လေကြောင်းအချက်ပြ မီးလုံးများ(NAVIGATION LIGHTS).............ပြန်ဆိုသူ...Cpl:ထိန်လင်းအောင်
ညဘက်
လေယာဥ်ပျံသန်း(NIGHT FLY)နေစဥ် လေယာဥ်၏ ဘယ်/ညာတောင်ပံထိပ်စွန်းနှင့် နောက်မြီးပိုင်းတွင် ကျွန်တော်တို့မြင်တွေ့နေရသော ဖြူ(WHITE)၊နီ(RED)၊စိမ်း(GREEN) မီးလုံးလေးများအကြောင်းကို ဘာသာပြန်ရေးသားသွားမှာဖြစ်ပါသည်။၎င်းမီးလုံးလေးများကို လေကြောင်းအချက်ပြမီးလုံးများ(NAVIGATION LIGHTS) ဟုခေါ်ပါသည်။
လေယာဥ်တွင်တပ်ဆင်ထားသော လေကြောင်းအချက်ပြမီးလုံးများသည်လေယာဥ်၏အနေအထား(POSITION) နှင့် ဦးတည်ချက်(DIRECTION)ကို မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ဖို့ရန်ကူညီပေးပါသည်။အနီရောင်မီးလုံးလေးသည် လေယာဥ်၏ ဘယ်ဘက်တောင်ပံထိပ်ဖျား ရှေ့စွန်းပိုင်းတွင်တည်ရှိပြီး အစိမ်းရောင်မီးလုံးလေးသည် လေယာဥ်၏ညာဘက်တောင်ပံထိပ်ဖျား ရှေ့စွန်းပိုင်းတွင်တည်ရှိပါသည်။အဖြူရောင်မီးလုံးလေးကိုတော့ လေယာဥ်၏ ဘယ်/ညာတောင်ပံ ထိပ်ဖျားတစ်ခုစီတွင်တပ်ဆင်ထားခြင်း (သို့မဟုတ်) လေယာဥ်၏နောက်မြီးအဝေးပိုင်း အစွန်တွင်ထားရှိထားပါသည်။လေယာဥ်မှူးသည် သူ၏လေယာဥ်မောင်းနှင်ခန်းမှ အမှောင်ထဲတွင်ပျံသန်းနေသော အခြားလေယာဥ်တစ်စီးကို မြင်တဲ့အခါ ၎င်းလေယာဥ်သည် မိမိဆီသို့ ဦးတည်ပျံသန်းလာနေတာလား?(သို့မဟုတ်)အဝေးကိုပဲပျံသန်းထွက်ခွာနေတာလား?ဆိုတာကို ၎င်းမီးလုံးလေးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်မှာဖြစ်ပါသည်။
ဥပမာ အနေဖြင့် လေယာဥ်မှူးသည် ညာဘက်တွင်မီးလုံးအနီနှင့် ဘယ်ဘက်တွင်မီးနီကိုမြင်ရလျှင် ၎င်းလေယာဥ်သည် သူ၏လေယာဥ်ရဲ့ အဝေးကို ထွက်ခွာပျံသန်းနေတာကို သိရှိမှာဖြစ်ပါသည်။
Crd; Htein Lin Aung
No comments:
Post a Comment