Thursday, May 25, 2017

Air Space


နိုင်ငံတကာရဲ့ လေကြောင်းလောက Aviation Field မှာ ပျံသန်းရန်လမ်းကြောင်း air route  လေကြောင်းဆိုင်ရာနယ်မြေ air space တွေ
ဆိုပြီးသတ်မှတ်ထားတာရှိပါတယ်။
မြန်မာနိုင်ငံလည်း ICAO အဖွဲ့ဝင်အဖြစ်လက်
မှတ်ရေးထိုးထားတဲ့နိုင်ငံဖြစ်လို့ICAO ရဲ့သတ်
မှတ်ချက်များအတိုင်း air route တွေ air space တွေသတ်မှတ်ထုတ်ပြန်ထားတာရှိပါတယ်။ မကြာသေးခင်ကမှ ထပ်တိုးထားတဲ့ air route တွေလည်းရှိပါတယ်။

Air space တွေထဲမှာ အဓိကကျတဲ့ သုံးမျိုးက
တော့
တားမြစ်နယ်မြေ Prohibited Area (P)
ကန့်သတ်နယ်မြေ Restricted Area (R)
အန္တရာယ်ရှိသောနယ်မြေ Danger Area (D) ဆိုပြီးရှိပါတယ်။

အရှေ့မှာတော့ မြန်မာနိုင်ငံရဲ့
Location Indicator အရ Nationality သတ်မှတ်ချက်ဖြစ်တဲ့ (VY)ကို ထည့်ရေးပါတယ်။
(ဥပမာ အန္တရာယ်ရှိသောနယ်မြေ နံပါတ် ၁၀ ဆိုရင် VY-D10 လို့ကြေညာပါတယ်)
အတိုကောက်အနေနဲ့ D10လို့ခေါ်ပါတယ်။
လေကြောင်းလမ်းတွေအတွက် သတ်မှတ်ထားတဲ့နယ်မြေဖြစ်လို့မြေမျက်နှာပြင်(ရေပြင် မြေ
ပြင်)နဲ့ဆက်စပ်တိုင်းတာတဲ့ ဧရိယာ သတ်မှတ်ချက်ရှိပါမယ်။
အမြင့်ပေအရ အနိမ့်ဆုံးသတ်မှတ်ချက် အမြင့်
ဆုံးသတ်မှတ်ချက် တို့ ထည့်သွင်းသတ်မှတ်ပါတယ်။

Danger Area တွေကတော့
ဒီဧရိယာ နယ်မြေထဲကို ဖြတ်ကျော်ပျံသန်းရင် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးအတွက် သတ်မှတ်ထားတာပါ။ဧရိယာသတ်မှတ်ချက်
အပြင် ဒီဧရိယာ အသက်ဝင် (active) ဖြစ်နေတဲ့ နေ့ရက်အချိန်တွေကိုပါထုတ်ပြန်ပါတယ်။ ဧရိယာသတ်မှတ်ချက်ကိုတော့ ကြိုတင်ကြေညာထားပြီး နေ့ရက်အချိန်ကိုတော့ NOTAM
(Notice To Air Men လေကြောင်းလောကနှင့်စပ်ဆိုင်သည့် လူများသို့ အကြောင်းကြားသည့် အရေးကြီးထုတ်ပြန်ချက်)ထုတ်ပြန်ပြီး
ကြေညာပါတယ်။
Restricted Area တွေကတော့ ကန့်သတ် ထားတဲ့နယ်မြေတွေဖြစ်ပါတယ်။ ဒီနယ်မြေထဲကို ဘယ်ကာလကစပြီး ဘယ်ကာလကြား အမြင့်ပေ အနှိမ့်ဆုံးဘယ်လောက်က အမြင့်ဆုံးဘယ်လောက်ကြား ဆိုပြီးသတ်မှတ်ပါတယ်။
အန္တရာယ်ကြုံတဲ့အခြေအနေတွေ အရေးပေါ်အခြေအနေတွေ သက်ဆိုင်ရာလေကြောင်းအာဏာပိုင်အဖွဲ့က အကန့်အသတ်နဲ့ ခွင့်ပြုပေးရင် ဖြတ်ကျော်ပျံသန်းလို့ ရပေမယ့် ကျန်အခြေအနေတွေမှာ ဝင်ရောက်လို့မရပါ။ Danger Area တွေလိုပါပဲ ဧရိယာသတ်မှတ်ချက် အပြင်
အသက်ဝင်တဲ့ နေ့ရက်အချိန်တို့ကိုပါ ထုတ်ပြန်ပါတယ်။

