - 757 နဲ့ Airbus A-320 လို လေ ယာဉ် မျိုး တွေ ပါ ဝင် ပါ တယ် ။ လေ ယာဉ် အ သေး ပေါ့ ။ လေ ယာဉ် အ ကြီး " Wide body " မှာ တော့ / Boeing - 747, - 767, - 777, - 787 နဲ့ Airbus A-300 ( အ ဟောင်း ) / A-380 ( Dream liner ) လို လေ ယာဉ် မျိုး တွေ ပါ ဝင် ပါ တယ် ။ " Wide body " B - 747 ပုံ ( ၁) နဲ့ " Narrow body " A - 320 ပုံ ( ၂ )
.
Boeing - 747 လို လေ ယာဉ် ကြီး တွေ ကို / နှစ် ထပ် ယာဉ် ( Double decker ) လို့ ခေါ် ဝေါ် ပေ မဲ့ - တ ကယ် တော့ အ ထဲ မှာ ( ၃ ) ထပ် ရှိ ပါ တယ် ။ ခ ရီး သည် တွေ စီး တာ က တော့ ( ၂ ) ထပ် ပေါ့ ။ ဓါတ် လှေ ခါး ငယ် ( Lift ) နဲ့ ဆင်း သွား ရ တဲ့ အောက် ထပ် မှာ တော့ - လေ ယာဉ် မီး ဘို ချောင် ရှိ ပါ တယ် ။ လူ မတ် တပ် ရပ် လို့ ကောင်း ကောင်း လွတ် ပါ တယ် ။ B -747 လေ ယာဉ် ( Old version ) တွေ ရဲ့ / ဒီ နေ ရာ မှာ " ပီ ဇာ " ဖုတ် တဲ့ မီး ဖို မျိုး - လျှပ် စစ် " Oven " ကြီး ( ၁၀ ) ခု လောက် / ဘယ် ညာ တပ် ဆင် ထား ပါ တယ် ။ Version အ ဟောင်း တွေ မှာ ပါ ။
.
Boeing - 747-100, -747-200 နဲ့ -747 SP တွေ က တော့ Version အ ဟောင်း တွေ ဖြစ် ပါ တယ် ။ ပုံ ( ၁ ) မှာ B - 747 SP ကို ကြည့် ရင် - လေ ယာဉ် " ဘု တို လေး " ဖြစ် နေ လို့ မြင် ရုံ နဲ့ သိ နိုင် ပါ တယ် ။
.
B - 747-400 လို နောက် ပိုင်း ထုတ် လေ ယာဉ် ကြီး တွေ မှာ တော့ - " Food cart " လို့ ခေါ် တဲ့ / တွန်း သွား နိုင် တဲ့ သေ တ္တာ မြင့် လေး ထဲ မှာ / လျှပ် စစ် သုံး Hotplate ငယ် တွေ အ ဆင့် လိုက် တပ် ထား ပါ တယ် ။ အ စား အ စာ တွေ ကို အ ပြင် မ ထုတ် ဘဲ - ချက် ပြုတ် လို့ ရ အောင် လုပ် ထား တယ် ပေါ့ ။ Version ဟောင်း က မီး ဘို ချောင် မျိုး အောက် ထပ် မှာ မ ထား တော့ ပါ ။
အ ပေါ် ဆုံး ထပ် ရဲ့ ခေါင်း ပိုင်း " Cockpit " လေ ယာဉ် မှူး တွေ ရှေ့ က - လမ်း ညွှန် ကိ ရိ ယာ များ နဲ့ ချိန် ခွက် ( Instrument ) တွေ က လည်း - လက် တံ ပြ ဒိုင် ခွက် များ မ ဟုတ် ကြ တော့ ပါ ။ LED displays " ဖန် သား ပြင် " တွေ ဖြစ် သွား ပါ ပြီ ။ ဒါ ကြောင့် . . . ပေါ် ခါ စ တုန်း က " Glass Cockpit " လို့ ထည့် သုံး လေ့ ရှိ ပါ တယ် ။ ခု ခေတ် မှာ တော့ - လေ ယာဉ် တိုင်း လို လို LED display တွေ ဖြစ် ကုန် ပါ ပြီ ။
.
အောက် ဆုံး ထပ် က နေ တံ ခါး ဖွင့် ပြီး ထွက် သွား ရင် - လေ ယာဉ် အ နောက် ဘက် နဲ့ အ ရှေ့ ဘက် " ကုန် ခန်း များ " ( Aft. & Fwd. Cargo compartments ) တွေ ဆီ လျှောက် သွား လို့ ရ ပါ တယ် ။ အ ရှေ့ ဘက် မှာ ရှိ တဲ့ တံ ခါး ငယ် တစ် ချပ် ကို ဖွင့် ပြီး ဝင် သွား ရင် တော့ - လေ ယာဉ် ပျံ သန်း / ထိန်း ချုပ် / ဆက် သွယ် / အ ခြား စ နစ် များ နဲ့ ဆိုင် တဲ့ / လျှပ် စစ် စက် ပ စ္စည်း များ တင် ထား တဲ့ စင် ( Black box rack ) တွေ ဆီ ရောက် သွား မှာ ပါ ။ လေ ယာဉ် မှာ - " Center E & E Compartment " လို့ ခေါ် ပါ တယ် ။ ( E & E = Electric & Electronic ) ပါ ။ ဒီ အ ခန်း ငယ် ထဲ ကို - လေ ယာဉ် ဝမ်း ဗိုက် အောက် က နေ / တံ ခါး ဖွင့် ပြီး ဝင် လာ လို့ လည်း ရ ပါ တယ် ။ အောက် က ဝင် ပြီး အ ပေါ် မော့ ကြည့် ရင် တွေ့ ရ မဲ့ ပုံ ပါ ။ ပုံ ( ၃ )
.
A - 320 နဲ့ အ ခြား " ဘိုး ရင်း " လေ ယာဉ် တွေ မှာ လည်း - အ ဓိ က " E&E compartment " ကို ဒီ နေ ရာ ရှေ့ နား လောက် မှာ ဘဲ တွေ့ ရ ပါ မယ် ။ " Fwd. E&E " ကို လေ ယာဉ် မောင်း နှင် ခန်း ( Cockpit ) အောက် တည့် တည့် နဲ့ / " Aft. E&E " ကို တော့ - နောက် ကုန် ပ စ္စည်း ခန်း ( Aft. Cargo ) အ နောက် ဘက် ( သို့ ) " APU " ရှေ့ နား မှာ ထား လေ့ ရှိ ပြီး / အောက် က နေ လှေ ခါး ထောင် တက် ရ ပါ လိမ့် မယ် ။ Fwd. E&E compartment အ တွင်း မှာ လေ ယာဉ် မှူး တွေ အ တွက် - အ ရေး ပေါ် အောက် ဆီ ဂျင် ( Oxygen bottle ) များ တပ် ဆင် ထား လေ့ ရှိ ပါ တယ် ။
( Airbus A - 380 တော့ ကျ နော် မ လုပ် ဘူး ၍ မ သိ ပါ )
.
ရေ သန့် စ နစ် ( Potable water system ) / ရေ ဆိုး နဲ့ မိ လ္လာ စ နစ် ( Waste & Lavatory system ) သိုလ် လှောင် ကန် ( Tank ) တွေ ကို တော့ - လေ ယာဉ် အ နောက် ကုန် ပ စ္စည်း ခန်း ( Aft. Cargo compartment ) ရဲ့ အ နောက် ဘက် မှာ ထား လေ့ ရှိ ကြ ပါ တယ် ။ " Service port " အ ပေါက် တွေ / တံ ခါး တွေ က တော့ - Narrow body လေ ယာဉ် တွေ အား လုံး အ တွက် အ နောက် မှာ ဘဲ ရှိ ကြ ပြီး / Wide body လေ ယာဉ် ကြီး တွေ မှာ တော့ / လေ ယာဉ် အ ရှေ့ နဲ့ အ လယ် မှာ လည်း " Service Panel " တွေ ရှိ တတ် ပါ တယ် ။
.
ဟို တုန်း က လေ ယာဉ် ကြီး တွေ မှာ - အိမ် သာ ကို ရေ နဲ့ သန့် စင် တဲ့ Wet type ဖြစ် ပြီး / ခု နောက် ပိုင်း လေ ယာဉ် တွေ မှာ တော့ - ရေ အ နည်း ငယ် သာ သုံး ပြီး လျှပ် စစ် မော် တာ နဲ့ လေ စုပ် ယူ တဲ့ / Vacuum type ကို သုံး ကြ ပါ တယ် ။ A-320 နဲ့ သွား ဘူး သူ တိုင်း - အိမ် သာ " Flush" လုပ် ရင် / မော် တာ သံ အ ရင် ကြား ပြီး မှ / လေ စုပ် သွင်း သွား တာ သ တိ ပြု မိ မှာ ပါ ။
.
လေ ယာဉ် စီး ခ ရီး သည် တွေ ထိုင် နေ တဲ့ထိုင် ခုံ ( Seat ) များ ရဲ့ အောက် မှာ - ဘာ တွေ ရှိ တယ် ဆို တာ / စု စည်း တင် ပြ ထား တာ ဖြစ် ပါ တယ် ။
ခ ရီး သည် အ ခန်း ဖွဲ့ စည်း မှု ( Cabin Configuration ) များ အ ကြောင်း - နောက် နေ့ ဆက် ပါ မယ် ။
.
Sunday, September 4, 2016
လေယာဉ်အရွယ်အစား နှင့် အမျိုးအစားကိုခွဲခြားခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment