Thursday, December 22, 2016

Airports in Myanmar

မြန်မာနိုင်ငံရှိ လေဆိပ်များစာရင်း
အပြည်ပြည်ဆိုင်ရာ လေဆိပ်များ

မန္တလေးမြို့ / တံတားဦးမြို့ မန္တလေးတိုင်းဒေသကြီး VYMD MDL မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် 21°42′07″N 095°58′40″E / 21.70194°N 95.97778°E

ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး VYYY RGN ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 16°54′26″N 096°07′59″E / 16.90722°N 96.13306°E
နေပြည်တော် နေပြည်တော် ပြည်ထောင်စုနယ်မြေ VYNT NYT နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (အေလာ လေဆိပ်) 19°37′24″N 096°12′03″E / 19.62333°N 96.20083°E

ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်(တည်ဆောက်ဆဲ) 17°18′4″N 096°25′41″E / 17.30111°N 96.42806°E

ပြည်တွင်းလေဆိပ်များ

အနီးစခန်း မန္တလေးတိုင်းဒေသကြီး VYAS အနီးစခန်းလေဆိပ် 21°57′19″N 096°24′21″E / 21.95528°N 96.40583°E

အမ်းမြို့ ရခိုင်ပြည်နယ် VYAN အမ်းလေဆိပ် 19°46′08″N 094°01′34″E / 19.76889°N 94.02611°E

ပုဂံ / ညောင်ဦးမြို့ မန္တလေးတိုင်းဒေသကြီး VYBG NYU ညောင်ဦးလေဆိပ် 21°10′43″N 094°55′48″E / 21.17861°N 94.93000°E

ဗန်းမော်မြို့ ကချင်ပြည်နယ် VYBM BMO ဗန်းမော်လေဆိပ် 24°16′15″N 097°14′49″E / 24.27083°N 97.24694°E

ဘုတ်ပြင်းမြို့ တနင်္သာရီတိုင်းဒေသကြီး VYBP ဘုတ်ပြင်းလေဆိပ် 11°16′N 098°46′E / 11.267°N 98.767°E

ကိုကိုးကျွန်း ရန်ကုန်တိုင်းဒေသကြီး VYCI ကိုကိုးကျွန်းလေဆိပ် 14°08′29″N 093°22′06″E / 14.14139°N 93.36833°E

ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး VYDW TVY ထားဝယ်လေဆိပ် 14°06′13″N 098°12′13″E / 14.10361°N 98.20361°E

ဂန့်ဂေါမြို့ မကွေးတိုင်းဒေသကြီး VYGG GAW ဂန့်ဂေါလေဆိပ် 22°10′29″N 094°08′04″E / 22.17472°N 94.13444°E

ဂွမြို့ ရခိုင်ပြည်နယ် VYGW GWA ဂွ လေဆိပ် 17°36′N 094°35′E / 17.600°N 94.583°E

ဟဲဟိုးမြို့ ရှမ်းပြည်နယ် VYHH HEH ဟဲဟိုး လေဆိပ် 20°44′49″N 096°47′31″E / 20.74694°N 96.79194°E

ဟုမ္မလင်းမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYHL HOX ဟုမ္မလင်း လေဆိပ် 24°53′58″N 094°54′50″E / 24.89944°N 94.91389°E

ဘားအံမြို့ ကရင်ပြည်နယ် VYPA PAA ဘားအံ လေဆိပ် 16°53′37″N 097°40′28″E / 16.89361°N 97.67444°E

ဖာပွန်မြို့ ကရင်ပြည်နယ် VYPP PPU ဖာပွန် လေဆိပ် 18°04′N 097°27′E / 18.067°N 97.450°E

ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYKL KMV ကလေးမြို့ လေဆိပ် 23°11′19″N 094°03′03″E / 23.18861°N 94.05083°E

ကော့သောင်းမြို့ တနင်္သာရီတိုင်းဒေသကြီး VYKT KAW ကော့သောင်းလေဆိပ် 10°02′57″N 098°32′16″E / 10.04917°N 98.53778°E

ကျိုင်းတုံမြို့ ရှမ်းပြည်နယ် VYKG KET ကျိုင်းတုံလေဆိပ် 21°18′05″N 099°38′09″E / 21.30139°N 99.63583°E

ခန္တီးမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYKI KHM ခန္တီးလေဆိပ် 25°59′18″N 095°40′28″E / 25.98833°N 95.67444°E

ကျောက်ဖြူမြို့ ရခိုင်ပြည်နယ် VYKP KYP ကျောက်ဖြူလေဆိပ် 19°25′35″N 093°32′05″E / 19.42639°N 93.53472°E

ကျောက်ထုမြို့ မကွေးတိုင်းဒေသကြီး VYKU KYT ကျောက်ထုလေဆိပ် 21°24′45″N 094°08′31″E / 21.41250°N 94.14194°E

ကျောက်ထုမြို့ မကွေးတိုင်းဒေသကြီး VYXG Kyauktu South Airport 21°24′26″N 094°07′31″E / 21.40722°N 94.12528°E

လမ်းရွာ မကွေးတိုင်းဒေသကြီး VYLY လမ်းရွာလေဆိပ် 20°56′25″N 094°49′21″E / 20.94028°N 94.82250°E

