Saturday, July 14, 2018

ATR Cabin Crew Operation Manual

ATR Cabin Crew Operation Manual ကို တင်ပေးထားပါတယ်..
အောက်ပါလင့်မှာ download လုပ်နိုင်ပါပြီ
https://drive.google.com/file/d/12f9wgQ0i0hrcSa58krApvEMPVjmkUjlI/view?usp=sharing

# လေကြောင်း နှင့် နည်းပညာ

Friday, July 13, 2018

လေယာဉ်ပျက်ကျမှုနှင့် လျော်ကြေး

လေယာဉ်ပျက်ကျမှုနှင့် လျော်ကြေး
^^^^^^^^^^^^^^^^^^^^^

ဦးလှဖေနှင့် ယူ၊ ဘီ၊ အေ အဖွဲ့ 1951 B.L.R., P. 347

မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ် မတ်လအတွင်းက Union Of Burma Airways(UBA) ပိုင် “De Havilland Dove ဂျိုးဖြူလေယာဉ်ငယ်တစ်စင်း” သည် ရန်ကုန်မှ မော်လမြိုင်သို့ ခရီးသည်များ တင်ဆောင်ပြီး ပျံသန်းလာခဲ့ရာ မုတ္တမပင်လယ်ကွေ့တွင် ပျက်ကျခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်မောင်းသူပါ အသက်ဆုံးရှုံးခဲ့သည်။
ခရီးသည်တစ်ဦးဖြစ်သူ ဒေါ်အေးကြည်၏ခင်ပွန်းက အသက်ဆုံးရှုံးခဲ့သူ ဒေါ်အေးကြည်အတွက် “လူကို သေစေသော မတော်တဆထိခိုက်မှု အက်ဥပဒေ (Fatal Accidents Act) အရ လျော်ကြေးငွေအဖြစ် ကျပ်ငွေ သုံးသောင်းကို ရလိုကြောင်းနှင့် Union Of Burma Airways(UBA) အပေါ်တွင် တရားစွဲဆိုခဲ့သည်။

တရားလို၏ အကြောင်းပြချက်များမှာ -
၁။ ပျက်ကျသော လေယာဉ်သည် “လူအများသုံး လေယာဉ်တစ်စင်း(Common Career)” ဖြစ်ကြောင်း၊
၂။ Union Of Burma Airways(UBA)  အဖွဲ့၏ ပေါ့လျော့ပျက်ကွက်မှုကြောင့် ဒေါ်အေးကြည် သေဆုံးခဲ့ရကြောင်း၊
၃။ ပျက်ကျသော လေယာဉ်သည် အသုံးမပြုထိုက်သော လေယာဉ်ဖြစ်ကြောင်း၊
၎။ “အသက်ကယ် ကိရိယာများ (Safety Appliances)” အသုံးပြုပုံပြုနည်းနှင့်ပတ်သက်၍လည်း လမ်းညွှန်ရန် ပျက်ကွက်ခဲ့ကြောင်း၊
၅။ ၀ိုင်ယာလက်အရာရှိအနေနှင့်လည်း လေယာဉ်ပေါ်မှ “အသက်ကယ်ရန်သတင်း(S.O.S = Save Our Soul Message)”ပေးပို့ရန် တစုံတရာ ဆောင်ရွက်မှုမပြုခဲ့ကြောင်း၊
၆။ လေယာဉ်မောင်းသူအနေနှင့်လည်း အရေးပေါ်လေယာဉ်ဆင်းသက်မှု (Forced Landing) မပြုခဲ့ကြောင်း၊
၇။ လေယာဉ်ပျက်သယ်ယူရေးနှင့်ပတ်သက်၍လည်း Union Of Burma Airways(UBA) က အဆောတလျင် မဆောင်ရွက်ခဲ့ကြောင်း
စသည်ဖြင့် တင်ပြသည်။

တရားပြိုင် Union Of Burma Airways(UBA) အဖွဲ့ကလည်း အောက်ပါအတိုင်း ပြန်လည်ခုခံချေပခဲ့ လေသည်။
၁။ မိမိတို့အဖွဲ့ပိုင် လေယာဉ်သည် အများနှင့်သက်ဆိုင်သော လေယာဉ်မဟုတ်ကြောင်း၊
၂။ မိမိတို့အဖွဲ့အနေနှင့်သော်လည်းကောင်း၊ လေယာဉ်မောင်းသူအနေနှင့်သော်လည်းကောင်း၊ ပျက်ကွက်ပေါ့လျော့မှု တစုံတရာမရှိကြောင်း၊ လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ ဖြစ်နိုင်သည်မှာ လေယာဉ်ဖြတ်၍ ပျံသန်းရာနေရာတ၀ိုက်မှာ သောင်းကျန်းသူများရှိသဖြင့် ၄င်းတို့က မြေပြင်မှနေ၍ ပစ်သဖြင့် လေယာဉ်မောင်းအား ထိမှန်ပြီး လေယာဉ်ပျက်ကျရခြင်း၊ သို့မဟုတ် ငှက်အတော်ကြီးကြီးဝင်တိုက်ပြီး လေယာဉ်ရှေ့မှန်ကာကွဲ၍ လေယာဉ်မှူးအား ထိခိုက်ဒဏ်ရာရစေသဖြင့် ပျက်ကျရခြင်း၊ သို့မဟုတ် လေယာဉ်ပေါ်တွင် လူဆိုးများ ခရီးသည်ဟန်ဆောင်၍ ပါလာပြီး လေယာဉ်မောင်းအား တိုက်ခိုက်သဖြင့် ပျက်ကျရခြင်း တခုခုဖြစ်နိုင်ကြောင်းနှင့် ခုခံချေပခဲ့လေသည်။

အမှုစစ်ဆေးသူ တရားဝန်ကြီး  ဦးဘိုကြီးက လေယာဉ်သည် (၁၈)မိနစ်အတွင်း ပျက်ကျခြင်းဖြစ်သဖြင့် အဘယ်ကြောင့် ပျက်ကျရသည်ကို မည်သူမျှ အတိအကျမပြောနိုင်ကြောင်း၊ ရုတ်တရက်ပျက်ကျရခြင်းဖြစ် သောကြောင့်လည်း ၀ိုင်ယာလက်အရာရှိအနေနှင့် အချိန်မရသဖြင့် အသက်ကယ်ရန် သတင်းပို့ခြင်း မပြုနိုင်ခြင်း ဖြစ်ဖွယ်ရာရှိကြောင်း၊ ထို့ကြောင့် Union Of Burma Airways(UBA) တရားပြိုင်အနေနှင့် ပေါ့လျော့မှု၊ ပျက်ကွက်မှု တစုံတရာရှိသည်ဟု ပြောရန်ခဲယဉ်းကြောင်း၊ ထို့ကြောင့် တရားပြိုင်၏ ပေါ့လျော့ပျက်ကွက်မှုကြောင့် တရားလို၏ ဇနီးသေဆုံးခဲ့ရသည်ဟု ရရှိထားသော သက်သေခံအထောက်အထားများအရ မှတ်ယူရန် ခဲယဉ်းကြောင်း၊ တရားလိုနှင့် တရားပြိုင်လုပ်ခဲ့သော သဘောတူညီမှုပဋိညာဉ်ဖြစ်သည့် လေယာဉ်ခရီးသည်လက်မှတ်၏ ကျောဘက်ပါ စည်းကမ်းချက်အမှတ် (၆) အရ လေယာဉ်ကုမဏီအနေနှင့် ခရီးသည်များ၏ အသက်နှင့်ကုန်ပစ္စည်းများအတွက် လုံးဝတာဝန်မယူကြောင်း အတည့်အလင်းဖော်ပြထားသဖြင့် တရားလိုသည် လူကိုသေစေသော မတော်တဆထိခိုက်မှုအက်ဥပဒေအရ တရားစွဲဆိုပိုင်ခွင့်၊ လျော်ကြေးရပိုင်ခွင့်မရှိကြောင်း …
----------------------------------------------------------------

ဂျိုးဇက်အော်လီ ပါ-၃ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံလေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့ 1969 B.L.R., p.1

