Thursday, October 8, 2015

Ground Support Equipment (GSE)


မြေပြင်ပံ့ပိုးမှု(၀န်ဆောင်မှု)ပစ္စည်းကိရိယာများ

Ground Support Equipment (GSE)

လေယာဉ်တစ်စီး Terminal သို့မဟုတ် Apron သို့ပုံမှန်ရောက်ရှိချိန်တွင် လေယာဉ်အတွက် လိုအပ်သော ၀န်ဆောင်မှုလုပ်​ငန်းများကို မြေပြင်
သုံးပစ္စည်းကိရိယာများဖြင့်ဆောင်ရွက်ပေးခြင်း
ဖြစ်သည်။လေယာဉ်အတွက်လိုအပ်သော

1.Dollies

2 .Chocks

3Aircraft Tripod Jack

4.Power Equiement

5.Tugs and tractors

6.Ground power units

7.Buses

8. Container loader

9. Transporters

10. Air Start Unit (ASU)

11. Potable water trucks

12. Lavatory service vehicles

13. Catering vehicle

14. Belt loaders

15. Passenger boarding steps/ramps

16. Pushback tugs and tractors

17. De/anti-icing vehicles

18. Aircraft rescue and firefighting

19.Security

လေယာဉ်တစ်စီးရောက်ရှိချိန်မှ စတင်ကာ လေ
ယာဉ်ထွက်ခွာချိန် ကာလ အကြား လိုအပ်သော မြေပြင်ဝန်ဆောင်မှုများကို လေကြောင်းပို့ဆောင်
ရေးညွှန်ကြားမှုဦးစီးဌာနအသိအမှတ်ပြုလက်မှတ်
ရရှိပြီးသော အဖွဲ့မှ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
ပြည်တွင်းလေကြောင်းလိုင်း အများစုမှာ DCA
အသိအမှတ် ပြု ကိုယ့်ဝန်ထမ်းများ/ကိုယ့် ပစ္စည်း
ကိရိယာများဖြင့်သာ အများအားဖြင့် ဆောင်ရွက်
လျှက်ရှိပါတယ်။အချို့လေကြောင်းလိုင်းများကတော့GSE Service အတွက် စိတ်ချရတဲ့ ပြင်ပ companyကိုငှားရမ်းလုပ်ကိုင်လေ့ရှိပါတယ်။GSE နဲ့ပက်သက်ပြီး မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ company များကတော့

(၁)မြန်​မာ့​လေ​ကြောင်း(YIA)
(၂)DCA(MIA)
(၃)YAECO(MIA)
(၄)YAG(YIA)
(၅)Mjas(MIA)
(၆)Pioneers Aerodrome(YIA,NIA) တို့ဖြစ်​ပါတယ်​။
Boarding Bridge အသုံးပြု​သော​လေယာဉ်​ကြီး
များအတွက်​ လိုအပ်​​သော ဝန်​​ဆောင်​မှုများကို လုပ်​သက်​နှင့်​တကွ ပြည့်​စုံ​သော ကျွမ်းကျင်​ဝန်​ထမ်းများမှ ​ဆောင်​ရွက်​ရပါသည်​။
လေယာဉ်​လှုပ်​ရှားမှု ဧရိယာအတွင်း သွားလာကြ​သော လူ/ယာဉ်​ ယန္တရား များမှာသတ်​မှတ်​ထား​သော စည်းကမ်းများအတိုင်း သွားလာကြရခြင်းဖြစ်​ပါသည်​။
နယ်​​လေဆိပ်​များတွင်​ ​မြေပြင်​ဝန်​​ဆောင်​မှုလုပ်​ငန်းအား ကိုယ့်​​လေ​ကြောင်းလိုင်းနှင့်​ကိုယ်​​ဆောင်​ရွက်​ကြဆဲဖြစ်​ပါသည်​။
Credit Hteyt Aung Hlaing


