မြန်မာ့ဝေဟင်လုံခြုံရေးအတွက် အဆင့်မြင့် Radar စနစ်
မြန်မာ့တပ်မတော် အတွက် 3D ဆိုင်ရာဝေဟင်လေကြောင်းတိုင်းတာမှုစနစ်ကိုအခြေခံတဲ့ Mobilized radar platform တွေဖြစ်တဲ့ ရွေ့လျား ရေဒါတွေဟာ အနာဂတ်စစ်ပွဲတွေ ကန့်သတ်စစ်တွေမှာ အကျုံးဝင်လာပါတယ် ။
မြန်မာ့တပ်မတော်လေကာ( လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ )ရဲ့ လက်ရှိအသုံးပြုနေတဲ့ 3D Airspace surveillance Radar ဖြစ်တဲ့ 36D6M ရေဒါတွေကတော့ အလိုအလျောက်လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်အသက်ဝင်လာခဲ့သလို
မြေပြင်မှဝေဟင်ပစ် SAM Anti-aircraft missile တပ်ဖွဲ့များနှင့် များနှင့်ပေါင်းစပ်ဖွဲ့စည်းကာ မိမိထံသို့ပြု လုပ်လာမည့် ကွန်ယက်နှောက်ယှက်မှု့ ( active နဲ့ passive jamming )များကကိုများစွာခံနိုင်ရည်ရှိပြီး တဘက်ရန်သူ့လေယာဉ်များမှ ကွန်ယက်နှောက်ယှက်မှု့များပြုလုပ်လာသည့်တိုင် အနိမ့်ပျံသန်းလာတဲ့ ရန်သူ့တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အခြားလေယာဉ်များကို တုံ့ပြန်တိုက်ခိုက်ရန် စွမ်းဆောင်ပေးနိုင်မည့် အကောင်းဆုံးသော ရွေ့လျား ရေဒါစနစ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ် ။
၎င်းရေဒါများကို Traffic control ကနေ စစ်ဘက်သုံးလေယာဉ်များနှင့် အရပ်ဖက်ဆိုင်ရာလေယာဉ်များကိုပါ ခြေရာခံခြင်းမှာသုံးနိုင်ပါတယ် ။
36D6M ရေဒါ၏ထိရောက်မှုများကတော့
*********************
ကီလိုမီတာ ၁၅၀ အတွင်း ဝင်ရောက်လာသော လေယာဉ်ငယ်များ ၊
ရေဒါလွတ်အောင် အနိမ့်ပျံသန်းလာသောလေယာဉ်များနှင့်
အနှေးပျံသန်းလာသော ရဟတ်ယာဉ်များကို မိမိ၏ reflection တုံ့ပြန်သက်ရောက်လှိုင်းဖမ်းမှုတွေကနေ ဖမ်းယူခြင်း ၊၊
ကိုယ်ပျောက်နိုင်မှု RCS 0.1 square metre ရှိသော ပစ်မှတ်ကိုပင် မိမိ၏သတ်မှတ်ဧရိယာအတွင်းဖမ်းယူနိုင်ခြင်း ၊
ရန်သူ့လေယာဉ်၏တည်နေရာ position information များအား တိကျစွာသတ်မှတ်ပေးနိုင်ခြင်း ၊
ပြောင်းလဲ၍မရနိုင်တော့သော jammer များမှလွဲ၍ မိမိ၏ရေဒါစခန်းများမှရေဒါများအား ရန်သူ့တိုက်လေယာဉ်များမှအီလက်ထရောနစ်ဆိုင်ရာ jammer ပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ခြင်း ။
မိမိ radar စနစ်အား jamming လုပ်မည့် မည်သည့်စနစ်ကိုမဆို တိကျစွာထောက်လှမ်းနိုင်သသည့် စွမ်းရည်ရှိခြင်း ။
ရန်သူ မိတ်ဆွေခွဲခြားစနစ် IFF equipment များဖြင့်တစ်ဆင့် ရန်သူ့လေယာဉ်မှပျံလွင့်လာသော တန်ပြန်အချက်ပြမှုများအားပြန်လည်ဖမ်းယူကာ Automatic echo-signals များဖြင့်ပုံပေါ်ခြင်း ။
Narrowband communication channel ကဲ့သို့ အလွန်သေးငယ်သောထုတ်လွင့်ချက်များကိုပင်ရေဒါမှဖမ်းယူနိုင်စွမ်းရှိခြင်း ။
ရေဒါအခြေစိုက်စခန်းမဟုတ်သဖြင့် တနေရာမှ တနေရာသို့ လျင်မြန်စွာလှုပ်ရှားကာ စစ်ဆင်မှု့လုပ်နိုင်ခြင်း။
Foreground target များကိုရွေးခြယ်နိုင်ခြင်းနဲ့ ရန်သူ့ကို tracking ပြုလုပ်ပြီးသည်နှင့် မိမိလေကာတပ် AD control post သို့မဟုတ် Aviation အဖွဲ့ သို့မဟုတ် AAMC များ နှင့် အလိုအလျောက် ချိတ်ဆက်တိုက်ပွဲဝင်ကာ မိမိ၏ပိုင်နက်အတွင်းဝင်ရောက်လာသော လေယာဉ်များအား မိမိကိုယ်တိုင်တစ်ကိုယ်တည်း Stand-alone control post အဖြစ်ရှာဖွေရပ်တည်နေနိုင်စွမ်းရှိတဲ့ရေဒါစနစ်ဖြစ်ပါတယ် ။
ဗီယက်နမ်ဆိုရင်တော့ ဒီရေဒါစနစ်ဟာ ရုရှရဲ့ ကမ္ဘာ့အကောင်းဆုံးမြေပြင်မှဝေဟင်ပစ်ဒုံးစနစ်တစ်ခုဖြစ်တဲ့ S-300 နဲ့တွဲသုံးပါတယ် ။
ကျွန်တော်တို့မှာလည်း 36D6 radar platform တွေရှိနေပြီဖြစ်ပြီး ဘယ် SAM ( surface to air ) missile တွေနဲ့တွဲဖက်ထားမလည်းဆိုတာကိုတော့ .....
#မိုးကြိုး
No comments:
Post a Comment