၁၉၅၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံသယ်ယူပို့ဆောင်ရေးအဖွဲ့ပိုင် (XY-ADC) အမှတ်အသားပါသော ဒါကိုတာလေယာဉ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တောင်နှင့်တိုက်ပြီး ပျက်ကျသွားခဲ့သည်။
ပြည်ထာင်စုမြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ၀ါဆောစာချုပ်တွင် သဘောတူပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မှန်သော်လည်း အင်္ဂလန်တွင်ပင် ယင်းစာချုပ်ပါ နည်းဥပဒေများကို လိုအပ်သလို ဖြည့်စွက်ပြင်ဆင်၍ လက်ခံခဲ့ ကြောင်း၊ မြန်မာနိုင်ငံအလိုမူ ၁၉၄၃ ခုနှစ်၊ မြန်မာပြည်လေကြောင်း အက်ဥပဒေပုဒ်မ ၄ အရ နိုင်ငံတော်သမ္မတက လိုအပ်သည့်ပြင်ဆင်ဖြည့်စွက်ချက်များနှင့် ကြေငြာပြဌာန်းချက်ထုတ်ဆင့်ရန် လိုအပ်ကြောင်း၊ ဥပဒေက သတ်မှတ်ထားသည့်အတိုင်း ယင်းသို့ မထုတ်ဆင့်ရသေးသောကြောင့် ထည့်သွင်း မစဉ်းစားနိုင်သဖြင့် လေယာဉ်လက်မှတ်ကျောဘက်ပါ စည်းကမ်းချက် (၆)အရသာလျှင် စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ကြောင်း …

ဆရာ ကင်းဝန် (မုံရွာ)
(ဥပဒေဘွဲ့ရမောင်သာလွန်၊ စွယ်စုံဥပဒေနှင့် မူပိုင်ခွင့်ဆိုင်ရာဥပဒေမှ)
https://m.facebook.com/story.php?story_fbid=2118482095144781&id=1815968915396102

Friday, June 22, 2018

English For travelling aircraft

လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာ

ပထမဦးဆုံး လေယာဉ်စီးမဲ့သူတွေ သိကိုသိထားသင့်တဲ့ လေယာဉ်ကွင်းမှာ တွေ့မြင် ကြုံတွေ့ကြရမဲ့ အခြေခံ အင်္ဂလိပ် စကားလုံးလေးတွေကို မှတ်ထားကြရအောင်။

1. airline (noun)
airline ဆိုတာ လေကြောင်း၊ ကိုယ်စီးမဲ့လေယဉ်ကိုပိုင်တဲ့ လေကြောင်းကုမ္ပဏီ။ ဥပမာ။ Singapore Airlines; British Airways; Myanmar Airways စသည်ဖြင့်။ ကုမ္ပဏီ နာမည်၊ လေကြောင်းနာမည်ကို ပြောရင် airline နဲ့ airway မှာ "s" ထည့်ထားတာကို သတိပြုပါ။

2. departures (noun)= ထွက်ခွာ
depart (verb) ဟာ ထွက်ခွါသည်။ departure (noun) ဟာ ထွက်ခွါခြင်း။ ခရီးစထွက်မဲ့သူတွေသွားရမဲ့ အပေါက်၊ လမ်းကြောင်း၊ ခန်းမ စသည်တို့ကို လေယာဉ်ကွင်းတွေမှာ Departures ဆိုတဲ့ sign အမှတ်အသားပြထားတယ်။ Departure Lounge ကတော့ လေယာဉ်စီးမဲ့သူတွေ ထိုင်စောင့်တဲ့ ခန်းမ။ Departure Lounge မှာ "s" မပါပေမဲ့ " ထွက်ခွါ"Departures sign မှာ "s" ပါရတယ်။

3. arrivals (noun)= ဆိုက်ရောက်
ကိုယ်က သူများကို လေယာဉ်ကွင်းမှာ သွားကြိုတာဆိုရင်တော့ Arrivals ဆိုတဲ့ sign အတိုင်းသာသွားရမှာ။ သွားပို့တာဆိုရင်တော့ Departures ဘက်ကိုသွားပေါ့။
မင်းကို ငါ ဆိုက်ရောက်ရာခန်းမမှာ တွေ့မယ်/လာကြိုမယ်...ဒီဝါကျကို အင်္ဂလိပ်လိုပြောရင်...
I will meet you in the arrivals lounge.
Departure Lounge မှာ departure မှာ "s" မပါဘူး။
Arrivals Lounge မှာ arrival မှာ "s" ပါတယ်။ အဘိဓာန်ထဲမှာ အဲဒီအတိုင်းပြထားတယ်။

4. Gate (noun)= ဂိတ်ပေါက်

5. Check in (verb)
        Check-in (noun)
လေယာဉ်မစီးခင် လေကြောင်းကောင်တာမှာ သက်ဆိုင်ရာဝန်ထမ်းကို ကိုယ့်ရဲ့ passport နဲ့ လေယဉ်လက်မှတ်ကိုပြ၊ ပြီးရင် ကိုယ်ယူသွားမဲ့ အထုပ်တွေကို အလေးချိန်ချိန်ရတယ် ။ အဲဒီလိုလုပ်ရတာကို check in လုပ်တယ် (verb) လို့ခေါ်ပြီး noun ကိုတော့ check-in ဆိုပြီး hyphen လေးထည့်ရေးရတယ်။  check-in လုပ်တဲ့နေရာကို check-in desk ၊ check-in လုပ်ရမဲ့အချိန်ကို check-in time စသည်ဖြင့်သုံးပါတယ်။

6. board (verb)= လေယာဉ်ပေါ်တက်သည်
to board a plane လို့ အတွဲလိုက်မှတ်ထားသင့်ပါတယ်။

7. boarding pass (noun)
check in လုပ်တဲ့အခါ ကိုယ့်ရဲ့ passport နဲ့ air-ticket ပေးလိုက်ပြီး luggage တွေ အိတ်တွေကို အလေးချိန်ချိန်ပြီးတဲ့အခါမှာ airline ဝန်ထမ်းက ကိုယ့်ကို လေယာဉ်ပေါ်တက်ရောက်ခွင့်လက်မှတ် boarding pass ပေးပါလိမ့်မယ်။ boarding pass ပေါ်မှာ လေယာဉ်ထွက်မဲ့ Gate ပေါက်နံပါတ်၊ boarding time လေယာဉ်ပေါ်စတက်ခွင့်ပေးမဲ့အချိန်နဲ့ seat number ကိုယ့်ရဲ့ ထိုင်ခုံနံပါတ်တို့ကို ဖော်ပြထားပါတယ်။

8. carry on (luggage) (noun)
ကိုယ်တွေကတော့ hand carry လို့ခေါ်ကြတယ်နော်။ အိတ်အကြီးတွေကိုတော့ check in လုပ်ရတယ်။ ရှစ်ကီလိုထက်မလေးတဲ့ လက်ကိုင်အိတ်တို့၊ backpack ကြောပိုးအိတ်တို့၊ laptop computer ထည့်ထားတဲ့ အိတ်တို့ကိုတော့ check in လုပ်စရာမလို၊ လူနဲ့တပါတည်းသယ်ဆောင်သွားလို့ရတာကို hand carry , hand luggage လို့သုံးကြပေမဲ့ တကယ်တမ်း native speaker တွေ အသုံးများတာက carry on တဲ့။ Carry on ဆိုတဲ့ တံဆိပ်နဲ့ ခရီးဆောင်အိတ်အသေးတွေပြုလုပ်ရောင်းချတဲ့ ကုမ္ပဏီလည်းရှိပါတယ်။

9. fragile (adjective)= ကွဲတတ်သော၊ နုသော
အိတ်တွေကို check in လုပ်ရင် အထဲမှာ ကွဲရှနိုင်တဲ့၊ နူးညံ့စွာကိုင်ရမဲ့ ပစ္စည်းပါရင် "fragile" sticker ကပ်ခိုင်းပါ။

10. oversized baggage = အရွယ်ကြီးလွန်းသောအိတ်
ဂေါက်ရိုက်တံတွေထည့်ထားတဲ့ အိတ်ကြီးတွေ စသည်ဖြင့် အလွန်ကြီးလွန်းတဲ့အိတ်တွေကို သီးခြား oversized baggage counter မှာ check in လုပ်ရပါတယ်။