လားရှိုးမြို့ ရှမ်းပြည်နယ် VYLS LSH လားရှိုးလေဆိပ် 22°58′40″N 097°45′07″E / 22.97778°N 97.75194°E

လွိုင်ကော်မြို့ ကယားပြည်နယ် VYLK LIW လွိုင်ကော်လေဆိပ် 19°41′29″N 097°12′53″E / 19.69139°N 97.21472°E

မကွေးမြို့ မကွေးတိုင်းဒေသကြီး VYMW MWQ မကွေးလေဆိပ် 20°09′56″N 094°56′28″E / 20.16556°N 94.94111°E

မာန်အောင်မြို့ ရခိုင်ပြည်နယ် VYMN MGU မာန်အောင်လေဆိပ် 18°50′45″N 093°41′20″E / 18.84583°N 93.68889°E

မန္တလေးမြို့ မန္တလေးတိုင်းဒေသကြီး VYCZ မန္တလေးချမ်းမြသာစည်လေဆိပ် 21°56′25″N 096°05′22″E / 21.94028°N 96.08944°E

မော်လမြိုင်မြို့ မွန်ပြည်နယ် VYMM MNU မော်လမြိုင်လေဆိပ် 16°26′41″N 097°39′38″E / 16.44472°N 97.66056°E

မိုးမိတ်မြို့ ရှမ်းပြည်နယ် VYMO MOE မိုးမိတ်လေဆိပ် 23°05′33″N 096°38′42″E / 23.09250°N 96.64500°E

မိုင်းတုံမြို့ ရှမ်းပြည်နယ် VYMT MGK မိုင်းတုံလေဆိပ် 20°17′48″N 098°53′56″E / 20.29667°N 98.89889°E

မိုင်းဆတ်မြို့ ရှမ်းပြည်နယ် VYMS MOG မိုင်းဆတ်လေဆိပ် 20°31′00″N 099°15′24″E / 20.51667°N 99.25667°E

မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYMY မုံရွာလေဆိပ် 22°14′N 095°07′E / 22.233°N 95.117°E

မြိတ်မြို့ တနင်္သာရီတိုင်းဒေသကြီး VYME MGZ မြိတ်လေဆိပ် 12°26′23″N 098°37′17″E / 12.43972°N 98.621

Wednesday, December 7, 2016

Aorplane mode

ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ???

မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်းပိတ်ရင်ပိတ်ထားပါ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ..
-
လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်း ဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။ ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။
-
အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်ကထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။
-
Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။
-
ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။ ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။
-
မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေ ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမို အားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။
-
ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့်လေယာဉ်တွေကတော့ လေယာဉ် အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။ ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။ Singapore ရဲ့ ဈေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ on ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။
-
ဒီတော့ မိမိရဲ့ ဖုန်းကို wi-fi, ဆယ်လူလာ သုံးခွင့် ရမရကို လေယာဉ်က လေယာဉ်မှူး၊ လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။
-
ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။

