Tuesday, January 12, 2016

Custom (Airport in Myanmar)

မြန်မာပြည်တွင်းဝင်လျှင် ကြေငြာရမည့် ပစ္စည်းများ
===========================
(လေယာဉ်ပေါ်တွင်ဝေသည့် အကောက်ခွန် ကြေငြာလွှာမှာ ဖော်ပြထားတာပါ။)

၁။ အောက်ပါကုန်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းခွင့်မပြု။

က) မူးယစ်ဆေး၊ စိတ်ကြွဆေးများ
ခ) သေနတ်၊ ကျည်ဆံ၊ ကျည်ကပ်၊ လက်နက်၊ ခဲယမ်းမီးကျောက်၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ
ဂ) အများပြည်သူကို ထိခိုက်နာကျင်စေမည့်၊ စိတ်ပိုင်းဆိုင်ရာအနှောက်အယှက်ဖြစ်စေမည့် ပစ္စည်းများ (ဥပမာ - တုတ်၊ ဓားလက်နက်၊ အပြာစာအုပ်၊ ညစ်ညမ်းဗီဒီယို စသည်)
ဃ) ပိုက်ဆံအတု၊ ဒင်္ဂါးပြားအတုများ၊ ဘီလ်အတုများ၊
င) CITE လက်မှတ်မပါသော ရှားပါးတိရိစ္ဆာန်များနှင့် ၎င်းတို့၏ ထွက်ကုန်များ

၂။ မြန်မာနိုင်ငံသားများသည် နိုင်ငံခြားငွေပါရှိလာပါက မည်မျှပင်ဖြစ်စေ အကောက်ခွန်သို့ ကြေငြာပြီး FED form တောင်းခံယူရမည်။

၃။ ယခုကြေငြာချက်တွင် အမှန်အတိုင်းမကြေငြာ၊ မှားယွင်းကြေငြာပါက တည်ဆဲဥပဒေများအရ အရေးယူခြင်း ခံရမည်။

အကယ်၍ မရှင်းလင်းသည်များရှိခဲ့ပါက အကောက်ခွန်အရာရှိများထံ ချဉ်းကပ် မေးမြန်းပါ။
မြန်မာပြည်တွင်းတင်သွင်းရန် ကန့်သတ်ထားသောကုန်ပစ္စည်းများကို အကောက်ခွန်ဌာန အင်တာနက်စာမျက်နှာ၌ အောက်ပါအတိုင်း ဖော်ပြထားပါသည်။ ဤတွင်ဖော်ပြထားသော ပစ္စည်းစာရင်းနှင့် လေယာဉ်ပေါ်တွင်ဝေသည့် အခွန်ကြေငြာစာရွက်ပေါ်တွင် ဖော်ပြထားသည့် ပစ္စည်းစာရင်း မတူပါ။ ဤသည်မှာ မဖြစ်သင့်ဟု ထင်မြင်ယူဆမိ၏။

နိုင်ငံခြားငွေ
========

နိုင်ငံခြားသားများအနေနှင့် နိုင်ငံခြားငွေ မည်မျှမဆို သယ်ယူခဲ့နိုင်ပါသည်။ သို့သော် အမေရိကန်ဒေါ်လာ တစ်သောင်းထက်ပိုလျှင် FED (Foreign Exchange Declaration) Form ကို ဖြည့်ရပါမည်။

မြန်မာနိုင်ငံသားဖြစ်လျှင် နိုင်ငံခြားငွေမည်သည့်ပမာဏဖြစ်စေ FED (Foreign Exchange Declaration) Form ကို ဖြည့်ရပါမည်။

ထိုပုံစံကို သိမ်းထားရန် မမေ့ပါနှင့်။ အသင် မြန်မာပြည်မှ ပြန်လည်ထွက်ခွာသည့်အခါ အကောက်ခွန်ဌာနသို့ ပြန်ပေးခဲ့ရပါမည်။

ကျောက်မျက်ရတနာ၊ လက်ဝတ်လက်စား၊ ငွေထည်၊ လက်မှုလုပ်ငန်းပစ္စည်းအမျိုးမျိုး စသည်တို့ကို မြန်မာပြည်တွင်းမှ ၀ယ်ယူပြီး သယ်ထုတ်လိုလျှင် အမိန့်အာဏာရဆိုင်မှဝယ်ယူခဲ့ကြောင်း အထောက်အထား ပြေစာပြရမည်။

မြန်မာပြည်အ၀င်တွင် သယ်ယူလာခွင့်မပြုသော ပစ္စည်းများ
========================================

က) ပိုက်ဆံအတု၊ ဒင်္ဂါးပြားအတုများ
ခ) အပြာစာအုပ်၊ ညစ်ညမ်းဗီဒီယို
ဂ) တံဆိပ်အတုနှင့်ပစ္စည်းများ
ဃ) မူးယစ်ဆေး၊ စိတ်ကြွဆေးများ
င) ဖဲထုပ်များ
စ) ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ အမှတ်တံဆိပ်ရိုက်နှိပ်ထားသော ကုန်ပစ္စည်းများ
ဆ) ဘုရားပုံတော်၊ ဆင်းတုတော်နှင့် ဘုရားပုံပါသည့်မည်သည့်ပစ္စည်းမဆို

မြန်မာပြည်မှ အထွက်တွင် သယ်ယူခွင့်မပြုသော ပစ္စည်းများ
========================================

က) ပိုက်ဆံအတု၊ ဒင်္ဂါးပြားအတုများ
ခ) အပြာစာအုပ်၊ ညစ်ညမ်းဗီဒီယို
ဂ) အမှတ်တံဆိပ် ရိုက်နှိပ်မထားသော ပစ္စည်းများ (Piece goods without stamped measurement - ဟုဖော်ပြထားပါသည်။ ကျွန်တော်ကောင်းကောင်းနားမလည်ပါ။)
ဃ) မူးယစ်ဆေး၊ စိတ်ကြွဆေးများ
င) ရှေးဟောင်းပစ္စည်းများ
စ) ရှားပါးတိရိစ္ဆာန်များနှင့် ၎င်းတို့၏ ထွက်ကုန်များ

အကောက်ခွန်လွတ်ကင်းခွင့်ပြုသော ပစ္စည်းများ (Very funny items)
===============================================

အကောက်ခွန်ဌာနက ထုတ်ပြန်သည့် ၂/၂၀၀၇ ကြေငြာစာအရ အောက်ပါကုန်ပစ္စည်းများကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုသည်။

က) လက်ဆွဲကင်မရာနှင့်ဆက်စပ်ပစ္စည်း - ၁ စုံ
ခ) ၁၅ ချောင်းပါ ဂေါက်ရိုက်တံအစုံ - ၁ စုံ
ဂ) တင်းနစ်ရိုက်တံ၊ ကြက်တောင်ရိုက်တံ၊ ငါးမျှားတံ၊ လူလုပ်ငါးစာ - ၂ စုံ
ဃ) စက်ဘီး - ၁ စီး
င) တားမြစ်ထားသော ဆေးဝါးများမှ အပ ဆရာဝန်ထောက်ခံစာဖြင့် သယ်ဆောင်လာသော သောက်ဆေးများ
စ) မည်သည့်အရက်မဆို ၂ လီတာ ထိ
ဆ) ၁၅၀ စီစီထက် မပိုသော ရေမွှေး
ဇ) စီးကရက် အလိပ် ၄၀၀
ဈ) ဆေးပြင်းလိပ် အလိပ် ၅၀
ည) ဆေးတံသောက်ဆေး ၂၅၀ ဂရမ်
တ) မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှခွင့်ပြုထားသော လက်ဝတ်ရတနာများ
     (မြန်မာနိုင်ငံသားများဖြစ်လျှင် တစ်စုံ သယ်ခွင့်ပြုသည်။)(Citizens to take out on leaving Myanmar. တဲ့။ Very funny English.)
ထ) လက်ဆွဲကက်ဆက် - ၁ လုံး (Portable Audio Player)
ဒ)  လက်ဆွဲဗီဒီယိုကင်မရာ၊ HD Cam, DV cam နှင့် ဆက်စပ်ပစ္စည်းများ - ၁ စုံ
ဓ) လက်ဆွဲကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်း - ၁ စုံ
န) USD 500 ထက်မပိုသော အီလက်ထရောနစ်ပစ္စည်းများ
ပ) ရုပ်သံမသွင်းရသေးသော စီဒီအကြီး - ၆ ချပ်
ဖ) ရုပ်သံမသွင်းရသေးသော စီဒီအသေး - ၆ ချပ်
ဗ) ရုပ်သံမသွင်းရသေးသော စီဒီပိစိညှောက်တောက် - ၁၂ ချပ်
     (သောက်ညင်ကပ်လို့ အဲသလို ဘာသာပြန်လိုက်တာ)
ဘ) ရုပ်သံမသွင်းရသေးသော ဗီဒီယိုတိပ်ခွေ - ၆ ခု
မ) အသံမသွင်းရသေးသော ကက်ဆက်တိပ်ခွေ - ၆ ခွေ (မရမကရှာဝယ်ပါ)
ယ) DV Cam, HD Cam တို့အတွက် ရုပ်သံမသွင်းရသေးသော တိပ်ခွေ - ၆ ခု
ရ) Thumb drive - ၂ ခု (အို - အဖဘုရားသခင်)
လ) အကောက်ခွန်အရာရှိက အမေရိကန်ဒေါ်လာ ၅၀၀ ထက်မပိုဟု တွေးထင်သော တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းများ (ဗုဒ္ဓေါ)
ဝ) အစိုးရကိစ္စဖြင့်လာသူများဖြစ်ပါက တစ်နှစ်အတွင်း ပြန်ထွက်လျှင် မိမိတို့နှင့်အတူ သယ်ဆောင်လာသော အောက်ပါပစ္စည်းများကို အကောက်ခွန် ကင်းလွတ်ခွင့် ပြုသည်။
၁) ဒီဗီဒီ/ဗီစီအာ ပြစက် - ၁ ခု
၂) တီဗီ - ၁ လုံး
၃) လက်စွဲရေဒီယို/ကက်ဆက် - ၁ ခု
၎) လက်ပ်တော့ကွန်ပြူတာ - ၁ ခု (ဤနေရာတွင် Laptop computer or Notebook ဟု ရေးထားရာ Laptop နှင့် Notebook မည်သို့ ကွာခြားမှန်း ကျွန်ုပ်မှာ မဝေခွဲတတ်အောင်ဖြစ်ရလေသော ဟူသတတ်။)
၅) လုပ်ငန်းသုံး ကိရိယာများ
၆) ခရီးထွက်စဉ် သေဆုံးသွားသူ၏ ကိုယ်ပိုင်ပစ္စည်းများ

ရည်ညွှန်း

http://www.myanmarcustoms.gov.mm/passengerdeclaration.aspx
http://www.yangonairportonline.com/Myanmar-Immigration-Customs.aspx

Friday, December 25, 2015

fog ကြောင့် ကွင်းပိတ်ရတဲ့ အကြောင်း

fog ကြောင့် ကွင်းပိတ်ရတဲ့ အကြောင်း
(U Aung Soe Moe FB မှ ကူးယူပါသည်​။)