11. overweight baggage= ခွင့်ပြုသည့်အလေးချိန်ထက် ပိုလေးနေသောအိတ်
များသောအားဖြင့် အိတ်တစ်လုံးကို ကီလို ၂၀ ထက်မကျော်စေရလို့ သတ်မှတ်ထားတတ်တယ်။

12. delayed (adjective)= လေယဉ်နောက်ကျသော

13. economy class= ဈေးသက်သာသောလက်မှတ်

14. business class= ဈေးပိုကြီးသော လက်မှတ်

15. first class= ဈေးအကြီးဆုံး ပထမတန်းလက်မှတ်

လူအများစုကတော့ ပုံမှန် economy class လက်မှတ်ပဲဝယ်စီးကြတာပေါ့။ ချမ်းသာသူတွေ၊ အစိုးရအရာရှိကြီးတွေကတော့ business သို့မဟုတ် first class ကနေစီးကြမှာပေါ့။ business/first class တွေက ဈေးကြီးတဲ့လက်မှတ်ဆိုတော့ကာ check in လုပ်ရင်လည်း သီးသန့်၊ လေယာဉ်ပေါ်ကိုလည်း အရင်ဆုံးတက်၊ အရင်ဆုံးဆင်း၊ လေယာဉ်ထဲမှာ ကျွေးမွေးဧည့်ခံပုံလည်းပိုသာပြီး leg room ခြေထောက်ချစရာနေရာပိုကျယ်ကာ ထိုင်ခုံတွေကလည်း ပိုကြီး ပိုကောင်း ပို comfortable ဖြစ်တာပေါ့လေ။
ဒါ့ကြောင့်လည်း သူငယ်ချင်းတစ်ချို့က
I always fly (in) business class. လို့ပြုံးပြုံးလေးပြောတတ်ကြတာပေါ့။

17. long-haul flight= ခရီးဝေး၊ တာဝေး၊ လေယာဉ်ခရီးရှည်
ရန်ကုန်မှ ဘန်ကောက်ကို တစ်နာရီကျော်လေး လေယာဉ်စီးရတာ short flight သို့မဟုတ် short-haul flight လေးပေါ့။ ဘန်ကောက်မှ လန်ဒန်သို့ တိုက်ရိုက် ဆယ်နာရီကျော်ကြာ မရပ်ဘဲပျံသန်းတာကိုတော့ long-haul flight လို့ခေါ်ပါတယ်။

18. stopover= layover
ကိုယ်တွေကတော့ transit လို့သုံးကြတာများတယ်။ လေယာဉ်ခရီးရှည်ကြီးမို့ မြို့ကြီးတစ်မြို့ရဲ့ လေယာဉ်ကွင်းမှာ ခရီးတစ်ထောက်နားတာကို stopover သို့မဟုတ် layover လို့အသုံးများတာမို့ သိအောင်မှတ်ထားသင့်ပါတယ်။

19. Customs (noun)= အကောက်ခွန်

20. Immigration (noun)= လူဝင်မှုကြီးကြပ်ရေး

21. conveyor belt/ carousel/ baggage claim
ကိုယ့်လေယာဉ် ခရီးဆုံးတော့ immigration ကိုဖြတ်ပြီးရင် ကိုယ့်ရဲ့ အိတ်တွေ luggage တွေကို ပြန်ရွေးရမယ်လေ။ အိတ်တွေဟာ moving conveyor belt ကြီးပေါ်မှာ လည်နေတာ။ ကိုယ့်အိတ်တွေကို ဘယ်မှာရွေးရမယ်ဆိုတာကို ကြေငြာတာကို နားလည်အောင် ဒီအပေါ်က စကားလုံးသုံးလုံးကို သိထားရမယ်။ တချို့လေယာဉ်ကွင်းတော့မှာတော့ Belt လို့ပဲ အတိုသုံးကြတယ်။ ဥပမာ...
Passengers may collect their baggage at Belt number 4. လို့ပြောလေ့ရှိတယ်။

ကဲ...ဒီလို မသိမဖြစ် အခြေခံစကားလုံးလေးတွေကို သိပြီးရင် Speaking အပိုင်းမှာလည်း လေယာဉ်ကွင်းမှာ ခရီးသွားတစ်ဦးအနေဖြင့် ကြားရလေ့ရှိတဲ့ဝါကျလေးတွေကို နားလည်နိုင်အောင်လေ့လာထားသင့်သလို ကိုယ်ကလည်း အသုံးဝင်တဲ့ ဝါကျလေးတွေကို မှန်ကန်စွာပြန်ပြောနိုင်အောင်လည်း လေ့လာ လေ့ကျင့်ထားသင့်တာပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး အင်္ဂလိပ်လို လေယာဉ်ကွင်းမှာ စကားပြောနိုင်အောင်လို့ အနည်းဆုံး အောက်မှာပေးထားတဲ့ ဝါကျလေးတွေကိုတော့ သိထားသင့်ပါတယ်။ ဗမာလိုလည်း ဘာသာပြန်ပေးထားတယ်။

1. Excuse me, where is the MAI check-in desk?
တဆိတ်လောက်ကူညီပါ။ မြန်မာ့လေကြောင်း MAI ရဲ့ check-in ဘယ်နေရာမှာပါလဲ။

2. May I see your tickets and passport?
သင့်ရဲ့ လေယာဉ်လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်ပြပါ။

3. Is anybody travelling with you today?
သင်တစ်ယောက်တည်းသွားမှာလား၊ ဘယ်သူပါသေးလဲ။

4. Where are you flying today?
ဘယ်ကိုသွားမှာပါလဲ။
ဒီမေးခွန်းကို နောက်ပုံစံတစ်မျိုးပြောင်းမေးနိုင်တာကို ကြည့်ပါ။
What is your final destination?
ဘယ်ကိုသွားမှာလဲ။ ဘယ်အထိသွားမှာလဲ။

5. How many pieces of luggage are you checking in?
သင် အိတ်ဘယ်နှလုံး check in လုပ်မှာလဲ။
ခရီးဆောင်အိတ်တွေကို check in လုပ်တာကို check လို့ တစ်လုံးတည်းပဲ in မထည့်ပဲလည်း သုံးတတ်ကြတယ်။
Are you checking this bag? လိုမျိုးပေါ့။

ဒီမေးခွန်းနံပါတ် ၅ မှာ pieces of luggage လို့သုံးထားတာ သတိပြုပါ။ luggage ဝန်စည်စလယ်၊ အထုပ်အပိုးဟာ အင်္ဂလိပ်သဒ္ဒါမှာ uncountable noun ဖြစ်တယ်။ two bags လို့ပြောလို့ရပေမဲ့ two luggages လို့သုံးလို့မရဘူး။ two pieces of luggage လို့သာ သုံးရပါတယ်။ baggage လည်း အလားတူပါပဲ။

6. Do you have a carry on?
လက်မှဆွဲသွားမဲ့ အိတ်ပါသေးလား။

carry on= hand luggage

7. How many carry on bags are you taking with you?
လက်မှဆွဲသွားမဲ့ အိတ် ဘယ်နှလုံးယူသွားမှာလဲ။

8. Can you place your bag up here?
သင့်ရဲ့ အိတ်ကို ဒီပေါ်မှာတင်လိုက်ပါ။
(အလေးချိန် ချိန်ရန် အိတ်ကို ချိန်ခွင်ခါးပတ်ပြားကြီးပေါ်သို့တင်ပေးရန်)
ဒီမေးခွန်းကိုပဲ နောက်တစ်မျိုးပြောနိုင်ပုံကိုထပ်ကြည့်ပါ။

Please place your bag on the scale.
သင့်ရဲ့ အိတ်ကို ချိန်ခွင်ပေါ်တင်ပေးပါ။

9. I am sorry, but your carry on is too heavy. You will have to check it.
သင့်ရဲ့ လက်ဆွဲအိတ်က အရမ်းလေးနေလို့ check in လုပ်မှရမယ်။

