Monday, March 21, 2016

Myanmar Military Observer(FB page)

မြန်မာ့ဝေဟင်လုံခြုံရေးအတွက် အဆင့်မြင့် Radar စနစ်

           မြန်မာ့တပ်မတော် အတွက် 3D ဆိုင်ရာဝေဟင်လေကြောင်းတိုင်းတာမှုစနစ်ကိုအခြေခံတဲ့ Mobilized radar platform တွေဖြစ်တဲ့ ရွေ့လျား ရေဒါတွေဟာ အနာဂတ်စစ်ပွဲတွေ ကန့်သတ်စစ်တွေမှာ အကျုံးဝင်လာပါတယ် ။
မြန်မာ့တပ်မတော်လေကာ( လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ )ရဲ့ လက်ရှိအသုံးပြုနေတဲ့ 3D Airspace surveillance Radar ဖြစ်တဲ့ 36D6M ရေဒါတွေကတော့ အလိုအလျောက်လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်အသက်ဝင်လာခဲ့သလို
မြေပြင်မှဝေဟင်ပစ် SAM Anti-aircraft missile တပ်ဖွဲ့များနှင့်  များနှင့်ပေါင်းစပ်ဖွဲ့စည်းကာ မိမိထံသို့ပြု လုပ်လာမည့်  ကွန်ယက်နှောက်ယှက်မှု့ ( active နဲ့ passive jamming )များကကိုများစွာခံနိုင်ရည်ရှိပြီး တဘက်ရန်သူ့လေယာဉ်များမှ ကွန်ယက်နှောက်ယှက်မှု့များပြုလုပ်လာသည့်တိုင်   အနိမ့်ပျံသန်းလာတဲ့ ရန်သူ့တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ အခြားလေယာဉ်များကို တုံ့ပြန်တိုက်ခိုက်ရန် စွမ်းဆောင်ပေးနိုင်မည့် အကောင်းဆုံးသော ရွေ့လျား ရေဒါစနစ်တွေထဲကတစ်ခုလည်းဖြစ်ပါတယ် ။

၎င်းရေဒါများကို Traffic control ကနေ စစ်ဘက်သုံးလေယာဉ်များနှင့် အရပ်ဖက်ဆိုင်ရာလေယာဉ်များကိုပါ ခြေရာခံခြင်းမှာသုံးနိုင်ပါတယ် ။

36D6M ရေဒါ၏ထိရောက်မှုများကတော့
*********************
ကီလိုမီတာ ၁၅၀ အတွင်း ဝင်ရောက်လာသော လေယာဉ်ငယ်များ ၊
ရေဒါလွတ်အောင် အနိမ့်ပျံသန်းလာသောလေယာဉ်များနှင့်
အနှေးပျံသန်းလာသော ရဟတ်ယာဉ်များကို မိမိ၏ reflection တုံ့ပြန်သက်ရောက်လှိုင်းဖမ်းမှုတွေကနေ ဖမ်းယူခြင်း ၊၊

ကိုယ်ပျောက်နိုင်မှု RCS 0.1 square metre ရှိသော ပစ်မှတ်ကိုပင် မိမိ၏သတ်မှတ်ဧရိယာအတွင်းဖမ်းယူနိုင်ခြင်း ၊
ရန်သူ့လေယာဉ်၏တည်နေရာ position information များအား တိကျစွာသတ်မှတ်ပေးနိုင်ခြင်း ၊

ပြောင်းလဲ၍မရနိုင်တော့သော jammer များမှလွဲ၍ မိမိ၏ရေဒါစခန်းများမှရေဒါများအား ရန်သူ့တိုက်လေယာဉ်များမှအီလက်ထရောနစ်ဆိုင်ရာ jammer ပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ခြင်း ။

မိမိ radar စနစ်အား jamming လုပ်မည့် မည်သည့်စနစ်ကိုမဆို တိကျစွာထောက်လှမ်းနိုင်သသည့်  စွမ်းရည်ရှိခြင်း ။

ရန်သူ မိတ်ဆွေခွဲခြားစနစ် IFF equipment များဖြင့်တစ်ဆင့် ရန်သူ့လေယာဉ်မှပျံလွင့်လာသော တန်ပြန်အချက်ပြမှုများအားပြန်လည်ဖမ်းယူကာ  Automatic echo-signals များဖြင့်ပုံပေါ်ခြင်း ။

Narrowband communication channel ကဲ့သို့ အလွန်သေးငယ်သောထုတ်လွင့်ချက်များကိုပင်ရေဒါမှဖမ်းယူနိုင်စွမ်းရှိခြင်း ။

ရေဒါအခြေစိုက်စခန်းမဟုတ်သဖြင့်  တနေရာမှ တနေရာသို့ လျင်မြန်စွာလှုပ်ရှားကာ စစ်ဆင်မှု့လုပ်နိုင်ခြင်း။

Foreground target များကိုရွေးခြယ်နိုင်ခြင်းနဲ့ ရန်သူ့ကို tracking ပြုလုပ်ပြီးသည်နှင့် မိမိလေကာတပ် AD control post သို့မဟုတ် Aviation အဖွဲ့ သို့မဟုတ် AAMC များ နှင့် အလိုအလျောက် ချိတ်ဆက်တိုက်ပွဲဝင်ကာ မိမိ၏ပိုင်နက်အတွင်းဝင်ရောက်လာသော လေယာဉ်များအား မိမိကိုယ်တိုင်တစ်ကိုယ်တည်း Stand-alone control post အဖြစ်ရှာဖွေရပ်တည်နေနိုင်စွမ်းရှိတဲ့ရေဒါစနစ်ဖြစ်ပါတယ် ။

ဗီယက်နမ်ဆိုရင်တော့ ဒီရေဒါစနစ်ဟာ ရုရှရဲ့ ကမ္ဘာ့အကောင်းဆုံးမြေပြင်မှဝေဟင်ပစ်ဒုံးစနစ်တစ်ခုဖြစ်တဲ့ S-300 နဲ့တွဲသုံးပါတယ် ။
ကျွန်တော်တို့မှာလည်း  36D6 radar platform တွေရှိနေပြီဖြစ်ပြီး  ဘယ် SAM  ( surface to air ) missile တွေနဲ့တွဲဖက်ထားမလည်းဆိုတာကိုတော့ .....

#မိုးကြိုး

Friday, March 18, 2016

လေ​ကြောင်​ရန်​ကာကွယ်​​ရေးအ​ရေးပါပုံ

လေကြောင်းရန်ကာကွယ်ရေးနှင့် သမိုင်းသင်ခန်းစာ

ခေတ်မှီစစ်ရေးတွင် လေတပ်၏ အနီးကပ်အကူပေးတိုက်ခိုက်မှုနှင့် လေကြောင်းစိုးမိုးနိုင်မှုတို့သည် စစ်ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်စွမ်းရှိသည်ဟု ဆိုသည်။သို့ဖြစ်၍ လေကြောင်းရန် ကာကွယ်ရေးသည် အရေးကြီးသော စစ်ရေးလိုအပ်ချက်တရပ် ဖြစ်လာသည်နှင့်အမျှ ကမ္ဘာ့နိုင်ငံကြီးများသည် မိမိတို့၏ တပ်မတော်များအတွက် အစွမ်းထက်မြက်သည့် လေကြောင်းရန် ကာကွယ်ရေး လက်နက်ပစ္စည်းများကို အပြိုင်အဆိုင်တပ်ဆင်လျက်ရှိသည်။

ဒုတိယကမ္ဘာစစ်သည် လျင်မြန်စွာ လှုပ်ရှား တိုက်ခိုက်ရသော စစ်ပွဲဖြစ်သဖြင့် စစ်ပွဲဝင်နိုင်ငံများသည် စစ်ရေးအားသာချက် တရပ်ဖြစ်သောလေကြောင်းစိုးမိုးနိုင်ရေးကို အဓိကထား၍ စစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။သို့ဖြစ်၍ရန်သူ၏ လေကြောင်းစိုးမိုးရေး ကြိုးပမ်းမှုကို ဟန့်တား ဖျက်ဆီး နိုင်စွမ်းရှိသော လေကြောင်းရန် ကာကွယ်ရေး လက်နက်များ၏ အခန်းကဏ္ဏသည် အလွန်အရေးပါခဲ့သည်။