Credit

#မေသတင်းရပ်ကွက်လေး

Saturday, November 5, 2016

No Go

. . . . . . . . . . . လေ ယာဉ် ကို " NO GO " ဖြစ် စေ နိုင် တဲ့ ကိ ရိ ယာ ငယ် လေး များ . . . . . .
.
လေ ယာဉ် တ စင်း ကို လေ ယာဉ် မှူး တွေ က လက် ခံ ရ ယူ ပြီး မ ပျံ သန်း ခင် ပ ထ မ ဆုံး လုပ် တာ က တော့ - လေ ယာဉ် ကို တ ပတ် လျှောက် ကြည့် တဲ့ Walk Around Check ဘဲ ဖြစ် ပါ တယ် ။ လေ ယာဉ် ကို မြေ ပြင် က နေ စစ် ဆေး တာ ဘဲ ဖြစ် ပါ တယ် / Visual Inspection ပေါ့ ။
.
လေ ယာဉ် တ စင်း လုံး ကို ပတ် ကြည့် တာ ဖြစ် ပေ မဲ့ - အ ဓိ က ကြည့် ရှု တဲ့ နေ ရာ တွေ က တော့ . . .
( ၁ ) လေ ယာဉ် ရှေ့ ထိတ် ( Nose ) နဲ့ Pitot Tube, Static Ports, Angle of Attack . ပုံ ( ၁ )
( ၂ ) လေ ယာဉ် အ တောင် ပံ ရှေ့ နုတ် ခမ်း တ လျှောက် Leading Edge . ပုံ  ( ၂ )
( ၃ ) အင် ဂျင် အ ဝင် ဝ နဲ့ ပန် ကာ ဒ လက် များ ။ ပုံ ( ၃ )
( ၄ ) လေ ယာဉ် အ နောက် Horizontal / Vertical Stabilizer တို့ ရဲ့ ရှေ့ နုတ် ခမ်း များ
တို့ ဘဲ ဖြစ် ကြ ပါ တယ် ။
မြေ ပြင် နဲ့ ဝေ ဟင် မှာ ထိ ခိုက် လွယ် တဲ့ နေ ရာ တွေ ဖြစ် လို့ ပါ ။
.
နောက် . . . အင် ဂျင် နဲ့ လေ ယာဉ် အောက် မှာ ဆီ တ မျိုး မျိုး ယို ကျ ထား တာ ရှိ မ / ရှိ ။
လေ ယာဉ် ဘီး တွေ ကြား မှာ ဘ ရိတ် ( Hydraulic Fluid ) ယို စိမ့် ထွက် တာ ရှိ မ ရှိ ။
ဘီး မှာ တပ် ထား တဲ့ တာ ယာ အ ခြေ အ နေ နဲ့ Tire Pressure .
.
NO GO Items လေး တွေ အ ကြောင်း ကြည့် ရ အောင် . . .
မ နေ့ က Post - လေ ယာဉ် အ ပူ ပေး စ နစ် ( Anti - Ice System ) မှာ ဖေါ် ပြ ခဲ့ သ လို . . . လေ ယာဉ် ခေါင်း ပိုင်း ကိုယ် ထည် အောက် နား နှစ် ဘက် မှာ တပ် ဆင် ထား တဲ့ အ စိတ် အ ပိုင်း လေး တွေ ဖြစ် ပါ တယ် ။ လေ ယာဉ် အ မျိုး အ စား အ လိုက် တပ် ဆင် တဲ့ နေ ရာ အ နည်း ငယ် ကွာ ခြား နိုင် ပါ တယ် ။
.
Pitot Tube
အ ပေါက် ဝ ကို ရှေ့ ဘက် လှည့် ထား တဲ့ သ တ္တု ပိုက် ငယ် လေး များ ပါ ။ ဒီ ပိုက် က လေး တွေ ထဲ ဝင် လာ တဲ့ လေ ကို " Sensor " များ က နေ တိုင်း တာ တွက် ချက် ပြီး - ( ၁ ) လေ ယာဉ် အ မြန် နှုန်း ( Airspeed ) ( ၂ ) ပြင် ပ အ ပူ ချိန် ( Outside Air Temperature ) များ ရ ရှိ ပါ တယ် ။
.
Static Port
လေ ယာဉ် ကိုယ် ထည် အောက် နား မှာ အ ပေါက် ငယ် လေး တွေ စု ပြုံ ပြီး ဖေါက် ထား တဲ့ - စက် ဝိုင်း ပုံ လေ ဝင် ပေါက် ဖြစ် ပါ တယ် ။ ပြင် ပ လေ ရဲ့ ဖိ အား ကို ရ ယူ တွက် ချက် ပြီး လေ ယာဉ် ပျံ သန်း နေ တဲ့ အ မြင့် ( Altitude ) ကို ပေး ပါ တယ် ။
.
Angle of Attack
လေ ယာဉ် ကိုယ် ထည် ဘေး မှာ တပ် ထား တဲ့ အ တောင် ပံ ပုံ သ ဏ္ဌန် " အ တက် ငယ် "လေး ဖြစ် ပါ တယ် ။ သူ က တော့ လေ ထဲ မှာ လေ ယာဉ် ပျံ " ခေါင်း မော့ နေ လား / ခေါင်း အောက် နိမ့် နေ သ လား " ဆို တဲ့ လေ ယာဉ် တည် ရှိ ပုံ (Aircraft Orientation ) အ နေ အ ထား ကို ပေး ပါ တယ် ။
.
ဒါ ကြောင့် . . . ဒီ အ စိတ် အ ပိုင်း လေး တွေ ဟာ ပျံ သန်း မှု မှာ တ ကယ် ကို အ ရေး ကြီး ပါ တယ် ။ ထိ ခိုက် ပျက် စီး / ပိတ် ဆို့ ချို့ ယွင်း တ ခု ခု တွေ့ ရှိ ခဲ့ ရင် လေ ယာဉ် NO GO ပါ ။ အ ရင် ပြု ပြင် ရ ပါ လိမ့် မယ် ။ စမ်း သပ် ကောင်း မွန် မှ လေ ယာဉ် ပျံ နိုင် ပါ လိမ့် မယ် ။ လေ ယာဉ် အ တောင် ပံ တွေ ပိန် ချိုင့် / အင် ဂျင် တွေ /  ဆီ ( Hydraulic Fluid ) ယို စိမ့် တာ တွေ / ဘီး နဲ့ တာ ယာ စ တာ တွေ မှာ ချို့ ယွင်း ချက် ရှိ တာ တွေ့ ရင် တောင် - လေ ယာဉ် လက် စွဲ စာ အုပ် ( Aircraft Manual ) နဲ့ တိုက် ဆိုင် / စစ် ဆေး / တိုင်း ထွာ ပြီး ည အိပ် ရပ် နား မဲ့ လေ ဆိပ် မ ရောက် ခင် အ ထိ ဆက် လက် ပျံ သန်း လို့ ရ ပါ တယ် ။ ( Please refer Aircraft Maintenance Manuals )
.