10. Please mark this bag as "fragile".
ဒီအိတ်ကို "ညင်သာစွာကိုင်ပါ" လို့ စာကပ်ပေးပါ။

11. What is inside this bag?
ဒီအိတ်ထဲမှာ ဘာထည့်ထားတာလဲ၊ အထဲမှာ ဘာပါလဲ။

12. I am sorry, Sir, but your bag is overweight.
သင့်ရဲ့ အိတ်ဟာ ခွင့်ပြုထားတာထက် ပိုလေးနေပါတယ်။

13. By how many kilos?
ဘယ်နှကီလို ပိုလေးနေလို့လဲ။

14. One minute, let me just take a few things out.
ခဏလေးနော်။ ကျွန်တော် (ဒီအိတ်ထဲမှ) ပစ္စည်းတချို့ ပြန်ထုတ်ပါရစေ။

15. How much is the overweight baggage fee?
ခွင့်ပြုတာထက် အလေးချိန်ပိုနေရင် ပိုက်ဆံဘယ်လောက်နှုန်းထပ်ပေးရပါသလဲ။

16. Do you prefer a window seat or an aisle seat?
ပြတင်းပေါက်နားကခုံကြိုက်လား၊ မင်းလမ်း ဘေးကခုံကိုကြိုက်လား။
(aisle ကို "အိုင်း" လို့ပဲ အသံထွက်တယ်။ S သံမပါဘူး။ silent "s" ပါ။)
ဒီမေးခွန်းကိုပဲ အတိုမေးတတ်တာ...
Do you prefer window or aisle? အတူတူပါပဲ။

17. I don't want a middle seat.
အလယ်ခုံ မလိုချင်ဘူး။

18. Here is your boarding pass.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ပါ။

19. This is your boarding pass. You will be boarding at Gate 2A at 9:30.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ် တက်ခွင့်ကတ်ပြား။ ဂိတ်နံပါတ် 2A မှာ ၉ နာရီခွဲမှာ လေယာဉ်ပေါ်တက်ရပါမယ်။

20. Your flight leaves from Gate 2A and it will begin boarding at 10:30. Your seat number is 9B.
သင်စီးမဲ့ လေယာဉ်ဟာ ဂိတ်နံပါတ် 2A မှထွက်မှာဖြစ်ပြီး လေယာဉ်ပေါ်ကို ဆယ်နာရီခွဲမှာ တက်ရမယ်။ သင့်ရဲ့ ခုံနံပါတ်က 9B ပါ။

21. They will start boarding 20 minutes before the departure time.
လေယာဉ်မထွက်မီ မီနစ် ၂၀ မတိုင်မီမှာ ခရီးသည်တွေကို လေယာဉ်ပေါ်တက်ခိုင်းပါလိမ့်မယ်။

22. What is the gate number?
ဂိတ်နံပါတ် ဘယ်လောက်ပါလဲ။

23. MAI flight number 8M331 to Bangkok is now boarding.
ဘန်ကောက်မြို့သို့ထွက်ခွာမည့်
မြန်မာလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် 8M331 ပေါ်သို့ ခရီးသည်များ စတင်တက်ရောက်ရန် ဖိတ်ခေါ်ပါတယ်။

24. Please have your boarding pass and passport ready for boarding.
လေယာဉ်ပေါ်သို့တက်ရန် သင်၏ boarding pass နှင့် passport ကို အဆင်သင့်ကိုင်ဆောင်ထားပါ။

25. We would like to invite our first- and business-class passengers to board.
ပထမတန်းနှင့် အထူးတန်း ခရီးသည်များ လေယာဉ်ပေါ်သို့တက်ရန် ဖိတ်ကြားအပ်ပါတယ်။

26. We are now inviting passengers with small children and any passengers requiring special assistance to begin boarding.
ကလေးသူငယ်များပါသည့်ခရီးသည်များနှင့် ကျန်းမာရေးအရအထူးဂရုပြုရမည့် ခရီးသည်များအား လေယာဉ်ပေါ်သို့ (ဦးစားပေး) တက်ရန် ဖိတ်ကြားပါတယ်။

27. We would now like to invite all passengers to board.
ခရီးသည်များအားလုံး လေယာဉ်ပေါ်သို့ တက်နိုင်ကြပါပြီ။

28. This is the final boarding call for MAI flight 8M331 bound for Yangon.
ရန်ကုန်သို့ထွက်ခွာမည့် MAI flight 8M331 ထွက်ခွာချိန်အလွန်နီးကပ်နေပြီဖြစ်၍ လေယာဉ်ပေါ်သို့ (မရောက်သေးသူ၊ နောက်ကျနေသူ) အမြန်ဆုံးတက်ပါရန် နောက်ဆုံးအကြိမ် တိုက်တွန်းအပ်ပါတယ်။
flight 8M331 bound for Yangon လို့သုံးမဲ့အစား flight 8M331 to Yangon လို့လည်း လွယ်လွယ်ပြောတတ်ကြတယ်။

29. All passengers arriving from Singapore can pick up their luggage from Belt number 4.
စင်္ကာပူမှ ရောက်ရှိလာသော ခရီးသည်များ မိမိတို့၏ အထုပ်များကို ခါးပတ်နံပါတ် ၄ တွင် ရွေးယူပါ။

30. Ladies and gentlemen, this is an announcement that flight number 8M331 has been delayed. Your new departure time is 10:30.
လူကြီးမင်းများရှင့်၊ လေယာဉ်ခရီးစဉ်အမှတ် 8M331 ဟာ ထွက်ခွာချိန်နောက်ကျမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ လေယာဉ်ထွက်ခွာချိန်ကို ဆယ်နာရီခွဲ သို့ပြောင်းရွှေ့လိုက်ပါတယ်။
နောက်ဆုံးဝါကျလေးကတော့ flight delay ကိုကြေငြာပုံလေး နမူနာပါသွားအောင်ရေးလိုက်တာပါ။ ကိုယ် MAI ကိုစီးလာတာ အနှစ် ၂၀ ကျော်ပြီ။ delay ဖြစ်တာရှားပါတယ်။
ကဲ...ဒီလို အခြေခံလေးတွေသိထားပြီ၊ ပြောတတ်ပြီဆိုရင် လေယာဉ်စီးဖို့ အဆင်သင့်ဖြစ်လောက်ပြီမို့လို့ ပြင်သစ်စကားလေးနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

Bon voyage. (ဘွန် ဗွယျာ့ခ်ျ) လို့အသံထွက်တယ်။
Bon voyage ဆိုတာ I hope you have a safe and enjoyable journey. လို့ ခရီးထွက်မဲ့သူကို ဆုတောင်းပေးတာပါ။
Good luck and bon voyage!

With love,
Dr.Soe Than
June 19, 2018

Wednesday, June 13, 2018

Black Box

" Black box "

တိုက်ရိုက်ဘာသာပြန်ရင်တော့ အနက်ရောင်သေတ္တာပေါ့ ..
ဒါပေမဲ့လေယာဉ်ပျံ မတော်တဆဖြစ်လို့ရှိရင် ရှာရမယ်လို့ ကျွန်တော်တို့ရေးရေးနေတဲ့ Black box ဆိုတာကတော့ဒီအောက်ကပုံပါပဲ .. အနက်ရောင်သေတ္တာလို့ထင်နေမှာစိုးလို့ 😊
လေယာဉ်အမြီးပိုင်းမှာရှိတဲ့အဲဒီထဲမှာ
CVR ဆိုတဲ့ Cockpit Voice Recorder (လေယာဉ်မောင်းခန်းထဲမှ တစ်ဦးနဲ့တစ်ဦးစကားပြောဆက်သွယ်တဲ့အသံတွေ) နဲ့
DFDR လို့ခေါ်တဲ့ Digital Flight Data Recorder ဆိုတာပါပါတယ်..

"these 'black' boxes are actually painted with a heat-resistant bright orange colour in order to make them easier to find in the wreckage resulting from the crash"

လိမ္မော်ရောင်တောက်တောက်သုံးထားတာက လေယာဉ်အပျက်အစီးတွေကြားမှာလွယ်လွယ် ရှာတွေ့နိုင်အောင်ဖြစ်ပါတယ်...

