fog ကြောင့် ကွင်းပိတ်ရတဲ့ အကြောင်း
(U Aung Soe Moe FB မှ ကူးယူပါသည်။)
ခုရက်ပိုင်း လေယာဉ်တွေ fog တွေ ထူထပ်စွာကျနေလို့ ရန်ကုန်လေဆိပ် ဆင်းမရပဲ holding patterns အတိုင်း ပဲခူး နားမှာ ပတ်နေရတာ
တက်မယ့် လေယာဉ်တွေလည်း delay တွေ ဖြစ်ရတာ ခပ်စိတ်စိတ်လေး otectiယ်
Delay ဖြစ်ရင် airlines အချို့ ခရီးသည်များကို လုံလောက်တဲ့ ရှင်းပြမှု တောင်းပန်မှု အစားအသောက်စီစဉ်ပေးမှု မလုပ်တဲ့ အခါမှာ ခရီးသည်တွေ စိတ်ဆိုးကြတယ်
အဆိုးဆုံးက ဗန်ကောက်ကနေဆက်စီးမယ့် connection flight တွေလွတ်သွားတာ
မြန်မာပြည်မှာ Consumer Protection Law ထွက်တာတော့သိတယ်
ဒီ Law တွေက စားသောက်ကုန်ဖက်ပိုဦးစားပေးလား
Transportation sector ရောပါလား ?
ဒီ Law က ခရီးသည် တွေရဲ့ နစ်နာဆုံးရှုံးမှု တွေကို ဘယ်လို အကာအကွယ်ပေးလဲတော့ မသိဘူး
Accident, incident များအထိဖြစ်လာခဲ့ရင်တော့ ခရီးသည်များ၏ နစ်နာဆုံးရှုံးမှုများအတွက်
Warsaw Convention , Carriage by Air Act တို့ Montreal Convention တို့ ကို လေ့လာကြည့်ရှုနိင်ပါတယ်
အားရင်တော့ လေ့လာရမယ်
Engineering မှာတောင် technology အပြောင်းအလဲကမြန်တော့ လေ့လာလို့ မနိင်ဘူးဖြစ်နေတယ်
ဒါက airlines တွေရဲ့အပိုင်းပေါ့
လေဆိပ်အပိုင်း Air Traffic Control အပိုင်းနဲ့ ပတ်သက်ပြီး.....
(၁) Fog ကျတိုင်းကွင်းပိတ်ရသလား?
(၂) Instrument Landing System တွေ တပ်ထားသော်လည်း ရာသီဥတု ဆိုးရင် ဆင်းသင့် မဆင်းသင့်
(၃) ရန်ကုန်လေဆိပ် Categories က CAT I, II, III ဘာလဲ?
(၃) ကနေစပြီးပြောရရင်
ရန်ကုန်လေဆိပ်က CAT I ဖြစ်ပါတယ်
CAT ဆိုတာ လေယာဉ်ကွင်းမှာ တပ်ဆင်ထားတဲ့ လေယာဉ်ဆင်းသက်ရာမှာ အထောက်အကူပြုသော စက်များ (ILS; Glide Slope, Localizer, Distance Measuring Equipment) နှင့် Group Lighting System များရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး CAT I, II, III အစရှိသဖြင့်ခွဲထားတာဖြစ်ပါတယ်
CAT က မြင့်သွားလေ ပိုကောင်းလေဖြစ်ပါတယ်
Theory အရဆိုရင် CAT III နဲ့ အထက်ဆိုရင် အလွန်ဆိုးရွားတဲ့ ရာသီဥတု နဲ့ လုံးဝ မမြင်ရတဲ့အခြေအနေ zero visibility မှာတောင် လေယာဉ် ဆင်းလို့ ရ ရ မှာ ဖြစ်ပါတယ်
ရန်ကုန်လေဆိပ်ဟာ CAT I ဖြစ်တဲ့အတွက် အလွန်တိကျတဲ့ accurate guidance မပေးနိင်ပါဘူး