Tuesday, October 11, 2016

ICAO

#ICAO_ANNEXS ခေါင်းစဉ်များ
��������������������������
https://www.facebook.com/ankmedia/posts/1650274081929947

၁၉၄၀ ခုနှစ်မှာ ချီကာဂိုတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Chicago Convention လို့လူသိများခဲ့သော International Civil Aviation Conference မှ အခြေပြုဖြစ်ပေါ်လာခဲ့သည့် လေကြောင်းလောက တစ်ခုလုံး၏ စံထား လိုက်နာရမည့် ICAO ANNEX သည် ANNEX 1 မှ ANNEX 19 အထိ (၁၉) ခု ရှိပါသည်။ လေကြောင်းလောကသားအားလုံးလိုလို သိရှိကြပြီးသားဖြစ်သော်လည်း မသိရှိသေးသူများအတွက် ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။
လေကြောင်းလောကအတွင်းရှိ များပြားလှသော လုပ်ငန်းအမျိုးအစားများအလိုက် သတ်မှတ် ပြဌာန်းထားသော ICAO ANNEX တွင်ပါဝင်သတ်မှတ်ထားသည့်  အချက်အလက်များနှင့်ကိုက်ညီအောင် ဆောင်ရွက်ကြရသည်။ အောက်တွင် ANNEX အမှတ်စဉ်များ၏ အကြောင်းအရာများကို ဖော်ပြအပ်ပါသည်။

#Annex_1 – Personnel Licensing
Licensing of flight crews, air traffic controllers & aircraft maintenance personnel. Including Chapter 6 containing medical standards.

#Annex_2 – Rules of the Air

#Annex_3 – Meteorological Service for International Air Navigation

     Vol I – Core SARPs
     Vol II – Appendices and Attachments

#Annex_4 – Aeronautical Charts

#Annex_5 – Units of Measurement to be used in Air and Ground Operations

#Annex_6 – Operation of Aircraft

     Part I – International Commercial Air Transport – Aeroplanes
    Part II – International General Aviation – Aeroplanes
    Part III – International Operations – Helicopters

#Annex_7 – Aircraft Nationality and Registration Marks

#Annex_8 – Airworthiness of Aircraft

#Annex_9 – Facilitation

#Annex_10 – Aeronautical Telecommunications

          Vol I – Radio Navigation Aids
          Vol II – Communication Procedures including those with PANS status
          Vol III – Communication Systems
                Part I – Digital Data Communication Systems
                Part II – Voice Communication Systems
        Vol IV – Surveillance Radar and Collision Avoidance Systems
        Vol V – Aeronautical Radio Frequency Spectrum Utilization
    
#Annex_11 – Air Traffic Services – Air Traffic Control Service, Flight Information Service and Alerting Service

#Annex_12 – Search and Rescue

#Annex_13 – Aircraft Accident and Incident Investigation

#Annex_14 – Aerodromes
 
         Vol I – Aerodrome Design and Operations
         Vol II – Heliports

#Annex_15 – Aeronautical Information Services

#Annex_16 – Environmental Protection

      Vol I – Aircraft Noise
      Vol II – Aircraft Engine Emissions

#Annex_17 – Security: Safeguarding International Civil Aviation Against Acts of Unlawful Interference

#Annex_18 – The Safe Transport of Dangerous Goods by Air

#Annex_19 – Safety Management (Since 14 November 2013)

Ps:: ANNEX တစ်ခုခြင်းစီအလိုက်အကြောင်းအရာများကိုဆက်လက်ဖော်ပြပေးသွားပါမည်။

Monday, September 26, 2016

လေထု နှင့်​ ​လေ​ကြောင်းပညာ

လေထု နှင့် လေကြောင်းပညာ
*********************

✴    လေယာဉ်ပျံသည် လေထဲတွင်သွားသောယာဉ်ဖြစ်
၏။ လေကိုအမှီပြု၍ ပျံသန်းနိုင်ခြင်းဖြစ်၏။ လေမရှိ
လျှင် လေယာဉ်ပျံဟူ၍ ပေါ်ပေါက် မလာနိုင် ။သို့သော်
လူတို့သည် လေကြောင်းစီးပွားလုပ်ငန်းနယ်ပယ်ကြီး
( Aviation Industry ) ၏ အခြေခံအကျဆုံးမှာ ' လေ '
ဖြစ်ကြောင်းကို မေ့လျော့ထားတတ်ကြသည်။ လေယာဉ်မပေါ်မီက ရှေးဦးတီထွင်သူတို့သည် လေကို
လေ့လာစူးစမ်းကြသည်။

✴     လေသည် ကမ္ဘာမြေကြီးကို ဝန်းရံပတ်ထားသော
ဓာတ်ငွေ့ ရောဖြစ်သည်။ လေထု ( atmosphere ) ဟု
လည်းခေါ်ကြသည်။ လေဟုခေါ်သော ဓာတ်ငွေ့ရော
သည် ကမ္ဘာ့မျက်နှာပြင်မှသည် အာကာသအထိ ပျံနှံနေ
သည်။ ကမ္ဘာ ပတ်လည်တွင် လေထုတည်တံ့နေအောင်
ကမ္ဘာ့ဆွဲအားက ဆွဲငင်ထားသည်။ လေတွင်ပါဝင်သော
ဓာတ်ငွေ့များသည် လွတ်လပ်စွာရွေ့လျား ရောပြွမ်းနေ
ကြသည်။ ဓာတ်ငွေ့ မော်လီကျူးများသည် လေထုကို
ဖြတိသန်းသွားသော နေရောင်ခြည် နှင့် ထိတွေ့ရိုက်
ခတ်မိသောအခါတွင် အရောင်မျိုးစုံဖြာထွက်သည် ။
အပြာရောင်သည် အခြားအရောင်များထက် ပိုမိုအား
ကောင်းသဖြင့် မိုးကောင်းကင်သည် ပြာနှမ်းနေရခြင်း
ဖြစ်၏။