ခုရက်ပိုင်း လေယာဉ်တွေ fog တွေ ထူထပ်စွာကျနေလို့ ရန်ကုန်လေဆိပ် ဆင်းမရပဲ holding patterns အတိုင်း ပဲခူး နားမှာ ပတ်နေရတာ
တက်မယ့် လေယာဉ်တွေလည်း delay တွေ ဖြစ်ရတာ ခပ်စိတ်စိတ်လေး otectiယ်
Delay ဖြစ်ရင် airlines အချို့ ခရီးသည်များကို လုံလောက်တဲ့ ရှင်းပြမှု တောင်းပန်မှု အစားအသောက်စီစဉ်ပေးမှု မလုပ်တဲ့ အခါမှာ ခရီးသည်တွေ စိတ်ဆိုးကြတယ်
အဆိုးဆုံးက ဗန်ကောက်ကနေဆက်စီးမယ့် connection flight တွေလွတ်သွားတာ
မြန်မာပြည်မှာ Consumer Protection Law ထွက်တာတော့သိတယ်
ဒီ Law တွေက စားသောက်ကုန်ဖက်ပိုဦးစားပေးလား
Transportation sector ရောပါလား ?
ဒီ Law က ခရီးသည် တွေရဲ့ နစ်နာဆုံးရှုံးမှု တွေကို ဘယ်လို အကာအကွယ်ပေးလဲတော့ မသိဘူး
Accident, incident များအထိဖြစ်လာခဲ့ရင်တော့ ခရီးသည်များ၏ နစ်နာဆုံးရှုံးမှုများအတွက်
Warsaw Convention , Carriage by Air Act တို့ Montreal Convention တို့ ကို လေ့လာကြည့်ရှုနိင်ပါတယ်
အားရင်တော့ လေ့လာရမယ်
Engineering မှာတောင် technology အပြောင်းအလဲကမြန်တော့ လေ့လာလို့ မနိင်ဘူးဖြစ်နေတယ်
ဒါက airlines တွေရဲ့အပိုင်းပေါ့
လေဆိပ်အပိုင်း Air Traffic Control အပိုင်းနဲ့ ပတ်သက်ပြီး.....
(၁) Fog ကျတိုင်းကွင်းပိတ်ရသလား?
(၂) Instrument Landing System တွေ တပ်ထားသော်လည်း ရာသီဥတု ဆိုးရင် ဆင်းသင့် မဆင်းသင့်
(၃) ရန်ကုန်လေဆိပ် Categories က CAT I, II,  III ဘာလဲ?
(၃) ကနေစပြီးပြောရရင်
ရန်ကုန်လေဆိပ်က CAT I  ဖြစ်ပါတယ်
CAT ဆိုတာ လေယာဉ်ကွင်းမှာ တပ်ဆင်ထားတဲ့ လေယာဉ်ဆင်းသက်ရာမှာ အထောက်အကူပြုသော စက်များ (ILS; Glide Slope, Localizer, Distance Measuring Equipment) နှင့် Group Lighting System များရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး CAT I, II, III အစရှိသဖြင့်ခွဲထားတာဖြစ်ပါတယ်
CAT က မြင့်သွားလေ ပိုကောင်းလေဖြစ်ပါတယ်
Theory အရဆိုရင် CAT III နဲ့ အထက်ဆိုရင် အလွန်ဆိုးရွားတဲ့ ရာသီဥတု နဲ့ လုံးဝ မမြင်ရတဲ့အခြေအနေ zero visibility မှာတောင် လေယာဉ် ဆင်းလို့ ရ ရ မှာ ဖြစ်ပါတယ်
ရန်ကုန်လေဆိပ်ဟာ CAT I ဖြစ်တဲ့အတွက် အလွန်တိကျတဲ့ accurate guidance မပေးနိင်ပါဘူး
ကျွန်တော် စကားပြောကြည့်ရသလောက် ပိုက်လော့ အများစုဟာလည်း technology ကို over-rely, over-trust မဖြစ်ကျတဲ့ အတွက် ဆင်းဖို့ ကြိုးစားကြည့်တယ် မရရင် go round လုပ်သွားတယ်
တချို့ အခြေအနေများမှ Controller များ မှ ကွင်း မပိတ်သော်လည်း လေယာဉ် ဆင်း/မဆင်း go/ no go ကို ပိုက်လော့များမှ ဆုံးဖြတ်တာ ဖြစ်ပါတယ်
ILS အကူအညီနဲ့ visibility poor ဖြစ်တဲ့ အချိန်မှာ တောင် လေယာဉ် အောင်မြင်စွာ ဆင်းသက်နိင်ပြီပဲထားအုံး
အဲ့လေယာဉ် Runway ပေါ် ထားလို့မရပါ
Passenger boarding bridge, Apron, Parking Area တခုခုကို သွားရအုံးမှာဖြစ်ပါတယ်
မြူတွေ ပိတ်နေရင် ရှေ့ ၁၀ ပေ လောက်ပဲမြင်ရတဲ့ အခြေအနေမှာ လေယာဉ်ကို ground မှာ ရွေ့ဖို့ ခက်မယ်
အန္တရာယ်လည်းများမယ်
အလားတူ တက်မယ့်လေယာဉ်တွေလည်း မြူ ပိတ်နေလို့ ကွင်းမှာ နေရာရွေ့တာနဲ့တင် တစင်းနဲ့ တစင်း တိုက်မိနိင်တယ်
မြူ မပိတ်ပဲတောင် တိုက်နေတာ ၂ ခါရှိပြီ
ရန်ကုန်လေဆိပ်မှာ ညအိပ်တဲ့လေယာဉ် ပျမ်းမျ အစင်း ၄၀ လောက်ရှိမယ်ထင်တယ်
ဆိုလိုသည်မှာ CAT II, III လေဆိပ်များ သည် ပင်လျင် ILS များ မိုးပျံအောင် ကောင်းနေစေကာမူ ground movement (Maneuvering area) မှာ limitation များရှိလို့ ကွင်းပိတ်လေ့ရှိပါတယ်
မယုံရင် airport closed due to think fog ဆိုပြီး search လုပ်ကြည့် ရင်
CAT III Heathrow လေဆိပ် ကြီး တောင် ပါဝင်နေတာကို တွေ့နိင်ပါတယ်
အချို့ မိတ်ဆွေများ တွေးထင်ကြသည်မှာ ရန်ကုန်လေဆိပ်ကြီးအား CAT II သို့မဟုတ် CAT III သို့ ငွေကုန်ကြေးကျ ခံ၍ မြှင့်တင်လိုက်မည်ဆိုပါက any weather condition / zero visibility တွင်၌ပင် လေယာဉ်များ ဆင်းတက်နိင်ပြီး delay များ go round များ မရှိတော့ဟု တွေးထင်ကြပါသည်
ဤအချက်မှာ မမှန်ပါ
Ground movement များအတွက်ပါထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်
လောလောဆယ်အခြေအနေတွင် CAT I ကိုသာလျင် အမြဲတမ်း ကောင်းမွန်နေစေရန်သာ ဂရုစိုက်ရမည်ဖြစ်ပါသည်
နိဂုံးချုပ် ဆိုရပါလျင်
ခရီးသည်များအနေနဲ့ မြူ ပိတ် လို့ delay ဖြစ်ရင် အနည်းငယ် သည်းခံပေးကြပါလို့
Safety က အရေးကြီးလို့ပါ
နစ်နာဆုံးရှုံး မှုတွေ အတွက်ကတော့ ဘယ် Airlines က တာဝန်ယူမှု ပိုလုပ်ပေးတယ်ဆိုတာ ခရီးသည်တွေ ကျွန်တော်ထက်ပိုသိပါတယ်
တာဝန်ယူမှု ပိုရှိတဲ့ Airlines ရွေးချယ်စီးနင်းနိင်ပါတယ်
ခရီးသည်များအားလုံး ဘေးရန်ကင်းရှင်းပြီး အဆင်ပြေပြေ အချိန်မှန်မှန် လိုရာခရီး ရောက်ကြပါစေ :)

