Air Traffic Control Tower
နယ်မြေထိန်းချူပ်တာဝါ
Control tower များကို လေဆိပ်နှင့် အနီးပတ်ဝန်းကျင်ရှိ လေယာဉ်များ လုံခြုံစိတ်ချမှုရှိပြီး စနစ်တကျ အချိန်တိုအတွင်းထိရောက်စွာ သွားလာနိုင်စေရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ control tower ဟုဆိုလျှင် ရှည်မျောမျောဖြင့် ထိပ်တွင်မှန်လုံပိတ်ကာထားသော အဆောက်အဦကို လူတိုင်းပြေးမြင်ကြမည် ဖြစ်သည်။ လေဆိပ်တိုင်းရှိ အဆိုပါ တာဝါများသည် နယ်မြေထိန်းချုပ်တာဝါများပင် ဖြစ်ပေသည်။ အဓိကအားဖြင့် control tower တစ်ခုတွင် အောက်ပါအတိုင်း controller လေးမျိုးရှိတတ်ကြသည်။
• ခရီးစဉ်အချက်အလက်ဆိုင်ရာ controller
• လမ်းကြောင်းရှင်းလင်းမှုပေးသည့် controller
• မြေပြင် controller နှင့်
• နယ်မြေ controller တို့ဖြစ်ကြသည်။
လေဆိပ်ရှိ နယ်မြေထိန်းချုပ်တာဝါတွင် တာဝန်ထမ်းဆောင်နေသော controller များအနေဖြင့် မိမိတို့၏ အဆိုင်းအတွင်း၌ အထက်ပါနေရာလေးခုကို လှည့်၍ အလုပ် လုပ်ကိုင်ကြပါသည်။
၁၊ ခရီးစဉ်အချက်အလက်ဆိုင်ရာ controller
ထိုတာဝန်ထမ်းဆောင်းသူသည်
• လမ်းကြောင်းပြ စက်ပစ္စည်းကိရိယာများ အသုံးပြုမောင်းနှင်သော(Instrument Flight Rules,IFR) လေယာဉ်များအတွက် ထွက်ခွာရန်လမ်းကြောင်းရှင်းလင်းမှုများ လက်ခံခြင်းနှင့် ချောထောက်ပို့ပေးခြင်း
• ခရီးစဉ် အချက်အလက်များ တွက်ချက်ပေးခြင်းနှင့်
• ရာသီဥတု အခြေအနေ၊ Notice to Airmen(NOT AM) ဟုခေါ်သော လေယာဉ်မှုးများအတွက် သတိပေးချက်များ ချောထောက်ပို့ပေးခြင်း တို့ကိုဆောင်ရွက်သည်။
controllerများသည် ၄င်းတို့၏ ပိုင်နက်အတွင်းမှ ခရီးစဉ်များကို flight progress strip ဟူခေါ်သော အသေးစိပ်အချက်အလက်များပါဝင်သည့် ကတ်ပြားများ အသုံးပြု၍ ထိန်းချုပ်ကြသည်။ သို့သော်နောက်ပိုင်းတွင် အီလက်ထရောနစ် နည်းပညာသုံး ခရီးစဉ် အချက်အလက်ပြ ကိရိယာများဖြင့် အစားထိုးအသုံးပြုလာကြပြီ ဖြစ်သည်။ ထို့အပြင် အထက်ပါ တာဝန်ထမ်းဆောင်သော controller များသည် အလိုအလျောက် လေဆိပ်ခြေအနေ ထုတ်ပြန်ခြင်း (Automatic Terminal Information Service,ATIS) အတွက်လည်းတာဝန်ရှိသည်။ ထိုထုတ်ပြန်ချက်များမှာ တစ်နာရီခြားတစ်ခါ အသံသွင်းထားပြီး ရာသီဥတု ပြောင်းလဲလျှင်ပြောင်းလဲသလို ခပ်စိပ်စိပ် လွှင့်ပေးသည်။
၂၊ လမ်းကြောင်းရှင်းလင်းမှုပေးသည့် controller
ထိုတာဝန်ထမ်းဆောင်သူသည် ထွက်ခွာရန်လမ်းကြောင်းရှင်းလင်းမှုများ ကိုရယူ၍ ပိုင်းလော့များသို့ ထုတ်ပေးသည်။ အထွက်လမ်းကြောင်းရှင်းလင်းမှုများ တွင်အောက်ပါအချက်အလက်များ ပါဝင်သည်။
• လေယာဉ်အမျိုးအစား စီစစ်ခြင်း
• ရှင်းလင်းမှု အတိုင်းအတာ
• ထွက်ခွာမှုပုံစံ
• ခရီးစဉ်လမ်းကြောင်း
• အထွက်ရေဒီယိုဖရီကွမ်စီ
• ဂဏန်းလေးလုံးပါသော လေယာဉ်တစ်စီးချင်းအတွက် သီးခြားထုတ်ပေးသည့် transponder code(controller များကမူ squawk ဟုခေါ်ကြသည် ၊ ထိုကုတ်ဒ် ကို ပိုင်းလော့မှ ၄င်း၏ transponder တွင်ရွေးခြယ်လိုက်လျှင် controller ၏ရေဒါတွင်ကြည့် ရှုနိုင်မည်ဖြစ်သည် ၊ transponder အလုပ် လုပ်ပုံနှင့် code များအကြောင်းသည်လည်း စိတ်ဝင်စားဖွယ်ကောင်းလှသဖြင့် နောင်ကြုံကြိုက်လျှင် ဖော်ပြပေးသွားမည်ဖြစ်သည်။)
၃၊ မြေပြင် controller
မြေပြင် controllerသည် လေယာဉ်များ taxi လုပ်ရန် အတွက်လည်းကောင်း၊ ပြေးလမ်းသေများ၊taxiway များပေါ်တွင် အခြားယာဉ်များ သွားလာမှုအတွက်လည်းကောင်း တာဝန်ရှိပေသည်။ ဤနေရာတွင် တစ်ခုမှတ်သားစရာမှာ ground controller သည် ၄င်းမြင်နိုင်သော လေယာဉ်နှင့် အခြားယာဉ်များ အတွက်သာ တာဝန်ရှိပြီး ထိုယာဉ်တို့ကိုသာ လမ်းကြောင်းရှင်းလင်း ညွှန်ကြားမှုများ ပေးနိုင်သည်။ ပြေးလမ်းကျူးကျော်မှုမှ ကာကွယ်ရေးသည် မြေပြင် လေကြောင်းထိန်း၏ အဓိက အရေးပါဆုံး တာဝန်တစ်ရပ်ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ထိုဖြစ်ရပ်မျိုး အကြိမ် ၉၀၀ ထက်မနည်း ပေါ်ပေါက်ခဲ့သည်။ ပြေးလမ်းကျူးကျော်မှုဆိုသည်မှာ နယ်မြေ လေကြောင်းထိန်း၏ ခွင့်ပြုချက်မရပဲ ပြေးလမ်းပေါ်သို့ လေယာဉ် သို့မဟုတ် အခြားယာဉ်တစ်မျိုး ၀င်ရောက်လာခြင်းကို ဆိုလိုသည်။ ယာဉ်တစ်စီးစီး ပြေးလမ်းပေါ်သို့ ဖြတ်သန်းရန်အတွက် မြေပြင် controller သည် ခွင့်ပြုချက်မပေးမီ အမြဲတမ်း နယ်မြေ controller ထံမှ ခွင့်ပြုချက်အရင် တောင်းခံရသည်။ မြေပြင် controller ၏ အခြားအဓိကကျသော တာဝန်တစ်ရပ်မှာ အရေးကြီးနယ်မြေများကို ကာကွယ်ရန်ဖြစ်သည်။ ထိုနယ်မြေများတွင် Instrument Landing System,ILS ၏အစိတ်အပိုင်းတစ်ခု ဖြစ်သော ပြေးလမ်းနှင့် center ကျအောင်ချိန်ပေးသည့် Localizer များ (ထို ILS Localizer Antenna Array ကိုပုံတွင်တွေ့မြင်နိုင်သည်)၊ လေယာဉ် ဆင်းသက်ချိန်တွင် ဒေါင်လိုက် အမြင့်ကို ချိန်ပေးသော glide slope antenna များ၊ ကိရိယာသုံးချဉ်းကပ်မှုများ Precision Approach ၏ အရေးကြီးဧရိယာများ ပါဝင်သည်။ ILS စနစ်အသုံးပြုချဉ်းကပ်နေစဉ်အတွင်း အခြားယာဉ်များ၏ မလိုလားအပ်သော စွက်ဖက်မှုများကိုကာကွယ်ရန် ထိုဧရိယာများကို အနှောက်အယှက် ရှင်းလင်းမှု ကြီးမားစွာ ပေးထားသည်။ ရာသီဥတု အခြေအနေ ဆိုးလျှင်ဆိုးသရွေ့ ထိုဇုန်၏ အရွယ်အစားကို ပိုမိုကြီးမားစွာ သတ်မှတ်သည်။ ဥပမာအနေဖြင့် ချဉ်းကပ်လာသောလေယာဉ်အတွက် ပြေးလမ်းနှင့် အပြင်ဘက် အမှတ်အသား(outer marker) ကြားရှိ မျက်နှာကျက်သည် ပေ၈၀၀အောက် ရှိပါက မြေပြင်ပေါ်ရှိ taxiလုပ်နေသော လေယာဉ်နှင့် အခြားယာဉ်များကို ထိုလေယာဉ်ဆင်းသည်အထိ သတ်မှတ်ထားသော အရေးကြီးနေရာများတွင် ပုံစံအတိုင်း ရပ်ခိုင်းထားရသည်။ လေယာဉ်အကြီးစားများ ချဉ်းကပ်ရာတွင် မျက်နှာကျက်သည် ပေ၂၀၀ ထက်နည်း၍ ပြေးလမ်း၏ သာမန်မျက်စိဖြင့် မြင်နိုင်သောအကွာအဝေးသည် ပေ၂၀၀၀ အောက်ရှိပါက အရေးကြီးဧရိယာ(critical area) များကို ပြေးလမ်းနှင့်ပိုမိုဝေးကွာသော အတိုင်းအတာသို့ ချဲ့ထွင်သတ်မှတ်ရသည်။
၎၊ နယ်မြေ controller
နယ်မြေ လေကြောင်းထိန်း၏ အဓိက အရေးပါဆုံး တာဝန်တစ်ရပ်မှာ ဆိုက်ရောက်နှင့် ထွက်ခွာ လေယာဉ်များ အကြား ထိန်းသိမ်းရမည့် အကွာအဝေး သတ်မှတ်ပေးခြင်းဖြစ်သည်။ ဒုတိယ တစ်ချက်မှာ ၄င်းတို့အား ဘေးကင်းစွာ အမှတ်စဉ်စီပေးရခြင်းဖြစ်သည်။ လေကြောင်းထိန်းသည် IFR clearance နှင့် taxi instruction များကိုလည်း ချောထောက်ပို့ပေးရသည်။ ထို့အပြင် ထွက်ခွာ၊ဆိုက်ရောက် လေယာဉ်များအတွက် ခွင့်ပြုချက်များထုတ်ပေးပြီး ၄င်း၏ပိုင်နက်ရှိ အခြားပျံသန်းနေသော လေယာဉ်များကိုလည်း ကူညီပေးရသည်။
လေယာဉ်တစ်စီးနှင့်တစ်စီး လုံခြုံစွာမောင်းနှင်နိုင်ရန် အနည်းဆုံးရှိရမည့် အကွာအဝေးကို Federal Aviation Administration,FAA မှစနစ်တကျ သတ်မှတ်ထားသည်။ ထိုစည်းကမ်း ပါ ပြေးလမ်းအကွာအဝေး သတ်မှတ်ချက်တွင် လေယာဉ်များကို အောက်ပါအတိုင်း အမျိုးအစား ၃ မျိုးခွဲထားသည်။
အမျိုးအစား ၁၊ အပေါ့စား ဒလက်တပ်စက်တစ်လုံးဖြင့်သာ မောင်းနှင်သော လေယာဉ်
အမျိုးအစား ၂၊ အပေါ့စား အင်ဂျင် ၂ လုံးပါ အလေးချိန်ပေါင် ၁၂၅၀၀ အောက်လေယာဉ်
အမျိုးအစား ၃၊ လေယာဉ်အားလုံး-အရည်အသွေးမြင့် ဒလက်တပ်စက်တစ်လုံး လေယာဉ်များ၊ ကြီးမားသော စက်တစ်လုံးထက်ပိုပါသည့် ဒလက်တပ်လေယာဉ်များ နှင့် တာဘိုင်ဖြင့်မောင်းနှင်သော လေယာဉ်အားလုံး အကြုံးဝင်သည်။
FAA သတ်မှတ်ချက်များအရ ထွက်ခွာသော လေယာဉ်သည် အောက်ပါအခြေအနေမှ လွဲ၍ ပြေးလမ်းမှထွက်ခွာသည်ဟု မခေါ်ဆိုနိုင်ချေ။
-ဆင်းသက်လာသည့်လေယာဉ် ပြေးလမ်းပေါ်မှ လုံးဝကင်းရှင်းသွားမှသာ
-ထွက်ခွာသောလေယာဉ် လေထဲသို့ရောက်ပြီး ပြေးလမ်း၏ အဆုံးနှင့်လွတ်သွားမှသာ
-ထွက်ခွာနေသော လေယာဉ်သည် ပြေးလမ်းမှ ကွေ့သွားမှသာ
သို့သော် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီလျှင် နောက်မှလိုက်ပါလာသော လေယာဉ်သည် ပြေးလမ်းမှ ထွက်ခွာနိုင်သည်