Monday, October 5, 2015

Mandalay International Airport

Mandalay International Airport
✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈
ဖတ်​မိသမျှ မန်း​လေး​လေဆိပ်​အ​ကြောင်း
ကို ​ဝေမျှချင်​ပါတယ်​။
.....မန်း​လေး​လေဆိပ်​ကြီးကိုတည်​​ဆောက်​​ရေး
အပိုင်း မှာ ​လေဆိပ်​အ​ဆောက်​အဦနှင့်​ဆက်​စပ်​လုပ်​ငန်းများကို၁၉၉၄ ခုနှစ်​မှာ Italian Thai Develop Public ကုမ္ပဏီက အ​မေရိကန်​​ဒေါ်လာ
သန်း ၁၅၀၊​ပြေးလမ်းနဲ့ဆက်​စပ်​လုပ်​ငန်းများကို
ပြည်​သူ့​ဆောက်​လုပ်​​ရေးလုပ်​ငန်းမှ မြန်​မာကျပ်
ငွေ ၈၀၄၉ ဒသမ ၅၂သန်းအကုန်​အကျခံပြီး ​ဆောက်​လုပ်​ခဲ့တာဖြစ်​ပြီး ၂၀၀၀ပြည့်​ နှစ်​ စက်​တင်​ဘာ ၁၇ ရက်​​နေ့မှာ နိုင်​ငံ​တော်​အစိုးရ ကဖွင့်​လှစ်​အသုံးပြုခဲ့ပါတယ်​။ထိုင်းExIm Bank မှ ရေရှည်ချေးငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်​တယ်​လို့သိရပါတယ်​။
..... မန္တလေးချမ်းမြသာစည်လေဆိပ် ကို​တော့ မြန်​မာအမျိုးသား​လေ​ကြောင်း က​လေယာဉ်​ငယ်
တွေဘဲဆင်းသက်​​တော့ပါတယ်​။

တည်နေရာ
တံတားဦးမြို့၊ကျောက်ဆည်ခရိုင်
မန္တလေးတိုင်းဒေသကြီး။
မန္တလေး မြို့နဲ့ ၃၅ ကီလိုမီတာ ကွာဝေး
ပင်လယ်မျက်နှာပြင်အထက် ၃၀၀ ​ပေ(၉၁မီတာ)
Coordinates
21°42′08″N 095°58′41″E / 21.70222, 95.97806

IATA: MDL – ICAO: VYMD
ပြေးလမ်းဦးတည်ရာအရပ် 17 /35
လေယာဉ်​​ပြေးလမ်း အလျား ၁၄၀၀၀ ​ပေ(၄၂၆၇
-မီတာ)၊အကျယ်​ ၂၀၀ ​ပေ(၆၁-မီတာ)
အမျိုးအစား...ကွန်ကရစ်
ကမ္ဘာပေါ်တွင်အရှည်ဆုံးသောလေယာဉ်
ပြေးလမ်းများစာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှတွင်လက်ရှိအသုံးပြုနေသော လေယာဉ်ပြေးလမ်းများတွင် အရှည်ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၃သန်း အသုံးပြုနိုင်သည် ဟုသိရပါတယ်​။ လေဆိပ်ကြီးမှာ ပြည်​တွင်း​လေ​ကြောင်းလိုင်းများဖြစ်တဲ့ရွှေမြန်မာလေကြောင်း
လိုင်း၊မန်းရတနာပုံ လေကြောင်းလိုင်း၊မန်းရတနာ
ပုံ​လေ​ကြောင်း၊ရန်​ကုန်​အဲယား​ဝေးစ်​​လေ​ကြောင်း နဲ့မြန်​မာအမျိုးသား​လေ​ကြောင်းတို့အခြေပြုပြေး
ဆွဲလျှက်​ရှိပါတယ်​။
ပြည်တွင်းလေကြောင်းလိုင်းအ​နေနဲ့
(၁)အဲယားပုဂံလေကြောင်းလိုင်း
(ကလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ မုံရွာ၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး)
(၂)ကမ္ဘောဇ
(ကျိုင်းတုံ၊ တာချီလိတ်၊ ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး)
(၃)အဲယားမန္တလေးလေကြောင်းလိုင်း
(မြစ်​ကြီးနား၊ ရန်ကုန်)
(၄)​အေရှန်းဝင်း လေကြောင်းလိုင်း
(ကလေး၊ ကျိုင်းတုံ၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ မုံရွာ၊ ရန်ကုန်၊ လွိုင်ကော်၊ဟုမ္ပလင်း၊ ဟဲဟိုး)
(၅)ရွှေမြန်မာလေကြောင်းလိုင်း
(တာချီလိတ်၊ပုဂံညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး)
(၆)မြန်မာအမျိုးသား​လေကြောင်း
(ကလေး၊ကျိုင်းတုံ၊ ခန္တီး၊တာချီလိတ်၊နေပြည်
တော်၊ညောင်ဦး၊ ပူတာအို၊ ဗန်းမော်၊ မြစ်ကြီးနား၊ မုံရွာ၊ ရန်ကုန်၊ လွိုင်ကော်၊ လားရှိုး၊ ဟုမ္ပလင်း၊ ဟဲဟိုး)
(၇)ရန်ကုန် အဲယား​ဝေးစ်​ ​လေ​ကြောင်းလိုင်း
(ကလေး၊ ကျိုင်းတုံ၊ တာချီလိတ်၊ နေပြည်တော်၊
ညောင်ဦး၊ ပူတာအို၊ဗန်းမော်၊ မြစ်ကြီးနား၊ရန်ကုန်၊
လားရှိုး၊ဟဲဟိုး)
(၈)မန်းရတနာပုံလေကြောင်းလိုင်း
(ကျိုင်းတုံ၊ တာချီလိတ်၊ နေပြည်တော်၊ခန္တီး၊​ညောင်ဦး၊ မြစ်ကြီးနား၊ ရန်ကုန်၊ လားရှိုး၊ ဟဲဟိုး မြို့)