နောက်တစ်ခုကတော့ အရေးကြီးပါတယ်။
တားမြစ်နယ်မြေပါ။
သတ်မှတ်ထားတဲ့ ဧရိယာမှာ သတ်မှတ်ထားတဲ့ အမြင့်ပေအတိုင်း ဘယ်သူမှဖြတ်ကျော်ပျံသန်းဖို့ ခွင့်ပြုချက်မရှိပါဘူး။
တစ်နိုင်ငံနဲ့တစ်နိုင်ငံ သတ်မှတ်တဲ့နေရာ သတ်မှတ်တဲ့ပုံစံမတူပါဘူး။
နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး မဟာဗျူဟာစီမံကိန်းတွေအရ သတ်မှတ်ကြပါတယ်။
လေကြောင်းကနေအလွယ်တကူ ဝင်ရောက်တိုက်ခိုက် နှောင့်ယှက်တာတွေက ကာကွယ်ဖို့ အရေးကြီးအချက်အခြာမြေတွေကို ဖြတ်ကျော်ပျံသန်းခွင့် တားမြစ်ကန့်သတ်ကြပါတယ်။
လုံခြုံရေးကောင်းပါတယ်ဆိုတဲ့ အမေရိကန်မှာတောင် 9/11ဖြစ်စဉ်တုန်းက ပျက်စီးဆုံးရှုံးမှုများခဲ့ပါတယ်။
သမ္မတအိမ်တော်
လွှတ်တော်အဆောက်အဦ
စစ်ဌာနချုပ်
နိုင်ငံတော်ရုံးစိုက်ရာမြို့
တန်ဖိုးထားကိုးကွယ်ရာနေရာ
ရှေးဟောင်းနယ်မြေနေရာ
နျူးကလီးယာ ဓာတ်ပေါင်းဖို
ပင်မလျှပ်စစ်ထုတ်စက်ရုံ
စတာတွေကို နိုင်ငံအလိုက် သင့်တော်သလို သတ်မှတ်ထားကြပါတယ်။
မြန်မာနိုင်ငံမှာလည်းသတ်မှတ်ထားတာတွေရှိပါတယ်။
လူသိများတဲ့ ဧရိယာကတော့
VY-P5ဆိုတဲ့ ရန်ကုန်ကတားမြစ်နယ်မြေပါ။
P5 area က ဘာတွေကို ကာကွယ်ထားလဲဆိုတော့
ရွှေတိဂုံဘုရား
Yangon Down Town
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
ရန်ကုန်တိုင်းစစ်ဌာနချုပ်
စတာတွေပါ ဝင်ပါတယ်။
လုံးဝဖြတ်ကျော်ပျံသန်းခွင့်မပြုထားပါဘူး။

နောက်ပြီးတော့ ရန်ကုန်လေယာဉ်ကွင်းရဲ့အနေအထားကို ပြောပြချင်ပါတယ်။
မင်္ဂလာဒုံလေဆိပ်လို့သိကြပေမယ့် တည်နေရာက မင်္ဂလာဒုံ အင်းစိန် မရမ်းကုန်း မြို့နယ်သုံးခုဆုံတဲ့နေရာနဲ့ပိုနီးပါတယ်။
ပြေးလမ်းတည်ရှိပုံက  034° ရှေ့မြောက်ယွန်းယွန်း နဲ့ 214°အနောက်တောင်ယွန်းယွန်း ဆက်ဆွဲထားတာပါ။
ကွင်းမဆောက်ခင် မြေအနေအထားရွေးချယ်ကတည်းက အများဆုံးနဲ့ အဖြစ်နိုင်ဆုံး လေတိုက်ရာလမ်းကြောင်း လေစုန် လေဆန်(Down Wind & Up Wind ) တွက်ချက်ထားတာပါ။ အဲ့ဒါမှ အဆင်း အတက်လွယ်ကူမှာပါ။

ဒါပေမယ့်ချွင်းချက်အနေနဲ့
မိုးရာသီမှာ လေတိုက်ရာအရပ်က 310° အနောက်မြောက်ယွန်းယွန်းကနေ အရှေ့တောင်ယွန်းယွန်းကို ပြောင်းလဲတိုက်ခတ်တတ်ပါတယ်။ပြေးလမ်းအနေအထားနဲ့ဆိုရင် ကန့်လန့်ဖြတ် Cross Wind တိုက်တဲ့အနေအထားဖြစ်ပါ
တယ်။ လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။နောက်ပြီးကွင်းတစ်ဝိုက်မှာ ရုတ်တရက်
လေပြင်းဆောင့်တိုက်ခြင်း Gust Wind တွေရှိ
နေတတ်ပါတယ် ။ ပုံမှန်လေတိုက်နှုန်း တစ်နာရီ ၁၅မိုင် ကနေ တစ်နာရီ ၃၀မိုင်လောက်ထိရုတ်တရက်ပြောင်းလဲတိုက်ခတ် တတ်ပါတယ်။
လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။
နောက်ပြီး  Pilot ဒုက္ခပေးနိုင်တဲ့ မိုးတိမ်တောင် ( Cumulonimbus Cloud) တွေ မိုးရာသီမှာဖြစ်တတ်ပါတယ်။
တိမ်အောက်ခြေအမြင့်ကလည်း မြေပြင်က ပေ၂၀၀၀နဲ့ ၂၅၀၀ကြားမှာရှိတတ်ပါတယ်။ 
လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။
ရန်ကုန်မိုးဆိုတာကလည်း ဝုန်းဝုန်းဒိုင်းဒိုင်း
သည်းသည်းမဲမဲ ရွာတတ်တဲ့အမျိုးပါ။ Heavy Rain တွေ Rain with Thunder Strom တွေခဏခဏဖြစ်တတ်ပါတယ်။ မြင်ကွင်းမရှင်းတာ Low Visibility ပြေးလမ်းချော်တာ တွေ ပြေးလမ်းမမြင်ရတာတွေဖြစ်နိုင်ပါတယ်။
လေယာဉ်တွေအတွက် အန္တရာယ်ရှိပါတယ်။
ဒါကရန်ကုန်ကွင်းရဲ့ မိုးရာသီဖြစ်လေ့ဖြစ်ထရှိတာတွေပါ။
ရန်ကုန်လေယာဉ်ကွင်းကမြန်မာနိုင်ငံမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေထဲက ခရီး
သည်အများဆုံး လေယာဉ် အဆင်းအတက် အများဆုံး ကွင်းဖြစ်ပါတယ်။
ရန်ကုန်လေယာဉ်ကွင်းကတက်ရင် အများအားဖြင့် ပြေးလမ်း runway 21ဖက်ကတက်တာများပါတယ်။ 214°ကို ဦးတည်ပြီးပျံတက်မှာဖြစ်တဲ့အတွက် 21လို့ခေါ်တာပါ။
ဒီပြေးလမ်းကနေတက်တက်ချင်း ဘယ်ကိုချိုးကွေ့လိုက်ရင် အပေါ်မှာပြောတဲ့ P5ထဲကိုရောက်သွားမှာပါ။ ပုံမှန်အားဖြင့် controller တွေ က departure instruction ပေးရင် " after departure , trun right ---° " ဆိုပြီးပေးလေ့ရှိပါတယ်။
အပေါ်မှာပြောတဲ့ ရာသီဥတုဆိုးတဲ့ အခြေအနေမှာဆိုရင် ဘေးကြပ်နံကြပ်ဖြစ်ပါတယ်။
ရာသီဥတုမကောင်းရင် တက်မယ့်လေယာဉ်လည်းခက်ပါတယ်။
ဆင်းမယ့်လေယာဉ်လည်း ခက်ပါတယ်။ ရုတ်တရက်ဆင်းခွင့်မရသေးရင် hold ထားမယ့်နေရာကို ပြန်သွားရတာလည်းခက်ပါတယ်။

အခုခေတ် မြန်မာနိုင်ငံက စီးပွားရေးအခွင့်အလမ်းတွေ ပွင့်နေပြီးတော့ ပြင်ပရင်းနှီးမြုပ်နှံမှုတွေလည်းတိုးလာတဲ့ အခြေအနေပါ။နောက်ဆက်တွဲအနေနဲ့  လေကြောင်းလိုင်းအသစ်တွေ တိုးလာမယ် ။ ရှိပြီးသားလေကြောင်းလိုင်းတွေကလည်း လေယာဉ်အစင်းများစွာ ထပ်မံဖြည့်တင်းမယ်။
နိုင်ငံတကာကလည်း တိုက်ရိုက်ပျံသန်းနိုင်တဲ့ လေကြောင်းလိုင်းတွေဝင်ရောက်လာမယ်။ ဖြတ်ကျော်ပျံသန်းမှုတွေများလာမယ်။

နောက်တစ်ခုဝေမျှချင်တာက
ကျွန်တော် Work Shop တစ်ခုသွားတက်တုန်းက Knowledge လေးပါ။
FUA လို့ခေါ်တဲ့ Flexible Use of Airspace လို့ခေါ်ပါတယ်။ ဘာတွေဆွေးနွေးကြလည်းဆိုတော့ မြန်မာနိုင်ငံရဲ့ Air Space အခြေအနေတွေ အခြားနိုင်ငံတွေရဲ့ Air Space သုံးသပ်ချက်တွေ ပါပါတယ်။
ရည်ရွယ်ချက်က နိုင်ငံရဲ့ပြည်ပဝင်ငွေဖြစ်တဲ့
လေကြောင်းပျံသန်းခြင်းတွေမှာ အကျိုးဖြစ်ထွန်းနိုင်မယ့် Air Space တွေကို စနစ်တကျ အကျိုးရှိရှိ သတ်မှတ်ရေးဆွဲ အသုံးချနိုင်ရေးအတွက်ပဲဖြစ်ပါတယ်။ မလိုအပ်တဲ့
Air Space တွေ လျှော့ချမယ်။
လိုအပ်တဲ့ Air Space တွေအတွက်
နေ့ရက် အချိန် ဧရိယာတွေကို လုံခြုံရေးအမြင်အရကော စီးပွားရေးအမြင်အရကော အတတ်နိုင်ဆုံး
ညှိနှိုင်းအဖြေရှာပြီး ပြင်ဆင်ရေးဆွဲကြမယ်။ ဒါတွေဆွေးနွေးကြပါတယ်။ နောက်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ လေကြောင်းလောကမှာ လုံခြုံရေးကော စီးပွားရေးကော မျှတွေးပြီး ပိုမိုတိုးတက်ကောင်းမွန်အောင်
ကောင်းသထက်ကောင်းအောင် ဆောင်ရွက်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။

ကျွန်တော်ရေးတာနဲနဲရှည်သွားပါတယ်။
စာရေးဆရာ မဟုတ်တော့ စကားလုံးအသုံးအနှုံးတွေ၊စာအထားအသိုတွေ မကောင်းပါဘူးဗျာ။စာလည်းဖတ်ရတာလေးမှာစိုးလို့ တတ်နိုင်သလောက်ပေါ့အောင် ဆားမခပ်ပဲရေးလိုက်ပါတယ်။

Internet က ရှာဖွေထားတာတွေဖြစ်လို့
မှားယွင်းတာတွေရှိရင်လည်း တောင်းပန်ပါတယ်။
ကျေးဇူးလည်းတင်ပါတယ်။

