(Credit to DCA-U Aung Soe Moe)
လေကြောင်းကိုစိတ်ဝင်စားသော DVOR အကြောင်းသိလိုသော ညီငယ် ညီမငယ်
များအတွက် ဗဟုသုတရစေရန် ရည်စူးပါသည်
Doppler Very High Frequency Omnidirectional Range DVOR ဆိုသည်မှာ radio navigation aid လေကြောင်းလမ်းညွှန်
အထောက်အကူပြု စက်ပစ္စည်းဖြစ်ပါသည်။
DME distance measuring equipment အကွာအဝေးတိုင်းတာခြင်း စက်ပစ္စည်း လည်း အမြဲတမ်းလိုလို DVOR နှင့်ပူးတွဲ တပ်ဆင်လေ့
ရှိပါသည်။
DVOR ကို frequency 108 နှင့် 118 MHz အကြားတွင်အသုံးပြုလေ့ရှိပါသည်။
လားရှိုး DVOR သည် 116.8 MHz ဖြစ်ပါသည်
DVOR မှ ပိုက်လော့များအတွက် approach bearing နှင့် enroute bearing degree များပေးပြီး DME မှ station နှင့် လေယာဉ်၏ straight line distance အကွာအဝေး, aircraft ground speed နှင့် အချိန် time to DME ကိုပေးပါသည်။
DME frequency range သည် UHF 960MHz to 1215MHz ကြား ဖြစ်ပါသည်။
လားရှိုး DME channel သည် 115X ဖြစ်ပါသည်။
CHILA LASHIO LINSO enroute နှင့် ANSOS LASHIO LINSO enroute များတွင် ဖြတ်ကျော်
ပျံသန်းနေသော လေယာဉ်အရေအတွက် တရက်
လျင် ၁၀၀ ကျော်ရှိသည့်အတွက် လားရှိုး DVOR သည် အလွန်အရေးပါ ပါသည်။
DCA မှ နိင်ငံတကာ overfly လေယာဉ်များကို လေကြောင်းလမ်းညွှန်ဝန်ဆောင်မှုများပေးသဖြင့် နိင်ငံတော်အနေဖြင့် navigation charges များ ကောက်ခံနိင်ပါသည်ဒေါ်လာ သန်းနှင့်ချီ၍ ဝင်ငွေရှာဖွေပေးလျက်ရှိသောကုသိုလ်လည်းရ ဝမ်းလည်းဝသောလုပ်ငန်းဖြစ်ပါသည်။ဝင်ငွေ
ရခြင်း/မရခြင်းထက် Safety ပိုင်းကိုသာ ပို၍
အလေးထားသင့်ပါသည်။
သယံဇာတများတူးဖော်ရောင်းချဝင်ငွေရှာသောလုပ်ငန်းမျိုးမဟုတ်သဖြင့် resource curse သင့်စရာမရှိပါ။
နောက်နောင်မျိုးဆက်များအတွက်ပြသနာတစုံတရာပေးမည့်အလုပ်မျိုးမဟုတ်ပဲ လေကြောင်း
ဝန်ဆောင်မှုပေးသောလုပ်ငန်းသာဖြစ်ပါသည်။
Friday, December 4, 2015
ပျံသန်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment