Monday, September 26, 2016

လေထု နှင့်​ ​လေ​ကြောင်းပညာ

လေထု နှင့် လေကြောင်းပညာ
*********************

✴    လေယာဉ်ပျံသည် လေထဲတွင်သွားသောယာဉ်ဖြစ်
၏။ လေကိုအမှီပြု၍ ပျံသန်းနိုင်ခြင်းဖြစ်၏။ လေမရှိ
လျှင် လေယာဉ်ပျံဟူ၍ ပေါ်ပေါက် မလာနိုင် ။သို့သော်
လူတို့သည် လေကြောင်းစီးပွားလုပ်ငန်းနယ်ပယ်ကြီး
( Aviation Industry ) ၏ အခြေခံအကျဆုံးမှာ ' လေ '
ဖြစ်ကြောင်းကို မေ့လျော့ထားတတ်ကြသည်။ လေယာဉ်မပေါ်မီက ရှေးဦးတီထွင်သူတို့သည် လေကို
လေ့လာစူးစမ်းကြသည်။

✴     လေသည် ကမ္ဘာမြေကြီးကို ဝန်းရံပတ်ထားသော
ဓာတ်ငွေ့ ရောဖြစ်သည်။ လေထု ( atmosphere ) ဟု
လည်းခေါ်ကြသည်။ လေဟုခေါ်သော ဓာတ်ငွေ့ရော
သည် ကမ္ဘာ့မျက်နှာပြင်မှသည် အာကာသအထိ ပျံနှံနေ
သည်။ ကမ္ဘာ ပတ်လည်တွင် လေထုတည်တံ့နေအောင်
ကမ္ဘာ့ဆွဲအားက ဆွဲငင်ထားသည်။ လေတွင်ပါဝင်သော
ဓာတ်ငွေ့များသည် လွတ်လပ်စွာရွေ့လျား ရောပြွမ်းနေ
ကြသည်။ ဓာတ်ငွေ့ မော်လီကျူးများသည် လေထုကို
ဖြတိသန်းသွားသော နေရောင်ခြည် နှင့် ထိတွေ့ရိုက်
ခတ်မိသောအခါတွင် အရောင်မျိုးစုံဖြာထွက်သည် ။
အပြာရောင်သည် အခြားအရောင်များထက် ပိုမိုအား
ကောင်းသဖြင့် မိုးကောင်းကင်သည် ပြာနှမ်းနေရခြင်း
ဖြစ်၏။

✴     လေထဲတွင် အချိုးအစားအများဆုံး ပါဝင်သော
အဓိကဓာတ်ငွေ့နှစ်မျိုးမှာ နိုက်ထရိုဂျင် နှင့်
အောက်စီဂျင် ဖြစ်၏။ နိုက်ထရိုဂျင် က ၇၈% နှင့်
အောက်စီဂျင် ၂၁% ပါဝင်သည်။ ကျန် ၁% တွင်
အာဂွန်က အများဆုံး ဖြစ်ပြီး ရေငွေ့ ၊ ကာဗွန်ဒိုင်
အောက်ဆိုက် ၊ နီယွန် ၊ ဟီလီယမ် ၊ ခရစ်တွန် ၊
ဟိုက်ဒရိုဂျင် ၊ ဇီနွန် နှင့် အိုဇုန်းဓာတ်ငွေ့ တို့က
အနည်းငယ်စီ ပါဝင်ကြသည် ။

✴      လေထဲတွင် ရေငွေ့ပါဝင်ကြောင်း အထက်တွင်
ဆိုခဲ့၏။ ဤရေငွေ့ ( Water vapour )သည် မျက်စိဖြင့်
မမြင်နိုင်သော ဓာတ်ငွေ့ အသွင်ဖြင့်ပါဝင်နေခြင်းဖြစ်သု။
မြစ် ၊ ချောင်း ၊ အင်းအိုင် ၊ ပင်လယ် ၊ သမုဒ္ဒရာ တို့မှ
ရေများအငွေ့ပြန်ကာ လေထုထဲရောက်ရှိရောနှောသွား
သောရေငွေ့ကို ရေငွေ့စို ( moisture )ဟုခေါ်သည် ။
တစ်ဖန် လေထုထဲတွင် ရှိနေသော ရေငွေ့စို ပမာဏ ကို
စိုထိုင်းဆ ( humidity )ဟုခေါ်သည် ။ လေထု၏ စိုထိုင်းဆသည် လေထု၏ အပူချိန် ၊ လေထုတည်ရှိ
သောနေရာနှင့် ရာသီဥတု အပေါ်တွင်တည်မှီ၍
အနည်းအများ ကွာခြားသည် ။

✴      လေသည် အလွန့်အလွန် အေးမြလာပါက
လေထုတွင်ပါဝင်သောရေငွေ့သည် အလွန်သေးငယ်
သော ရေမှုန်ရေမွှား ( water droplets )  သို့မဟုတ်
ရေမှုန်ခဲ ( ice crystals ) အဖြစ် ပြောင်းလဲသွားပြန်သု။
ယင်းကို အခဲဖြစ်စဉ် ( condensation )ဟု ခေါ်သည်။
ဤဖြစ်စဉ် ပေါ်ပေါက်စေသော အပူချိန်ကို ရေခဲမှတ်
( dew point ) ဟု ခေါ်သည်။ လေထု နှင့် ဆက်စပ်
နေသော အနှီရူပဗေဒဆိုင်ရာ အကြောင်းအချက်နှင့်
ဝေါဟာရ တို့သည် လေကြောင်းပျံသန်းမှုတွင် မိုးလေဝသ ( Meteorology )ဘာာသာရပ် အဖြစ် အကျုံးဝင်လာသည် ။

လေ၏ဂုဏ်သတ္တိများ
***************

✴      လေယာဉ် တည်ဆောက်ရာတွင် လေ၏ဂုဏ်သတ္တိကိုမှီပြီး ပုံစံ ရေးဆွဲကြရသည် ။

✴     ပထမဂုဏ်သတ္တိမှာ ' အလေးချိန်ဖိအားရှိခြင်း '
ဖြစ်၏။ လေသည် အစိုင်အခဲနှင့် အရည်တို့ထက်
များစွာ ပေါ့ပါးသောကြောင့် သူ့တွင် အလေးချိန်ရှိသည်
ကို သတိမပြုမိကြချေ။ လေတွင် အလေးချိန်ရှိပုံကို
ရိုးစင်းလွယ်ကူသော နည်းဖြင်ပြသနိုင်သည် ။
ပုလင်းတစ်ပုလင်းထဲမှ လေကို လေစုပ်စက်ဖြင့် စုပ်ယူ
ကာ အဖုံးကိုလုံအောင်ပိတ်ပြီး အလေးချိန်ချိန်ပါ ။
ထို့နောက် အဖုံးဖွင့်၍ လေပြန်ဝင်စေပြီး ထပ်မံချိန်ပါ ။
ပထမ အလေးချိန်ထက် တိုးလာသည် ။
ခြားနားသော အလေးချိန်မှာ လေ၏ အလေးချိန်ဖြစ်၏။

✴     တစ်ဖန် လေတွင်ဖိအားရှိပြန်သည် ။
ဖိအားရှိခြင်းမှာ အလေးချိန်ကြောင့် ဖြစ်သည် ။
ဖိအားရှိကြောင်းကိုလည်း လွယ်ကူစွာစမ်းသပ်ပြနိုင်သု။
ဖျော်ရည်ခွက်ထဲကို စက္ကူ  ကျူရိုးတံ စိုက်ထည့်ထား
လျှင် ဖျော်ရည်မျက်နှာပြင်သည် နဂိုအတိုင်းပင်ရှိနေ၏။
ကျူရိုးတံ ကို ပါးစပ်ဖြင့်စုပ်သော် ဖျော်ရည်သည် ကျူရိုး
တံ အတိုင်းတက်လာ၏။ သာမန်အားဖြင့် ဖျော်ရည်ကို
စုပ်ယူသည်ဟု ထင်မှတ်ကြ၏ ။ အမှန်တကယ် မှာ
ကျူရိုးတံ ထဲရှိ လေကို စုပ်ယူလိုက်ခြင်းဖြစ်သည် ။

✴     ထို့ကြောင့် ကျူရိုးတံ ထဲတွင် လေဟာနယ်ဖြစ်
သွား၍ လေဖိအားကျသွားသည်။ ထိုအခါ ကျူရိုးတံ
အပြင်ဘက်ဖျော်ရည် မျက်နှာပြင် ပေါ်ဖိနေသော လေဖိ
အားက များသွားသည်။ ဖိအားများသောလေကဖိလိုက်
သဖြင့် ဖိအားနည်းသော ကျူရိုးတံ တလျှောက် ဖျော်ရည် တက်လိုက်လာခြင်းဖြစ်သည် ။ လေကိုစုပ်
မယူမိက ကျူရိုးတံ ထဲရှိ လေဖိအားနှင့် ဖျော်ရည်ခွက်
ထဲရှိ လေဖိအားတို့ ညီမျှနေသဖြင့် ဖျော်ရည်မျက်နှာပြင်
သည် တစ်ညီတည်းရှိ နေခြင်းဖြစ်သည် ။
လေတွင်ဖိအားမရှိလျှင် အတောင်ပံက ပင့်အားရယူ
မပေးနိုင်လောက်အောင်ပင် တစ်နည်းအားဖြင့်
လေယာဉ်ပျံဟူ၍ ဖြစ်မလာနိုင်လောက်အောင်ပင်
အရေးပါလှပေသည် ။

✴      သိပ္ပံပညာတွင် လေဖိအားကို ပြောဆိုရာ တွင်
ပင်လယ်ရေမျက်နှာပြင် ( sea level ) ကို ကမ္ဘာ့မျက်နှာ
ပြင် အဖြစ်စံထား တိုင်းထွာ ကြသည် ။
ပင်လယ်ရေမျက်နှာပြင်ရှိ လေတစ်ကုဗပေ
( ၀ ဒသမ ၀၃ ကုဗမီတာ ) ၏ အလေးချိန်မှာ 1¼အောင်စ ( ၃၅ ဂရမ် )မျှသာ ရှိသော်လည်း ကမ္ဘာ
ပတ်လည်ရှိ လေထုကြီး တစ်ခုလုံး၏ အလေးချိန်မှာ
၅,၇၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ရှော့တန်
( ၅၂၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ မက်ထရစ်တန် )
မက ရှိပေသည် ။ လေထု၏ အပေါ်ဆုံး အလွှာမှသည်
အောက်ဘက်ရှိ အလွှာအသီးသီးပေါ်သို့ ဖိထားသော
လေ၏ အလေးချိန်ကြောင့် လေဖိအား ( air pressure)
တစ်နည်းအားဖြင့် လေထုဖိအား ( atmospheric px )
ဟူ၍ ဖြစ်လာသည် ။

✴      လေဖိအား ကို ဘာရော်မီတာ ဖြင့် တိုင်းသည် ။
အတိုင်းအထွာ ယူနစ် နှစ်မျိုး ရှိသည် ။ ပြဒါးအမှတ် ၏
လက်မ ၊ သို့မဟုတ်​ မီလီမီတာ
( inches or millimeters of mercury ) ဖြင့် တစ်မျိုး
တိုင်းသည်။ နောက်တစ်မျိုးမှာ ဘား ( bars )
သို့မဟုတ်​ မီလီဘား ( millibars ) ဖြစ်သည် ။

✴      ဘာရိုမီတာတွင် ပင်လယ်ရေမျက်နှာပြင်၏
ပျှမ်းပြလေထုဖိအားကို ပြဒါး၏ ၂၉ ဒသမ ၉၂ လက်မ
သို့မဟုတ်​ ပြဒါး၏ ၇၆၀ မီလီမီတာ ဟု လည်းကောင်း
၁၀၁၃ မီလီဘား ဟုလည်းကောင်းဖော်ပြသည် ။

✴     ထို့ကြောင့် လေယာဉ်ပျံ၏ အမြင့်ပြမီတာတွင်
၂၉ ဒသမ ၉၂ လက်မ ၊ သို့မဟုတ်​ ၇၆၀ မီလီမီတာ
သို့မဟုတ်​ ၁၀၁၃ မီလီဘား ကို ထည့်သွင်းလိုက်ပါက
ညွှန်တံပြသော အမြင့်မှာ ပင်လယ်ရေမျက်နှာပြင်
အထက်တွင် ရောက်ရှိနေသော လေယာဉ်၏ အမြင့်ပေ
သို့မဟုတ် အမြင့်မီတာ ကိုရသည် ။

✴      လေဖိအား သည် ရာသီဥတု ကိုလိုက်၍ ပြောင်း
လဲသည်။ ကြည်လင်သော နေ့ထက် စွတ်စိုထိုင်းမှိုင်း
သောနေ့၏ လေထုဖိအား မှာ ပိုနည်းသည် ။
မိမိ သွားမည့် လေယာဉ်ကွင်း၏ ဖိအားသည် ရှိရိုးရှိစဉ်
ထက် နိမ့်ကျနေပြီဆိုလျှင် လေယာဉ်ကွင်းအဝင်တွင်
မိုးတိမ် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတွေကို
မျှော်တွေး ထားနိုင်လေသည် ။

✴     ထို့အပြင် မြေမျက်နှာပြင်အနိမ့်အမြင့် ကိုလိုက်၍
လည်း ဖိအားမတူညီပေ ။ ကမ္ဘာ မြေပြင်နှင့် နီးကပ်
သော လေသည် လေထု ထုထည်ကြီးတစ်ခုလုံး၏
အလေးချိန်ဖိထားခြင်းကို ခံရသဖြင့် ဖိအားပိုများ ၍
အပေါ်သိုမြင့်တက်သွားသည်နှင့်အမျှ လေထု၏ အလေးချိန်လျော့သွားကာ ဖိအားနည်းသွားရခြင်းဖြစ်သု
ထို့ကြောင့် တောင်ပေါ်လေယာဉ်ကွင်းသည် မြေပြန့်
လေယာဉ် ကွင်းထက် ဖိအားနည်းသည် ။

✴      ဒုတိယဂုဏ်သတ္တိမှာ ' ရွေ့လျားမှု ရှိခြင်း' ဖြစ်သု။
လေသည် ကမ္ဘာ့မျက်နှာပြင် အနှံ့ဖြတ်သန်း၍ အမျိုးမျိုး
ရွေ့လျားသွားလာသည် ။ ဤသို့ဖြင့် လေတိုက်ခတ်မှု
( ဝါ )တိုက်ခတ်လေ ( wind ) ဖြစ်လာသည် ။
တိုက်ခတ်လေ ဖြစ်ပေါ်အောင် ဖန်တီးပေးသူမှာ နေ၏
အပူချိန် ( heat )ဖြစ်သည် ။ ထိုအပူရှိန်သည် ကမ္ဘာ
မြေပြင်ပေါ် သို့ ညီညီမျှမျှ မသက်ရောက်ပေ ။

✴      ပူနွေးသောနေရာရှိလေတို့သည် အပူရှိန်ကြောင့်
ကျယ်ပြန့်လာသည်။ ပေါ့ပါးလာသည်။ ထိုအခါမြေမျက်
နှာပြင်အနီးရှိ လေပေါ့တို့သည် အပေါ်သို့တက်သွားပေ
ရာ ထိုနေရာတွင် လေဖိအားနည်းပြီး ကျန်ရစ်သည် ။
ပတ်ဝန်းကျင် ဖိအားများသော နေရာမှလေတို့သည်
ဖိအားနည်းသော နေရာသို့အစားထိုးဝင်ရောက်လာခြင်း
ဖြင့် လေတိုက်ခတ်မှု ဖြစ်ပေါ်သည် ။ ပထဝီဘာသာ
တွင် သင်ကြားရသော ပင်လယ်လေနှင့် ကုန်းလေ
တို့မှာ ဤသဘောတရားအတိုင်းပင်ဖြစ်၏ ။

✴       ကမ္ဘာမြေပြင်အထက် ၆ မိုင် မှ ၉မိုင် ( ၁၀ မှ
၁၅ ကီလိုမီတာ )အတွင်းတွင် ကွေ့ဝိုက်တိုက်ခတ်သော
လေစီးကြောင်းတစ်မျိုးမှာ အလွန်မြန်သော အလျင်နှုန်း
ရှိသော ကြောင့် ဂျက်လေစီးကြောင်း ( Jet streams )
ဟုခေါ်သည် ။ လေစီးကြောင်း ဗဟိုတွင် တစ်နာရီလျှင်
မိုင် ၂၀၀ ( ၃၂၀ ကီလိုမီတာ ) နှုန်းမက ရှိတတ်သော
ကြောင့် လေယာဉ် မှုးများ အထူးသတိထားရသည် ။

✴       တတိယ ဂုဏ်သတ္တိမှာ ' တွန်းကန်ခုခံမှုရှိခြင်း'
ဖြစ်သည်။ လေ၏ တွန်းကန်ခုခံမှု ( air resistance )
သည် ပျံသန်းမှုပညာရပ်တွင် အလွန်အရေးကြီးသော
အခန်းကဏမှ ပါဝင်သည်။ ဤတွန်းကန်ခုခံမှုကို လေထီးခုန်ဥပမာတွင် သိသာနိုင်သည်။ လေထီးမပွင့်မီ
လျင်မြန်စွာကျလာသောသူသည် လေထီးပွင့်ပြီးနောက်
လေထီးကို လေကတွန်းကန်ထား သဖြင့် အကျနှေး
ကွေးရသည်။

✴      လေသည် လေထုအတွင်း ဖြတ်သန်းသွားသော
မည်သည့်ရွေ့လျား အရာဝတ္ထုကိုမဆို တွန်းခုခံမည်သာ
ဖြစ်၏။ လေထုတွင်ပါဝင်သော ဓာတ်ငွေ့ တို့၏ အဏုမြူ
မှုန် ကလေးများ ၊ မော်လီကျူးများနှင့် ရွေ့လျား
အရာဝတ္ထုတို့ ပွတ်တိုက်မိသောကြောင့် ဤတွန်းကန်
ခုခံမှု ပေါ်ပေါက် လာရသည်။

✴      အရာဝတ္ထုသည် လေထုအတွင်း မြန်မြန်ဖြတ်
သန်းသွားလေလေ လေ၏တွန်းကန်ခုခံမှုကို ပိုမိုရင်ဆိုင်
ရ လေလေဖြစ်သည်။ သင်သည် ညီညာသောလမ်းပေါ်
တွင် စက်ဘီးနင်းသွားပါက မျက်နှာကိုလေတိုးသော
ခံစားမှု့ ကိုခံစားရလိမ့်မည်။ဤသည်မှာ လေ၏
ခုခံတွန်းကန်မှု ဖြစ်၏။ အကယ်၍ ကုန်းဆင်းအတိုင်း
နင်းသွားလျှင် ပိုပြီးလေတိုးသည် ကိုခံစားရ၏။
တစ်ဖန် ကုန်းတက်ရောက်သွားသော အခါ လမ်းပြင်
ညီပေါ်မှာထက် လေတိုးမှု့လျော့နည်းသွားကြောင်းတွေ့
ရ၏။ ထို့ကြောင့် လေ၏တွန်းကန် ခုခံမှု သည်
အရာဝတ္ထု၏ ရွေ့လျားမှု နှင့် တိုက်ရိုက်အချိုးကျပေသု ။

✴      စတုတ္ထဂုတ်သတ္တိမှာ ' ဖိသိပ်ခံနိုင်ခြင်း 'ဖြစ်သည်
လေကိုပုံမှန်ရှိမြဲ လေထုဖိအား ထက် အဆရာပေါင်းများ
စွာတိုးမြှင့်၍ အလုံပိတ်နေရာ တစ်ခုခုအတွင်းတွင် ထည့်
ထားနိုင်သည်။ ယင်းလေကို ဖိသိပ်လေ
( compress air )ဟု ခေါ်သည်။ ထိုသို့လေကို ဖိသိပ်
ထားသောအခါ လေ၏ အဏုမြူ အက်တမ်နှင့်
မော်လီကျူး တို့၏ လှုပ်ရှားမှု့ နှုန်းမှာ သွက်လက်မြန်
ဆန်လာသည်။

✴       ထို့ကြောင့် ဖိသိပ်ခံထားရသော လေသည်
ပူနွေး နေ၏။ လေယာဉ် ဘီးတံ ( undercarriage
Or landing gear ) တွင် ဆောင့်ဒဏ်ခံနိုင်အောင်
ဖိသိပ်လေကို စပရင်ကန်အားသဖွယ် အသုံးပြုသည်။
နူမက်တစ်ပရက်ရှာ ( pneumatic pressure )
ဟု ခေါ်သည်။

✴       ၂၀ ရာစုဝင်ခါနီးမှ အေရိုဒိုင်းနမစ် ( Aerodynamics ) ဘာသာရပ်သည် စတင်ပေါ်ပေါက်
လာ၏။ လေ ၊ သို့မဟုတ် ငွေ့ရည် ( fluid ) တစ်
မျိုးမျိုးထဲတွင် ရွေ့လျားနေသော အရာဝတ္ထုတစ်ခုခု
အပေါ်တွင် သက်ရေက်သောအားများ ( forces )
ကို လေ့လာသော သိပ္ပံအညာရပ် ဖြစ်သည် ။
ဤ ပညာရပ်ကြောင့် လေထက်လေးသော ယာဉ်ပျံကို
တီထွင်နိုင်ခဲ့သည်။ လေထုနှင့် လေ၏ဂုဏ်သတ္တိများ
သည် လေကြောင်းပညာရပ်အတွက် အခြေခံအကျဆုံး
လိုအပ်ချက်များဖြစ်သည်။
Pa Pa Whiskey Lima

https://m.facebook.com/photo.php?fbid=265504597177374&id=100011535066368&set=o.888491711173041

Sunday, September 25, 2016

ဗဟုသုတ

. . . . . . . . . . Airbus A-320 လေ ယာဉ် အ တွင်း ဖိ အား ပေး / လေ အေး စ နစ် . . . . . . . .
.
လေ ယာဉ် အ တွင်း လေ ဖိ အား ပေး ဘို့ ဘာ ကြောင့် လို သ လဲ ?
မြေ ပြင် ပေါ် မှာ လေ ထု ဖိ အား က 14.7 psi ရှိ ပြီး / လူ ရဲ့ ခ န္ဒာ ကိုယ် တ ခု လုံး အ ပေါ် သက် ရောက် နေ တာ ပါ ။ လေ ယာဉ် ပျံ ပို မြင့် လာ သည် နှင့် အ မျှ - လေ ဖိ အား က လျော့ ကျ သွား ပါ တယ် ။ ပင် လယ် ရေ မျက် နှာ ပြင် အ ထက် - အ မြင့် ပေ 10,000 မှာ 10 psi / အ မြင့် ပေ 27,000 မှာ တော့ 5 psi လောက် ဘဲ ရှိ ပါ တော့ တယ် ။ လေ ထဲ မှာ အောက် ဆီ ဂျင် ပါ ဝင် မှု က လည်း - အ မြင့် ပေ 8000 ဆို ရင် 25% လောက် လျော့ ကျ သွား ပါ ပြီ ။ အ သက် ရှူ ဘို့ O2 မ လုံ လောက် တော့ သ လို / ခ န္ဒာ ကိုယ် အ တွင်း က သွေး ဖိ အား က လည်း အ ပြင် ကို ပို မို တွန်း လာ နေ လို့ - အ ဆုပ် နဲ့ ဦး နှောက် လုပ် ဆောင် ချက် တွေ ရှုတ် ထွေး လာ ပါ တယ် ။ ထင် ယောင် ထင် မှား အ တွေး / အ မြင် ဝေ ဝါး အာ ရုံ / သ တိ လစ် မေ့ မျော ခြင်း နဲ့ သေ ဆုံး သည် အ ထိ ဖြစ် နိုင် ပါ တယ် ။
.
ဒီ လောက် ဆို ရင် . . . လေ ယာဉ် မ ထွက် ခင် / လေ ယာဉ် မယ် လေး တွေ - Oxygen Mask အ ကြောင်း / အ ချိန် ယူ ပြီး သ ရုပ် ပြ ရှင်း လင်း တာ ကို သ ဘော ပေါက် နား လည် လောက် ပြီ ပေါ့ ။
.
လေ ယာဉ် အ တွင်း လေ ဖိ အား ဘယ် လောက် ပေး သ လဲ ကြည့် ရ အောင် -
ပြေး လမ်း က စ တက် ချိန် မှာ - အဲ ဒီ လေ ဆိပ် မှာ ဖြစ် နေ တဲ့ လေ ဖိ အား အ တိုင်း / လေ ယာဉ် အ တွင်း မှာ ရှိ နေ မှာ ဖြစ် ပါ တယ် ။ ပျံ တက် လို့ အ ပေါ် ကို မြင့် လာ သည် နှင့် အ မျှ - အ ပြင် မှာ လေ ဖိ အား ကျ သွား လို့ / လေ ယာဉ် အ တွင်း မှာ ကျ မ သွား အောင် " လေ " ပို သွင်း ပြီး / ဖိ အား ကို ဖြေး ဖြေး ခြင်း မြှင့် ပေး ဘို့ လို အပ် လာ မှာ ပါ ။ အ မြင့် ပေ 8000' မှာ ရှိ နေ မဲ့ ဖိ အား ( Cabin Altitude ) အ ထိ ပေါ့ ။ လေ ယာဉ် အ တွင်း ကို ဖိ အား တွေ ပို ပေး လာ ပြီ ဆို တော့ - မိုး ကောင်း ကင် မှာ ရှိ တဲ့ လေ ယာဉ် ပြင် ပ ဖိ အား နဲ့ ကွာ ခြား မှု ရှိ လာ ပါ တယ် ။ ဒါ ကို . . . DP ( Differential Pressure ) လို့ ခေါ် ပါ တယ် ။ လေ ယာဉ် အ ရွယ် အ စား အ လိုက် DP = 7.8 psi က နေ 9.4 psi အ ထိ ရှိ နိုင် ပါ တယ် ။
.
လေ ယာဉ် ပျံ သန်း နေ စဉ် ( Cruise ) မှာ ပုံ မှန် ထိန်း သိမ်း ထား လေ့ ရှိ တဲ့ -
Cabin Altitude တွေ က တော့ -
Boeing-767 လေ ယာဉ် ရဲ့ ( Cruise = 40,000' ) မှာ Cabin Altitude = 6900 ft.
Boeing-747 လေ ယာဉ် ရဲ့ Cabin Altitude average = 5159 ft. ( Median ) ( Best )
Airbus A - 380 လေ ယာဉ် Cabin Altitude average = 6128 ft. ( Median )
B-747 လေ ယာဉ် ' အ ကောင်း ဆုံး ' ဖြစ် နေ တာ က တော့ - အ ကြီး စား အင် ဂျင် ( ၄ ) လုံး တပ် ထား တာ ကြောင့် / လို သ လောက် Bleed Air ကို ထုတ် ယူ နိုင် လို့ ဖြစ် ပါ တယ် ။
.
လေ ယာဉ် ဆင်း သက် တော့ မဲ့ Descend မှာ - တင် ထား တဲ့ လေ ယာဉ် တွင်း ဖိ အား ကို / ဖြေး ဖြေး ခြင်း ပြန် ချ ပေး ဘို့ လို အပ် လာ ပါ တယ် ။ ဆင်း မဲ့ လေ ဆိပ် မှာ ရှိ နေ မဲ့ ဖိ အား အ ထိ - လေ ယာဉ် တွင်း ဖိ အား ( Cabin Altitude ) ကို ချ ပေး သွား ရ မှာ ပါ ။ လေ ယာဉ် နောက် အ မြီး ပိုင်း မှာ ရှိ တဲ့ - Outflow Valve ကို နဲ နဲ ခြင်း ဖွင့် ပြီး လေ ဖေါက် ထုတ် ပါ တယ် ။ ဆင်း တဲ့ ဇောက် နက် လို့ - Deep descend ဖြစ် တဲ့ အ ခါ / ဖိ အား လျှော့ ချ တဲ့ နှုန်း မြန် သွား လို့ / ခ ရီး သည် တွေ နား အူ တာ / နား အ တွင်း မှာ ' ဖေါက် ' က နဲ ဖြစ် သွား တာ ခံ စား ဘူး ကြ မှာ ပါ ။ ပြေး လမ်း ပေါ် 30 knot လောက် ရောက် ရင် တော့ - Outflow valve ' Fully Open ' ဖြစ် သွား ပါ ပြီ ။ ပုံ ( ၃ )
.
ဘယ် လို လေ ဖိ အား ပေး မှာ လဲ ?
လေ ယာဉ် အ တွင်း ကို ဖိ အား ပေး တဲ့ စ နစ် ( Pressurization ) ကို - လေ အေး ပေး စ နစ် ( Air-conditioning ) နဲ့ တွဲ ဘက် ပြီး လုပ် ဆောင် မှာ ပါ ။ ဒါ ကို . . . ECS ( Environmental Control System ) လို့ ခေါ် ပါ တယ် ။ လုပ် ဆောင် ပုံ ကို အ ရှင်း ဆုံး ပြော ရ ရင် - လေ ယာဉ် အင် ဂျင် ရဲ့ HP Compressor က နေ / ဖေါက် ထုတ် ( Bleed ) ယူ တဲ့ " ဖိ အား မြင့် လေ " ကို / Air-con စ နစ် မှာ အ အေး ခံ ပြီး / လေ ယာဉ် အ တွင်း မှုတ် သွင်း ပေး တာ ဘဲ ဖြစ် ပါ တယ် ။ Bleed Air ကို တော့ - အင် ဂျင် ( သို့ မ ဟုတ် ) APU က နေ ယူ ပါ လိမ့် မယ် ။
.
အင် ဂျင် " ကွန် ပ ရက် ဆာ " ရဲ့ ဘယ် Stage တွေ က နေ / Bleed Air ယူ မှာ လည်း ဆို တာ က - တပ် ထား တဲ့ လေ ယာဉ် " အင် ဂျင် အ မျိုး အ စား " ပေါ် မူ တည် ပါ တယ် ။ ဥ ပ မာ - Airbus A-320 မှာ သုံး တဲ့ " CFM-56 " Engine ဆို ရင် - Compressor 5th stage နဲ့ 9th stage တွေ က နေ Bleed Air ယူ ပါ တယ် ။ သုံး တာ က တော့ - IP ( Intermediate Pressure ) ဖြစ် ပေ မဲ့ / လို အပ် လာ လျှင် HP valve ကို ဖွင့် ပြီး High Pressure ရ ယူ မှာ ပါ ။ အင် ဂျင် HPC က ထွက် တဲ့ " လေ " အ ပူ ချိန် ဒီ ဂ ရီ က 183' C လောက် ရှိ နေ တော့ - Air-con Pack အ တွင်း " Heat Exchanger " မှာ အ အေး ခံ လိုက် ပါ တယ် ။ Pack က ထွက် လာ တော့ - အ ပူ ချိန် ဒီ ဂ ရီ 22'C / ခ ရီး သည် တွေ ဆီ ရောက် တော့ 25'C လောက် ထိန်း ထား နိုင် အောင် / Valve အ ဖွင့် အ ပိတ် / လေ အေး လေ ပူ / Filter ဖြတ် အ ရော နှော စ တဲ့ . . . " Trim " အား လုံး ကို Pack Controller က လုပ် ဆောင် ပေး ပါ တယ် ။ ပုံ ( ၂ )
.
Air Conditioning system ကို ကြည့် ရ အောင် -
" Pack " လို့ ခေါ် နေ တဲ့ Air-con unit က တော့ - ACM ( Air Cycle Machine ) ဖြစ် ပါ တယ် ။ လေ ယာဉ် ဝမ်း ဗိုက် အ တွင်း မှာ - ဘယ် နဲ့ ညာ Pack 1 / Pack 2 ဆို ပြီး ( ၂ ) ခု တပ် ဆင် ထား တယ် ပေါ့ ။ ပုံ မှန် အား ဖြင့် - လက် ဝဲ အင် ဂျင် Bleed air က Pack-1 / လက် ယာ အင် ဂျင် Bleed air က Pack-2 ကို သွား ပါ တယ် ။ ပုံ ထဲ မှာ ကြည့် ရင် တွေ့ ပါ မယ် ။ Cross Feed " X BLEED " ခ လုတ် ကို လှည့် ဖွင့် လိုက် တာ နဲ့ - ဘယ် / ညာ " အ ပြန် အ လှန် " သွား နိုင် ကြ ပါ တယ် ။ Auto မှာ ထား ရင် - လာ တဲ့ ဘက် က Bleed air ကို ယူ ပါ မယ် ။ ပုံ ထဲ မှာ တော့ - အင် ဂျင် တွေ ရပ် ထား လို့ Engine ဆီ က Bleed air ကို မ ယူ ပါ ။ APU Bleed button မှာ မီး အ ပြာ ရောင် ' ON ' Logo လင်း နေ လို့ - APU Bleed air နဲ့ Air-con Pack တွေ ကို မောင်း မှာ ပါ ။ ဘေး နှစ် ဘက် မှာ ရှိ တဲ့ " PACK 1 " " PACK 2 " button တွေ ကို ဖိ ဖွင့် လိုက် ရင် - Button မှာ မီး လင်း လာ ပြီး / " Air-condition System " စ မောင်း ပါ ပြီ ။ ပုံ ( ၁ )
.
လေ ယာဉ် အ တွင်း ကို Zone ( ၃ ) ခု ခွဲ ပြီး ဝင် ပါ တယ် ။
- Cockpit
- Forward Cabin
- Aft. Cabin
ဒီ Zone ဧ ရိ ယာ အ လိုက် - Temp. control ခ လုတ် တွေ / Pilot နှစ် ဦး ရဲ့ ခေါင်း ပေါ် က Overhead panel မှာ ရှိ ပါ တယ် ။ လို ချင် တဲ့ အ အေး / အ ပူ ကို - ခ လုတ် တွေ လှည့် ပြီး ချိန် လို့ ရ ပါ တယ် ။ သိပ် အေး နေ ရင် - " Hot Air " ခ လုတ် / လေ အ ဝင် နဲ့ ဖိ အား ချိန် ချင် ရင် " Pack Flow " ခ လုတ် တွေ ကို / က စား ပေး ရုံ ပါ ဘဲ ။ Cockpit / Fwd Cabin / Aft Cabin အ အေး အ ပူ ကို လည်း / အ ပေါ် က ခ လုတ် တွေ လှည့် ချိန် ပေး နိုင် ပါ တယ် ။ ပုံ ( ၁ )
.
ပုံ ( ၂ ) မှာ တော့ - System Flow diagram ကို မြင် ရ မှာ ပါ ။ ဘယ် ခ လုတ် က - ဘယ် Valve ကို Control လုပ် တယ် ။ ဖိ အား မြင့် လေ ပူ ( Bleed air) ကို အ စိမ်း ရောင် / Air-con က ထွက် လာ တဲ့ လေ အေး က အ ပြာ ရောင်  ခွဲ ခြား ပြ ထား တာ ဖြစ် လို့ - ဘယ် ကို သွား တယ် / ဘာ တွေ လုပ် တယ် ဆို တာ နား လည် လွယ် မှာ ပါ ။ Air-con Pack Controller ( ၂ ) နှစ် လုံး - ဘယ် ခ လုတ် တွေ / ဘယ် Valve တွေ နဲ့ တွဲ ပြီး Control လုပ် နေ တယ် / ဆို တာ ကို ပါ မြင် ရ ပါ လိမ့် မယ် ။
ပုံ ( ၂ ) ရဲ့ ညာ ဘက် အ ပေါ် ဒေါင့် မှာ - " Air-con Display " ကို တွေ့ ပါ မယ် ။ Cockpit 20'C / Fwd Cabin 22'C / Aft Cabin 23'C မှာ ရှိ နေ ပြီး - Pilot က ခ လုတ် တွေ ကို Cockpit 24'C / Fwd Cabin 22'C / Aft Cabin 24'C ချိန် ထား ပါ တယ် ။ ဒါ ကြောင့် . . . Pack Controller နှစ် ခု က - Pack Flow Control valve / Hot Air Press Regulation valve / Trim Air valve တွေ ကို လို သ လို ဖွင့် ပေး ပြီး / Pilot's " Set " လုပ် ထား တဲ့ - Temperature ရ အောင် / Control လုပ် နေ တာ မြင် ရ ပါ မယ် ။ ပုံ ( ၂ )
.
ပုံ ( ၃ ) မှာ A-320 အ မြီး ညာ ဘက် ခြမ်း / R2 Door အောက် နား မှာ ပွင့် နေ တဲ့ " အ ပေါက် က လေး " တစ် ခု တွေ့ ပါ မယ် ။ Outflow Valve ပါ ။ Engine Bleed Air ကို Air-con Pack တွေ က တ ဆင့် - လေ ယာဉ် ကို ဖိ အား ပေး ထား တော့ / ဖိ အား များ လာ ရင် ( သို့ ) မ လို အပ် တော့ ရင် / ဒီ တံ ခါး က နေ အ လို အ လျောက် ဖွင့် ထုတ် ပြစ် မှာ ပါ ။ Cabin Pressurization မှာ အ ဖွင့် အ ပိတ် လို သ လို လုပ် ရင်း - Cabin Altitude ကို ထိန်း ထား ပေး မှာ ဖြစ် ပါ တယ် ။ လို အပ် လျှင် Overhead panel ပေါ် က ခ လုတ် ကို လှည့် ပြီး - Manual အ ဖွင့် အ ပိတ် လုပ် လို့ လည်း ရ ပါ တယ် ။
.
Airbus လေ ယာဉ် က ကျ နော် မ လုပ် တာ ကြာ ပြီ ဆို တော့ - ကျန် ခဲ့ တာ လည်း ရှိ ကောင်း ရှိ နိုင် ပါ တယ် ။
.
https://m.facebook.com/story.php?story_fbid=1113323402077270&id=100001988622790

Sunday, September 4, 2016

လေယာဉ်​အရွယ်​အစား နှင့်​ အမျိုးအစားကိုခွဲခြားခြင်း

. . . . . . . . . လေ ယာဉ် အ ရွယ် အ စား ( Classification ) နဲ့ ဖွဲ့ စည်း မှု ( Configuration ) . . . . .
.
လေ ကြောင်း လိုင်း တွေ မှာ အ သုံး ပြု တဲ့ လေ ယာဉ် ကြီး တွေ ကို - အ လွယ် တ ကူ သိ ရှိ နိုင် အောင် / အ မျိုး အ စား ခွဲ ခြား ထား ပါ တယ် ။ လေ ယာဉ် ကိုယ် ထည် ရဲ့ အ ကျယ် အ ဝန်း အ လိုက် - " Class " ခွဲ ထား တာ ဖြစ် ပြီး ( ၂ ) မျိုး ဘဲ ရှိ ပါ တယ် ။
.
- ကိုယ် ထည် ကျယ် ( Wide body )
- ကိုယ် ထည် ကျဉ်း ( Narrow body )
.
လေ ယာဉ် ခ ရီး သည် အ ခန်း ( Cabin ) မှာ - လေ ယာဉ် မယ် တွေ လျှောက် တဲ့ လမ်း ( Aisle ) တစ် ခု တည်း ရှိ ရင် " Narrow body " / ( ၂ ) ခု ရှိ ရင် " Wide body " လို့ သတ် မှတ် ပါ တယ် ။ Wide body လေ ယာဉ် မှာ ဘယ် နဲ့ ညာ ထိုင် ခုံ တန်း ( Seat row ) များ အ ပြင် - အ လယ် မှာ ထိုင် ခုံ ( ၄ ) လုံး မှ ( ၆ ) လုံး အ ထိ ဆက် ထား တဲ့ / " Seat row " များ ရှိ မှာ ပါ ။ လေ ယာဉ် အ ကြီး တွေ ပေါ့ ။
.
Narrow body လေ ယာဉ် တွေ က တော့ / Boeing - 727, - 737, - 757 နဲ့ Airbus A-320 လို လေ ယာဉ် မျိုး တွေ ပါ ဝင် ပါ တယ် ။ လေ ယာဉ် အ သေး ပေါ့ ။ လေ ယာဉ် အ ကြီး " Wide body " မှာ တော့ / Boeing - 747, - 767, - 777, - 787 နဲ့ Airbus A-300 ( အ ဟောင်း ) / A-380 ( Dream liner ) လို လေ ယာဉ် မျိုး တွေ ပါ ဝင် ပါ တယ် ။ " Wide body " B - 747 ပုံ ( ၁) နဲ့ " Narrow body " A - 320 ပုံ ( ၂ )
.
Boeing - 747 လို လေ ယာဉ် ကြီး တွေ ကို / နှစ် ထပ် ယာဉ် ( Double decker ) လို့ ခေါ် ဝေါ် ပေ မဲ့ - တ ကယ် တော့ အ ထဲ မှာ ( ၃ ) ထပ် ရှိ ပါ တယ် ။ ခ ရီး သည် တွေ စီး တာ က တော့ ( ၂ ) ထပ် ပေါ့ ။ ဓါတ် လှေ ခါး ငယ် ( Lift ) နဲ့ ဆင်း သွား ရ တဲ့ အောက် ထပ် မှာ တော့ - လေ ယာဉ် မီး ဘို ချောင် ရှိ ပါ တယ် ။ လူ မတ် တပ် ရပ် လို့ ကောင်း ကောင်း လွတ် ပါ တယ် ။ B -747 လေ ယာဉ် ( Old version ) တွေ ရဲ့ / ဒီ နေ ရာ မှာ " ပီ ဇာ " ဖုတ် တဲ့ မီး ဖို မျိုး - လျှပ် စစ် " Oven " ကြီး ( ၁၀ ) ခု လောက် / ဘယ် ညာ တပ် ဆင် ထား ပါ တယ် ။ Version အ ဟောင်း တွေ မှာ ပါ ။
.
Boeing - 747-100, -747-200 နဲ့ -747 SP တွေ က တော့ Version အ ဟောင်း တွေ ဖြစ် ပါ တယ် ။ ပုံ ( ၁ ) မှာ B - 747 SP ကို ကြည့် ရင် - လေ ယာဉ် " ဘု တို လေး "  ဖြစ် နေ လို့ မြင် ရုံ နဲ့ သိ နိုင် ပါ တယ် ။
.
B - 747-400 လို နောက် ပိုင်း ထုတ် လေ ယာဉ် ကြီး တွေ မှာ တော့ - " Food cart " လို့ ခေါ် တဲ့ / တွန်း သွား နိုင် တဲ့  သေ တ္တာ မြင့် လေး ထဲ မှာ / လျှပ် စစ် သုံး Hotplate ငယ် တွေ အ ဆင့် လိုက် တပ် ထား ပါ တယ် ။  အ စား အ စာ တွေ ကို အ ပြင် မ ထုတ် ဘဲ - ချက် ပြုတ် လို့ ရ အောင် လုပ် ထား တယ် ပေါ့ ။ Version ဟောင်း က မီး ဘို ချောင် မျိုး အောက် ထပ် မှာ မ ထား တော့ ပါ ။
အ ပေါ် ဆုံး ထပ် ရဲ့ ခေါင်း ပိုင်း " Cockpit " လေ ယာဉ် မှူး တွေ ရှေ့ က - လမ်း ညွှန် ကိ ရိ ယာ များ နဲ့ ချိန် ခွက် ( Instrument ) တွေ က လည်း - လက် တံ ပြ ဒိုင် ခွက် များ မ ဟုတ် ကြ တော့ ပါ ။ LED displays " ဖန် သား ပြင် " တွေ ဖြစ် သွား ပါ ပြီ ။ ဒါ ကြောင့် . . . ပေါ် ခါ စ တုန်း က " Glass Cockpit " လို့ ထည့် သုံး လေ့ ရှိ ပါ တယ် ။ ခု ခေတ် မှာ တော့ - လေ ယာဉ် တိုင်း လို လို LED display တွေ ဖြစ် ကုန် ပါ ပြီ ။
.
အောက် ဆုံး ထပ် က နေ တံ ခါး ဖွင့် ပြီး ထွက် သွား ရင် - လေ ယာဉ် အ နောက် ဘက် နဲ့ အ ရှေ့ ဘက် " ကုန် ခန်း များ " ( Aft. & Fwd. Cargo compartments ) တွေ ဆီ လျှောက် သွား လို့ ရ ပါ တယ် ။ အ ရှေ့ ဘက် မှာ ရှိ တဲ့ တံ ခါး ငယ် တစ် ချပ် ကို ဖွင့် ပြီး ဝင် သွား ရင် တော့ - လေ ယာဉ် ပျံ သန်း / ထိန်း ချုပ် / ဆက် သွယ် / အ ခြား စ နစ် များ နဲ့ ဆိုင် တဲ့ / လျှပ် စစ် စက် ပ စ္စည်း များ တင် ထား တဲ့ စင် ( Black box rack ) တွေ ဆီ ရောက် သွား မှာ ပါ ။ လေ ယာဉ် မှာ - " Center E & E Compartment " လို့ ခေါ် ပါ တယ် ။ ( E & E = Electric & Electronic ) ပါ ။ ဒီ အ ခန်း ငယ် ထဲ ကို - လေ ယာဉ် ဝမ်း ဗိုက် အောက် က နေ / တံ ခါး ဖွင့် ပြီး ဝင် လာ လို့ လည်း ရ ပါ တယ် ။ အောက် က ဝင် ပြီး အ ပေါ် မော့ ကြည့် ရင် တွေ့ ရ မဲ့ ပုံ ပါ ။  ပုံ ( ၃ )
.
A - 320 နဲ့ အ ခြား " ဘိုး ရင်း " လေ ယာဉ် တွေ မှာ လည်း - အ ဓိ က " E&E compartment " ကို ဒီ နေ ရာ ရှေ့ နား လောက် မှာ ဘဲ တွေ့ ရ ပါ မယ် ။ " Fwd. E&E " ကို လေ ယာဉ် မောင်း နှင် ခန်း ( Cockpit ) အောက် တည့် တည့် နဲ့ / " Aft. E&E " ကို တော့ - နောက် ကုန် ပ စ္စည်း ခန်း ( Aft. Cargo ) အ နောက် ဘက် ( သို့ )  " APU " ရှေ့ နား မှာ ထား လေ့ ရှိ ပြီး / အောက် က နေ လှေ ခါး ထောင် တက် ရ ပါ လိမ့် မယ် ။ Fwd. E&E compartment အ တွင်း မှာ လေ ယာဉ် မှူး တွေ အ တွက် - အ ရေး ပေါ် အောက် ဆီ ဂျင် ( Oxygen bottle ) များ တပ် ဆင် ထား လေ့ ရှိ ပါ တယ် ။
( Airbus A - 380 တော့ ကျ နော် မ လုပ် ဘူး ၍ မ သိ ပါ )
.
ရေ သန့် စ နစ် ( Potable water system ) / ရေ ဆိုး နဲ့ မိ လ္လာ စ နစ် ( Waste & Lavatory system ) သိုလ် လှောင် ကန် ( Tank ) တွေ ကို တော့ - လေ ယာဉ် အ နောက် ကုန် ပ စ္စည်း ခန်း ( Aft. Cargo compartment ) ရဲ့ အ နောက် ဘက် မှာ ထား လေ့ ရှိ ကြ ပါ တယ် ။ " Service port " အ ပေါက် တွေ / တံ ခါး တွေ က တော့ - Narrow body လေ ယာဉ် တွေ အား လုံး အ တွက် အ နောက် မှာ ဘဲ ရှိ ကြ ပြီး / Wide body လေ ယာဉ် ကြီး တွေ မှာ တော့ / လေ ယာဉ် အ ရှေ့ နဲ့ အ လယ် မှာ လည်း " Service Panel " တွေ ရှိ တတ် ပါ တယ် ။
.
ဟို တုန်း က လေ ယာဉ် ကြီး တွေ မှာ - အိမ် သာ ကို ရေ နဲ့ သန့် စင် တဲ့ Wet type ဖြစ် ပြီး / ခု နောက် ပိုင်း လေ ယာဉ် တွေ မှာ တော့ - ရေ အ နည်း ငယ် သာ သုံး ပြီး လျှပ် စစ် မော် တာ နဲ့ လေ စုပ် ယူ တဲ့ / Vacuum type ကို သုံး ကြ ပါ တယ် ။ A-320 နဲ့ သွား ဘူး သူ တိုင်း - အိမ် သာ " Flush" လုပ် ရင် / မော် တာ သံ အ ရင် ကြား ပြီး မှ / လေ စုပ် သွင်း သွား တာ သ တိ ပြု မိ မှာ ပါ ။
.
လေ ယာဉ် စီး ခ ရီး သည် တွေ ထိုင် နေ တဲ့ထိုင် ခုံ ( Seat ) များ ရဲ့ အောက် မှာ - ဘာ တွေ ရှိ တယ် ဆို တာ / စု စည်း တင် ပြ ထား တာ ဖြစ် ပါ တယ် ။
ခ ရီး သည် အ ခန်း ဖွဲ့ စည်း မှု ( Cabin Configuration ) များ အ ကြောင်း - နောက် နေ့ ဆက် ပါ မယ် ။
.