Monday, December 21, 2015

Pilot Job

လေယာဉ်ဦးခန်းမှာ ဘာတွေဖြစ်နေသလဲ
============================

>:<  လေယာဉ်ပေါ်က ဆင်းတဲ့အခါ ဝတ်စုံဖြူလေယာဉ်မှူးတွေထိုင်နေတဲ့
မောင်းနှင်ခန်းကို လှမ်းတွေ့ဖူးကြမှာပါ။ လေယာဉ်တစ်စီးလုံးကို ထိန်းချုပ်တဲ့
လေယာဉ်ဦးခန်းကို Cockpit လို့ ခေါ်ပါတယ်။ ဘတ်စ်ကားစီးခရီးသည်တွေဟာ
သူတို့ရဲ့အသက်ကို ကားဒရိုင်ဘာလက်ထဲအပ်ထားရသလို လေယာဉ်စီးခရီးသည်တွေ
ဟာလည်း ထိုနည်းနှင်နှင်ပါပဲ။ နာရီအနည်းငယ်အတွင်းမှာ ကိုယ့်အသက်ကိုယ်မပိုင်
တော့တဲ့ လေကြောင်းစီးခရီးသည်တွေရဲ့စိတ်မှာ ဘာတွေတွေးနေမယ်ထင်ပါသလဲ?

( သူတို့တစ်တွေကောင်းကောင်းရော မောင်းတတ်ရဲ့လား မသိဘူး ) ၊
( တစ်လောကမှ လေယာဉ်တွေဆက်တိုက် ပျက်ကျထားတာ ) ၊
( လေယာဉ်ထိန်းချုပ်ခန်းထဲမှာ ခလုပ်တွေ တစ်ထောက်ထောက်နဲ့
ဘာတွေလုပ်နေပါလိမ့် ) စတဲ့ မေးခွန်းတွေပါမယ်လို့ ခန့်မှန်းကြည့်ပါတယ် ..
မှန်မမှန်ကို စာဖတ်သူတွေသာ အမှားပြင်လိုက်ကြပါ ..။

>:< သူတို့ဘာတွေလုပ်ပြီး ဘယ်လိုမောင်းနှင်တယ်ဆိုတာ သိခွင့်မရတာက စိတ်ကို
ပိုပြီး မယိုးမယွ ဖြစ်စေပါတယ်။ ဒါကြောင့်မို့ တစ်သက်လုံးအလွတ်မရခဲ့တဲ့ ဘုရားစာကို
အထစ်အငေါ့မရှိဆိုနိုင်တာ လေယာဉ်ပေါ်မှာပါဆိုတာ စီးဖူးသူတိုင်း ယုံကြပါပြီလား?
ဒီ့အတွက် ဝေယံတိမ်ပေါ်မှာ လူများစွာကိုသယ်ဆောင်သွားတဲ့ လေယာဉ်ရဲ့ Cockpit
မှာ ဘာတွေလုပ်ကြတယ်ဆိုတာသိရအောင် လေ့လာထားမိတာတွေက ဒီလိုပါ။

>:< အပြင်ကနေလှမ်းကြည့်မိရင်တော့ အနည်းဆုံး လေယာဉ်မှူး ( ၂ ) ယောက်
ရှိပါမယ်။ ကွန်ပျူတာမျက်နှာပြင် ရှိတယ်။ ကားစီယာတိုင်တစ်ဝက်စာ လေယာဉ်စီယာ
တိုင်လိုမျိုး ရှိမယ်။ လေယာဉ်ပျံတက်ဖို့ ကားဂီယာထိုးတံလိုမျိုး Throttle Quadrant
ရှိတယ်။ ဒါတွေပဲ ကျွန်တော်တို့မြင်နိုင်တယ်။

>:< 9/11 ကမ္ဘာ့တိုက်ညီနောင် အကြမ်းဖက်လေယာဉ်တိုက်ခံရပြီးနောက်မှာ
လုံခြုံရေးအကြောင်းပြချက်နဲ့ လေယာဉ်ရဲ့တည်ဆောက်ပုံတွေ ပြောင်းလဲလာခဲ့တယ်။
လေယာဉ်ဦးခန်း နဲ့ ကပ်နေရာကနေ ခရီးသည်ထိုင်ခုံတွေကို ခပ်ဝေးဝေး ရွှေ့လာကြ
သလို အနီးကပ်လေ့လာခွင့်ကိုလည်း ကန့်သတ်လာကြတာတွေကတော့ သိသာ
ထင်ရှားပါတယ်။