Tun Tun Win
13.617

Photo Crd; Captain Thein Zaw

https://m.facebook.com/story.php?story_fbid=10212983933895186&id=1296815353

Sunday, July 23, 2017

လေကြောင်းထိန်းလုပ်ငန်း





ATC(Air Traffic Control) 💚Nerve Centre
==============

ATC Controlအမျိုးအစားသုံးမျိုးရှိပါတယ်။

၁။ Aerodrone Control
၂။ Approach Control
၃။ Area Controlတို့ဖြစ်​ပါတယ်​။

၁။Aerodrone Controlအမျိုးအစားက​တော့ 10mileအထိ​လေယာဉ်​ကိုထိန်းပါတယ်​။
၂။Approach Controlအမျိုးအစားက​တော့ 40 mileအထိ​လေယာဉ်​ကိုထိန်းပါတယ်​။
၃။Area Controlအမျိုးအစားက​တော့ 100mileအထိ​လေယာဉ်​ကိုထိန်းပါတယ်​။

ATCမှာပါဝင်​တဲ့အစိတ်​အပိုင်း​တွေက​တော့
၁။Ground
၂။Tower
၃။Approach
၎။local ပြီးရှိပါတယ်​။Local ကို sector ၄ခုထက်​ခွဲပါတယ်​။

Sector 1က​တော့ မြန်​မာပြည်​အထက်​ထက်​ပိုင်းကိုထိန်းပါတယ်​။
Sector 2 and sector 3က​တော့မြန်​မာပြည်​အလည်​ပိုင်းကိုထိန်းပါတယ်​။
Sector 4က​တော့ မြန်​မာပြည်​​အောက်​ပိုင်းကိုထိန်းပါတယ်​။
sector 1 and sector 4 က​တော့ international​လေယာဉ်​များကိုထိန်းပါတယ်​။
sector 2 and sector 3က​တော့ international and domestic ​လေယာဉ်​​တွေပါထိန်းပါတယ်​။

၁။Ground

Groundက​တော့ ​လေယာဉ်​​တွေကို engine start ၊ taxi in/out ၊ activate tranaponder code(squawk)​​ပေးတာ၊parking​နေရာ​ပေးတာ​၊ပျံသန်းမဲ့အမြင့်​​ပေ ​ပေးတာတွေလုပ်​ပါတယ်​။Taxiထွက်​လာ​သော​လေယာဉ်​ကို taxi way ​ပေါ်​ရောက်​တာနဲ့Towerကိုလွဲ​ပေးပါတယ်​။

၂။Tower

Towerက​တော့Groundကလွဲ​ပေး​လိုက်​​သော​လေယာဉ်​ကို intention​(​လေယာဉ်​​လေထဲ​ရောက်​တာနဲ့ ဘယ်​/ညာ ​ကွေ့ဖို့ အညွန်းဒီဂရီ)​ပေးပါတယ်​ ​လေယာဉ်​​ပြေးလမ်းရှင်းပါက ​လေထဲကိုတက်​ခွင့်​ပြုပါတယ်​။ထို့​နောက်​ approachကိုလွဲ​ပေးပါတယ်​။ထိုအပြင်​ဆင်းလာ​သော​လေယာဉ်​ကိုလည်း​ပြေးလမ်းရှင်းပါကဆင်းခွင့်​​ပေးပါတယ်​။ထို့​နောက်​ Taxiway​ပေါ်တင်​​ပေးပြီးGroundကိုလွဲ​ပေးပါတယ်​။

၃။ Approch

Towerမှလွဲ​ပေးလိုက်​​သော​လေယာဉ်​ကို သတ်​မှတ်​ထား​သောအမြင့်​​ပေ​ရောက်​​အောင်​ထက်​ပြီးတင်​ပါတယ်​။လေယာဉ်​သွားရာလမ်း​ကြောင်းအတွက်​အညွှန်းဒီဂရီထက်​​ပေးပါတယ်​။ထို​နောက်​ sector 2ကိုလွဲ​ပေးပါတယ်​။အဆင်း​လေယာဉ်​များကိုလည်းsector2မှလွဲ​ပေးပြီး​နောက်​Runwayနဲ့တည့်​​အောင်​အညွှန်းဒီဂရီ​ပေးပါတယ်​။5mileခန့်​​ရောက်​ပါက towerကိုလွဲ​ပေးပါတယ်​။

၎။ Sector 2 and sector 3

Approchမှလွဲ​ပေးလိုက်​​သော​လေယာဉ်​ သတ်​မှတ်​အမြင့်​​ပေ​ရောက်​​အောင်​ထက်​တင်​ပါတယ်​။
လေယာဉ်​ဦးတည်​​သော​လေဆိပ်​သို့သတ်​မှတ်​ထား​သောလမ်း​ကြောင်းအတိုင်း​ရောက်​ရှိ​အောင်​လိုအပ်​သလိုထိန်း​ကြောင်းပါတယ်​။ထို့​နောက်​ သက်​ဆိုင်​ရာtowerအသီးသီးဆီသို့ လွှဲ​ပြောင်း​ပေးပါတယ်​။အဆင်း​လေယာဉ်​များကိုလည်း အစဉ်​အလိုက်​ဆင်းသက်​နိုင်​​အောင်​ ​လေယာဉ်​အမြင့်​​ပေ​လျှော့ချခြင်း။အညွှန်းဒီဂရီများ​ပေးခြင်းတို့ဖြင့်​ထိန်းပါတယ်​။ထို့​နောက်​ towerကိုလွှဲ​ပြောင်း​ပေးပါတယ်​။
အမြင့်​​ပေသက်​မှတ်​ခြင်း။
မြန်​မာပြည်​ဧ။်​ အ​ရှေ့ဖက်​မှဝင်​လာ​သော​လေယာဉ်​များကိုအမြင့်​​ပေ စုံဂဏန်း​ပေးပြီး​နောက်​ဖက်​မှဝင်​လာ​သော​လေယာဉ်​များကို အမြင့်​​ပေ မ ဂဏန်း​ပေးပါတယ်​။ထို့အပြင်​ ​မြောက်​ဖက်​မှလာ​သော​လေယာဉ်​များကို မ ဂဏန်း​ပေးပြီး ​တောင်​ဖက်​မှလာ​သော ​လေယာဉ်​များကို စုံ ဂဏန်း​ပေးပါတယ်​။အမြင့်​​ပေများကို ​လေယာဉ်​တစ်​စီးနှင့်​တစ်​စီး ​ပေ ၁၀၀၀ ခြား​ပေးပါတယ်​။သို့​သော်​ အမြင့်​​ပေ ၄၁၀၀၀​ကျော်​သွားပါက ​ပေ ၂၀၀၀ စီခြား​ပေးပါတယ်​။

Reporting Pointများ

မြန်​မာနိုင်​ငံကိုဖြတ်​​ကျော်​ပျံသန်းမည့်​​international​လေယာဉ်​များနှင်​ဆင်းသက်​မည့်​​လေယာဉ်​များသည်​ မြန်​မာနိုင်​ငံပိုင်​​ဝေဟင်​သို့စတင်​​ရောက်​ရှိပါက သတင်းပို့ရသည့်​ Reporting Pointများရှိသည်​။
မြန်​မာပြည်​ဧ။်​အ​ရှေ့ဖက်​ Reporting Pointများ
1.  LINSO
2.  AKSAG
3.  SISUK
4.  BOMAS
5.  MAKAS
6.  LIMLA
7.  BETNO
8.  TANEK
9.  AKATO
10.EKAVO
11.NURDA
13.PUMORဆိုပြီးရှိပါတယ်​။

မြန်​မာပြည်​ဧ။်​​တောင်​ဖက်​ Reporting Pointများ
1. PADET
2. IKULA
3. TAVUNဆိုပြီးရှိပါတယ်​။

မြန်​မာပြည်​ဧ။်​အ​နောက်​ဖက်​ Reporting Pointများ
1. ANSOS
2. CHILA
3. APAGO
4. AVLED
5. TEBOV
6.IBITA
7.SAGOD
8. MEPEL
9. RINDA
10.LIBDI
11.LULDA
12.MIPAK
13.BORBUဆိုပြီးရှိပါတယ်​။

