စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပတ်သက်သော သိကောင်းစရာများ
=========================
၂၀၁၅ ခုနှစ်တွင် -
(၁)
ချန်ဂီလေဆိပ်ကို ဖြတ်သန်းအသုံးပြုခဲ့သော ခရီးသွား အရေအတွက် စုစုပေါင်း - ၅၅,၄၄၈,၉၆၄ ယောက်
(၂)
ကုန်ပစ္စည်း တန်ချိန်စုစုပေါင်း - ၁,၈၅၃,၀၈၇ တန်
(၃)
ဝင်၊ ထွက်သွားလာခဲ့သော လေယာဉ်ပျံအကြိမ်အရေအတွက် စုစုပေါင်း - ၃၄၆,၃၃၄ ကြိမ်
(၄)
လျင်မြန်စွာ တိုးပွားလာသော ခရီးလမ်းကြောင်းများ -
ကိုလံဘိုမြို့  (၁၇.၃%)၊ မွန်ဘိုင်း (၈.၂%)၊ ဘန်ကောက် (၁၆.၆%)၊ ကွမ်ကျိုးမြို့ (၈.၇%) နှင့် တိုကျိုမြို့ (၈.၁%)
(၅)
စီမံကိုင်တွယ်ခဲ့သော ခရီးဆောင်အိတ် စုစုပေါင်း - ၃၉ သန်း အိတ်
(၆)
ဈေးကွက် အကောင်းဆုံး (၁၀) နိုင်ငံ -
(၁) အင်ဒိုနီးရှား၊ (၂) မလေးရှား၊ (၃) ထိုင်း၊ (၄) သြစတေးလျ၊ (၅) တရုတ်၊ (၆) ဟောင်ကောင်၊ (၇) အိန္ဒိယ၊ (၈) ဂျပန်၊ (၉) ဖိလစ်ပိုင် နှင့် (၁၀) ဗီယက်နမ် နိုင်ငံ
(၇)
ထိပ်ဆုံး ဦးတည်သွားရောက်ခဲ့သည့် မြို့ များ -
(၁) ဂျကာတာမြို့ ၊ (၂) ဘန်ကောက်မြို့ ၊ (၃) ကွာလာလမ်ပူမြို့ ၊ (၄) ဟောင်ကောင်မြို့ ၊ (၅) မနီလာမြို့ ၊ (၆) တိုကျိုမြို့  ၊ (၇) ဘာလီမြို့ -ဒင်ပါဆားမြို့  ၊ (၈) ဟိုချီမင်းမြို့  ၊ (၉) တိုင်ပေမြို့  နှင် ဆစ်ဒနီမြို့ 
(၈)
ချန်ဂီလေဆိပ်နှင့် ချိတ်ဆက်ထားသော ဦးတည်သွားရောက်သည့် နေရာများ - မြို့ ပေါင်း ၃၂၀ ကျော်
(၉)
တစ်ပတ်အတွင်း ၀င်ထွက်၊ သွားလာနေသော လေယာဉ် အရေအတွက် - ၆,၈၀၀ စီး
(စက္ကန့် ၉၀ တွင် လေယာဉ် တစ်စီး နှုန်း ၀င်ထွက်၊ သွားလာ နေသည်)
(၁၀)
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ဟာ အစည်ကားဆုံးနေ့ဖြစ်ခဲ့ပြီး အဲဒီ တစ်ရက်ထဲမှာပင် ခရီးသွား ၁၉၂,၀၀၀ ယောက် ဖြတ်သန်းသွားလာခဲ့သည်။
(၁၁)
ချန်ဂီလေဆိပ်တွင် ပြေးဆွဲအသုံးပြုနေသော လေကြောင်းလိုင်း အရေအတွက် စုစုပေါင်း ၁၀၀ ကျော်ရှိသည်။
(၁၂)
ထပ်မံတိုးပွားလာခဲ့သော လေကြောင်းလိုင်းသစ် (၇) လိုင်း -
(၁) AirBridgeCargo* (၂) Air New Zealand (၃) Batik Air (၄) My Indo Airlines* (၅) Myanmar National Airlines (၆) Polar Air Cargo* နှင့် (၇) Thai Lion Air လေကြောင်းလိုင်းများ
(၁၃)
ချန်ဂီလေဆိပ်နှင့် ချိတ်ဆက်ပြီး ဦးတည်သွားရောက်ခဲ့သည့် မြို့ အသစ်များ -
(၁) Cairns (၂) Changchua (၃) Cincinnati (၄) Luang Prabang (၅) Lucknow (၆) Sanya (၇) U-Tapao နှင့် Yinchuan မြို့ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စင်္ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံး လေဆိပ်ဆု (၃) နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့....