လေကြောင်းရန် ကာကွယ်ရေး၏ အရေးပါမှုကို ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ အနက် ဗြိတိန်တိုက်ပွဲတွင် အထင်အရှား တွေ့မြင်နိုင်သည်။ဗြိတိန်တိုက်ပွဲသည် ဒုတိယကမ္ဘာစစ်ကြီးအား အဆုံးအဖြတ်ပေးခဲ့သော တိုက်ပွဲကြီးများအနက် တပွဲ အပါအဝင် ဖြစ်သည်ဟု သမိုင်းပညာရှင်တို့က သတ်မှတ်ခဲ့ကြသည့် တိုက်ပွဲဖြစ်သည်။

ဂျာမန်တို့သည် ဗြိတိန်နိုင်ငံကို ဝင်ရောင်တိုက်ခိုက်မည့် စစ်ဆင်ရေးကို ပင်လယ်ဖျံစစ်ဆင်ရေး ဟူ၍ အမည်ပေးထားသည်။စစ်ဆင်ရေးကြီး ဆင်နွှဲနိုင်ရန် အဓိက လိုအပ်ချက်တရပ်ဖြစ်သော ဗြိတိသျှလေတပ်ကို ချေမှုန်းပြီး ဝေဟင်စိုးမိုးထားနိုင်ရေးဟူသော ရည်မှန်းချက်ကို ထားရှိခဲ့သည်။ဂျာမန်လေတပ်သည် ပင်လယ်ဖျံစစ်ဆင်ရေး၏ အကြိုအဖြစ် အင်္ဂလန်ကိုအပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့သည်။ထို့နောက် အလုံးအရင်းဖြင့် လန်ဒန်မြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေကြောင်းအသာစီးရရှိရန်ကြိုးပမ်းခဲ့သည်။

သို့သော်ုဗြိတိသျှတို့သည် ရန်သူ့ လေယာဉ်များ မိမိတို့ထံသို့ ရှေးရှုလာနေခြင်းကို ကြိုတင်အချက်ပေးနိုင်သော ရေဒါစခန်းများ တည်ဆောက်ထားခြင်း ရန်သူ့ဗုံးကြဲလေယာဉ်နှင့် တိုက်လေယာဉ်များကို ပစ်ခတ်ရန် အကြီးစား အပေါ့စား အမြောက်များကို ထူထပ်စွာ ချထားခြင်း လေယာဉ်ရှာ မီးမောင်းကြီးများကို လျာထားချက် ပြည့်မီအောင် ထုတ်လုပ်တပ်ဆင်ထားခြင်းဖြင့် လေကြောင်းရန် ကာကွယ်ရေးကိုကိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ထို့ပြင် ရန်သူ့ လေယာဉ်များ၏ အနိမ့်ပျံတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ရန် သံမဏိကြိုးများဖြင့် ဆိုင်းထားသော ဓာတ်ငွေ့ဗူပေါင်းတံတိုင်းကြီးများကို အမြင့်ပေ ၅၀၀၀ ခန်အထိ ပြုလုပ်ထားသည်။

စစ်ပွဲအတွင်း ဗြိတိသျှတို့သည် ထိရောက်သော လေကြောင်းရန် ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများနှင့် လျင်မြန် ဖျတ်လတ်စွာ လှုပ်ရှား စစ်ကစားနိုင်သော တိုက်လေယာဉ်များ၏ စွမ်းပကားကြောင့် မိမိတို့ထက် အားသာသော ဂျာမန်လေတပ်၏ ထိုးစစ်ကို ချေမှုန်း ဖျက်ဆီးနိုင်ခဲ့သည်။သို့ဖြစ်၍ စစ်သမိုင်းတွင် ကြီးမားသော လေကြောင်းတိုက်ပွဲကြီး တပွဲဖြစ်သည့် ဗြိတိန် လေကြောင်းတိုက်ပွဲတွင် ဗြိတိသျှတို့ အကြီးအကျယ် အောင်ပွဲခံခဲ့သည်။  ။