မြန်​မာနိုင်​ငံတွင်​ဖြတ်​​ကျော်​ပျံသန်း​နေ​သော အပြည်​ပြည်​ဆိုင်​ရာ​လေယာဉ်​များနှင့်​ ပြည်​တွင်း​လေ​ကြောင်းများဧ။်​ ပျံသန်းသည့်​အ​ရေအတွက်​မှာ တစ်​ရက်​လျှင်​အစီး​ရေ ၁၀၀၀နီးပါးခန့်​ကို ထိန်း​ကြောင်း​ပေး​နေပါသည်​။မြန်​မာနိုင်​ငံတွင်​ ATC Controllerအ​ရေအတွက်​ ၄၀၀နီးပါးခန့်​မျှသာရှိပါသည်​။လူဦး​ရေနည်း​သော်​လည်း မြန်​မာနိုင်ငံအတွက်​ နိုင်​ငံခြားဝင်​​ငွေအများဆုံးရရှိ​အောင်​၂၄နာရီ ပတ်​လုံး ရှာ​ဖွေပေး​နေကြသူများဖြစ်​သည်​။မြန်​မာနိုင်​ငံအတွက်​နိုင်​ငံခြားဝင်​​ငွေအများဆုံးရရှိ​အောင်​ရှာ​ဖွေ​ပေး​သော ATCဧ။်​ လုပ်​ငန်းသ​ဘောတရားများနှင့်​ ​လေ​ကြောင်းဗဟုသုတ ရရှိ​စေရန်​ရည်​ရွယ်​ပါသည်။

# လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေး ပေးပါရန် Controller များအား မေတ္တာ ရပ်ခံ ပါသည်။

#phyo wai linn
ROTARY - WING 47
 #Myanmar _ Military _ Observers

https://m.facebook.com/story.php?story_fbid=1374072622678748&id=915047311914617

Saturday, July 22, 2017

လေယာဉ်ရေမခဲစေရန် ကာကွယ်နည်း





. . . . . . . . . လေ ယာဉ် ပေါ် ရေ မ ခဲ ရန် " Anti-ice " ကာ ကွယ် စ နစ် များ . . . . . . . .
.
ရေ ခဲ ဖြစ် မ လာ စေ ရန် ကာ ကွယ် သည့် စ နစ် " Anti-icing system " နဲ့ / ဖြစ် ပေါ် လာ တဲ့ ရေ ခဲ တွေ ကို ဖြို ဖျက် တဲ့ " De-icing system  " ဆို ပြီး ( နှစ် မျိုး ) ရှိ ပါ တယ် ။ ဒီ နေ့ ခေတ် လေ ယာဉ် ပျံ တွေ မှာ တော့ - ကြို တင် ကာ ကွယ် တဲ့ " Anti-icing " စ နစ် များ ကို ဘဲ အ သုံး ပြု တာ ပါ ။ ပုံ ( ၁ )
.
Pitot Static tubes, Static ports, AOA နဲ့ အ ခြား Sensor probes များ ရေ မ ခဲ စေ ရန် -
" Probe Heat system " ဟာ 115 V AC လျှပ် စစ် သုံး " ကွိုင် အ ပူ ပေး စ နစ် " ( Electric heater ) ဖြစ် ပါ တယ် ။ Pitot tubes / Temperature tubes / Static ports / Angle of Attack ( AOA ) စ တဲ့ လေ ယာဉ် ပြင် ပ မှာ တပ် ဆင် ထား တဲ့ " ခံ စား ထောက် လှမ်း ကိ ရိ ယာ " ( Sensor ) အား လုံး ရဲ့ အ တွင်း မှာ Resistance Elements များ ထည့် သွင်း ပြု လုပ် ထား တာ ပါ ။ Boeing - 737 လေ ယာဉ် လို - အ ရင် တုန်း က တော့ . . . လက် နဲ့ ' Manually ' ဖွင့် / ပိတ် နိုင် တဲ့ ခ လုတ် များ ကို Cockpit Overhead panel မှာ တွေ့ ကြ ရ တယ် ပေါ့ ။ ဒီ နေ့ ခေတ် Boeing - 757 / Airbus A - 320 လေ ယာဉ် တွေ မှာ တော . . . " Push button " မှာ ' AUTO ' ထား လို့ ရ ပါ ပြီ ။ လေ ယာဉ် ခေါင်း " Nose " မှာ တပ် ဆင် ထား တဲ့ - Temperature probes တွေ က အ ပြင် မှာ အ လွန် အေး ပြီး / ရေ ခဲ မ လာ ခင် " Probe & Windows heating system " များ ကို " ပါ ဝါ " စ ပေး မှာ ဖြစ် ပါ တယ် ။ ပုံ ( ၂ )
.
ရှေ့ လေ ကာ မှန် ရေ မ ခဲ စေ ရန် " Windshield Heat system "
Cockpit ရှေ့ လေ ကာ မှန် များ ကို - မှန် / ဗီ နိုင်း နဲ့ အ ခိုင်း လစ် ( Glass, Vinyl & Acrylic ) အ လွာ လိုက် ထပ် ပြီး ပြု လုပ် ထား ပါ တယ် ။ အ လွာ များ အ ကြား မှာ အ ပူ စီး နိုင် တဲ့ Conductive coating များ ထည့် သွင်း ထား ပြီး / အ ပေါ် နဲ့ အောက် ဘက် မှာ ကွိုင် ငယ် များ ( Filaments ) မြှုပ် ၍ / 115 V AC နဲ့ အ ပူ ပေး ပါ တယ် ။ အ ပူ အ ပြည့် ရ ဘို့ ( ၃ မိ နစ် ) လို ပါ တယ် ။ အ ပူ ချိန် ( 80' F - 120' F ) အ ကြား ထိန်း ထား မှာ ဖြစ် ပြီး / 145' F မှာ Overheat sensor တွေ က ဖြတ် တောက် ပေး မှာ ပါ ။ ပုံ ( ၄ )
.
အ တောင် ပံ မှာ ရေ မ ခဲ စေ ရန် " Wing Anti-icing system "
လေ ယာဉ် အင် ဂျင် " ကွန် ပ ရက် ဆာ " က နေ ဖေါက် ထုတ် ယူ ထား တဲ့ " လေ ပူ " ကို သုံး ပါ တယ် ။ အင် ဂျင် ရဲ့ HP ( High pressure ) နဲ့ LP ( Low Pressure ) တို့ က ဖေါက် ထုတ် " လေ " ( ၂ မျိုး ) လုံး ရ ရှိ နိုင် တဲ့ " Pneumatic Manifold " က တ ဆင့် / ဘယ် ညာ အ တောင် ပံ ( ၂ ဘက် ) ရှေ့ ခြမ်း ကို အ ပူ ပေး မှာ ပါ ။ လေ ပူ ကို - Slats များ နောက် က နေ သွယ် တန်း ထား တဲ့ ပိုက် လိုင်း ( Telescopic Ducts ) အ တွင်း ဝင် ရောက် စေ ပါ တယ် ။ APU ဖေါက် ထုတ် လေ ( APU Bleed Air ) ကို သုံး ရင် လည်း ရ ပါ တယ် ။ အ ပူ ချိန် 200' F ကို ရောက် ရင် တော့ / အ တောင် ပံ များ အ တွင်း လေ ပူ များ ဆက် လက် မ ဝင် ရောက် နိုင် အောင် " Valve " များ ပိတ် သွား မှာ ပါ ။ Overheat ပေါ့ ။  ဘယ် ညာ အ တောင် ပံ တ ဘက် ချင်း အ တွက် သီး ခြား အ ပူ ပေး နိုင် ပါ တယ် ။ ဒီ " ဘား တွေ " ( Valves ) ဖွင့် / ပိတ် ဘို့ 28 V DC အ သုံး ပြု ပါ တယ် ။ ပုံ ( ၃ ) နဲ့ ပုံ ( ၅ )
.
အင် ဂျင် ရေ မ ခဲ စေ ရန် " Engine Anti-icing system "
အင် ဂျင် " HP Compressor " ရဲ့ 5th. နဲ့ 9th. stage က ဖေါက် ယူ တဲ့ " ဖိ အား မြင့် လေ ပူ များ " ( Bleed Air ) ကို အ သုံး ပြု ပါ တယ် ။ ဖိ အား 50 psi က နေ 75 psi ကြား မှာ ' Regulate ' လုပ် ပေး နေ တဲ့ လေ ပူ တွေ ကို " Engine Cowl " အ တွင်း မှာ တပ် ဆင် ထား တဲ့ " Distribution Spray ring " က နေ - ပတ် ပတ် လည် ကို ဆောင့် ထုတ် ပေး နေ မှာ ပါ ။ အ ပူ ချိန် 825'±20' F ကို ရောက် လာ ရင် တော့ . . . 9th stage က လေ ပူ " Valve " ကို ပိတ် ပေး မှာ ပါ ။ Overheat ပေါ့ ။ ပုံ ( ၅ )
.
( Boeing - 737 နဲ့ - 757 လေ ယာဉ် များ မှ ထုတ် ပြ ပါ သည်https://m.facebook.com/story.php?story_fbid=1424078321001775&id=100001988622790