Monday, August 22, 2016

UAE နိုင်ငံအကြောင်း

U . A . E သမိုင်း နှင့် Dubai အကြောင်း
==========================
U.A.E ( United Arab Emirates )
ယူအေအီး နိုင်ငံဆိုသည်မှာ အာရပ်စော်ဘွားများ ၏ ဒေသများ ကို စုပေါင်းထားသော နိုင် ငံ
(အာရပ်စော်ဘွားများ ပြည်ထောင်စု) ကို ခေါ်ပါသည်။ Arabian Peninsula ၏ အရှေ့တောင်ဖက် တွင်တည်ရှိပါသည်။ နိုင် ငံ အကျယ် အ၀န်း မှာ 83,000 sqkm
( 32,278 sqmi) ရှိပါသည်။
ပေါင်းစုထားသော စော်ဘွားဒေသများ မှာ ၇ (ခုနစ်) ခုရှိပါသည်။ ၄င်းတို့မှာ ..

1. Abu Dhabi

2. Dubai

3. Sharjah

4. Ajman

5. Umm Al Quiwain

6. Ras Al Khaimah

7. Fujairah

တို့ဖြစ်ကြပါသည်။ အဘူဒါဘီ ( Abu dhabi ) သည် မြို့တော်ဖြစ်ပြီး အကြီး ဆုံးမြို့ လည်း ဖြစ်ပါသည်။

Dubai ၏ အဓိပ္ပါယ် အမျိုးမျိုးရှိပါသည်။ အချို့က ဒူဘိုင်းဆိုသည်မှာ Combination of Two Brother လို့ Farsi စကား နဲ့ အဓိပ္ပါယ်ရသည် ဟု ဆိုကြသည်။ Two Brothers ဆိုသည်မှာ Deira နှင့် Bur Dubai ဟု အဆိုရှိပါသည်။ အချိ့ ကတော့ ဈေးနာမည် Daba ဆိုသည်မှ တဖြည်းဖြည်း ပြောင်းလဲလာသည့် နာမည် ဖြစ်သည်ဟု ဆိုပါသည်။ Saudi Arbia နိုင်ငံ ရှိ Riyadh နှင့် Ad Dammam ကြားတွင်လည်း Dubai ဟုခေါ်တွင်သော နေရာ တခု ရှိပါသေးသည်။

1833 - 1958
၁၈ ရာစု အချိန်ထိ Dubai ဆိုသည်မှာ တံငါလုပ်ငန်း လုပ်သော ရွာကလေးမျှသာဖြစ်လေသည်။ ဒူဘိုင်း ကိုဦးဆောင်သော ရွာသူကြီးမှာ Bani Yas အမည်ရှိ ပုဂ္ဂိုလ်ဖြစ်လေသည်။

1833 တွင် Al Bu Falash နှင့် အပေါင်းအပါနောက်လိုက်များ Abu Dhabi မှခွဲထွက်ချိန် တွင် Al Maktoum မိသားစု သည် အဆိုပါတံငါရွာလေး တွင် စတင် အခြေချ ၍ ဦးဆောင်မှူ ပေး ခဲ့လေသည်။

Sheikh Maktoum bin Buti သည် ငယ်ရွယ်သော်လည်း ရွာကလေး အား ကောင်းစွာ ခေါင်းဆောင်မှူ ပေးနိုင်ခဲ့လေသည်။ လူဦးရေတိုးပွားလာသည်နှင့် အမျှ တံငါရွာကလေး အဆင့်မှ ကုန်သည်များ ရောင်းဝယ် ဖောက်ကား ရာ အချက်အချာ ကျသော ဆိပ်ကမ်းမြို့ ကလေး ဖြစ်လာ ခဲ့ပါသည်။ လူဦးရေတိုးပွား လာသည်နှင့် အမျှ ခရိုင်မြို့ အဆင့်ထိ ဖြစ်လာခဲ့ပါသည်။ Deira သည် အဓိကနှင့် အကြီးဆုံး ကုန်းသွယ်ရေး ဌာန တစ်ခု ဖြစ်လာခဲ့ပါသည်။

မြည်းနှင့် ကုလားအုပ် များကို လမ်းပန်းဆက်သွယ်ရေး တွင် အသုံးပြုကြသည်။ Bur Dubai နှင့် Deira ကို ယနေ့ခေတ်မှာ ကဲ့သို့ ပင် လှေငယ်ကလေးများ နှင့် ကူးကြရသည်။ လှေငယ်ကလေးတွေကို Abra ဟုခေါ်ပါသည်။

လျှပ်စစ်မီးကို 1952 တွင် စတင် အသုံးပြုခဲ့သည်။ မီးပြောင်းများ ၊ မီးအိမ်များ ၊ (လျှပ်စစ်) ဖယောင်းတိုင်များ ကို Oman မှတင်သွင်းပါသည်။ အဓိက မှာ ထမင်းချက် ၊ ကောဖီဖျော် ... စသည့် နေရာများတွင် အများဆုံး အသုံးပြုလာကြပါသည်။
( ကျွန်တော် နေခဲ့တဲ့ ၄ နှစ်တာ ကာလ (၂၀၀၅-၂၀၀၉) တခါမှ မီးမပျက်ဖူးပါ ... ကွာပါ့ .)