✴     လေထဲတွင် အချိုးအစားအများဆုံး ပါဝင်သော
အဓိကဓာတ်ငွေ့နှစ်မျိုးမှာ နိုက်ထရိုဂျင် နှင့်
အောက်စီဂျင် ဖြစ်၏။ နိုက်ထရိုဂျင် က ၇၈% နှင့်
အောက်စီဂျင် ၂၁% ပါဝင်သည်။ ကျန် ၁% တွင်
အာဂွန်က အများဆုံး ဖြစ်ပြီး ရေငွေ့ ၊ ကာဗွန်ဒိုင်
အောက်ဆိုက် ၊ နီယွန် ၊ ဟီလီယမ် ၊ ခရစ်တွန် ၊
ဟိုက်ဒရိုဂျင် ၊ ဇီနွန် နှင့် အိုဇုန်းဓာတ်ငွေ့ တို့က
အနည်းငယ်စီ ပါဝင်ကြသည် ။

✴      လေထဲတွင် ရေငွေ့ပါဝင်ကြောင်း အထက်တွင်
ဆိုခဲ့၏။ ဤရေငွေ့ ( Water vapour )သည် မျက်စိဖြင့်
မမြင်နိုင်သော ဓာတ်ငွေ့ အသွင်ဖြင့်ပါဝင်နေခြင်းဖြစ်သု။
မြစ် ၊ ချောင်း ၊ အင်းအိုင် ၊ ပင်လယ် ၊ သမုဒ္ဒရာ တို့မှ
ရေများအငွေ့ပြန်ကာ လေထုထဲရောက်ရှိရောနှောသွား
သောရေငွေ့ကို ရေငွေ့စို ( moisture )ဟုခေါ်သည် ။
တစ်ဖန် လေထုထဲတွင် ရှိနေသော ရေငွေ့စို ပမာဏ ကို
စိုထိုင်းဆ ( humidity )ဟုခေါ်သည် ။ လေထု၏ စိုထိုင်းဆသည် လေထု၏ အပူချိန် ၊ လေထုတည်ရှိ
သောနေရာနှင့် ရာသီဥတု အပေါ်တွင်တည်မှီ၍
အနည်းအများ ကွာခြားသည် ။

✴      လေသည် အလွန့်အလွန် အေးမြလာပါက
လေထုတွင်ပါဝင်သောရေငွေ့သည် အလွန်သေးငယ်
သော ရေမှုန်ရေမွှား ( water droplets )  သို့မဟုတ်
ရေမှုန်ခဲ ( ice crystals ) အဖြစ် ပြောင်းလဲသွားပြန်သု။
ယင်းကို အခဲဖြစ်စဉ် ( condensation )ဟု ခေါ်သည်။
ဤဖြစ်စဉ် ပေါ်ပေါက်စေသော အပူချိန်ကို ရေခဲမှတ်
( dew point ) ဟု ခေါ်သည်။ လေထု နှင့် ဆက်စပ်
နေသော အနှီရူပဗေဒဆိုင်ရာ အကြောင်းအချက်နှင့်
ဝေါဟာရ တို့သည် လေကြောင်းပျံသန်းမှုတွင် မိုးလေဝသ ( Meteorology )ဘာာသာရပ် အဖြစ် အကျုံးဝင်လာသည် ။

လေ၏ဂုဏ်သတ္တိများ
***************

✴      လေယာဉ် တည်ဆောက်ရာတွင် လေ၏ဂုဏ်သတ္တိကိုမှီပြီး ပုံစံ ရေးဆွဲကြရသည် ။

✴     ပထမဂုဏ်သတ္တိမှာ ' အလေးချိန်ဖိအားရှိခြင်း '
ဖြစ်၏။ လေသည် အစိုင်အခဲနှင့် အရည်တို့ထက်
များစွာ ပေါ့ပါးသောကြောင့် သူ့တွင် အလေးချိန်ရှိသည်
ကို သတိမပြုမိကြချေ။ လေတွင် အလေးချိန်ရှိပုံကို
ရိုးစင်းလွယ်ကူသော နည်းဖြင်ပြသနိုင်သည် ။
ပုလင်းတစ်ပုလင်းထဲမှ လေကို လေစုပ်စက်ဖြင့် စုပ်ယူ
ကာ အဖုံးကိုလုံအောင်ပိတ်ပြီး အလေးချိန်ချိန်ပါ ။
ထို့နောက် အဖုံးဖွင့်၍ လေပြန်ဝင်စေပြီး ထပ်မံချိန်ပါ ။
ပထမ အလေးချိန်ထက် တိုးလာသည် ။
ခြားနားသော အလေးချိန်မှာ လေ၏ အလေးချိန်ဖြစ်၏။