Thursday, July 20, 2017

လေယာဉ်နှင့်ရေခဲရခြင်းပြသနာ





. . . . . . . . . . . လေ ယာဉ် နဲ့ ရေ ခဲ ပြ ဿ      နာ . . . . . . . . .
.
လေ ယာဉ် ပျံ သန်း နေ တုန်း - ဘာ ကြောင့် ရေ ခဲ တာ လဲ ? ဆို တာ / အား လုံး နား လည် လွယ် အောင် . . . ဥ ပ မာ ပေး ပါ မယ် ။ မ န္တ လေး မြို့ မှာ ပူ လို့ - မေ မြို့ တက် လိုက် တော့ အေး သွား တယ် / တ ခါ . . . တောင် ကြီး မြို့ က - မေ မြို့ ထက် ပို အေး တဲ့ " သ ဘော တ ရား " အ တိုင်း ပါ ဘဲ ။ မ န္တ လေး က မြေ ပြန့် / မေ မြို့ က ပေ ၃၀၀၀ ကျော် / တောင် ကြီး မြို့ က ပေ ၄၀၀၀ ကျော် မြင့် ပါ တယ် ။ အ ပေါ် ပို မြင့် လေ လေ . . . ပို အေး လေ လေ ဖြစ် ပါ တယ် ။ လေ ယာဉ် ပျံ က - အ မြင့် ပေ " တစ် သောင်း " အ ထက် က နေ / တ ချို့ " ပေ သုံး သောင်း " ကျော် မှာ ပျံ ကြ တာ လေ ။ ဒါ ကြောင့် . . . " ပျံ သန်း နေ စဉ် " လေ ယာဉ် အ ပြင် ဘက် မှာ အ ပူ ချိန် က - အ တော် လေး အေး နေ တာ ပါ ။
.
ရာ သီ ဥ တု က လည်း - ဆောင်း နဲ့ မိုး / နေ နဲ့ ဝေး တဲ့ - " မ နက် / ည နေ / ည " အ ချိန် တွေ မှာ . . . လေ ယာဉ် ပေါ် ရေ ခဲ တာ ဖြစ် ရိုး ဖြစ် စဉ် ပါ ။ နေ နဲ့ အ လွန် ဝေး တဲ့ - မြောက် နဲ့ တောင် ဝန်း ရိုး စွန်း ဒေ သ တွေ ရယ် . . . " အီ ကွေ တာ " နဲ့ ဝေး တဲ့ တောင် / မြောက် လ တ္တီ ကျူ့ တွေ မှာ ဆို - လေ ယာဉ် ပေါ် " တ နှစ် ပါတ် လုံး " ရေ ခဲ လေ့ ရှိ တာ ပါ ။ ပုံ ( ၁ )
.
လေ ယာဉ် တစ် စင်း လုံး ရေ ခဲ တွေ ဖုံး နေ ပါ စေ . . . ရေ ခဲ လို့ မ ဖြစ် တဲ့ " အ လွန် အ ရေး ကြီး တဲ့ " နေ ရာ တွေ ရှိ ပါ တယ် ။
( ၁ ) လေ ယာဉ် ဦး ခေါင်း ဘေး က - ပြွန် ချောင်း ငယ် များ ( Pitot Tubes ) / ပျား အုံ လို အ ပေါက် ငယ် လေး များ အုပ် စု ( Static Ports ) / ကန့် လန့် အ တက် ငယ် လေး ( Angle of Attack )
( ၂ ) လေ ယာဉ် မှူး တွေ ရှေ့ က - လေ ကာ မှန် များ ( Windshields )
( ၃ ) လေ ယာဉ် အ တောင် ပံ ရှေ့ ခြမ်း များ ( Wing Leading Edges )
( ၄ ) အင် ဂျင် အ ဝင် ဝ နှုပ် ခမ်း ( Engine Cowl L.E.'s )
မှာ ရေ ခဲ ရင် တ ကယ့် ပြ ဿ      နာ ပါ ။
.
လေ ယာဉ် ပျံ သန်း နေ စဉ် . . .
( ၁ ) Pitot Tube တွေ အ ထဲ ဝင် ရောက် တဲ့ " လှုပ် ရှား ဖိ အား " ( Dynamic pressure ) က နေ - လေ ယာဉ် ရဲ့ အ မြန် နှုံး ( Airspeed ) ကို ကွန် ပြူ တာ က တွက် ချက် ပေး ပါ တယ် ။ ဒီ ပြွန် ချောင်း အ ဝ နဲ့ အ ထဲ မှာ ရေ ခဲ ပြီး " အ ပေါက် ကို ဆို့ " သွား ပြီ ဆို ရင် - ရ ရှိ မဲ့ အ ချက် အ လက် ( Data ) တွေ က မ မှန် တော့ ပါ ။ မှား နေ တဲ့ Data ကို ကွန် ပြူ တာ ထဲ ထည့် တွက် တော့ - အ မှား တွေ ဘဲ ထွက် လာ မှာ ပေါ့ ။
လေ ယာဉ် အ မြန် နှုံး ( Air speed ) က အ ထူး အ ရေး ကြီး ပါ တယ် ။ ဒီ အ မြန် နှုံး ကြောင့် - လေ ယာဉ် ပျံ နေ နိုင် တာ ပါ ။ အ လွယ် ပြော ရ ရင် . . . မြန် လေ အ ပေါ် ကို ပို တက် နိုင် လေ / နှေး လေ လေ . . . အောက် ကို လျှော ကျ လေ ပေါ့ ။
.
Static port တွေ က - လေ ယာဉ် အ ပြင် ဘက် က " ဖိ အား " ( Static pressure ) နဲ့ အ လုပ် လုပ် ပါ တယ် ။ အ ပေါ် " အ မြင့် " ကို ရောက် လေ လေ . . . ဖိ အား က ကျ ဆင်း လေ လေ ဖြစ် ပါ တယ် ။ အ တွင်း မှာ ရှိ တဲ့ " အ လွာ ပါး " ( Diaphragm ) ပေါ် ဖိ လာ တဲ့ " ဖိ အား " ကို လိုက် ပြီး - ပင် လယ် ရေ ပြင် အ ထက် " အ မြင့် ပေ " ဘယ် လောက် မှာ ရှိ နေ တယ် ဆို တာ - တွက် ချက် ရ တာ ပါ ။ ဒီ အ ပေါက် ငယ် လေး တွေ မှာ ရေ ဝင် ပြီး / ရေ ခဲ တွေ ဆို့ သွား ရင် - လေ ယာဉ် ဘယ် လောက် မြင့် နေ တယ် ဆို တာ " မ မှန် ကန် နိုင် " တော့ ပါ ။ အောက် က မြေ ပြင် ( သို့ ) ပင် လယ် ပြင် နဲ့ ဘယ် လောက် အ ကွာ မှာ ရှိ တယ် ဆို တာ ကို " မ သိ ရင် " - အ န္တ ရာယ် ဘဲ ပေါ့ ။
.
Angle of Attack က လေ ယာဉ် ဘေး မှာ - တ ချိန် လုံး " အ ပေါ် နဲ့ အောက် " လှုပ် ရှား နေ တာ ပါ ။ ဒီ အ တက် ငယ် လေး အ နေ အ ထား " အ ပေါ် ထောင် / အောက် ဆိုက် " ကို တွက် ချက် ပြီး . . . လေ ယာဉ် ဦး ခေါင်း - အ ပေါ် မော့ နေ သ လား ? လေ ယာဉ် ဖင် ထောင် နေ သ လား ? ကို တွက် ချက် တာ ပါ ။ ဒီ အ တက် က လေး ရဲ့ ဝန် ရိုး မှာ - ရေ ခဲ တွေ ကပ် ပြီး " ကြပ် သွား လို့ " မ လှုပ် ရှား နိုင် တော့ ရင် . . . လေ ယာဉ် အ ပေါ် ကို တက် နေ တာ လား ? အောက် ကို ထိုး ဆင်း နေ တာ လား ? "  Aircraft Orientation " ကို မ သိ နိုင် တော့ ပါ ။ ပြ ဿ      နာ အ ကြီး ကြီး ပါ ။