ချန်ဂီလေဆိပ်ဟာ တခြားသော ကမ္ဘာ့အကောင်းဆုံးလေဆိပ်တွေဖြစ်ကြတဲ့ တောင်ကိုရီးယားနိုင်ငံမှ အင်ချွန်းလေဆိပ်၊ ဂျာမနီနိုင်ငံမှ မြူးနစ်လေဆိပ်နှင့် ဟောင်ကောင်နိုင်ငံမှ ဟောင်ကောင်လေဆိပ်တို့ကို ကျော်ဖြတ်ပြီး (၃) နှစ်ဆက် ဆွတ်ခူးခဲ့တာပါ။
ဒါတင်မကသေးဘဲ ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး Leisure amenities (ခရီးသွားများအတွက် နားနေချိန်နဲ့ အားလပ်ချိန်မှာ စိတ်အပန်းပြေ သာယာအဆင်ပြေမှု) ဆုကိုပါ ဆွတ်ခူးခဲ့တာပါ။
"ယခုလို ကြီးကျယ်တဲ့ ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆုကို (၃) နှစ်ဆက် ဆွတ်ခူးရရှိတာဟာ ချန်ဂီလေဆိပ်အတွက် တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှု တစ်ခုပါပဲ" လို့ Skytrax လေကြောင်းသုတေသန မှ အကြီးအကဲဖြစ်သူ Mr.Edward Plaisted က ပြောကြားသွားပါတယ်။
Jewel Changi Airport Project, Terminal 4 Project စတဲ့ ပရောဂျက် စီမံကိန်းအသစ်တွေ ဆောက်လုပ်နေတဲ့ ချန်ဂီလေဆိပ်အတွက် ယခုလို ဆုတံဆိပ်တွေ ရရှိတာဟာ ချိုမြိန်မှု တစ်ခုပါပဲ။
"ဒီထပ်တိုးချဲ့ပြီး များပြားလှတဲ့ ခရီးသည်တွေကိုဝန်ဆောင်မှုပေးဦးမယ့် ချန်ဂီလေဆိပ်အနာဂတ်အတွက် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်" လို့ ချန်ဂီလေဆိပ်အကြီးအကဲ Mr.Lee Hiang က ဆိုသွားပါသေးတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
***** စင်္ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပတ်သက်ပြီး သိသင့်သည့် အကြောင်းအရာ (၅) ခု *****
စင်္ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ ယခုအချိန်ထိ Terminal 1, 2 နှင့် 3 တို့ဖြင့် ခရီးသည် ဝင်/ ထွက် သွားလာမှုများကို ဝန်ဆောင်ပေးနေပါတယ်။
Changi Terminal 4 အသစ် ဟာ၂၀၁၇ ခုနှစ်မှာ အဆင်သင့် ဖြစ်နေတော့မှာဖြစ်ပြီး ချန်ဂီလေဆိပ်ဟာ နောင် ၁၀ နှစ် အကြာမှာ တကယ့်ကို တမူထူးခြား ခြားနားတဲ့ ပုံစံနဲ့ တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။