CarToon ဗဟုသုတဝေမျှသည်

source : google images
              :  wikipedia
photo credit Aye Chan Maung Maung

Thursday, December 22, 2016

Airports in Myanmar

မြန်မာနိုင်ငံရှိ လေဆိပ်များစာရင်း
အပြည်ပြည်ဆိုင်ရာ လေဆိပ်များ

မန္တလေးမြို့ / တံတားဦးမြို့ မန္တလေးတိုင်းဒေသကြီး VYMD MDL မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် 21°42′07″N 095°58′40″E / 21.70194°N 95.97778°E

ရန်ကုန်မြို့ ရန်ကုန်တိုင်းဒေသကြီး VYYY RGN ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် 16°54′26″N 096°07′59″E / 16.90722°N 96.13306°E
နေပြည်တော် နေပြည်တော် ပြည်ထောင်စုနယ်မြေ VYNT NYT နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် (အေလာ လေဆိပ်) 19°37′24″N 096°12′03″E / 19.62333°N 96.20083°E

ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်(တည်ဆောက်ဆဲ) 17°18′4″N 096°25′41″E / 17.30111°N 96.42806°E

ပြည်တွင်းလေဆိပ်များ

အနီးစခန်း မန္တလေးတိုင်းဒေသကြီး VYAS အနီးစခန်းလေဆိပ် 21°57′19″N 096°24′21″E / 21.95528°N 96.40583°E

အမ်းမြို့ ရခိုင်ပြည်နယ် VYAN အမ်းလေဆိပ် 19°46′08″N 094°01′34″E / 19.76889°N 94.02611°E

ပုဂံ / ညောင်ဦးမြို့ မန္တလေးတိုင်းဒေသကြီး VYBG NYU ညောင်ဦးလေဆိပ် 21°10′43″N 094°55′48″E / 21.17861°N 94.93000°E

ဗန်းမော်မြို့ ကချင်ပြည်နယ် VYBM BMO ဗန်းမော်လေဆိပ် 24°16′15″N 097°14′49″E / 24.27083°N 97.24694°E

ဘုတ်ပြင်းမြို့ တနင်္သာရီတိုင်းဒေသကြီး VYBP ဘုတ်ပြင်းလေဆိပ် 11°16′N 098°46′E / 11.267°N 98.767°E

ကိုကိုးကျွန်း ရန်ကုန်တိုင်းဒေသကြီး VYCI ကိုကိုးကျွန်းလေဆိပ် 14°08′29″N 093°22′06″E / 14.14139°N 93.36833°E

ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး VYDW TVY ထားဝယ်လေဆိပ် 14°06′13″N 098°12′13″E / 14.10361°N 98.20361°E

ဂန့်ဂေါမြို့ မကွေးတိုင်းဒေသကြီး VYGG GAW ဂန့်ဂေါလေဆိပ် 22°10′29″N 094°08′04″E / 22.17472°N 94.13444°E

ဂွမြို့ ရခိုင်ပြည်နယ် VYGW GWA ဂွ လေဆိပ် 17°36′N 094°35′E / 17.600°N 94.583°E

ဟဲဟိုးမြို့ ရှမ်းပြည်နယ် VYHH HEH ဟဲဟိုး လေဆိပ် 20°44′49″N 096°47′31″E / 20.74694°N 96.79194°E

ဟုမ္မလင်းမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYHL HOX ဟုမ္မလင်း လေဆိပ် 24°53′58″N 094°54′50″E / 24.89944°N 94.91389°E

ဘားအံမြို့ ကရင်ပြည်နယ် VYPA PAA ဘားအံ လေဆိပ် 16°53′37″N 097°40′28″E / 16.89361°N 97.67444°E

ဖာပွန်မြို့ ကရင်ပြည်နယ် VYPP PPU ဖာပွန် လေဆိပ် 18°04′N 097°27′E / 18.067°N 97.450°E

ကလေးမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYKL KMV ကလေးမြို့ လေဆိပ် 23°11′19″N 094°03′03″E / 23.18861°N 94.05083°E

ကော့သောင်းမြို့ တနင်္သာရီတိုင်းဒေသကြီး VYKT KAW ကော့သောင်းလေဆိပ် 10°02′57″N 098°32′16″E / 10.04917°N 98.53778°E

ကျိုင်းတုံမြို့ ရှမ်းပြည်နယ် VYKG KET ကျိုင်းတုံလေဆိပ် 21°18′05″N 099°38′09″E / 21.30139°N 99.63583°E

ခန္တီးမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYKI KHM ခန္တီးလေဆိပ် 25°59′18″N 095°40′28″E / 25.98833°N 95.67444°E

ကျောက်ဖြူမြို့ ရခိုင်ပြည်နယ် VYKP KYP ကျောက်ဖြူလေဆိပ် 19°25′35″N 093°32′05″E / 19.42639°N 93.53472°E

ကျောက်ထုမြို့ မကွေးတိုင်းဒေသကြီး VYKU KYT ကျောက်ထုလေဆိပ် 21°24′45″N 094°08′31″E / 21.41250°N 94.14194°E

ကျောက်ထုမြို့ မကွေးတိုင်းဒေသကြီး VYXG Kyauktu South Airport 21°24′26″N 094°07′31″E / 21.40722°N 94.12528°E