ပြည်ပလေကြောင်းလိုင်း အ​နေနဲ့
(၁)Bangkok Airways ဘန်ကောက်/ချင်းမိုင်​၊ထိုင်းနိုင်ငံ
(၂)China Eastern ကူမင်းမြို့ တရုတ်
နိုင်​ငံ(၃)Air Asiaဒွန်​​မောင်း၊ထိုင်းနိုင်ငံ
(၃)Thai Smile Airways.ဘန်ကောက် ထိုင်းနိုင်ငံ(​လော​လောဆယ်​ မ​ပြေးဆွဲ)
(၄)Slik Air..စင်ကာပူမြို့ (စင်ကာပူနိုင်ငံ) (၅)Myanmar International Airline
(ရံဖန်​ရန်​ခါ)တို့​ပြေးဆွဲလျှက်​ရှိပါတယ်​။

လေဆိပ်ဝန်ဆောင်မှုများ
၂၀၀၀ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သောလေဆိပ်အဆောက်အဦး
သည် ဆိုက်ရောက်ခရီးသည် ၁၀၀၀၊ထွက်ခွာခရီး
သည် ၁၀၀၀ ကိုတစ်ပြိုင်တည်းဝန်ဆောင်မှုပေး
နိုင်သည်။ တစ်နှစ်တွင်ခရီးသည်ပမာဏ ၃ သန်း
ခန့်လက်ခံနိုင်ပြီး ၁၅သန်းအထိတိုးချဲ့နိုင်စွမ်း ရှိ
သည်။လေဆိပ်ကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း
မန္တလေးမြို့ တောင်ဘက်​ တံတားဦးမြို့တွင်​တည်​ရှိပြီး စုစုပေါင်းဧရိယာ ၂၈၅၇၆ ဧက  ကျယ်ဝန်း
ပါတယ်​။ ၄င်းဧရိယာ ထဲမှလေတပ်​ဆွယ်အတွက်
၅၆၁ဒသမ၂ ဧက၊အမြန်​လမ်းရဲစခန်း အတွက်​ ၂ဒသမ၇၂ ဧက၊ဆီဆိုင်​အမှတ်​(၀၆၇၂)အတွက်​ ၁ဒသမ၁၂ ဧက၊အမြန်​လမ်းအတွက်​၄၅၂ ဒသမ
၈၉ ဧက၊​အောင်​စည်းခုံဘုရားဝတ္တက​မြေအတွက်
၁.၂ ဧက စုစု​ပေါင်း ၁၀၁၉၀ဒသမ၂၁ ခွဲ​ဝေ​ပေးခဲ့ရ
ပါတယ်​။အမြန်​လမ်း အ​ရှေ့ဘက်​ ၉၀၅၅ ဧက ကို
လည်း ၂၀၁၂ လယ်​ယာ​မြေ ဥပ​ဒေနဲ့ အညီ
၂၆.၆.၂၀၁၄ ရက်​​နေ့မှာ မူလ ​တောင်​သူ ​တွေကို ပြန်​လည်​လွှဲ​ပေးခဲ့တယ်​လို့သိရပါတယ်​။ဒါ​ကြောင့်
လေဆိပ်​​မြေအဖြစ်​ ၁၈၅၀၁ ဒသမ ၇၉ ဧကသာ
ကျန်​​တော့ပါတယ်​။ခြံစည်းရိုးခတ်​ပြီးလက်​ရှိအသုံး
ပြု​မြေက ၃၅၉၅ ဧကဖြစ်​ပြီး ကျန်​ရှိ​မြေကို ​လော​လောဆယ်​ မူလ​တောင်​သူ​တွေကို စိုက်​ပျိုးခွင့်ပေး
ထားတယ်​လို့သိရပါတယ်​။
အဲဒီ​မြေဟာ​နောင်တချိန်​လေဆိပ်​ကြီး ဖွံ့ဖြိုးစည်​ပင်​လာတဲ့အချိန်​မှာ ​လေယာဉ်​​ပြေးလမ်း​နောက်​တစ်​ခု ထပ်​မံတည်​​ဆောက်​ဖို့စီစဉ်​ထားတယ်​လို့
သိရပါတယ်​။(ယခု​လေဆိပ်​ရဲ့ အ​နောက်​ဘက်​ခြမ်း၊​လေဆိပ်​အ​ဆောက်​အဦ နဲ့တာဝါကိုအလယ်