>:< လေယာဉ်မှူးတွေ ထိန်းချုပ်ခန်းမှာ စလုပ်တဲ့အရာကတော့ တစ်ဦးကိုတစ်ဦး
မိတ်ဆက်ခြင်း ဖြစ်ပါတယ်။ မယုံနိုင်စရာတစ်ခုက အဓိကလေကြောင်းလိုင်းတွေရဲ့
ပိုင်းလော့ ( ၁၂ဝဝဝ ) ဟာ သူ့ကိုကူမယ့် လက်ထောက်လေယာဉ်မှူး - Co-Pilot ကို
မသိကြပါဘူး။ ဘယ်လိုစည်းမျဉ်းဥပဒေသတွေရှိရှိ၊ ဘယ်သူနဲ့ တွဲမောင်းရ မောင်းရ
ပိုင်းလော့တွေဟာ လေယာဉ်ဦးခန်းဆီ သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို အိပ်အပြည့်
သယ်လာကြတာတော့ တူညီကြပါတယ်။

>:< စစချင်း ပင်တိုင်ပိုင်းလော့(ကြီး) က သူလိုချင်တဲ့လေဖိအား - Atmosphere ကို
သတ်မှတ်တယ်။ ဒီ့နောက်မှာမှ လက်ထောက်လေယာဉ်မှူးက သူနဲ့သက်ဆိုင်တဲ့အပိုင်း
ကနေ စတင်ကိုင်တွယ်ရပါတယ်။ လေယာဉ်သင်တန်းမှာကတည်းက ကျရောက်တဲ့
ပတ်ဝန်းကျင်လေယာဉ်မှူးကို အကျွမ်းတဝင်ဆက်ဆံနိုင်အောင် သင်တန်းဆင်းခဲ့ပြီးသူ
များပီပီ သူတို့အတွက် ဒီကိစ္စဟာ အခက်အခဲတစ်ခု မဟုတ်ပါဘူး။ စကားတစ်ခွန်း
နှစ်ခွန်းပြောပြီးရင် တစ်ယောက်နဲ့တစ်ယောက် အဆင်သင့် လက်တွဲအလုပ်လုပ်လို့
ရနိုင်လောက်အောင် အားလုံးက လေ့ကျင့်ခဲ့ပြီးသားတွေ ဖြစ်ကြပါတယ်။

>:< အပိုစကားမပြောကြပါဘူး။ ဥပဒေနဲ့ထိန်းထားတာ ရှိပါတယ်။
မြန်မာလိုတည့်တည့်ပြန်ရင်တော့ “ ပိုးမွှားမရှိသော လေယာဉ်ထိန်းချုပ်ခန်းဥပဒေ -
Sterile Cockpit Rule ” ဆိုတာကို လိုက်နာရပါတယ်။ ဒါက လေကြောင်းပို့ဆောင်ရေး
ဖယ်ဒရယ်ရေးရှင်း - FAA က ထုတ်ထားတာဖြစ်လို့ အမြင့်ပေ ( ၁ဝဝဝဝ ) မကျော်
မချင်း ကိုယ်ရေးကိုယ်တာ နဲ့ အလုပ်နဲ့မသက်ဆိုင်တဲ့စကားတွေ မပြောရပါ။
အလုပ်ကိစ္စဆိုရင် ရတယ်၊ ကျန်တာတွေ လာမပြောနဲ့၊ အလုပ်လုပ်နေတယ်… ပေါ့ဗျာ။

>:< လေယာဉ်မှူးတစ်ယောက်ရဲ့စိတ်ထဲမှာ ရာသီဥတုအခြေအနေ၊ ခရီးစဉ်၊
ခရီးသည်တွေနဲ့သူတို့ရဲ့ဝန်စည်စလယ်အထုတ်တွေ၊ လေယာဉ်ပေါ်ကျွေးတဲ့
အစားအသောက်၊ ခရီးစဉ်တစ်လျှောက်စီမံခန့်ခွဲမယ့်ကွန်ပျူတာစစ္စတမ် နဲ့
လေယာဉ်ဆီအပြည့်ဖြည့်ဖို့ စတဲ့ အာရုံတွေ များပြားလှပါတယ်။ အပိုစကားတွေ
ပြောရင်း မတော်တဆပျက်ကျမှုတွေ စစ်ဆေးပေါ်ပေါက်ရာကနေ ( ၁၉၈၁ ) ခုနှစ်မှာ
မလိုရင်စကားမပြောဖို့ တားမြစ်ခဲ့တာ ဖြစ်တယ်။

>:< အဆက်မပြတ်ဝင်ရောက်လာတဲ့ သတင်းအချက်အလက်တွေပေါ်မူတည်ပြီး
ခလုပ်ငယ်လေးတွေကအစ ဟန်ချက်ညီစွာလုပ်ဆောင်ရတဲ့ လေယာဉ်မောင်းအလုပ်
ဟာ လွယ်လွယ်လေးတော့ မဟုတ်ပါဘူး။ သူတို့ဟာ လေယာဉ်ရဲ့ Aircraft Logs မှ
အဖွင့်အပိတ်ခလုပ်အားလုံး နဲ့ သင်္ကေတတွေ ကောင်းကောင်းအလုပ်မလုပ်ဆိုတာ
စစ်ရတယ်။ အဲဒီလိုစစ်နေတုန်းမှာ အခြားလေယာဉ်မှူးက ထိန်းချုပ်ခန်းအပြင်ဖက်
ထွက်စစ်ရပါတယ်။ ရာသီဥတုဆိုးတဲ့အခါမယ် ဒီလေယာဉ်ဦးခန်းသေးသေးလေးဟာ
အသက်များစွာအတွက် တိုက်ပွဲဝင်မယ့် ခံတပ်ငယ်လေးပဲ မဟုတ်ပါလား..။

>:< လေကြောင်းအင်ဂျင်နီယာ ပါလာရင်တော့ သူတို့ရဲ့စစ်ဆေးစရာစာရင်း
Checklist တွေကို ပိုင်းလော့ကြီးကသာ တာဝန်ခွဲပေးပါတယ်။ လေယာဉ်ပြင်ပကို
ထွက်ပြီး အရှေ့တစ်ခေါက်ကမောင်းထားတုန်းက ဆီယိုနေသလား? ပစ္စည်းတစ်ခုခု
လျော့နေသလား .. ပျက်နေသလား .. ပျောက်နေသလား? တာယာ နဲ့ ဘရိတ်
အခြေအနေ၊ ဆီ ( မျိုးစုံ )နဲ့ ဟိုက်ဒရောလစ်ဆီအနေအထား၊ ဝင်ပေါက် ထွက်ပေါက် နဲ့
အရေးပေါ်ထွက်ပေါက်တွေကို တစ်ယောက်သီးသန့်ထွက်စစ်ရပါတယ်။