Terminal 4 ရဲ့  အဓိက အဆောက်အအုံ ဆောက်လုပ်နေမှုဟာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီလို့ ချန်ဂီ နိုင်ငံတကာ လေဆိပ် တာဝန်ရှိသူများမှ လွန်ခဲ့သော အပတ်က ကြေငြာ သွားခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာ တရားဝင် ဖွင့်လှစ်နိုင်တော့မယ့် Terminal 4 ကို အနည်းဆုံး လေကြာင်းလိုင်း ၆ လိုင်းမှ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဲဒီကြေငြာတဲ့ အချိန်အတောအတွင်းမှာပဲ လက်ရှိ စင်္ကာပူနိုင်ငံရဲ့  အကြီးဆုံး Mall တစ်ခုဖြစ်တဲ့ VivoCity အရွယ်အစားထက် ၁၀ ဆခန့် ကြီးမားတဲ့ ဧရာမ အကြီးစား Terminal 5 ကို နောက် ၁၀ နှစ်အကြာမှာ ဖွင့်လှစ်မယ်လို့ The Straits Times သတင်းစာ က ဖော်ထုတ်ရေးသား သွားခဲ့ပါတယ်။
ယနေ့ ချန်ဂီလေဆိပ် အဖြစ် ရပ်တည်လာနိုင်အောင် ပြုလုပ်ပေးတဲ့ ချန်ဂီ လေဆိပ်နဲ့ ပတ်သတ်ပြီး သိသင့်သည့် အကြောင်းအရာ တချို့ မှာ----------
(၁) အစပိုင်း ချန်ဂီ
ဇူလိုင်လဟာ ချန်ဂီလေဆိပ်ရဲ့  မွေးလ ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တွင် Terminal 1 မှာ လေယာဉ်များ စတင် ပြေးဆွဲ အသုံးပြုခဲ့ ကြပါတယ်။ အဲဒီ အချိန်က အာရှရဲ့  အကြီးဆုံး လေဆိပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမဆုံး ဆိုက်ရောက်လာခဲ့တဲ့ လေယာဉ်ကတော့ ကွာလာလမ်ပူမြို့ မှ ပျံသန်းလာတဲ့ စင်္ကာပူလေကြောင်းလိုင်းမှ ခရီးသည် ၁၄၀ ဦးတင်ဆောင်လာသော လေယာဉ်အမှတ် SQ101 ဖြစ်ပါတယ်။ ပထမဆုံး ထွက်ခွာခဲ့တဲ့ လေယာဉ်ကတော့ မလေးရှားနိုင်ငံ ပီနန်း ကိုထွက်ခွာသွားခဲ့သော SQ192 ဖြစ်ပါတယ်။
.....................................................................
(၂) လေကြောင်း ထိန်းချုပ် ညွှန်ကြားရေး မျှော်စင်
Public Works Department မှ ဒီဇိုင်းထုတ်ခဲ့တဲ့ အမြင့် ၇၈ မီတာ (ပင်လယ်ရေ မျက်နှာပြင်အထက် ၈၁ မီတာ) မြင့်မားတဲ့ လေကြောင်းထိန်း မျှော်စင်ဟာ အဲဒီအချိန်က လက်ထပ်စ မောင်နှံတို့ရဲ့ လက်ထပ် မင်္ဂလာ အလှဓာတ်ပုံများ ရိုက်ကူးရာ နေရာ တစ်ခုအဖြစ် ရေပန်းစားခဲ့ပါတယ်။
လေဆိပ်တစ်ခုလုံးကို အပေါ်စီးမှ စီးမြင်နိုင်ပြီး ချန်ဂီလေဆိပ်ရဲ့ အလယ်တည့်တည့်မှာ တည်ရှိတဲ့ လေကြောင်းထိန်းမျှော်စင်ဟာ တစ်ရက်ကို လေယာဉ် အစီးပေါင်း ၇၀၀ ၏ လှုပ်ရှားမှုများကို ကိုင်တွယ် ပေးနေပါတယ်။
.....................................................................