ကျွန်တော် စကားပြောကြည့်ရသလောက် ပိုက်လော့ အများစုဟာလည်း technology ကို over-rely, over-trust မဖြစ်ကျတဲ့ အတွက် ဆင်းဖို့ ကြိုးစားကြည့်တယ် မရရင် go round လုပ်သွားတယ်
တချို့ အခြေအနေများမှ Controller များ မှ ကွင်း မပိတ်သော်လည်း လေယာဉ် ဆင်း/မဆင်း go/ no go ကို ပိုက်လော့များမှ ဆုံးဖြတ်တာ ဖြစ်ပါတယ်
ILS အကူအညီနဲ့ visibility poor ဖြစ်တဲ့ အချိန်မှာ တောင် လေယာဉ် အောင်မြင်စွာ ဆင်းသက်နိင်ပြီပဲထားအုံး
အဲ့လေယာဉ် Runway ပေါ် ထားလို့မရပါ
Passenger boarding bridge, Apron, Parking Area တခုခုကို သွားရအုံးမှာဖြစ်ပါတယ်
မြူတွေ ပိတ်နေရင် ရှေ့ ၁၀ ပေ လောက်ပဲမြင်ရတဲ့ အခြေအနေမှာ လေယာဉ်ကို ground မှာ ရွေ့ဖို့ ခက်မယ်
အန္တရာယ်လည်းများမယ်
အလားတူ တက်မယ့်လေယာဉ်တွေလည်း မြူ ပိတ်နေလို့ ကွင်းမှာ နေရာရွေ့တာနဲ့တင် တစင်းနဲ့ တစင်း တိုက်မိနိင်တယ်
မြူ မပိတ်ပဲတောင် တိုက်နေတာ ၂ ခါရှိပြီ
ရန်ကုန်လေဆိပ်မှာ ညအိပ်တဲ့လေယာဉ် ပျမ်းမျ အစင်း ၄၀ လောက်ရှိမယ်ထင်တယ်
ဆိုလိုသည်မှာ CAT II, III လေဆိပ်များ သည် ပင်လျင် ILS များ မိုးပျံအောင် ကောင်းနေစေကာမူ ground movement (Maneuvering area) မှာ limitation များရှိလို့ ကွင်းပိတ်လေ့ရှိပါတယ်
မယုံရင် airport closed due to think fog ဆိုပြီး search လုပ်ကြည့် ရင်
CAT III Heathrow လေဆိပ် ကြီး တောင် ပါဝင်နေတာကို တွေ့နိင်ပါတယ်
အချို့ မိတ်ဆွေများ တွေးထင်ကြသည်မှာ ရန်ကုန်လေဆိပ်ကြီးအား CAT II သို့မဟုတ် CAT III သို့ ငွေကုန်ကြေးကျ ခံ၍ မြှင့်တင်လိုက်မည်ဆိုပါက any weather condition / zero visibility တွင်၌ပင် လေယာဉ်များ ဆင်းတက်နိင်ပြီး delay များ go round များ မရှိတော့ဟု တွေးထင်ကြပါသည်
ဤအချက်မှာ မမှန်ပါ
Ground movement များအတွက်ပါထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်
လောလောဆယ်အခြေအနေတွင် CAT I ကိုသာလျင် အမြဲတမ်း ကောင်းမွန်နေစေရန်သာ ဂရုစိုက်ရမည်ဖြစ်ပါသည်
နိဂုံးချုပ် ဆိုရပါလျင်
ခရီးသည်များအနေနဲ့ မြူ ပိတ် လို့ delay ဖြစ်ရင် အနည်းငယ် သည်းခံပေးကြပါလို့
Safety က အရေးကြီးလို့ပါ
နစ်နာဆုံးရှုံး မှုတွေ အတွက်ကတော့ ဘယ် Airlines က တာဝန်ယူမှု ပိုလုပ်ပေးတယ်ဆိုတာ ခရီးသည်တွေ ကျွန်တော်ထက်ပိုသိပါတယ်
တာဝန်ယူမှု ပိုရှိတဲ့ Airlines ရွေးချယ်စီးနင်းနိင်ပါတယ်
ခရီးသည်များအားလုံး ဘေးရန်ကင်းရှင်းပြီး အဆင်ပြေပြေ အချိန်မှန်မှန် လိုရာခရီး ရောက်ကြပါစေ :)
No comments:
Post a Comment