>:< ပြသနာတစ်ခုခုတွေ့ခဲ့တယ်ဆိုရင် စက်ပြင်ဆရာကို အမြန်အကြောင်းကြားပြီး
သူတို့ကခွင့်ပြုရင် အနည်းဆုံးကိရိယာစာရင်း - MEL ( Minimum Equipment List )
ဝင်တယ်ဆိုရင်တော့ မပြင်ဘဲ မောင်းခွင့်ရှိပါတယ်။

>:< ခရီးစဉ်တစ်လျှောက်လုံးမှာ ပိုင်းလော့ကြီးက အခရာ ပါ။ လေယာဉ်ကုန်ချိန်၊
အပူချိန်၊ သွားရမယ့်ခရီးအကွာအဝေး နဲ့ လေယာဉ်ပြေးလမ်းတွေပေါ်မူတည်ပြီး
လေယာဉ်ဆီဘယ်လောက်ထည့် ဆိုတာကို ဆုံးဖြတ်ပါတယ်။ ဒီအချိန်မှာ လေယာဉ်ပေါ်
ကို ခရီးသည်တွေလည်းတက်ပြီးပြီမို့ လေယာဉ်မယ်တွေက အစားအသောက်တွေ
စီစဉ်ရင်း ရှိလာတဲ့ ပြသနာတွေကို လေယာဉ်မှူးကို တင်ပြရပါတယ်။ ဘာပြသနာမှ
မရှိရင်လည်း သူတို့ဟာ လေယာဉ်ထိပ်ပိုင်းကနေ ခရီးသည်တွေကို နှုတ်ဆက်ရင်း
နောက်ပိုင်းကို ပြန်သွားကြပါတယ်။

“ Checklist, checklist, checklist ” စစ်ပါ၊ စစ်ပါ၊ စစ်ပါ ဒီစာကြောင်းက
လေယာဉ်မောင်းသူတွေကို အမြဲတစေသတိပေးတဲ့ စကားပါ။ လေယာဉ်ကိုဆွဲဖို့ 
Pushback မလုပ်ခင် ဆွဲကား - Tug ကိုမောင်းတဲ့ ဒရိုင်ဘာနဲ့ လေယာဉ်မှူးတို့
စကားကောင်းကောင်းပြောရပါတယ်။ ဒါမှာသာ အလေးချိန် ပေါင် ( ၃ဝဝဝဝဝ )
လောက်လေးတဲ့လေယာဉ်ကို မထိမခိုက် ပြေးလမ်းပေါ်ဆွဲယူသွားနိုင်မှာ ဖြစ်ပါတယ်။
လေယာဉ်ရှေ့က အချက်ပြအရာရှိက “ ရှင်းပြီ ” ဆိုတော့မှ မသွားရတဲ့လမ်း၊
ဘားတိုင်တွေ၊ အတားအဆီးတွေ နဲ့ ဘေးမှာရပ်ထားတဲ့လေယာဉ်တွေကို ရှောင်ရှားပြီး
လေယာဉ်ဟာ စတင်ရွေ့လျားပါတယ်။

>:< လေယာဉ်ကိုဆွဲသွားတာနဲ့ စက်စနှိုးပါပြီ။ ဆီဈေးကြီးတော့ လေကြောင်းလိုင်း
တွေက အင်ဂျင် ( ၁ ) လုံးပဲ နှိုးခိုင်းကြတယ်။ ကျွမ်းကျင်ရာအလိမ္မာဆိုသလို ခရီးသည်
တွေရဲ့ လေယာဉ်ပေါ်လျှပ်စစ်မီးအသုံးပြုမှု နဲ့ သက်တောင့်သက်သာရှိမှုတွေကို
အင်ဂျင်တစ်ဖက်ထဲဖွင့်ပြီး ထိန်းထားနိုင်တာက ပိုင်းလော့ကြီးတွေရဲ့ အတွေ့အကြုံ
ရင့်ကျက်မှုအပေါ် မူတည်ပါတယ်။ လေယာဉ်ဟာ ဆွဲကားကနေဖြုတ်ပြီး တစ်ဖြည်းဖြည်း
လှိမ့် - Taxiing လုပ်လာတယ်ဆိုရင်ပဲ အခန်းကျဉ်းကျဉ်းလေးက လေယာဉ်မှူး ( ၂ )
ယောက်ဟာ ပြင်ပဝေဟင်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ရပါတော့တယ်။

“ အာရုံစိုက်ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ … အာရုံအပြည့်စိုက်ထားပါ၊ စစ်ပါ၊ ထပ်စစ်ပါ ”
ဒါဟာ ပြေးလမ်းတစ်လျှောက် နောက်ထပ်အင်ဂျင်တစ်လုံးဖွင့်ဖို့အကောင်းဆုံးအချိန်ကို
ရှာနေတုန်း သူတို့ရဲ့ခေါင်းထဲမှာ အလိုလို ကြားနေရတဲ့ အသံတွေပါ။ နှင်းကျတဲ့ဒေသ
က လေယာဉ်တွေဆို မတက်ခင် နှင်း/ရေခဲရှင်းတဲ့ Deice Pad စက်တွေနား ဖြတ်ရတဲ့
အခါ အထဲကလေယာဉ်မှူးတွေက Checklist ကို ( ၂ ) ခါ စစ်ပြီးနေပါပြီ။