၁၉၇၃ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သော အာရပ်-အစ္စရေး စတုတ္ထအကြိမ်စစ်ပွဲ ၁၉၈၂ခုနှစ် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော ဖော့ကလန်ကျွန်းစစ်ပွဲနှင့် ၁၉၈၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ဘီရွတ်စစ်ပွဲတို့မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် ခေတ်မီလက်နက်ကိရိယာများကို အသုံးပြု တိုက်ခိုက်ခဲ့သော သမိုင်းဝင်စစ်ပွဲကြီးများ ဖြစ်သည်။ထိုစစ်ပွဲများတွင် လေကြောင်းရန် ကာကွယ်ရေးသုံး တိုက်လေယာဉ်များ၏ စွမ်းပကားနှင့် လေကြောင်းရန် ကာကွယ်ရေးသုံး မြေပြင်မှဝေဟင်ပစ်ဒုံးပျံများ၏ ချေမှုန်းနိုင်မှု စွမ်းရည် နှစ်ရပ်ကို ပူးတွဲတွေ့မြင်နိုင်သည်။

အာရပ်-အစ္စရေး စတုတ္ထစစ်ပွဲသည် ၁၈ရက်ကြာခဲ့ပြီး အာရပ်-အစ္စရေး စစ်သမိုင်းတွင် အပြင်းထန်ဆုံး ဖြစ်သည်။လေကြောင်းတိုက်ပွဲတွင် အစ္စရေးတို့၏ အက်ဖ်-၄ အီးဖန်တွန် မီးရပ်ခ်ျ-၃ နှင့် အေ-၄ စကိုင်းဟော့ခ် အမျိုးအစား တိုက်လေယာဉ်များသည် အာရပ်တို့၏ မစ်-၂၁အက်စ်နှင့် ဆူကိုအီးအက်စ်ယူ-၇ အမျိုးအစား လေယာဉ်များထက် လျင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ခဲ့သည်ဟုဆိုသည်။သို့ဖြစ်၍ အာရပ်လေယာဉ်များ၏ အဆုံးအရှုံးမှာ အစ္စရေးလေယာဉ် ဆုံးရှုံးမှုထက် သုံးဆကျော် ပိုမိုများပြားခဲ့သည်။ သို့ဖြစ်၍ လေကြောင်းရန် ကာကွယ်ရေးတွင် တိုက်လေယာဉ်များ၏ စွမ်းရည်မှာ အလွန်အရေးပါကြောင်း ပြသနိုင်ခဲ့သည်ဟုဆိုသည်။

လေကြောင်း စိုးမိုးနိုင်မှု စွမ်းရည်ကို မြေပြင်မှ ထိရောက်စွာ တုံ့ပြန်တိုက်ခိုက်နိုင်သည် ဟူသော စစ်ရေးနည်းဗျူဟာ တရပ်ကိုလည်း ထိုစစ်ပွဲတွင် မြင်တွေ့နိုင်သည်။အာရပ်တပ်များသည် ဆိုဗီယက်လုပ် ဆမ်-၂ ဆမ်-၃ ဆမ်-၆ နှင့် ဆမ်-၇ အမျိုးအစား မြေပြင်မှဝေဟင်ပစ် ဒုံးပျံများဖြင့် စူးအက်တူးမြောင်း စစ်မျက်နှာ နှင့် ဂိုလန်ကုန်းမြင့် စစ်မျက်နှာ စစ်ဆင်ရေးများတွင် လေကြောင်းရန်ကို ထိရောက်စွာ ကာကွယ်နိုင်ခဲ့သည်။သို့ဖြစ်၍ အစ္စရေးတို့သည် ၁၉၆၇ခုနှစ် စစ်ပွဲကကဲ့သို့ လေကြောင်းစိုးမိုးမှု မရရှိသည့်အပြင် အာရပ်တို့၏ အစွမ်းထက်မြက်သော မြေပြင်မှဝေဟင်ပစ်ဒုံးပျံများကြောင့် လေယာဉ် အများအပြား ဆုံးရှုးံခဲ့ရသည်။အစ္စရေးတို့ ဆုံးရှုံးခဲ့သော လေယာဉ် ၁၀၇စင်းအနက် ရာခိုင်နှုန်း၈၀ မှာအဆိုပါ ဒုံးပျံလက်နက်များဖြင့် ပစ်ချခံရမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