✴     တစ်ဖန် လေတွင်ဖိအားရှိပြန်သည် ။
ဖိအားရှိခြင်းမှာ အလေးချိန်ကြောင့် ဖြစ်သည် ။
ဖိအားရှိကြောင်းကိုလည်း လွယ်ကူစွာစမ်းသပ်ပြနိုင်သု။
ဖျော်ရည်ခွက်ထဲကို စက္ကူ  ကျူရိုးတံ စိုက်ထည့်ထား
လျှင် ဖျော်ရည်မျက်နှာပြင်သည် နဂိုအတိုင်းပင်ရှိနေ၏။
ကျူရိုးတံ ကို ပါးစပ်ဖြင့်စုပ်သော် ဖျော်ရည်သည် ကျူရိုး
တံ အတိုင်းတက်လာ၏။ သာမန်အားဖြင့် ဖျော်ရည်ကို
စုပ်ယူသည်ဟု ထင်မှတ်ကြ၏ ။ အမှန်တကယ် မှာ
ကျူရိုးတံ ထဲရှိ လေကို စုပ်ယူလိုက်ခြင်းဖြစ်သည် ။

✴     ထို့ကြောင့် ကျူရိုးတံ ထဲတွင် လေဟာနယ်ဖြစ်
သွား၍ လေဖိအားကျသွားသည်။ ထိုအခါ ကျူရိုးတံ
အပြင်ဘက်ဖျော်ရည် မျက်နှာပြင် ပေါ်ဖိနေသော လေဖိ
အားက များသွားသည်။ ဖိအားများသောလေကဖိလိုက်
သဖြင့် ဖိအားနည်းသော ကျူရိုးတံ တလျှောက် ဖျော်ရည် တက်လိုက်လာခြင်းဖြစ်သည် ။ လေကိုစုပ်
မယူမိက ကျူရိုးတံ ထဲရှိ လေဖိအားနှင့် ဖျော်ရည်ခွက်
ထဲရှိ လေဖိအားတို့ ညီမျှနေသဖြင့် ဖျော်ရည်မျက်နှာပြင်
သည် တစ်ညီတည်းရှိ နေခြင်းဖြစ်သည် ။
လေတွင်ဖိအားမရှိလျှင် အတောင်ပံက ပင့်အားရယူ
မပေးနိုင်လောက်အောင်ပင် တစ်နည်းအားဖြင့်
လေယာဉ်ပျံဟူ၍ ဖြစ်မလာနိုင်လောက်အောင်ပင်
အရေးပါလှပေသည် ။

✴      သိပ္ပံပညာတွင် လေဖိအားကို ပြောဆိုရာ တွင်
ပင်လယ်ရေမျက်နှာပြင် ( sea level ) ကို ကမ္ဘာ့မျက်နှာ
ပြင် အဖြစ်စံထား တိုင်းထွာ ကြသည် ။
ပင်လယ်ရေမျက်နှာပြင်ရှိ လေတစ်ကုဗပေ
( ၀ ဒသမ ၀၃ ကုဗမီတာ ) ၏ အလေးချိန်မှာ 1¼အောင်စ ( ၃၅ ဂရမ် )မျှသာ ရှိသော်လည်း ကမ္ဘာ
ပတ်လည်ရှိ လေထုကြီး တစ်ခုလုံး၏ အလေးချိန်မှာ
၅,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှော့တန်
( ၅၂၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ မက်ထရစ်တန် )
မက ရှိပေသည် ။ လေထု၏ အပေါ်ဆုံး အလွှာမှသည်
အောက်ဘက်ရှိ အလွှာအသီးသီးပေါ်သို့ ဖိထားသော
လေ၏ အလေးချိန်ကြောင့် လေဖိအား ( air pressure)
တစ်နည်းအားဖြင့် လေထုဖိအား ( atmospheric px )
ဟူ၍ ဖြစ်လာသည် ။

✴      လေဖိအား ကို ဘာရော်မီတာ ဖြင့် တိုင်းသည် ။
အတိုင်းအထွာ ယူနစ် နှစ်မျိုး ရှိသည် ။ ပြဒါးအမှတ် ၏
လက်မ ၊ သို့မဟုတ်​ မီလီမီတာ
( inches or millimeters of mercury ) ဖြင့် တစ်မျိုး
တိုင်းသည်။ နောက်တစ်မျိုးမှာ ဘား ( bars )
သို့မဟုတ်​ မီလီဘား ( millibars ) ဖြစ်သည် ။

✴      ဘာရိုမီတာတွင် ပင်လယ်ရေမျက်နှာပြင်၏
ပျှမ်းပြလေထုဖိအားကို ပြဒါး၏ ၂၉ ဒသမ ၉၂ လက်မ
သို့မဟုတ်​ ပြဒါး၏ ၇၆၀ မီလီမီတာ ဟု လည်းကောင်း
၁၀၁၃ မီလီဘား ဟုလည်းကောင်းဖော်ပြသည် ။