လမ်းရွာ မကွေးတိုင်းဒေသကြီး VYLY လမ်းရွာလေဆိပ် 20°56′25″N 094°49′21″E / 20.94028°N 94.82250°E

လားရှိုးမြို့ ရှမ်းပြည်နယ် VYLS LSH လားရှိုးလေဆိပ် 22°58′40″N 097°45′07″E / 22.97778°N 97.75194°E

လွိုင်ကော်မြို့ ကယားပြည်နယ် VYLK LIW လွိုင်ကော်လေဆိပ် 19°41′29″N 097°12′53″E / 19.69139°N 97.21472°E

မကွေးမြို့ မကွေးတိုင်းဒေသကြီး VYMW MWQ မကွေးလေဆိပ် 20°09′56″N 094°56′28″E / 20.16556°N 94.94111°E

မာန်အောင်မြို့ ရခိုင်ပြည်နယ် VYMN MGU မာန်အောင်လေဆိပ် 18°50′45″N 093°41′20″E / 18.84583°N 93.68889°E

မန္တလေးမြို့ မန္တလေးတိုင်းဒေသကြီး VYCZ မန္တလေးချမ်းမြသာစည်လေဆိပ် 21°56′25″N 096°05′22″E / 21.94028°N 96.08944°E

မော်လမြိုင်မြို့ မွန်ပြည်နယ် VYMM MNU မော်လမြိုင်လေဆိပ် 16°26′41″N 097°39′38″E / 16.44472°N 97.66056°E

မိုးမိတ်မြို့ ရှမ်းပြည်နယ် VYMO MOE မိုးမိတ်လေဆိပ် 23°05′33″N 096°38′42″E / 23.09250°N 96.64500°E

မိုင်းတုံမြို့ ရှမ်းပြည်နယ် VYMT MGK မိုင်းတုံလေဆိပ် 20°17′48″N 098°53′56″E / 20.29667°N 98.89889°E

မိုင်းဆတ်မြို့ ရှမ်းပြည်နယ် VYMS MOG မိုင်းဆတ်လေဆိပ် 20°31′00″N 099°15′24″E / 20.51667°N 99.25667°E

မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး VYMY မုံရွာလေဆိပ် 22°14′N 095°07′E / 22.233°N 95.117°E

မြိတ်မြို့ တနင်္သာရီတိုင်းဒေသကြီး VYME MGZ မြိတ်လေဆိပ် 12°26′23″N 098°37′17″E / 12.43972°N 98.621

Wednesday, December 7, 2016

Aorplane mode

ဘာလို့ သင့်ဖုန်းကို လေယာဉ်မှာ ပါဝါ ပိတ်ခိုင်းသလဲ???