မှာထားပြီး)​နောက်​ပြီး​တော့မန္တလေးမြို့လယ် မှ လေဆိပ်သို့ ကားဖြင့်လာမည်ဆိုပါကတစ်နာရီခန့်
မောင်းနှင်ရပါမယ်။ကားပါကင်တွင်မော်တော်
ယာဉ် အစီးရေ ၇၀၀ ခန့်ရပ်နားနိုင်တဲ့ Car Packing, လေဆိပ်အဆောက်အဦ ထဲမှာ​တော့ လေအေးပေးစနစ်၊မီးဘေးအန္တရာယ်ကာကွယ်ရေးစနစ်နှင့်အရေးပေါ်လျှပ်စစ်ဓာတ်အားပေးရေးစနစ်များ တပ်ဆင်ထားပါတယ်​။ ထို့အပြင် ခရီး
သည်များအတွက်ဓာတ်လှေကား၆ခု၊စက်လှေကား ၃ခု၊ ကုန်တင်ဓာတ်လှေကား ၁ခု၊ ခရီးသည်
ပို့ဆောင်သော ရွေ့လျားတံတား ၆ခု အနက် ၃ခု မှာ ဘိုးရင်း ၇၄၇ လေယာဉ်ကြီးများ ဆိုက်ကပ်နိုင်
သည်။ လေယာဉ် ၁၀ စီး လုံလုံလောက်လောက် ရပ်နားနိုင်ပြီးမည်သည့်အရွယ်အစားရှိသည့်လေယာဉ်မဆို ရှစ်မိနစ်တစ်စီးနှုန်းဖြင့်ဆင်းသက်
ထွက်ခွာနိုင်သည်။(​လော​လောဆယ်​ ပြုပြင်​မှုများ​ဆောင်​ရွက်​​နေပါသည်​။) မန္တလေးလေဆိပ်မြေပြင် ဝန်ဆောင်မှုလုပ်ငန်းကို ယခင်​က (MAGS) မှ ခရီးသည်တင်နှင့် ကုန်တင်လေယာဉ်များအတွက် မြေပြင်ကိုင်တွယ်မှုလုပ်ငန်းများကိုဆောင်ရွက်ပေး
ခဲ့ပါတယ်​။(ယခု Mjas မှတာဝန်​ယူ​ဆောင်​ရွက်​)
လေဆိပ်တွင်ထည့်သွင်းထားသော လေကြောင်း
ဆက်သွယ်မှုဆိုင်ရာစနစ်များအဖြစ် VHF and HF SSB transmitters and receivers၊အသံ
ထိန်းချုပ်စနစ်၊အလိုအလျောက်လေဆိပ်အချက်အလက်ထုတ်ပြန်သောစနစ်(ATIS)၊လေကြောင်း
ဆက်သွယ်မှုကွန်ရက်တို့ပါဝင်ပါတယ်​။လေ​ကြောင်းထိန်းတာဝါ မှာ ရေဒါနှင့် လမ်းပြစနစ် မြောက်များစွာ တပ်ဆင်ထားပြီးဖြစ်​ပါတယ်​။

ခရီးသည်ဝန်ဆောင်မှုများ
check-indesk ၃၆ ခု
ဂိတ် ၈ ခု
ရွေ့လျားတံတား ၆ ခု လက်ဆွဲအိတ်ပြန်လည်ရွေးယူရာရွေ့လျားခါးပတ် ၃ခု
လေယာဉ် အချိန်တိုရပ်နားနိုင်သောပါကင် ၁၁ခု၊ အချိန်ကြာရပ်နားနိုင်သောပါကင် ၆ ခု
စာတိုက်
ဘဏ်
ငွေလဲလှယ်ရေးကောင်တာ
စားသောက်ဆိုင်
အထူးပုဂ္ဂိုလ်များနားနေဆောင် အကောက်ခွန်မဲ့အမှတ်တရပစ္စည်းအရောင်းဆိုင်ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ ခရီးသည်များအတွက် Information Counter​ ကားအငှားလုပ်ငန်းများ