မျက်မှောက်ခေတ် စစ်အောင်နိုင်မှုတွင် လေကြောင်းရန် ကာကွယ်ရေးမှာ အလွန်အရေးကြီးကြောင်းကို ဖော့ကလန်စစ်ပွဲက သက်သေပြခဲ့ပြန်သည်။ဖော့ကလန်စစ်ပွဲသည် လေကြောင်းရန် ကာကွယ်ရေးသုံး တိုက်လေယာဉ်များ၏ စွမ်းပကားကြောင့် လေကြောင်း အသာစီးရရှိပြီး စစ်အောင်နိုင်မှုနှင့် လေကြောင်းရန် အကာအကွယ်မဲ့မှုကြောင့် အဆုံးအရှုံးများစေခဲ့သည်ဟူသော စစ်ရေး သင်ခန်းစာများကိုလည်း ပေးခဲ့သော စစ်ပွဲဖြစ်သည်ဟုဆိုသည်။

ဖော့ကလန်စစ်ပွဲတွင် ဗြိတိသျှတို့၏ လေကြောင်းရန် ကာကွယ်ရေးသုံး ဆီးဟယ်ရီယာ အမျိုးအစား တိုက်လေယာဉ်များသည် အာဂျင်တီးနားတို့၏ လေပြင်ကို စိုးမိုးနိုင်ခဲ့သည်။ဗြိတိသျှတို့သည် ဖော့ကလန် စစ်ပွဲကို အနိုင်တိုက်နိုင်သော်လည်း စစ်ပွဲ အတွေ့အကြုံအရ မဟာဗျူဟာနှင့် နည်းဗျူဟာ သင်ခန်းစာများ ရရှိခဲ့သည်။

အဆိုပါ စစ်ရေးသင်ခန်းစာများ အနက် ဆီးဟယ်ရီယာ တင်ဆောင်ထားသော ဗြိတိသျှတို့၏ အငယ်စား လေယာဉ်တင်သင်္ဘောများသည် ကုန်းတွင်း အခြေစိုက် မိမိလေယာဉ်များက လက်လှမ်းမီသော အကွာအဝေး အတွင်း၌သာ လှုပ်ရှားသင့်သည်။
သို့မဟုတ်ပါက အကာအကွယ်မဲ့နေသော အငယ်စား လေယာဉ်တင် သင်္ဘောများနှင့် အစောင့်လိုက် သင်္ဘောများသည် ရန်သူ၏ ကုန်းတွင်း အခြေစိုက် လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာနိုင်သည်ဟူသော မဟာဗျူဟာ စစ်ရေးသင်ခန်းစာ သည် လေကြောင်းရန် ကာကွယ်ရေး၏ အရေးပါပုံကို ဖော်ညွှန်းပြသခဲ့သည်ဟု ဆိုသည်။