✴     ထို့ကြောင့် လေယာဉ်ပျံ၏ အမြင့်ပြမီတာတွင်
၂၉ ဒသမ ၉၂ လက်မ ၊ သို့မဟုတ်​ ၇၆၀ မီလီမီတာ
သို့မဟုတ်​ ၁၀၁၃ မီလီဘား ကို ထည့်သွင်းလိုက်ပါက
ညွှန်တံပြသော အမြင့်မှာ ပင်လယ်ရေမျက်နှာပြင်
အထက်တွင် ရောက်ရှိနေသော လေယာဉ်၏ အမြင့်ပေ
သို့မဟုတ် အမြင့်မီတာ ကိုရသည် ။

✴      လေဖိအား သည် ရာသီဥတု ကိုလိုက်၍ ပြောင်း
လဲသည်။ ကြည်လင်သော နေ့ထက် စွတ်စိုထိုင်းမှိုင်း
သောနေ့၏ လေထုဖိအား မှာ ပိုနည်းသည် ။
မိမိ သွားမည့် လေယာဉ်ကွင်း၏ ဖိအားသည် ရှိရိုးရှိစဉ်
ထက် နိမ့်ကျနေပြီဆိုလျှင် လေယာဉ်ကွင်းအဝင်တွင်
မိုးတိမ် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတွေကို
မျှော်တွေး ထားနိုင်လေသည် ။

✴     ထို့အပြင် မြေမျက်နှာပြင်အနိမ့်အမြင့် ကိုလိုက်၍
လည်း ဖိအားမတူညီပေ ။ ကမ္ဘာ မြေပြင်နှင့် နီးကပ်
သော လေသည် လေထု ထုထည်ကြီးတစ်ခုလုံး၏
အလေးချိန်ဖိထားခြင်းကို ခံရသဖြင့် ဖိအားပိုများ ၍
အပေါ်သိုမြင့်တက်သွားသည်နှင့်အမျှ လေထု၏ အလေးချိန်လျော့သွားကာ ဖိအားနည်းသွားရခြင်းဖြစ်သု
ထို့ကြောင့် တောင်ပေါ်လေယာဉ်ကွင်းသည် မြေပြန့်
လေယာဉ် ကွင်းထက် ဖိအားနည်းသည် ။

✴      ဒုတိယဂုဏ်သတ္တိမှာ ' ရွေ့လျားမှု ရှိခြင်း' ဖြစ်သု။
လေသည် ကမ္ဘာ့မျက်နှာပြင် အနှံ့ဖြတ်သန်း၍ အမျိုးမျိုး
ရွေ့လျားသွားလာသည် ။ ဤသို့ဖြင့် လေတိုက်ခတ်မှု
( ဝါ )တိုက်ခတ်လေ ( wind ) ဖြစ်လာသည် ။
တိုက်ခတ်လေ ဖြစ်ပေါ်အောင် ဖန်တီးပေးသူမှာ နေ၏
အပူချိန် ( heat )ဖြစ်သည် ။ ထိုအပူရှိန်သည် ကမ္ဘာ
မြေပြင်ပေါ် သို့ ညီညီမျှမျှ မသက်ရောက်ပေ ။

✴      ပူနွေးသောနေရာရှိလေတို့သည် အပူရှိန်ကြောင့်
ကျယ်ပြန့်လာသည်။ ပေါ့ပါးလာသည်။ ထိုအခါမြေမျက်
နှာပြင်အနီးရှိ လေပေါ့တို့သည် အပေါ်သို့တက်သွားပေ
ရာ ထိုနေရာတွင် လေဖိအားနည်းပြီး ကျန်ရစ်သည် ။
ပတ်ဝန်းကျင် ဖိအားများသော နေရာမှလေတို့သည်
ဖိအားနည်းသော နေရာသို့အစားထိုးဝင်ရောက်လာခြင်း
ဖြင့် လေတိုက်ခတ်မှု ဖြစ်ပေါ်သည် ။ ပထဝီဘာသာ
တွင် သင်ကြားရသော ပင်လယ်လေနှင့် ကုန်းလေ
တို့မှာ ဤသဘောတရားအတိုင်းပင်ဖြစ်၏ ။

✴       ကမ္ဘာမြေပြင်အထက် ၆ မိုင် မှ ၉မိုင် ( ၁၀ မှ
၁၅ ကီလိုမီတာ )အတွင်းတွင် ကွေ့ဝိုက်တိုက်ခတ်သော
လေစီးကြောင်းတစ်မျိုးမှာ အလွန်မြန်သော အလျင်နှုန်း
ရှိသော ကြောင့် ဂျက်လေစီးကြောင်း ( Jet streams )
ဟုခေါ်သည် ။ လေစီးကြောင်း ဗဟိုတွင် တစ်နာရီလျှင်
မိုင် ၂၀၀ ( ၃၂၀ ကီလိုမီတာ ) နှုန်းမက ရှိတတ်သော
ကြောင့် လေယာဉ် မှုးများ အထူးသတိထားရသည် ။