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ ကိန်း
အောင်းရာ မြို့တော်ကြီးဖြစ်သောကြောင့် လည်း
ကောင်း၊ ရန်ကုန်​လေဆိပ်​မှာ တိုးတက်​လာတဲ့
လေ​ကြောင်းလိုင်းများနဲ့​လေယာဉ်​များ​ကြောင့်
လေယာဉ်​ရပ်​နားရာ​နေရာ ကျဉ်း​မြောင်းလာမှု​ကြောင့်​လည်း​ကောင်း မန္တ​လေး အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​ ဟာမြန်​မာနိုင်​ငံအတွက်​ ဒုတိယအ​ကောင်းဆုံး​နေရာ တစ်​ခုဖြစ်​လာတယ်​ဆိုတာ မငြင်းနိုင်​တဲ့ အ​ကြောင်းအရာတစ်​ခုဖြစ်လာပါတယ်​။
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ကိုးကား ၁။ https://en.m.wikipedia.org/wiki/Mandalay_International_Airport
၂။ပြည်​သူလွှတ်​​တော်
၃။အခြား
Credit :Htet Aung Hlaing

Sunday, October 4, 2015

Yangon International Airport

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်

IATA: RGN – ICAO:VYYY
အမျိုးအစား.
ပြည်သူပိုင်

ပိုင်ဆိုင်သူ
နိုင်ငံတော် အစိုးရ

စီမံကွပ်ကဲသူ
ပို့ဆောင်ရေးဝန်ကြီးဌာန

တည်နေရာ
မင်္ဂလာဒုံမြို့နယ်​၊ရန်ကုန်တိုင်းဒေသကြီး,
ပင်လယ်မျက်နှာပြင် အထက်၁၀၉ ​ပေ၊ ၃၃ မီတာ
Coordinates16°54′26″N 96°07′59″E / 16.90722, 96.13306

ပြေးလမ်း 03/21
အလျား ၁၁၂၀၀×၂၀၀​ပေ၊၃၄၁၄မီတာ မျက်နှာပြင်...နိုင်လွန်ကတ္တရာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ရန်ကုန်မြို့ မြောက်ဘက် ၁၅ကီလိုမီတာအကွာ
မင်္ဂလာဒုံတွင်တည်ရှိသောကြောင့် မင်္ဂလာဒုံလေ
ဆိပ်ဟုလည်း အမည်တွင်သည်။ယင်းလေဆိပ်
သည် မြန်မာနိုင်ငံတွင်ဒုတိယအကြီးဆုံးလေဆိပ်
ဖြစ်ပြီး အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ
လေဆိပ်တစ်ခုဖြစ်​သည်။
လေဆိပ်၏ တာမီနယ်အဟောင်းမှာပြည်တွင်း
ခရီးစဉ်များအတွက်သာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်မေလ
မှ စတင်အသုံးပြုသည့်တာမီနယ်အသစ်မှာပြည်ပ
ခရီးစဉ်များကို အသုံးပြုသည်။ နှစ်စဉ် ခရီးသည် အဝင်အထွက် ၂.၇ သန်းခန့်ရှိသည်။၂၀၀၆ခုနှစ်
တွင်ကမ္ဘာလှည့်ခရီးသည်၈ သိန်းခန့်နှင့်ပြည်တွင်း
ခရီးသည်၁.၂ သန်းခန့်ရှိသည်။
၂၀၁၁ ခု ဇွန်လတွင် အစိုးရမှ ကိုင်တွယ်​နိုင်သည့်
ခရီးသည်ပမာဏကို နှစ်စဉ်နှစ်တိုင်း ၄၀ရာခိုင်နှုန်း ၊၂.၇ သန်း မှ ၃.၈ သန်း သို့တိုးချဲ့ရန်ကြေငြာ
ခဲ့သည်။
Calcutta Metropolitan Airports Authority မှ ၁၉၄၇ ခုနှစ်၊ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်
တည်ဆောက်ခဲ့ကြသည်။တစ်ချိန်ကအရှေ့
တောင်အာရှ၏အကောင်းဆုံးလေဆိပ်တစ်ခု
အဖြစ် လေးစားခံခဲ့ရသော်လည်းနောက်ပိုင်းတွင်
ထိန်းသိမ်းမှု နည်းပါးခြင်း၊ခေတ်နောက်ကျခြင်း
တို့ကြောင့်၎င်း၏အရှိန်အဝါကျဆင်းခဲ့ရသည်။
အဆင့်မြှင့်တင်ရေး အစီအစဉ်ကို ၂၀၀၃ ခုနှစ် တွင် စတင်ခဲ့ပြီး အဆုံးတွင် တာမီနယ်အသစ်
တစ်ခု နှင့် တိုးချဲ့ထားသော ၁၁၂၀၀ ပေ(၃၄၁၄ မီတာ) ရှည်​သောလေယာဉ်ပြေးလမ်းတစ်ခု တို့ ပေါ်ပေါက်လာခဲ့သည်။ စင်ကာပူအ ခြေစိုက် CPG Corporation၏လေဆိပ်အဆင့်မြှင့်တင်
ရေးဌာနမှ ဒီဇိုင်း ရေးဆွဲကာ မြန်မာနိုင်ငံ၏ ရှေ့ပြေးဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သော Asia World မှ အမေရိကန်ဒေါ်လာ ၁၃.၃ သန်း
အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။
တာမီနယ် အသစ်သည် ဆိုက်ရောက်ခရီးသည် ၉၀၀၊ထွက်ခွာခရီးသည် ၉၀၀ ကိုတစ်ပြိုင်တည်း
ဝန်ဆောင်မှုပေးနိုင်သည်။လေဆိပ်ကြီးတစ်ခု လုံး
၏ဒီဇိုင်း နှင့် အသေးစိပ်ကိုအပြည်ပြည်ဆိုင်ရာ
လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(IATA)၏သတ်မှတ်ချက်များ၊အပြည်ပြည်ဆိုင်ရာပြည်သူ
ပြည်သားနှင့်ဆိုင်သောလေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(ICAO)၏ လုံခြုံရေးသတ်မှတ်
ချက်များ နှင့်ကိုက်ညီမှုရှိစေရန် စင်ကာပူဒေါ်လာ သန်း၃၀ အသုံးပြုထားသည်။