(၃) အမြဲတမ်း တိုးချဲ့ခြင်း
ချန်ဂီလေဆိပ်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ဇူလိုင်လ ၁၉၈၁ ခုနှစ် မှာ ခရီးသွားဦးရေ ပမာဏဟာ ၈ သန်းသာ ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ခရီသွားဦးရေ ၅၄ သန်းကို ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ခရီးသွား ၅၅ သန်းကျော် အသုံးပြုခဲ့ပါတယ်။
၁၉၉၀ ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ Terminal 2 ဟာ အစ၌ "Airtropolis" တစ်ခု အဖြစ် အမည်မှဲ့တွင်ခဲ့ပြီးမှ နောက်ဆုံးတော့ Terminal 2 ဆိုတဲ့ ရိုးစင်းလွန်းသော အမည်ဖြင့်သာ အဖတ်တင်နေပါတော့တယ်။
Terminal 3 ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှ စတင် ဖွင့်လှစ်ခဲ့ပြီး လေယာဉ်များ စတင် ပြေးဆွဲ အသုံးပြု ခဲ့ကြပါတယ်။
Terminal 4 ဖွင်လှစ်မည့် ၂၀၁၇ ခုနှစ်မှာတော့ တစ်နှစ်မှာ ခရီးသည်ပေါင်း ၁၆ သန်း အထိ ထပ်တိုးကိုင်တွယ်
နိုင်တော့မှာ ဖြစ်ပါတယ်။
Terminal 5 သာ ဖွင့်လှစ်နိုင်ခဲ့ပြီးလျှင်တော့ တစ်နှစ်အတွင်းမှာ ခရီးသည် သန်းပေါင်း ၁၄၀ အထိ ၀င်ရောက်သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။
.....................................................................
(၄) လေယာဉ်ကွင်းထဲမှာ ပန်းဥယျာဉ်များ၊ ကလေးကစားကွင်းများ၊ ရုပ်ရှင်ရုံများ ရှိနေခြင်း
လိပ်ပြာ ပန်းဥယျာဉ်၊ နေကြာပန်း ဥယျာဉ်၊ စင်္ကာပူရဲ့  အရှည်ဆုံး လျှောစင်၊ အခမဲ့ ကြည့်ရှုနိုင်သော ရုပ်ရှင်ရုံများ အပြင် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ကျော် နှင့် စားစရာ စားသောက်ဆိုင်ခန်းပေါင်း ၁၂၀ ကျော်ရှိနေတဲ့ ချန်ဂီလေဆိပ်ဟာ ခရီး အကူးအပြောင်းဖြင့် ရောက်ရှိလာသော ကမ္ဘာ့လှည့် ခရီးသွားများကို ခရီးအကူးအပြောင်းနေရာတစ်ခုအဖြစ်မှ သွားရောက် လည်ပတ်ရမည့် နေရာတစ်ခုအဖြစ် ဖန်တီးထားပါတယ်။
.....................................................................
(၅) ချန်ဂီလေဆိပ် နောက်ကွယ်မှ ရွေ့လျားစက်ခါးပတ်များ
ရွေးလျားစက်ခါးပတ်များ အသုံးပြုပြီး ၀န်စည်စလွယ် အိတ်တွေကို Terminal တစ်ခုမှ တစ်ခုသို့ အလိုအလျောက် သယ်ယူပို့ဆောင်ပေးနေတာဟာလည်း အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ နေ့ရော ညပါ လည်ပတ် အသုံးပြုနေတဲ့ ရွေ့လျားစက်ခါးပတ်တွေဟာ တစ်ရက်ကို ကမ္ဘာအနှံ့မှ ရောက်လာကြတဲ့ ၀န်စည်စလွယ် အိတ်ပေါင်း ၇ သောင်းကျော်ကို ၀န်ဆောင်မှု ပေးနေပါတယ်။
ရွေ့လျားစက်တွေနဲ့ ဘယ်လို လည်ပတ်ပြီး ၀န်ဆောင်မှုပေးနေတယ်ဆိုတာ Behind Changi ဆိုတဲ့ ဗဟုသုတရဖွယ် အောက်ပါ ၀က်ဗွီဒီယိုလေးကို ကြည့်ရှုနိုင်ကြပါတယ်။
https://www.youtube.com/watch?v=bGOpjr5FvI8
Copyright © စလုံး Page
https://www.facebook.com/SaloneCollection
(စင်္ကာပူနှင့် ပတ်သတ်သော အကြောင်းအရာများ စုစည်းမှု)
Ref: ST/ CNA
No comments:
Post a Comment