✴       တတိယ ဂုဏ်သတ္တိမှာ ' တွန်းကန်ခုခံမှုရှိခြင်း'
ဖြစ်သည်။ လေ၏ တွန်းကန်ခုခံမှု ( air resistance )
သည် ပျံသန်းမှုပညာရပ်တွင် အလွန်အရေးကြီးသော
အခန်းကဏမှ ပါဝင်သည်။ ဤတွန်းကန်ခုခံမှုကို လေထီးခုန်ဥပမာတွင် သိသာနိုင်သည်။ လေထီးမပွင့်မီ
လျင်မြန်စွာကျလာသောသူသည် လေထီးပွင့်ပြီးနောက်
လေထီးကို လေကတွန်းကန်ထား သဖြင့် အကျနှေး
ကွေးရသည်။

✴      လေသည် လေထုအတွင်း ဖြတ်သန်းသွားသော
မည်သည့်ရွေ့လျား အရာဝတ္ထုကိုမဆို တွန်းခုခံမည်သာ
ဖြစ်၏။ လေထုတွင်ပါဝင်သော ဓာတ်ငွေ့ တို့၏ အဏုမြူ
မှုန် ကလေးများ ၊ မော်လီကျူးများနှင့် ရွေ့လျား
အရာဝတ္ထုတို့ ပွတ်တိုက်မိသောကြောင့် ဤတွန်းကန်
ခုခံမှု ပေါ်ပေါက် လာရသည်။

✴      အရာဝတ္ထုသည် လေထုအတွင်း မြန်မြန်ဖြတ်
သန်းသွားလေလေ လေ၏တွန်းကန်ခုခံမှုကို ပိုမိုရင်ဆိုင်
ရ လေလေဖြစ်သည်။ သင်သည် ညီညာသောလမ်းပေါ်
တွင် စက်ဘီးနင်းသွားပါက မျက်နှာကိုလေတိုးသော
ခံစားမှု့ ကိုခံစားရလိမ့်မည်။ဤသည်မှာ လေ၏
ခုခံတွန်းကန်မှု ဖြစ်၏။ အကယ်၍ ကုန်းဆင်းအတိုင်း
နင်းသွားလျှင် ပိုပြီးလေတိုးသည် ကိုခံစားရ၏။
တစ်ဖန် ကုန်းတက်ရောက်သွားသော အခါ လမ်းပြင်
ညီပေါ်မှာထက် လေတိုးမှု့လျော့နည်းသွားကြောင်းတွေ့
ရ၏။ ထို့ကြောင့် လေ၏တွန်းကန် ခုခံမှု သည်
အရာဝတ္ထု၏ ရွေ့လျားမှု နှင့် တိုက်ရိုက်အချိုးကျပေသု ။

✴      စတုတ္ထဂုတ်သတ္တိမှာ ' ဖိသိပ်ခံနိုင်ခြင်း 'ဖြစ်သည်
လေကိုပုံမှန်ရှိမြဲ လေထုဖိအား ထက် အဆရာပေါင်းများ
စွာတိုးမြှင့်၍ အလုံပိတ်နေရာ တစ်ခုခုအတွင်းတွင် ထည့်
ထားနိုင်သည်။ ယင်းလေကို ဖိသိပ်လေ
( compress air )ဟု ခေါ်သည်။ ထိုသို့လေကို ဖိသိပ်
ထားသောအခါ လေ၏ အဏုမြူ အက်တမ်နှင့်
မော်လီကျူး တို့၏ လှုပ်ရှားမှု့ နှုန်းမှာ သွက်လက်မြန်
ဆန်လာသည်။

✴       ထို့ကြောင့် ဖိသိပ်ခံထားရသော လေသည်
ပူနွေး နေ၏။ လေယာဉ် ဘီးတံ ( undercarriage
Or landing gear ) တွင် ဆောင့်ဒဏ်ခံနိုင်အောင်
ဖိသိပ်လေကို စပရင်ကန်အားသဖွယ် အသုံးပြုသည်။
နူမက်တစ်ပရက်ရှာ ( pneumatic pressure )
ဟု ခေါ်သည်။

✴       ၂၀ ရာစုဝင်ခါနီးမှ အေရိုဒိုင်းနမစ် ( Aerodynamics ) ဘာသာရပ်သည် စတင်ပေါ်ပေါက်
လာ၏။ လေ ၊ သို့မဟုတ် ငွေ့ရည် ( fluid ) တစ်
မျိုးမျိုးထဲတွင် ရွေ့လျားနေသော အရာဝတ္ထုတစ်ခုခု
အပေါ်တွင် သက်ရေက်သောအားများ ( forces )
ကို လေ့လာသော သိပ္ပံအညာရပ် ဖြစ်သည် ။
ဤ ပညာရပ်ကြောင့် လေထက်လေးသော ယာဉ်ပျံကို
တီထွင်နိုင်ခဲ့သည်။ လေထုနှင့် လေ၏ဂုဏ်သတ္တိများ
သည် လေကြောင်းပညာရပ်အတွက် အခြေခံအကျဆုံး
လိုအပ်ချက်များဖြစ်သည်။
Pa Pa Whiskey Lima

https://m.facebook.com/photo.php?fbid=265504597177374&id=100011535066368&set=o.888491711173041