အခြားမှတ်သားစရာအချက်အလက်များ

ပြွတ်ကြပ်ခြင်းလျော့နည်းစေရန်ဆိုက်ရောက်နှင့်ထွက်ခွာ ကို တစ်ထပ်စီ ထား ထားသည်။အလို
အလျှောက်လက်ဆွဲအိတ်ကိုင်တွယ်မှု၊ပေါင်းစပ်ထားသော check-in system၊ဘိုးရင်း၇၄၇လေ
ယာဉ်ကြီးများဆိုက်ကပ်နိုင်သည့်ခရီးသည်
ပို့ဆောင်သောရွေ့လျားတံတား ၄ ခု၊အစိုးရ အရာရှိများနှင့် စီးပွားရေးသမားများ အတွက် နားနေခန်းများမော်တော်ယာဉ် အစီးရေ ၃၄၀ ဆံ့သော နှစ်ထပ်ကားပါကင်တစ်ခုပါဝင်သည်။

ပြည်​တွင်း​ လေကြောင်းလိုင်းများ

အဲပုဂံ
အဲကေဘီဇက်
အဲမန္တလေး
မန်းရတာနာပုံ
အေးရှန်းဝင်း
မြန်မာအမျိုးသား​လေကြောင်း
ရန်ကုန်အဲဝေးစ်
FMI Air
Apex Airline

ပြည်​ပ​လေ​ကြောင်းလိုင်းများ

Thai Airways(ဘန်​​ကောက်​)
Air Asia(ဒွန်​​မောင်း)(ကွာလာလမ်​ပူ)
Singapore Airlines(ချန်​ဂီ)
Silk Air(ချန်​ဂီ)
China Southern Airline(ကွမ်​ကျိုး)
China Airline(ကူမင်း)
All Nippon Airline(တိုကျို)
Dragon Air(ဟောင်ကောင်)
Air India(ကလကတ္တား၊ဗုဒ္ဓဂါယာ)
Tiger Airline(ချန်​ဂီ)
Jetstar Airline(ချန်​ဂီ)
Bangkok Airline(သုဝဏ္ဏဘုမ္မိ၊ချင်းမိုင်​)
Puket Air(ဖူးခက်​)
VietJet Air(ဗီယက်​နန်​)
Korea Airline(အင်​ချွန်း)
Malaysia Airline(ကွာလာလမ်ပူ)
Vietnam Airline...ဟနွိုင်းမြို့၊ဟိုချီမင်း
Katar Airline(ဒိုဟာ)
Nok Air(ဒွန်​​မောင်း)
Myanmar international Airlines(MAI)
၁။ထိုင်း/သုဝဏ္ဏဘူမိလေဆိပ်၊
၂။တရုတ်​/ကွမ်ကျိုးမြို့
၃။မ​လေးရှား/ကွာလာလမ်ပူ​လေဆိပ်
၎။စင်္ကာပူ/ချန်ဂီ လေဆိပ်
၅။အိန္ဒိယ/ဂါယာ​လေဆိပ်
၆။ ကိုရီးယား/အင်​ချွန်း​လေဆိပ်
၇။တရုတ်​/​ဟောင်​​ကောင်
၈။မြန်​မာ/မန္တလေး​လေဆိပ်
မြန်​မာအမျိုးသား​လေ​ကြောင်း(MNA)
စင်္ကာပူ/ချန်​ဂီ
ရွှေမြန်​မာ​လေ​ကြောင်း(GMA)
အိန္ဒိယ/ဂါယာ