>:< လေယာဉ်ဆင်းတာထက်စာရင် ပြေးလမ်းကနေတက်သွားရတာက ပိုအန္တရာယ်
များတယ်လို့ သိရပါတယ်။ ကျွမ်းကျင်တဲ့လေယာဉ်မှူးတွေကြောင့် အများအားဖြင့်
ပြဿနာမရှိကြပေမယ့် ခပ်ရှားရှားဒုက္ခလေးတွေတော့ ရှိတတ်ပါတယ်။
အကြောင်းရင်းက .. ဒီလို ပျံမတက်ခင်မှာ လေယာဉ်ဟာ သူ့ရဲ့ အလေးချိန်အစီးဆုံး
အချိန်ကို ရောက်နေပါတယ်။ အင်ဂျင် နဲ့ တစ်ခြားစက်အစိတ်အပိုင်းတွေ အချိန်မရွေး
ပြုတ်ထွက်လာနိုင်တယ်။ ဒီကာလအပိုင်းအခြားလေးမှာ လေယာဉ်တစ်စီးရဲ့ ( ကုန်လုနီး
ပါး ) အစွမ်းဆောင်နိုင်ဆုံးပါဝါ နဲ့ သင်ကြားတတ်မြောက်ထားတဲ့ လေယာဉ်မှူးတို့ရဲ့
Training တို့ထက် တန်ဖိုးရှိတာ မရှိတော့ပါဘူး။

>:< လေထဲရောက်သွားတဲ့လေယာဉ်စီးခရီးသည်တွေဟာ လေယာဉ်အရှိန်များလာ
တာနဲ့တစ်ဆက်တည်း ဆင်းသက်ဂီယာကြီး - Landing Gear သိမ်းတဲ့အသံကို
ကြားရမယ်။ လေယာဉ်ဘီးတွေ သိမ်းပြီး ဘေးတံခါးပိတ်သံတွေ ကြားရပါလိမ့်မယ်။
10000 AGL – 10,000 feet Above Ground Level ပေ ( ၁ဝဝဝဝ ) ကျော်တဲ့အခါ
ကျမှ လေယာဉ်ကိုယ်ထည်လူးလှိမ့်မှု - Turbulence မရှိရင် ( မလူးရင် ) လေယာဉ်မှူး
တွေ ကိုယ့်ထိုင်ခုံကနေ ထချင်ရင် ထလို့ရပါပြီ။ လေယာဉ်မှူးတွေကို အဲဒီအချိန်ကျမှ
အောင့်ထားတဲ့အလုပ်တွေကို ပြန်လုပ်ခွင့်ရတဲ့ လူသားတွေအဖြစ် ပြန်မြင်ရမှာပါ။
ဒီတော့မှ Sterile Cockpit Rule လည်း လွတ်သွားပြီမို့ အချင်းချင်း စကားစမြည်
စပြောရင်း ရှည်လျားတဲ့မောင်းနှင်ချိန်တွေကို ကျော်ဖြတ်ကြပါတယ်။

>:< မောင်းနှင်စဉ်တစ်လျှောက်မှာ စကားပြောနားကြပ် နဲ့ မြေပြင်ထိန်းချုပ်တာဝါတိုင်
- ATC ( Air Traffic Control ) တွေကို မပြတ်ပြောဆို ဆက်သွယ်နေရပါတယ်။
လှုပ်ရှားမှုဖြစ်စဉ်အားလုံးကို ကြည့် - Monitor  နေရပြီး လောင်စာဆီဘက်ညီမှု -
Balancing Fuel ကို လေ့လာနေရပါတယ်။ လေစီးကြောင်းအလိုက် ပိုသက်သာမယ့်
လမ်းကြောင်းပြောင်းမောင်းနှင်မှုကို လုပ်ဆောင်ဖို့လည်း အမြဲရှာဖွေနေရပါတယ်။

>:< အလိုအလျောက်မောင်းစံနစ် - Autopilot ဖွင့်ပြီး လေကြောင်းလမ်းပြစံနစ် -
Navigating System တို့ကို ချိတ်ဆက်ပြီးတဲ့အခါ လေယာဉ်မှူးတွေရဲ့အလုပ်ဟာ
တက်ကြွပါဝင်လှုပ်ရှားနေရာကနေ သက်တောင့်သက်သာ စောင့်ကြည့်အနေအထားကို
ပြောင်းလဲယူကြပါတယ်။

>:< မဆင်းသက်ခင် နာရီဝက်အလိုမှာ လုပ်ငန်းစဉ်တွေ ပြန်စကြတယ်။ ရောက်ရှိမယ့်
လေဆိပ်ရဲ့ရာသီဥတုအရ သင့်တော်တဲ့ပြေးလမ်းကို ရွေးရတယ်။ ပေ ( ၁၈ဝဝဝ )
အမြင့်မှာ အပိုမီးတွေအကုန်ဖွင့်ပြီး မြေပြင်ထိန်းချုပ်စခန်း နဲ့ အဆက်အသွယ် လုပ်ပါ
တယ်။ လေယာဉ်မှူးတွေကို ရာသီဥတုအခြေအနေ၊ အမြင့်ပေ  နဲ့ မြန်နှုန်းတွေ
အကြောင်း မြေပြင်က အဆက်မပြတ် မေးမြန်းပါတယ်။ တစ်ကယ်လို့ ရာသီဥတု
ဆိုးဝါးရင် လွှဲမောင်းနှင်ရမယ့် လမ်းကြောင်းတွေကို ချိတ်ဆက်ပေးပါတယ်။

>:< ဒါကြောင့်မို့ ဆင်းခါနီး ရာသီဥတုဆိုးတဲ့အခါ လေယာဉ်တစ်ခြမ်းစောင်းသွားတာ
ဟာ ရာသီဥတုသက်သာတဲ့ လေလှိုင်းလမ်းကြောင်းကို ပြောင်းသွားတာ ဖြစ်ပါတယ်။
တစ်ဆက်တည်း ဂီယာကြီးချိန်းသံလို အသံကျယ်ကြီးကြားရမှာဖြစ်ပြီး ကွင်းတစ်ပတ်
ပတ်မောင်းဖို့ အဆင်သင့်ပြင်ထားတဲ့ အနေအထားကို လုပ်ဆောင်ရပါတယ်။
ဒီလိုဖြစ်စေဖို့ အကြောင်းရင်းခံအမျိုးမျိုးဖြစ်နိုင်ပြီး ကွင်းတစ်ပတ်မောင်းဖို့ မမောင်းဖို့ကို
မြေပြင်တာဝါက ဆုံးဖြတ်ပါတယ်။

>:< လေယာဉ်ဆင်းရတော့မယ်ဆိုတာသိတဲ့အချိန် ခရီးသည်တွေပါမက လေယာဉ်
မောင်/မယ်တွေ နဲ့ လေယာဉ်မှူးတွေအတွက်ပါ ပျော်ရွှင်စရာပါ။ စိတ်စုစည်းမှုအရှိဆုံး
အချိန်လို့လည်း ဆိုနိုင်ပါတယ်။ ပုံမှန်လေတိုက်နှုန်း နဲ့ ဆင်းပုံဆင်းနည်း - Glide Slope
တို့က စိမ်ခေါ်မှုတွေဖြစ်သလို အမှားမခံတဲ့ ဆုံးဖြတ်ချက်တွေက စောင့်ကြိုနေတတ်
ပါတယ်။ ပိုင်းလော့ကြီးတစ်ယောက်ရဲ့အရည်အချင်းက လေယာဉ်တစ်စင်းလုံးပေါ်မှာ
သက်ရောက်တယ်ဆိုပေမယ့်လည်း အဆင်းမတော်တစ်လှမ်းဆိုသလို ဒီနေရာက
အကဲဖြတ်ရမယ့် အတော်ဆုံး ကိုယ်ရည်ကိုယ်သွေး ဖြစ်ပါတယ်။ ကောင်းကောင်းဆင်း
နိုင်ဖို့ လုပ်ဆောင်ချက်တွေက သပ်ရပ်ဖို့လိုသလို အစီအစဉ် အတွက်အချက်ကောင်းဖို့
အရေးကြီးလှပါတယ်။

>:< တစ်ချို့သောလေယာဉ်သစ်တွေမှာ အော်တိုဆင်းဖို့ Setting တွေပါဝင်လာသလို
တစ်ချို့များဆိုရင် အလိုအလျောက်ခလုပ်နှိပ်ပြီးဆင်းတာတွေ ရှိပါတယ်။ လေယာဉ်
အများစုမှာ လေယာဉ်မှူးက ဂွေကိုင်ဆင်းကြတုန်းပါ။

>:< စိတ်ချရပြီဆိုရင် လေယာဉ်မှူးဟာ နောက်ခရီးစဉ် (ဒါမှမဟုတ်) နောက်လေယာဉ်
မှူးအုပ်စုအတွက် စက်ယန္တရားတွေကို After Landing Checklist နဲ့ ပြန်စစ်ရပါတယ်။
လုပ်ခဲ့သမျှ ပြင်ဆင်ထိန်းသိမ်းမှုမှတ်တမ်းတွေကို Logbook ထဲမှာရေးထားပြီး
နောက်အဖွဲ့ကိုလွှဲဖို့ ပြင်ဆင်ရတယ်။ လူတွေမှာ လူ့ပြသနာရှိသလို လေယာဉ်တွေမှာ
လည်း အပျက်မှတ်တမ်း ရှိတယ်။ ဒါက လေယာဉ်သမိုင်းအတွက် များစွာ
အထောက်အကူဖြစ်စေပါတယ်။

>:< ပထမလေယာဉ်မှူးကြောင့် အဆင်းမလှခဲ့ရင် လှေခါးထိပ်အဆင်းမှာ ဒုတိယ
လေယာဉ်မှူးက ခရီးသည်တွေကို နှုတ်ဆက်ပါတယ်။ တစ်ကယ်လို့ ဒုတိယလေယာဉ်
မှူးဆင်းတာ သပ်ရပ်လှပခဲ့ရင် ပထမလေယာဉ်မှူးကိုယ်တိုင်နှုတ်ဆက်တာ ထူးခြား
မှတ်သားရပါတယ်။ အခုလောက်ဆိုရင်ပေ ( ၁ဝဝဝဝ ) ကျော်လို့ “ ဒင် ” ဆိုတဲ့အသံ
ကြားရတဲ့နောက်မှာ လေယာဉ်မှူးတွေ ဘာလုပ်နေသလဲဆိုတာ သိလောက်ပြီပေါ့နော်။

>:< နောက်ခန်းမှာစီးတဲ့ခရီးသည်အဖို့ လေယာဉ်ဦးခန်းကို မြင်သာမြင်နေရတယ် ..
ဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့ဘဝက ကြောက်မယ်ဆိုလည်း လွယ်လွယ်လေးပါပဲ။
ဒါကြောင့် လေယာဉ်စီးတဲ့အခါ စိတ်ထဲမှာ တောင်တွေး မြောက်တွေး လျှောက်တွေး
မနေဘဲ စိတ်ကိုရှင်းရှင်း ထားစေချင်တယ်။

“ လေယာဉ်မှူးတွေဟာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသလို သူတို့ရဲ့ ကျွမ်းကျင်မှု
အမြင့်ဆုံး အသက်မွေးဝမ်းကျောင်းမှု နဲ့ ဘဝကို ပုံအပ်ထားသူများ ဖြစ်တယ်။
ဒါကြောင့်မို့ သူတို့တတ်နိုင်တဲ့စွမ်းအင်အကုန်ထုတ်သုံးပြီး ခရီးသည်တွေ ဘေးကင်း
လုံခြုံအောင် ပို့ဆောင်ကာကွယ်ပေးမယ့်သူတွေဖြစ်တယ် ” ဆိုတဲ့ တစ်ခွန်းကိုသာ
စိတ်ထဲမြဲမြဲထားစေချင်ပါတယ်။

ဆောင်းပါးရှင် ကိုညီညီ (တောင်ကြီး)
ရည်ညွှန်းကိုးကား : Business Insider
“ လေယာဉ်ဦးခန်းမှာဘာတွေဖြစ်နေသလဲ ” စာမူသည် ၂ဝ၁၅ ၊ ဂျူလှိုင်လထုတ်
Real Lives Real Stories မဂ္ဂဇင်း၊ အတွဲ ( ၂၇ )၊ စာမျက်နှာ ( ၁၁၂ ) တွင်
ဖော်ပြပါရှိသည်။