မြန်မာလေယာဉ်စီးရင် ဖုန်းကို ပါဝါပိတ်ထားပေးဖို့ ပြောတာကတော့ Air Plane Mode ထားပါလို့ ပြောရင် မြန်မာခရီးသည်များ ဖုန်းနဲ့ သိပ်မရင်းနှီးတာကြောင့် မလုပ်တတ်မှာစိုးလို့ ဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတကာ လေယာဉ်စီးရင်တော့ Turn off the phone or Turn Air Plane Mode on လို့ပြောပါလိမ့်မယ်။ ဖုန်းပိတ်ရင်ပိတ်ထားပါ သို့မဟုတ် Air Plane Mode ထားပါလို့ ပြောခြင်း ဖြစ်ပါတယ်။ ဒီတော့ Air Plane Mode ဆိုတာ ဘာလဲ..
-
လေယာဉ်တက်တဲ့အခါဖြစ်ဖြစ်၊ ဆင်းတဲ့အခါ ဖြစ်ဖြစ် လေယာဉ်ဟာ Traffic Control Center လို့ခေါ်တဲ့ လေယာဉ်လမ်းကြောင်း ဆိုင်ရာ သတင်းပေး ဌာနနဲ့ ဆက်သွယ်ရပါတယ်။ ယင်းသို့ ဆက်သွယ် ပြောဆိုမှုမှာ အကယ်၍ လွတ်ချော်မှု ရှိရင် အမှားအယွင်းရှိနိုင်ပြီး မပြောကောင်း မဆိုကောင်း လေယာဉ်တိမ်းမှောက်မှုအထိ ဖြစ်နိုင်ပါတယ်။ လေယာဉ်မှာပါတဲ့ ဆက်သွယ်ရေး ကိရိယာက လွတ်တဲ့ အီလက်ထရောနစ် ရေဒီယိုလိုင်းက Control Center ကို သွားခြင်း ဖြစ်ပါတယ်။
-
အကယ်၍ အဲ့ဒီအချိန်မှာ မိမိဖုန်းက Air Plane Mode သို့မဟုတ် ပါဝါသာ ပိတ်မထားရင် ဖုန်းကထွက်တဲ့ Signal ဟာ လေယာဉ်ကထွက်တဲ့ Signal နဲ့ သွားညှိနိုင်ပြီး လေယာဉ်ရဲ့ ဆက်သွယ်ရေး စနစ်ကို ထိခိုက်ပျက်ယွင်းစေပါတယ်။ ဒါကြောင့်မို့ မဖြစ်သင့်တဲ့ အက်ဆီးဒန့်များ ဖြစ်နိုင်ပါတယ်။
-
Air Plane Mode လုပ်ထားခြင်းက ရေဒီယို လိုင်းထွက်ရှိတဲ့ ပစ္စည်းမှန်သမျှကို ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ဘာတွေပါသလဲဆိုတော့ ဆယ်လူလာ၊ Mobile Data, GPS, LTE, Bluetooth, Wi Fi အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ Air Plane Mode လုပ်ထားရင် သီချင်းနားထောင်တာ၊ ဂိမ်းဆော့တာ၊ App သုံးတာတို့ လုပ်နိုင်ပါသေးတယ်။ ဆက်သွယ်ရေး လုပ်ဆောင်ချက်ကလွဲလို့ ကျန်တာ အကုန်လုပ်လို့ရပါတယ်။
-
ဖုန်းကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ bluetooth, mobile data, wi-fi အစရှိသဖြင့် ပါသမျှ ပစ္စည်းအားလုံးကို Air Plane Mode သို့မဟုတ် ပါဝါ ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီတော့ စမတ်နာရီများလည်း Air Plane Mode ပါဝင်တာကို မြင်တွေ့ ရမှာပါ။ ဒါကြောင့်မို့ နိုင်ငံတကာ လေယာဉ်လိုင်းတွေမှာ Turn off your electronic device or switch Air Plane Mode on ဆိုပြီးတော့ ပြောခြင်းပါ။ ဒီတော့ သူက အီလက်ထရောနစ် ပစ္စည်းမှန်သမျှကို ခြုံငုံပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။ ဒါက အကောင်းဆုံးပါ။ ဘာလို့လဲဆို အီလက်ထရောနစ် ပစ္စည်းတွေမှာ ဆက်သွယ်ရေး ကိရိယာတွေ ပါလို့ ဖြစ်ပါတယ်။
-
မိမိဖုန်းတစ်လုံး ဖွင့်ထားရုံနဲ့ ဘာမှ မဖြစ်ဘူးလို့ မထင်ပါနဲ့။ ဖုန်းရဲ့ ဆက်သွယ်ရေး ကိရိယာ သဘောတရားက ရှာလို့ ခက်လေလေ ပိုရှာလေလေ ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းဟာ အနီးစပ်ဆုံး ဖုန်းတာဝါတိုင်ကို ရှာဖွေဖို့အတွက် ပိုမို အားကောင်းတဲ့ Signal ကို ကြိုးစားလွင့်လေလေ ဖြစ်ပါတယ်။ ဒီတော့ လေယာဉ်ဆက်သွယ်ရေးကို ကြိမ်းသေထိခိုက်ပါတယ်။
-
ဒါပေမယ့် နိုင်ငံတကာ အဆင့်မြင့်လေယာဉ်တွေကတော့ လေယာဉ် အတက်နဲ့ အဆင်းမှာပဲ တားမြစ်ထားပြီး အမြင့်ပေ တစ်သောင်းကို ကျော်ရင် အားလုံး ပြန်ဖွင့်ခွင့်ပေးပါတယ်။ ဘာလို့လဲဆို အမြင့်ပေ တစ်သောင်းကျရင် အန္တရာယ်မရှိလို့ ဖြစ်ပါတယ်။ အဲ့ကျရင် အချို့လေယာဉ်မှာဆို ဝိုင်ဖိုင်ကနေ ဖျော်ဖြေရေး အစီအစဉ်များလွင့်ပေးပြီး မိမိရဲ့ ဖုန်း၊ ကွန်ပြူတာများကို Wi-Fi ဖွင့်လို့ ချိတ်ဆက်နားဆင်နိုင်ပါတယ်။ Singapore ရဲ့ ဈေးသက်သာ Silk Air မှာ ယခုလို လုပ်ပေးထားတာကို ကြုံဖူးပါတယ်။ ပြည်တွင်းလေယာဉ် အများစုကတော့ အဆင်းပဲ ဖြစ်ဖြစ် အတက်ပဲ ဖြစ်ဖြစ်၊ မိုးပေါ်မှာပဲ ဖြစ်ဖြစ် Air Plane Mode ကို အမြဲ on ထားစေပါတယ်။ ဒါက စိတ်အချရဆုံး အခြေအနေပါ။
-
ဒီတော့ မိမိရဲ့ ဖုန်းကို wi-fi, ဆယ်လူလာ သုံးခွင့် ရမရကို လေယာဉ်က လေယာဉ်မှူး၊ လေယာဉ်မယ်တို့ ကြေညာချက်ကို သေချာနားထောင်ပြီးတော့ သုံးပါ။ သူတို့က ဘယ်လိုဆို သုံးလို့ရတယ် မရဘူးလို့ပြောတကို လိုက်နာပေးဖို့ လိုအပ် ပါတယ်။ နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်တဲ့အခါ Air Plane Mode တောင် မလိုအပ်တော့ကြောင်း ပြောထားပေမယ့် ယနေ့အချိန်အထိတော့ international regulation အရ လိုအပ်နေပါသေးတယ်။
-
ဒီတော့ မိမိကိုယ်တိုင်လည်း ဒါကို သတိထားဖို့လိုသလို မိမိရဲ့ ဘေးက ခရီးသည် စည်းကမ်းချိုးဖောက်နေရင် ယဉ်ကျေးစွာ သတိပေးပါ။ တစ်ဦးတစ်ယောက်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုဟာ အားလုံးကို ထိခိုက်သွားနိုင်လို့ ဖြစ်ပါတယ်။