ပြည်​တွင်း​လေကြောင်းလိုင်းများ/ မြို့များ

မြန်မာ့လေကြောင်းအမ်း၊မကွေး၊မော်လမြိုင်၊မိုင်းဆတ်၊မုံရွာ၊မြိတ်၊မြစ်ကြီးနား၊နေပြည်တော်၊ပုသိမ်၊ပူတာအို၊စစ်တွေ၊တာချီလိတ်၊တောင်ငူ၊သံတွဲ၊ပုဂံညောင်ဦး၊ဗန်းမော်၊ဘုတ်ပြင်း၊ထားဝယ်၊ဟဲဟိုး၊ခန္တီး၊ဟုမ္မလင်း၊ကလေးမြို့၊ကော့သောင်း၊ကျောက်ထု၊ကျောက်ဖြူ၊ကျိုင်းတုံ၊လားရှိုး၊လွိုင်ကော်၊
မန္တလေး
Air Bagan
ညောင်ဦး၊ထားဝယ်၊ဟဲဟိုး၊ကျိုင်းတုံ
ပုသိမ်ကော့သောင်း၊ကလေး၊လားရှိုး၊မြိတ်၊
မန္တလေး၊မြစ်ကြီးနား၊ပူတာအို၊စစ်တွေ၊တာချီ
လိတ်၊သံတွဲ၊ချင်းမိုင်မြို့(code share flight)

Yangon Airways​ပုဂံညောင်ဦး၊ထားဝယ်၊ဟဲဟိုး၊ကော့သောင်း၊
ကျိုင်းတုံ၊မြိတ်၊မန္တလေး၊တာချီလိတ်၊မြစ်​ကြီးနား၊ဗန်း​မော်​၊ ခန္တီး၊က​လေး

Air KBZ
ပုဂံညောင်ဦး၊ထားဝယ်၊ဟဲဟိုး၊ကော့သောင်း၊
ကလေး၊ကျိုင်းတုံ၊လားရှိုး၊မြိတ်၊မန္တလေး၊မြစ်ကြီးနား၊စစ်တွေ၊သံတွဲ၊ဟုမ္မလင်းမြို့၊မုံရွာ

Air Mandalay
ပုဂံညောင်ဦး၊ထားဝယ်၊ဟဲဟိုး၊ ၊မန္တလေးကျိုင်းတုံကော့သောင်း၊ကလေး၊လားရှိုး
၊မြိတ်၊သံတွဲ၊မြစ်ကြီးနား၊စစ်တွေ၊တာချီလိတ်

Asian Wings
ပုဂံညောင်ဦး၊ထားဝယ်၊ဟဲဟိုး၊ကော့သောင်း၊
ကျိုင်းတုံ၊မြိတ်၊မန္တလေး၊တာချီလိတ်၊
၊ဟုမ္မလင်းမြို့၊မုံရွာ၊က​လေးမြို့

Golden Myanmar
ကျိုင်းတုံ၊မန္တလေး၊တာချီလိတ်၊ဟဲဟိုး၊ဗန်း
မော်​၊မြစ်​ကြီးနား​၊ညောင်​ဦး

Apex Airlines
ထားဝယ်​၊မြိတ်​၊​ကော့​သောင်း၊ရန်​ကုန်

အတတ်​နိုင်​ဆုံးစုံလင်​​အောင်​စု​ဆောင်းထား
ပါသည်​။လိုအပ်​ချက်​များရှိပါက သည်းခံ​ပေးပါရန်​..(​​ဝေမျှနိုင်​ပါသည်​)Htet Aung Hlaing

Saturday, October 3, 2015

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန

လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
သည် ပို့ဆောင်ရေးဝန်ကြီးဌာန အောက်ရှိ နိုင်ငံ
ပိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှာ ဦးမင်းလွင်​ ဖြစ်သည်။