ခေတ်သစ် လေကြောင်း တိုက်ပွဲများ အနက် ဘီရွတ်စစ်ပွဲသည် သမိုင်းဝင် စစ်ပွဲဖြစ်သည်။စစ်ပွဲ အတွင်း ဆီးရီးယားတို့က ဆိုဗီယက်လုပ် အမ်အိုင်ဂျီ အမျိုးအစား တိုက်လေယာဉ်များကို အသုံးပြု တိုက်ခိုက်ခဲ့သည်။အစ္စရေးတို့က အမေရိကန်လုပ် အက်ဖ်-၁၅ အက်ဖ်-၁၆ တိုက်လေယာဉ်များကို အဓိက အသုံးပြုခဲ့သည်။ဘီကာလွင်ပြင်ပေါ်တွင် အစ္စရေး လေယာဉ် အစင်း၉၀ နှင့် ဆီးရီးယား လေယာဉ်အစင်း ၆၀ တို့ စီးချင်းထိုး တိုက်ပွဲမှာ ရှုပ်ထွေး မြန်ဆန်လှသဖြင့် မြေပြင်ရှိ ဆီးရီးယားတို့၏ လေယာဉ်ပစ် အမြောက်တပ်ဖွဲ့များသည် မိမိတို့ လေယာဉ်များကို မှားယွင်းပစ်ချမိမည် စိုးသဖြင့် မကြာခဏ အပစ်ရပ်နေကြရသည်ဟု ဆိုသည်။ဘီရွတ်စစ်ပွဲသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် အကြီးမားဆုံး လေကြောင်းတိုက်ပွဲဟု ခေါ်ဆိုနိုင်ပြီး လေကြောင်းရန် ကာကွယ်ရေးတွင်းခေတ်မီ တိုက်လေယာဉ်များ၏ အရေးပါမှုကို ပြသခဲ့သောစစ်ပွဲဖြစ်သည်။

Friday, March 11, 2016

( Gas turbine မှာလုပ်မဲ့ electrical များအတွက် အခြေခံ

**************************************
( Gas turbine မှာလုပ်မဲ့ electrical များအတွက် အခြေခံ )
စက်မှုလုပ်ငန်းတွေ များလာရင် gas turbine တွေ အများကြီးတွေ့ ရမှာပါ။ gas turbine မှာ control system တွေ တည်ဆောက်မှု အပိုင်းတွေ ကရှတ်ထွေးလှပေမဲ့  အသုံးဝင်နှုန်း က မြင့်ပါတယ်။
gas turbine ရဲ့ အခြေခံ သဘောတရားလေး ကိုတော့ နားလည်ထားသင့်ပါတယ်။
လေ ယာဉ်ပျံ ဂျင်နရေတာ အစရှိသဖြင့် အမျိုးမျိုး သုံးသော်လည်း အခြေခံ က အတူတူပါပဲ။
လေတွေ ကို ရှေ့ က turbine blade  တွေ က manual လှည့်ပြီး ဖိသိပ်မယ် လောင်စာနဲ့ အချိုးကျ ရောမယ် မီးရှိံ့မယ် မီးလောင်ပြီး ရတဲ့ အငွေ့တွေ က ပွလာပြီး ရှေ့ကိုတိုးထွက်သွားမယ်။ အဲဒီမှာ နောက်ဖက်က  turbine blade အစောင်း တွေ ကိုခံထားတယ်။ အဲဒီ တော့ လေစင်္ကြာ လိုပဲ turbine blade ကို ဆွဲ လှည့်သလို ဖြစ်သွားမယ်။ အဲလို လည့်ပတ်အားက ရှေ့ က turbine blade   ကိုဆက်လှည့် လေကို ဖိသိပ် အဲလိုပဲ ဆင့်ကဲ ဖြစ်ပြီး လည်နေတာပေါ့။
လိုချင်တဲ့ အပတ်ရေ ၇ဖို့ကိုတော့ လောင်စာ အနည်း အများနဲ့ ထိန်းချပ်တာပေါ့။
လောင်စာတွေ ကတော့ neutral gas, diesel , လေယဉ်ဆီ အစရှိသဖြင့် မီးလောင်နိုင်တာတွေပေါ့။
Gas turbine တွေ မှာဘာတွေပါလဲဆိုတော့
• Turbine starting
• Air inlet
• Compressor rotor
• Combustion chamber
•  Turbine rotor
• Exhaust 
တွေ အကြမ်းအားဖြင့်ပါပါတယ်။
Generator  နဲ့တွဲမယ်ဆိုရင် reducing gear box တွေတပ်ဆင်ထားပါတယ်။ နောက်တော့ generator ပေါ့။