Credit

#မေသတင်းရပ်ကွက်လေး

Saturday, November 5, 2016

No Go

. . . . . . . . . . . လေ ယာဉ် ကို " NO GO " ဖြစ် စေ နိုင် တဲ့ ကိ ရိ ယာ ငယ် လေး များ . . . . . .
.
လေ ယာဉ် တ စင်း ကို လေ ယာဉ် မှူး တွေ က လက် ခံ ရ ယူ ပြီး မ ပျံ သန်း ခင် ပ ထ မ ဆုံး လုပ် တာ က တော့ - လေ ယာဉ် ကို တ ပတ် လျှောက် ကြည့် တဲ့ Walk Around Check ဘဲ ဖြစ် ပါ တယ် ။ လေ ယာဉ် ကို မြေ ပြင် က နေ စစ် ဆေး တာ ဘဲ ဖြစ် ပါ တယ် / Visual Inspection ပေါ့ ။
.
လေ ယာဉ် တ စင်း လုံး ကို ပတ် ကြည့် တာ ဖြစ် ပေ မဲ့ - အ ဓိ က ကြည့် ရှု တဲ့ နေ ရာ တွေ က တော့ . . .
( ၁ ) လေ ယာဉ် ရှေ့ ထိတ် ( Nose ) နဲ့ Pitot Tube, Static Ports, Angle of Attack . ပုံ ( ၁ )
( ၂ ) လေ ယာဉ် အ တောင် ပံ ရှေ့ နုတ် ခမ်း တ လျှောက် Leading Edge . ပုံ  ( ၂ )
( ၃ ) အင် ဂျင် အ ဝင် ဝ နဲ့ ပန် ကာ ဒ လက် များ ။ ပုံ ( ၃ )
( ၄ ) လေ ယာဉ် အ နောက် Horizontal / Vertical Stabilizer တို့ ရဲ့ ရှေ့ နုတ် ခမ်း များ
တို့ ဘဲ ဖြစ် ကြ ပါ တယ် ။
မြေ ပြင် နဲ့ ဝေ ဟင် မှာ ထိ ခိုက် လွယ် တဲ့ နေ ရာ တွေ ဖြစ် လို့ ပါ ။
.
နောက် . . . အင် ဂျင် နဲ့ လေ ယာဉ် အောက် မှာ ဆီ တ မျိုး မျိုး ယို ကျ ထား တာ ရှိ မ / ရှိ ။
လေ ယာဉ် ဘီး တွေ ကြား မှာ ဘ ရိတ် ( Hydraulic Fluid ) ယို စိမ့် ထွက် တာ ရှိ မ ရှိ ။
ဘီး မှာ တပ် ထား တဲ့ တာ ယာ အ ခြေ အ နေ နဲ့ Tire Pressure .
.
NO GO Items လေး တွေ အ ကြောင်း ကြည့် ရ အောင် . . .
မ နေ့ က Post - လေ ယာဉ် အ ပူ ပေး စ နစ် ( Anti - Ice System ) မှာ ဖေါ် ပြ ခဲ့ သ လို . . . လေ ယာဉ် ခေါင်း ပိုင်း ကိုယ် ထည် အောက် နား နှစ် ဘက် မှာ တပ် ဆင် ထား တဲ့ အ စိတ် အ ပိုင်း လေး တွေ ဖြစ် ပါ တယ် ။ လေ ယာဉ် အ မျိုး အ စား အ လိုက် တပ် ဆင် တဲ့ နေ ရာ အ နည်း ငယ် ကွာ ခြား နိုင် ပါ တယ် ။
.
Pitot Tube
အ ပေါက် ဝ ကို ရှေ့ ဘက် လှည့် ထား တဲ့ သ တ္တု ပိုက် ငယ် လေး များ ပါ ။ ဒီ ပိုက် က လေး တွေ ထဲ ဝင် လာ တဲ့ လေ ကို " Sensor " များ က နေ တိုင်း တာ တွက် ချက် ပြီး - ( ၁ ) လေ ယာဉ် အ မြန် နှုန်း ( Airspeed ) ( ၂ ) ပြင် ပ အ ပူ ချိန် ( Outside Air Temperature ) များ ရ ရှိ ပါ တယ် ။
.
Static Port
လေ ယာဉ် ကိုယ် ထည် အောက် နား မှာ အ ပေါက် ငယ် လေး တွေ စု ပြုံ ပြီး ဖေါက် ထား တဲ့ - စက် ဝိုင်း ပုံ လေ ဝင် ပေါက် ဖြစ် ပါ တယ် ။ ပြင် ပ လေ ရဲ့ ဖိ အား ကို ရ ယူ တွက် ချက် ပြီး လေ ယာဉ် ပျံ သန်း နေ တဲ့ အ မြင့် ( Altitude ) ကို ပေး ပါ တယ် ။
.
Angle of Attack
လေ ယာဉ် ကိုယ် ထည် ဘေး မှာ တပ် ထား တဲ့ အ တောင် ပံ ပုံ သ ဏ္ဌန် " အ တက် ငယ် "လေး ဖြစ် ပါ တယ် ။ သူ က တော့ လေ ထဲ မှာ လေ ယာဉ် ပျံ " ခေါင်း မော့ နေ လား / ခေါင်း အောက် နိမ့် နေ သ လား " ဆို တဲ့ လေ ယာဉ် တည် ရှိ ပုံ (Aircraft Orientation ) အ နေ အ ထား ကို ပေး ပါ တယ် ။
.
ဒါ ကြောင့် . . . ဒီ အ စိတ် အ ပိုင်း လေး တွေ ဟာ ပျံ သန်း မှု မှာ တ ကယ် ကို အ ရေး ကြီး ပါ တယ် ။ ထိ ခိုက် ပျက် စီး / ပိတ် ဆို့ ချို့ ယွင်း တ ခု ခု တွေ့ ရှိ ခဲ့ ရင် လေ ယာဉ် NO GO ပါ ။ အ ရင် ပြု ပြင် ရ ပါ လိမ့် မယ် ။ စမ်း သပ် ကောင်း မွန် မှ လေ ယာဉ် ပျံ နိုင် ပါ လိမ့် မယ် ။ လေ ယာဉ် အ တောင် ပံ တွေ ပိန် ချိုင့် / အင် ဂျင် တွေ /  ဆီ ( Hydraulic Fluid ) ယို စိမ့် တာ တွေ / ဘီး နဲ့ တာ ယာ စ တာ တွေ မှာ ချို့ ယွင်း ချက် ရှိ တာ တွေ့ ရင် တောင် - လေ ယာဉ် လက် စွဲ စာ အုပ် ( Aircraft Manual ) နဲ့ တိုက် ဆိုင် / စစ် ဆေး / တိုင်း ထွာ ပြီး ည အိပ် ရပ် နား မဲ့ လေ ဆိပ် မ ရောက် ခင် အ ထိ ဆက် လက် ပျံ သန်း လို့ ရ ပါ တယ် ။ ( Please refer Aircraft Maintenance Manuals )
.