သမိုင်းကြောင်း

လွတ်လပ်ရေးမရမီ(B.O.A.C)လေကြောင်း
ကုမ္ပဏီမှ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်များကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးရရှိ
လာသောအခါ ယင်းလေကြောင်းကုမ္ပဏီ လက်
အောက်တွင် မြန်မာ့မြို့ပြ လေကြောင်းဆက်
သွယ်ရေးလုပ်ငန်းများအား ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် ခေတ်ပညာတတ် စက်မှု နှင့် ဆက်သွယ်ရေး လုပ်ငန်းကျွမ်းကျင်သူလူငယ်များ
က ကြိုးစား နည်းလမ်းရှာဖွေခဲ့ရာ International Aeradio Limitedခေါ်IALကုမ္ပဏီနှင့်ဆက်သွယ်
မိခဲ့ပြီး မြို့ပြလေကြောင်းဆက်သွယ်ရေးလုပ်ငန်း
များကိုလုပ်ကိုင်ရန်ငှားရမ်း၍ မြန်မာ့မြို့ပြလေ
ကြောင်းလုပ်ငန်း ဆက်သွယ်ရေး၏အခြေခံအုတ်
မြစ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။
မြို့ ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုလျက် ၁၉၄၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေ
ကြောင်းအဖွဲ့ချုပ်ICAO ကို ဖွဲ့စည်း တည်ထောင်
ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်ဩ
ဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်
ခဲ့သည်။

မူဝါဒများ

ပြည်ထောင်စုမြန်မာနိုင်ငံတော် လေယာဉ်ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများကိုလိုက်နာ
ကျင့်သုံးလျက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေ
ကြောင်းအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်စံများအတိုင်း လေကြောင်းဆိုင်ရာ နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းပြည်ပ ​လေ
ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံချော
မွေ့စွာဖြင့် လိုရာခရီးသို့ လျင်မြန်စွာ ပျံသန်းသွား
လာနိုင်ရေးတို့အတွက် အောက်ပါမူဝါဒများကို ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်လျက်
ရှိသည်။
ဘေးအန္တရာယ်ကင်းဝေးစွာပျံသန်းနိုင်ရေး
အချိန်မှန်ပျံသန်းနိုင်ရေးစီးပွားရေးအရအကျိုးရှိစွာ ပျံသန်းနိုင်ရေး
စွမ်းအားပြည့် ပျံသန်းနိုင်ရေး
လုံခြုံစိတ်ချစွာ ပျံသန်းနိုင်ရေး

လုပ်ငန်းဆောင်ရွက်မှုများ

လေကြောင်းထိန်းသိမ်းခြင်း
လေကြောင်းဆက်သွယ်ရေးနှင့်လမ်းညွှန်မှုအ
ထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း
လေယာဉ်မှူး၊ လေယာဉ်အင်ဂျင်နီယာများအား လိုင်စင်ထုတ်ပေးခြင်း၊
ပျံသန်းမှုစစ်ဆေးခြင်း
လေဆိပ်၊လေယာဉ်ကွင်းများတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လေဆိပ်များ စီမံအုပ်
ချုပ်ခြင်း
လေယာဉ်ပျံသန်းနိုင်မှုအဆင့်အတန်းအတွက်ကြီးကြပ်ခြင်း
ပြည်တွင်းပြည်ပလေကြောင်းကုမ္ပဏီများအား လိုင်စင်နှင့် ပါမစ်များထုတ်ပြန်ခွင့်ပြုပေးခြင်း
နှစ်နိုင်ငံလေကြောင်းသဘောတူစာချုပ်များ ချုပ်ဆိုခြင်း
အပြည်ပြည်ဆိုင်ရာမြို့ ပြလေကြောင်းအဖွဲ့ချုပ်၊ နိုင်ငံတကာလေကြောင်းအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း
လေကြောင်းဆိုင်ရာသင်တန်းများ သင်ကြားပို့ချပေးခြင်း

ထင်ရှားသောလေဆိပ်များ

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် - ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် - မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် - ညောင်ဦးလေဆိပ် - စစ်တွေလေဆိပ် - မြစ်ကြီးနားလေဆိပ် - မော်လမြိုင်လေဆိပ် - ကျိုင်းတုံလေဆိပ် - ဟဲဟိုးလေဆိပ် - လွိုင်ကော်လေဆိပ် - ကလေးလေဆိပ် - လားရှိုးလေဆိပ် - တာချီလိတ်လေဆိပ် - မြိတ်လေဆိပ် - ကော့သောင်းလေဆိပ် - သံတွဲလေဆိပ် - ကျောက်ဖြူလေဆိပ်

ထင်ရှားသောမိုးလေဝသစခန်းများ

ကမ္ဘာအေးမိုးလေဝသစခန်း - ကမ္ဘာအေးမြေငလျင်စခန်း - စစ်တွေမိုးလေဝသစခန်း - ဟိုင်းကြီးကျွန်းမိုးလေဝသစခန်း

ဆက်သွယ်ရန်
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၁၀၂၁ (မြန်မာနိုင်ငံ)
Telephone: + 951 665637 Fax: + 951 665124
URL: www.dca.gov.mm
Email: dg-dca@mptmail.net.mm
#credit:Htet Aung Hlaing`s Facebook