Operation cycle အနေနဲ့ ကြည့်မယ်ဆိုရင် ၄ မျိုးတွေ့ရပါမယ်။
Compression - ပြင်ပလေ ကို ဖိသိပ်ခြင်း
Combustion  - လောင်စာနဲ လေရောပြီး မီးလောင်ပေါက်ကွဲစေခြင်း
Expansion  - ပေါက်ကွဲသော လေများသည် ထုထည်ကြီးလာပြီး နော်ဇယ်များမှ   တဆင့် တိုးထွက်ခြင်း
Exhaust - ပေါက်ကွဲသော လေ များကို လေထုထဲသို့ ထုတ်ပြစ်ခြင်း
အခြေခံ အနေနဲ့ turbine  ကို ဘယ်လိုစသလဲ ဆိုတော့
• ပထမဆုံး starting time မှာ  turbine ကို အားတခုခုနဲ့ လည်အောင် လှည့်ပါတယ်။ electric motor , electro hydraulic motor system တခုခုနဲ့။
• အဲဒါနဲ့  turbine ကစလည်ပြီး ပထမ အရှေ့ က compressor blade   တွေကနေ လေကိုစုတ်သွင်းတယ်။ နောက်ပြီး ရှေ့က combustion chamber ထဲကို ဖိသိထည့်တယ်။
• အစမှာတော့ လေနဲ့ လောင်စာနဲ့ရောပြီး ထည့်ထားတဲ့ အထဲကို spark plug နဲ့ အပြင်ကနေ high voltage ပေးပြီး မီးလောင်အောင်လုပ်တယ်။ မီးလဲလောင်ရော အဲဒီ အရောက volume တွေ ကြီးလာပြီး အထဲ ကနေတိုးထွက်ဖို့ ရှေ့ ကအပေါက် ကို အရှိန်နဲ့ တိုးကျတယ်။
•  အဲဒီမှာ  turbine rotary blade တွေ တတ်ထားပြီး ထွက်လာတဲ့ အငွေ့ တွေက အရှိန်နဲ့ တိုးတဲ့ အတွက် turbine က ပိုလည်လာပါတယ်။ shaft တွေက တဆက်ထဲ ဖြစ်တဲ့ အတွက် compressor blade တွေ ကလည်းပိုလည်ပြီး လေကို ပိုစုတ်ပါတယ်။
• လိုအပ်တဲ့ လည်ပတ်နှုံး ရရင် manual rotating system ကို ရပ်လိုက်ပါတယ်။
• မီးကိုတော့ ဆက်ပြီး  spark plug နဲ့ ပေးနေပြီး လိုအပ်တဲ့ လည်ပတ်နှုံး တခု ရောက်ရင် spark plug ကိုရပ်လိုက်ပါတယ်။
• Combustion chamber ထဲမှာတော့ လောင်စာရယ် ဖိထားတဲ့ compress air ရယ် က အထဲမှာ ဆက်လောင်နေပါတယ်။ နောက် သတ်မှတ်ထားတဲ့ လည်ပတ်နှုံး 100 % ရောက်တဲ့ အထိ auto control လုပ်ပြီး မောင်းနေပါတော့တယ် ။
• အဲဒီမှာ generator နဲ့ turbine တွေ ကိုဆက်ထားပြီး generator ကိုလှည့်ပါတယ်။ အဲသလိုဆက်ထားတဲ့ အခါ turbine တွေက လည်ပတ်နှုန်း များတဲ့ အတွက် reduction  gear box တပ်ထားပြီး ratio နဲ့ ပြန်ပြီး RPM ကို ပြန်ချရပါတယ်။ Generator control တွေကတော့ တခြား generator တွေလို အတူတူပါပဲ။
• ပုံတွေ ကြည့်ရင်တော့ နည်းနည်းတော့ ရှင်းမယ်ထင်ပါတယ်။
ထုတ်လုပ်တဲ့ vendor တွေ ကိုမူတည်ပြီး တချိ့ အနည်းငယ်ကွဲလဲနိုင်ပါတယ်။ အခြေခံ ကိုပြောတာပါ။ တတ်နိုင်သမျ အတိုချပ်ရေးထားတာပါ ။ ရေးရရင်တော့ အရှည်ကြီးပါတယ် ။
Thanks for reading
Kyaw Oo
EI engineering