Tuesday, October 11, 2016

ICAO

#ICAO_ANNEXS ခေါင်းစဉ်များ
��������������������������
https://www.facebook.com/ankmedia/posts/1650274081929947

၁၉၄၀ ခုနှစ်မှာ ချီကာဂိုတွင် ကျင်းပပြုလုပ်ခဲ့တဲ့ Chicago Convention လို့လူသိများခဲ့သော International Civil Aviation Conference မှ အခြေပြုဖြစ်ပေါ်လာခဲ့သည့် လေကြောင်းလောက တစ်ခုလုံး၏ စံထား လိုက်နာရမည့် ICAO ANNEX သည် ANNEX 1 မှ ANNEX 19 အထိ (၁၉) ခု ရှိပါသည်။ လေကြောင်းလောကသားအားလုံးလိုလို သိရှိကြပြီးသားဖြစ်သော်လည်း မသိရှိသေးသူများအတွက် ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။
လေကြောင်းလောကအတွင်းရှိ များပြားလှသော လုပ်ငန်းအမျိုးအစားများအလိုက် သတ်မှတ် ပြဌာန်းထားသော ICAO ANNEX တွင်ပါဝင်သတ်မှတ်ထားသည့်  အချက်အလက်များနှင့်ကိုက်ညီအောင် ဆောင်ရွက်ကြရသည်။ အောက်တွင် ANNEX အမှတ်စဉ်များ၏ အကြောင်းအရာများကို ဖော်ပြအပ်ပါသည်။

#Annex_1 – Personnel Licensing
Licensing of flight crews, air traffic controllers & aircraft maintenance personnel. Including Chapter 6 containing medical standards.

#Annex_2 – Rules of the Air

#Annex_3 – Meteorological Service for International Air Navigation

     Vol I – Core SARPs
     Vol II – Appendices and Attachments

#Annex_4 – Aeronautical Charts

#Annex_5 – Units of Measurement to be used in Air and Ground Operations

#Annex_6 – Operation of Aircraft

     Part I – International Commercial Air Transport – Aeroplanes
    Part II – International General Aviation – Aeroplanes
    Part III – International Operations – Helicopters

#Annex_7 – Aircraft Nationality and Registration Marks

#Annex_8 – Airworthiness of Aircraft

#Annex_9 – Facilitation

#Annex_10 – Aeronautical Telecommunications

          Vol I – Radio Navigation Aids
          Vol II – Communication Procedures including those with PANS status
          Vol III – Communication Systems
                Part I – Digital Data Communication Systems
                Part II – Voice Communication Systems
        Vol IV – Surveillance Radar and Collision Avoidance Systems
        Vol V – Aeronautical Radio Frequency Spectrum Utilization
    
#Annex_11 – Air Traffic Services – Air Traffic Control Service, Flight Information Service and Alerting Service

#Annex_12 – Search and Rescue

#Annex_13 – Aircraft Accident and Incident Investigation

#Annex_14 – Aerodromes
 
         Vol I – Aerodrome Design and Operations
         Vol II – Heliports

#Annex_15 – Aeronautical Information Services

#Annex_16 – Environmental Protection

      Vol I – Aircraft Noise
      Vol II – Aircraft Engine Emissions

#Annex_17 – Security: Safeguarding International Civil Aviation Against Acts of Unlawful Interference

#Annex_18 – The Safe Transport of Dangerous Goods by Air

#Annex_19 – Safety Management (Since 14 November 2013)

Ps:: ANNEX တစ်ခုခြင်းစီအလိုက်အကြောင်းအရာများကိုဆက်လက်ဖော်ပြပေးသွားပါမည်။