ATR Cabin Crew Operation Manual ကို တင်ပေးထားပါတယ်..
အောက်ပါလင့်မှာ download လုပ်နိုင်ပါပြီ
https://drive.google.com/file/d/12f9wgQ0i0hrcSa58krApvEMPVjmkUjlI/view?usp=sharing
# လေကြောင်း နှင့် နည်းပညာ
ATR Cabin Crew Operation Manual ကို တင်ပေးထားပါတယ်..
အောက်ပါလင့်မှာ download လုပ်နိုင်ပါပြီ
https://drive.google.com/file/d/12f9wgQ0i0hrcSa58krApvEMPVjmkUjlI/view?usp=sharing
# လေကြောင်း နှင့် နည်းပညာ
လေယာဉ်ပျက်ကျမှုနှင့် လျော်ကြေး
^^^^^^^^^^^^^^^^^^^^^
ဦးလှဖေနှင့် ယူ၊ ဘီ၊ အေ အဖွဲ့ 1951 B.L.R., P. 347
မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ် မတ်လအတွင်းက Union Of Burma Airways(UBA) ပိုင် “De Havilland Dove ဂျိုးဖြူလေယာဉ်ငယ်တစ်စင်း” သည် ရန်ကုန်မှ မော်လမြိုင်သို့ ခရီးသည်များ တင်ဆောင်ပြီး ပျံသန်းလာခဲ့ရာ မုတ္တမပင်လယ်ကွေ့တွင် ပျက်ကျခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်မောင်းသူပါ အသက်ဆုံးရှုံးခဲ့သည်။
ခရီးသည်တစ်ဦးဖြစ်သူ ဒေါ်အေးကြည်၏ခင်ပွန်းက အသက်ဆုံးရှုံးခဲ့သူ ဒေါ်အေးကြည်အတွက် “လူကို သေစေသော မတော်တဆထိခိုက်မှု အက်ဥပဒေ (Fatal Accidents Act) အရ လျော်ကြေးငွေအဖြစ် ကျပ်ငွေ သုံးသောင်းကို ရလိုကြောင်းနှင့် Union Of Burma Airways(UBA) အပေါ်တွင် တရားစွဲဆိုခဲ့သည်။
တရားလို၏ အကြောင်းပြချက်များမှာ -
၁။ ပျက်ကျသော လေယာဉ်သည် “လူအများသုံး လေယာဉ်တစ်စင်း(Common Career)” ဖြစ်ကြောင်း၊
၂။ Union Of Burma Airways(UBA) အဖွဲ့၏ ပေါ့လျော့ပျက်ကွက်မှုကြောင့် ဒေါ်အေးကြည် သေဆုံးခဲ့ရကြောင်း၊
၃။ ပျက်ကျသော လေယာဉ်သည် အသုံးမပြုထိုက်သော လေယာဉ်ဖြစ်ကြောင်း၊
၎။ “အသက်ကယ် ကိရိယာများ (Safety Appliances)” အသုံးပြုပုံပြုနည်းနှင့်ပတ်သက်၍လည်း လမ်းညွှန်ရန် ပျက်ကွက်ခဲ့ကြောင်း၊
၅။ ၀ိုင်ယာလက်အရာရှိအနေနှင့်လည်း လေယာဉ်ပေါ်မှ “အသက်ကယ်ရန်သတင်း(S.O.S = Save Our Soul Message)”ပေးပို့ရန် တစုံတရာ ဆောင်ရွက်မှုမပြုခဲ့ကြောင်း၊
၆။ လေယာဉ်မောင်းသူအနေနှင့်လည်း အရေးပေါ်လေယာဉ်ဆင်းသက်မှု (Forced Landing) မပြုခဲ့ကြောင်း၊
၇။ လေယာဉ်ပျက်သယ်ယူရေးနှင့်ပတ်သက်၍လည်း Union Of Burma Airways(UBA) က အဆောတလျင် မဆောင်ရွက်ခဲ့ကြောင်း
စသည်ဖြင့် တင်ပြသည်။
တရားပြိုင် Union Of Burma Airways(UBA) အဖွဲ့ကလည်း အောက်ပါအတိုင်း ပြန်လည်ခုခံချေပခဲ့ လေသည်။
၁။ မိမိတို့အဖွဲ့ပိုင် လေယာဉ်သည် အများနှင့်သက်ဆိုင်သော လေယာဉ်မဟုတ်ကြောင်း၊
၂။ မိမိတို့အဖွဲ့အနေနှင့်သော်လည်းကောင်း၊ လေယာဉ်မောင်းသူအနေနှင့်သော်လည်းကောင်း၊ ပျက်ကွက်ပေါ့လျော့မှု တစုံတရာမရှိကြောင်း၊ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ဖြစ်နိုင်သည်မှာ လေယာဉ်ဖြတ်၍ ပျံသန်းရာနေရာတ၀ိုက်မှာ သောင်းကျန်းသူများရှိသဖြင့် ၄င်းတို့က မြေပြင်မှနေ၍ ပစ်သဖြင့် လေယာဉ်မောင်းအား ထိမှန်ပြီး လေယာဉ်ပျက်ကျရခြင်း၊ သို့မဟုတ် ငှက်အတော်ကြီးကြီးဝင်တိုက်ပြီး လေယာဉ်ရှေ့မှန်ကာကွဲ၍ လေယာဉ်မှူးအား ထိခိုက်ဒဏ်ရာရစေသဖြင့် ပျက်ကျရခြင်း၊ သို့မဟုတ် လေယာဉ်ပေါ်တွင် လူဆိုးများ ခရီးသည်ဟန်ဆောင်၍ ပါလာပြီး လေယာဉ်မောင်းအား တိုက်ခိုက်သဖြင့် ပျက်ကျရခြင်း တခုခုဖြစ်နိုင်ကြောင်းနှင့် ခုခံချေပခဲ့လေသည်။
အမှုစစ်ဆေးသူ တရားဝန်ကြီး ဦးဘိုကြီးက လေယာဉ်သည် (၁၈)မိနစ်အတွင်း ပျက်ကျခြင်းဖြစ်သဖြင့် အဘယ်ကြောင့် ပျက်ကျရသည်ကို မည်သူမျှ အတိအကျမပြောနိုင်ကြောင်း၊ ရုတ်တရက်ပျက်ကျရခြင်းဖြစ် သောကြောင့်လည်း ၀ိုင်ယာလက်အရာရှိအနေနှင့် အချိန်မရသဖြင့် အသက်ကယ်ရန် သတင်းပို့ခြင်း မပြုနိုင်ခြင်း ဖြစ်ဖွယ်ရာရှိကြောင်း၊ ထို့ကြောင့် Union Of Burma Airways(UBA) တရားပြိုင်အနေနှင့် ပေါ့လျော့မှု၊ ပျက်ကွက်မှု တစုံတရာရှိသည်ဟု ပြောရန်ခဲယဉ်းကြောင်း၊ ထို့ကြောင့် တရားပြိုင်၏ ပေါ့လျော့ပျက်ကွက်မှုကြောင့် တရားလို၏ ဇနီးသေဆုံးခဲ့ရသည်ဟု ရရှိထားသော သက်သေခံအထောက်အထားများအရ မှတ်ယူရန် ခဲယဉ်းကြောင်း၊ တရားလိုနှင့် တရားပြိုင်လုပ်ခဲ့သော သဘောတူညီမှုပဋိညာဉ်ဖြစ်သည့် လေယာဉ်ခရီးသည်လက်မှတ်၏ ကျောဘက်ပါ စည်းကမ်းချက်အမှတ် (၆) အရ လေယာဉ်ကုမဏီအနေနှင့် ခရီးသည်များ၏ အသက်နှင့်ကုန်ပစ္စည်းများအတွက် လုံးဝတာဝန်မယူကြောင်း အတည့်အလင်းဖော်ပြထားသဖြင့် တရားလိုသည် လူကိုသေစေသော မတော်တဆထိခိုက်မှုအက်ဥပဒေအရ တရားစွဲဆိုပိုင်ခွင့်၊ လျော်ကြေးရပိုင်ခွင့်မရှိကြောင်း …
----------------------------------------------------------------
ဂျိုးဇက်အော်လီ ပါ-၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ 1969 B.L.R., p.1
၁၉၅၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် (XY-ADC) အမှတ်အသားပါသော ဒါကိုတာလေယာဉ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တောင်နှင့်တိုက်ပြီး ပျက်ကျသွားခဲ့သည်။
ပြည်ထာင်စုမြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ၀ါဆောစာချုပ်တွင် သဘောတူပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မှန်သော်လည်း အင်္ဂလန်တွင်ပင် ယင်းစာချုပ်ပါ နည်းဥပဒေများကို လိုအပ်သလို ဖြည့်စွက်ပြင်ဆင်၍ လက်ခံခဲ့ ကြောင်း၊ မြန်မာနိုင်ငံအလိုမူ ၁၉၄၃ ခုနှစ်၊ မြန်မာပြည်လေကြောင်း အက်ဥပဒေပုဒ်မ ၄ အရ နိုင်ငံတော်သမ္မတက လိုအပ်သည့်ပြင်ဆင်ဖြည့်စွက်ချက်များနှင့် ကြေငြာပြဌာန်းချက်ထုတ်ဆင့်ရန် လိုအပ်ကြောင်း၊ ဥပဒေက သတ်မှတ်ထားသည့်အတိုင်း ယင်းသို့ မထုတ်ဆင့်ရသေးသောကြောင့် ထည့်သွင်း မစဉ်းစားနိုင်သဖြင့် လေယာဉ်လက်မှတ်ကျောဘက်ပါ စည်းကမ်းချက် (၆)အရသာလျှင် စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ကြောင်း …
ဆရာ ကင်းဝန် (မုံရွာ)
(ဥပဒေဘွဲ့ရမောင်သာလွန်၊ စွယ်စုံဥပဒေနှင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေမှ)
https://m.facebook.com/story.php?story_fbid=2118482095144781&id=1815968915396102