သောက်သုံးရေအဖြစ် ရေချို ကို Dubai အနီး ရှိ ရေတွင်းများ မှ ရရှိပါသည်။

20 ရာစုရောက်လာတဲ့ အခါမှာ ဒူဘိုင်းဟာ အချက်အချာ ကျသော ဆိပ်ကမ်းမြို့ အဖြစ်ရောက်ရှိလာခဲ့ပါသည်။ ၁၉၃၀ ၀န်းကျင်တွင် ဒူဘိုင်းမြို့ ၏ လူဦးရေမှာ 20,000 (နှစ်သောင်းခန့် ရှိလာခဲ့ပါသည်)။

၁၉၅၀ ၀န်းကျင်တွင် ဒူဘိုင်းဆိပ်ကမ်း သို့ ဆိုက်ရောက်လာသော သင်္ဘော အရေအတွက် တနေ့တခြား တိုးလာသောကြောင့် Sheik Rashid bin Saeed Al Maktoum သည် ကုန်စည် ဖလှယ်ရေး အတွက် အရေးပါသော ဆိပ်ကမ်း တစ်ခု ဖြစ်အောင် ကြိုးစား ဆောင်ရွက် နိုင်ခဲ့ပါသည်။

၁၉၆၆ တွင် ရေနံကို စတင် တွေ့ရှိပြီးနောက်ပိုင်း Sheikh Rashid သည် ကျောင်းများ ၊ဆေးရုံများ ၊ အဆောက်အဦးများ ၊ လမ်း များ ၊ ခေတ်မီ ဆက်သွယ်ရေး ကွန်ယက်များ ကို စီမံကိန်းများ ချ၍ အဆက်မပြတ် တည်ဆောက်ခဲ့ပါသည်။ နိုင်ငံတကာ လေဆိပ် ကိုလည်း တိုးချဲ့ ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် လူဖန်တီးသော (သဘာဝ မဟုတ်သော)အကြီးဆုံး ပင်လယ် ဆိပ်ကမ်း အဖြစ် Jebel Ali သင်္ဘော ဆိပ်ကမ်းကို တည်ဆောက်နိုင်ခဲ့ပါသည်။

၁၉၆၀ ၀န်းကျင်တွင် Abu Dhabi စော်ဘွား Sheikh Zayed bin Sultan Al Nahyan နှင့် Dubai စော်ဘွား Sheikh Rashid bin Saeed Al Maktoum တို့သည် အာရပ်စော်ဘွားများ ပြည်ထောင်စု ( United Arab Emirates ) ကို တည်ထောင်ရန်ကြိုးစားခဲ့ပါသည်။ နောက်ပိုင်းတွင် Abu Dhabi , Dubai, Sharjah , Ajman , Umm Al Quawanin နှင့် Fujairah စုစုပေါင်း မြို့ ၆ မြို့ ကို ပေါင်းစည်းနိုင်ခဲ့ပါသည်။ ၁၉၇၂ တွင် Ras Al Khaimah မြို့သည် လည်း UAE အတွင်းသို့ဝင်ရောက်လာပြီး စုစုပေါင်း မြို့ ၇ (ခုနစ်) မြို့ ဖြင့် UAE နိုင်ငံကို တည်ထောင်နိုင်ခဲ့ပါသည်။

ပထမဆုံး UAE နိုင်ငံ၏ President ဟောင်း Sheik Zayed ၏လက်ထက်တွင် UAE နိုင်ငံသည် ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင်နိုင်ငံ အဖြစ် တိုးတက် လာခဲ့ပါသည်။

၂၀၀၇ ခုနှစ် စစ်တမ်း များ အရ ယူအေးအီး နိုင် ငံ ၏ လူဦးရေမှာ ၅.၆ သန်း ရှိပြီး အာရဗီ စကားမှာ နိုင်ငံသုံး စကားဖြစ်ပြီး အစ္စလမ် ဘာသာ မှာ နိုင်ငံတော် ဘာသာဖြစ်ပါသည်။ ( Razam ဥပုသ် လ တွင် နေ့ပိုင်း ဆိုင်များ ပိတ်၍ ညပိုင်း တွင်ဖွင့်ပါသည် ) ယူအေးအီး နိုင်ငံတွင် Diharm အမည်ရှိ ငွေကြေးကို သုံးစွဲပါသည်။ ငွေတန်ဖိုးမှာ အမေရိကန် ၁ ဒေါ်လာသည် Diharm 3.67 နှင့် ညီမျှပါသည်။
( Exchange တွေမှာ 3.8 နဲ့ပဲတွက်တာများပါတယ် )

UAE နိုင်ငံကို 1820 မှ စ၍ Trucial State (သို့) Trucial Coast အဖြစ်သုံးစွဲခဲ့ပါသည်။ 1971 ခုနှစ်တွင်မှ ဗြိတိန်နိုင်ငံ ဆုတ်ခွာသွားခဲ့ပါသည်။ ( ကိုလိုနီပါပဲ)နောက်ပိုင်းမှ သာ UAE ဟူ၍ ဖြစ်လာခဲ့ပါသည်။

UAE နိုင်ငံတွင် အာဏာ အရှိဆုံးမှာ Supreme Councial ဖြစ်ပြီး အထက်ဖော်ပြပါ မြို့ ၇ မြို့ မှာ သက်ဆိုင်ရာ စော်ဘွား ၇ ယောက်ပါဝင်သော အဖွဲ့ အစည်းဖြစ်ပါသည်။ Supreme Councial ၏ အဓိက တာဝန်မှာ နိုင်ငံနှင့်ပတ်သက်သော တရားဥပဒေ ထုတ်ပြန်ခြင်း ၊ President ရွေးချယ် တင်မြှောက်ခြင်း တို့ဖြစ်ပါသည်။ President သက်တမ်း မှာ တကြိမ်လျှင် ၅ နှစ် ဖြစ်ပါသည်။ သို့သော် အကြိမ် အရေအတွက် ကန့်သတ်ချက်မရှိပါ။

UAE နိုင်ငံ ၏ President အဖြစ် Sheik Zayed Bin Sultan Al Nahyan မှ တာဝန်စယူ ခဲ့ပြီး ၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်း တွင် ကွယ်လွန် သွားခဲ့ပါသည်။

ယခု လက်ရှိ President မှာ Sheik Khalifa Bin Zayed Al Nahyan ( Abu Dhabi စော်ဘွား) ဖြစ်ပြီး Prime Minister မှာ Sheik Mohammed Bin Rashid Al Maktoum ( Dubai စော်ဘွား ) ဖြစ်ပါသည်။

စော်ဘွားများ နေထိုင်ရာ ဒေသ ၇ ခု စလုံး တွင် သက်ဆိုင် ရာ ဒေသတွင်း အစိုးရ ရှိပါသည်။ ဒေသအချင်းချင်း နိုင်ငံရေး ၊ စီးပွားရေးများကို ပူးပေါင်းဆောင်ရွက်ကြပါသည်။

ရေနံမှာ အဓိက ထုတ်ကုန် ဖြစ်ပြီး Abu Dhabi မြို့မှ ဦးဆောင် ကာ လုပ်ကိုင်ပါသည်။ ယခုနှစ်များ အတွင်းတွင် UAE နိုင်ငံ ၏ ခရီးသွားလုပ်ငန်း မှာ များစွာတိုးတက်လာ ပါသည်။ ခရီသည်များ ကို အဆင့်မြင့် ဟိုတယ်ကြီးများ၊ အားကစား ပွဲများ၊ ကန္တာရ ဆောင်းဝင် ရာသီဥတု စသည်တို့ ဖြင့် ဆွဲဆောင် ပါသည်။

UAE နိုင်ငံ နှင့်ပတ်သက်သော သမိုင်း အကျဉ်းဖြစ်ပါသည်။ Dubai သမိုင်းနှင့် ပတ်သက်သော အကြောင်း ကို အပိုင်း ၂ အဖြစ် ရေးသားပေးပါမည်။
( ကျွန်တော် ရေးသော စာများ မှာ အစီစဉ်ကျချင်မှ ကျပါလိမ့်မည်။ ယူအေးအီး နိုင်ငံ နှင့် ပတ်သက်ပြီး လေ့လာလိုက် ရေးလိုက်လုပ် နေရသောကြောင့်ဖြစ်ပါသည်။ အားလုံးခြုံငုံ မိသောအခါ ဒူဘိုင်း နှင့်ပတ်သက်၍ ယူအေးအီးနှင့်ပတ်သက်၍ အနည်းငယ် စမ်းဝါး မိ ခဲ့လျှင်တောင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်သည် ဟုခံယူပါသည်။ မပြည့်စုံသည်များ ကိုတွေ့ရှိပါက တတ်နိုင်သည့်ဖက်မှ ၀ိုင်းဝန်း ကူညီပေးကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား ... )

ရေးသားသူ=နေစိုးနိုင်