.
အ ပေါ် မှာ ဖေါ် ပြ ထား တဲ့ " ကိ ရိ ယာ တွေ " ကောင်း မွန် စွာ အ လုပ် လုပ် နိုင် ဘို့ - သူ တို့ ကို ရေ ခဲ လို့ မ ဖြစ် ပါ ။ သူ တို့ ဆီ က ရ တဲ့ အ ချက် အ လက် Data တွေ ကို လေ ယာဉ် ကွန် ပြူ တာ ထဲ မှာ ထည့် တွက် / လေ ယာဉ် ရဲ့ " အ ခြေ အ နေ နဲ့ အ နေ အ ထား " တွေ ကို - လေ ယာဉ် မှူး ( ၂ ယောက် ) ရှေ့ က ဒိုင် ခွက် ( Instrument Displays ) တွေ မှာ ထုတ် ပြ တာ ဖြစ် ပါ တယ် ။ လေ ယာဉ် မှူး ( ၂ ယောက် ) က - ဒါ တွေ ကို ကြည့် ပြီး - လေ ယာဉ် ကို ထိန်း ကြောင်း " Control " လုပ် ရ တာ ပါ ။ Auto-pilot လည်း - ဒီ Data တွေ အ ပေါ် မူ တည် ပြီး " ပျံ သန်း တာ " ဆို တော့ . . . မြင် ရ တဲ့ ( ရ ရှိ တဲ့ အ ချက် အ လက် တွေ ) က မှား နေ ပြီ ဆို မှ တော့ . . . " Lost control " ပေါ့ ဗျာ ။ ပုံ ( ၂ )
.
( ၂ ) လေ ယာဉ် ရဲ့ ရှေ့ လေ ကာ မှန် ( Windshields ) တွေ ဟာ - ပုံ မှန် အ ပူ ချိန် မှာ အ ထိ ခိုက် ခံ ( Durable ) ဖြစ် သော် လည်း / ရေ ခဲ လောက် တဲ့ " အ လွန် အေး တဲ့ အ ခြေ အ နေ " တွေ မှာ တော့ - ကျွတ် ဆပ် ( Brittle ) ဖြစ် လာ ပါ တယ် ။ ငှက် နဲ့ ဝင် တိုက် တာ မျိုး - တစ် ခု ခု နဲ့ ဆောင့် မိ ရင် " အ စိပ် စိပ် အ မွာ မွာ " ကြေ သွား နိုင် ပါ တယ် ။ ဒါ ကြောင့် . . . သူ တို့ ကို အ ပူ ပေး ထား ရ ပြီး / မှန် ပေါ် မှာ ရေ ခဲ လို့ မ ဖြစ် ပါ ။
.
( ၃ ) လေ ယာဉ် အ တောင် ပံ မှာ ရေ ခဲ ရင် လည်း - အ ထူး သ ဖြင့် ရှေ့ ဘက် ခြမ်း Leading Edge တွေ မှာ ရေ ခဲ လို့ မ ဖြစ် ပါ ။ လေ ယာဉ် အ တောင် ပံ တွေ ရဲ့ ပုံ သ ဏ္ဌန် ( Aerofoil shape ) ကြောင့် - လေ ယာဉ် က လေ ထဲ မှာ ပျံ နိုင် တာ ပါ ။ အ တောင် ပံ ပေါ် ရေ လာ ခဲ လို့ " ပုံ သ ဏ္ဌန် ပျက် သွား ပြီ " ဆို မှ တော့ . . . ( a ) လေ ယာဉ် ကို ပင့် တင် အား " Lift " လျော့ ကျ သွား သ လို ( b ) လေ ကို ခွင်း ရ တဲ့ ခု ခံ မှု " Drag " က များ လာ ပါ တယ် ။ ပို ဆိုး တာ က - အ တောင် ပံ တ ဘက် နှင့် တ ဘက် " မ ညီ မျှ တဲ့ " ရေ ခဲ မှု ပါ ဖြစ် လာ တော့ . . . မ တူ ညီ တဲ့ " Drag " ကြောင့် / လေ ယာဉ် က တ ဘက် ဘက် ကို ဆွဲ တော့ မှာ ပါ ။ Flight control အ ပေါ် သက် ရောက် မှု ရှိ လာ တယ် ပေါ့ ။ ပုံ ( ၄ )
.
( ၄ ) အင် ဂျင် အ ဝင် ဝ ( Engine Intake ) မှာ ရေ ခဲ တာ ကို ကြည့် ရ အောင် ပါ ။
( a ) ရေ ခဲ တုံး တွေ ဟာ - အ ရည် မ ပျော် ခင် တ လျှောက် လုံး " Fan " နဲ့ " Compressor blade " တွေ ကို ရိုက် ခပ် ဖျက် ဆီး သွား ပါ တယ် ( Downstream damages )
( b ) လေ ကို စုပ် သွင်း ရာ မှာ " ရေ ခဲ မှုန် " တွေ ရော နှော ပါ ဝင် နေ လို့ - " Fan " နဲ့ " Compressor " ရဲ့ စွမ်း ဆောင် နိုင် ရည် လျော့ ကျ ပါ တယ် ( Low efficiency )
( c ) အင် ဂျင် " ဝင် ပေါက် " အ ဝ မှာ ရေ ခဲ ထု ရှိ လာ လို့ - ဝင် ရောက် နိုင် တဲ့ " လေ ပ မာ ဏ " လျော့ ကျ သွား ပါ တယ် ( Reduced airflow ) / Rich fuel - High EGT ( Exhaust Gas Temperature ) ပေါ့ ။
( d ) အင် ဂျင် အ ခြေ အ နေ ကို ခံ စား ထောက် လှမ်း တဲ့ " Sensor " လေး တွေ မှာ - ရေ ခဲ ပြီး ပိတ် ဆို့ လိုက် လို့ ရ ရှိ တဲ့ " အ ချက် အ လက် " တွေ က မှား ယွင်း ကုန် ပါ ပြီ ( Mislead sensors )
ဒီ အ ချက် အ လက် တွေ ကို - ရှေ့ က Instrument display တွေ မှာ ကြည့် ပြီး / Pilot တွေ က အင် ဂျင် ကို ထိန်း ချုပ် " Control " လုပ် ရ တာ ဖြစ် ပါ တယ် ။ မှား ယွင်း ခဲ့ ပြီ ဆို ရင် - အင် ဂျင် ရပ် တန့် ( Shutdown ) ဖြစ် သွား ခြင်း / မီး လောင် ပျက် စီး ခြင်း တွေ ဖြစ် လာ မှာ ပါ ။ ပုံ ( ၃ )
.
ဒီ လို . . . ရေ ခဲ ဖြစ် ပေါ် မှု တွေ ကို - ကြို တင် တား ဆီး တဲ့ စ နစ် ( System ) တွေ / လေ ယာဉ် ပေါ် မှာ တပ် ဆင် ထား ပါ တယ် ။
( 1 ) Aircraft anti-icing system
( 2 ) Aircraft de-icing system
( နောက် Post မှာ ဖတ် ပါ )

Credit..Tint Naing
https://m.facebook.com/story.php?story_fbid=1422544854488455&id=100001988622790