-ထွက်ခွာရာတွင် အကွာအဝေး သတ်မှတ်ချက် ပေ၃၀၀၀ ရှိပြီး လေယာဉ်နှစ်စီးစလံုးသည် အမျိုးအစား ၁ ဖြစ်လျှင်
- အမျိုးအစား ၁ ၏ အရှေ့တွင် အမျိုးအစား ၂ လေယာဉ်ထွက်ခွာသွားလျှင်
- အမျိုးအစား ၁ ၏ အနောက်တွင် အမျိုးအစား ၂ လေယာဉ်ထွက်ခွာလိုလျှင်
- အကွာအဝေး သတ်မှတ်ချက် ပေ၄၅၀၀ ရှိပြီး လေယာဉ်နှစ်စီးစလံုးသည် အမျိုးအစား ၂ ဖြစ်လျှင်
- အကွာအဝေး သတ်မှတ်ချက် ပေ၆၀၀၀ ရှိပြီး လေယာဉ်နှစ်စီးစလံုးသည် အမျိုးအစား ၃ ဖြစ်လျှင်
နားလည်အောင်ပြောရလျှင် ခရီးစဉ်တစ်ခု၏ ထွက်ခွာအဆင့်တွင် လမ်းကြောင်းမရှင်းသေးသ၍ ပိုမိုမြန်ဆန် ကြီးမားသော ဂျက်လေယာဉ်သည် အဆမတန်သေးသော၊ နှေးကွေးသော လေယာဉ်လေး၏နောက်မှ လိုက်၍မထွက်ခွာသင့်ပေ။ controller သည် ထွက်ခွာရန်ပြင်ဆင်နေသော လေယာဉ်ကို ရှေ့မှလေယာဉ် တက်ရန်အရှိန်ယူနေစဉ်အတွင်း ပြေးလမ်းတွင်းသို့ဝင်၍ ရပ်ခိုင်းထားနိုင်သည်။
ဆင်းသက်လာသော လေယာဉ်အတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။ အဆင်းအတွက်မူ လေယာဉ်တစ်စီးနှင့်တစ်စီး အကွာအဝေး သတ်မှတ်မှုသည် အနည်းငယ် ပိုမိုရှုပ်ထွေးသည်။ ချဉ်းကပ်လာသော လေယာဉ်တို့တွင် သွားနှုန်းမတူညီသဖြင့် မြန်သောလေယာဉ် က နှေးသောလေယာဉ်ကို ကျော်တက်သွားနိုင်သည်။ လေယာဉ် အမျိုးအစားများစွာရှိရာ တစ်စီး၏ ပြုတ်ကျသော သွားနှုန်း(stall peed) သည် သေးကွေးသော လေယာဉ်လေးများ၏ အမြန်ဆုံး သွားနှုန်း (top speed) ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် လေကြောင်းထိန်းသည် ချဉ်းကပ်လာသော လေယာဉ်တို့၏ အမှတ်စဉ်နှင့် အကွာအဝေးတို့ကို ပုံသေသတ်မှတ်၍ မရဘဲ အမြဲတမ်းလိုလို အပြောင်းအလဲ ရှိနိုင်သည်။
လေယာဉ်တိုင်းမှ ထုတ်လုပ်သော တောင်ပံထိပ်လေပွေ (wingtip vortices) တို့သည် လေကြောင်းထိန်း တို့ကို ပိုမိုအလုပ်ရှုပ်စေသည်။ ထိုလေပွေများသည် တောင်ပံမှ ပင့်တင်အား ဖန်တီးမှုကြောင့် ထွက်ပေါ်လာခြင်းဖြစ်သည်။ လေယာဉ်လေးများမှ ပေါ်ပေါက်လာသော လေပွေတို့သည် ပြသနာ အလွန်မကြီးသော်လည်း လေယာဉ်ကြီးများ၏ လေပွေသည် ဒုက္ခပေးနိုင်လောက်အောင် စွမ်းအားပြင်းထန်သည်။ Heavies ဟုခေါ်သော လေယာဉ်ကြီးများ (ပေါင် ၂၅၅၀၀၀ အထက်အလေးချိန်ရှိလေယာဉ်များကိုဆိုလိုသည်) နှင့် Boeing 757 များမှ ထွက်လာသော လေပွေတို့သည် တော်နေးတိုး (Tornadoes) အငယ်စား ပမာဏရှိသည်။ ဂျက်လေယာဉ်ကြီးများ၏ နောက်မှကပ်လျက် လိုက်ပါလာသော လေယာဉ်လေးများအတွက် ၄င်းတို့၏ လေပွေများသည် ပုံမမှန်ရုတ်ချည်း လေကြောင်းလှုပ်ရှားမှု (turbulence) အကြီးစားဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် လေယာဉ်ရွေ့လျားမှုတွင် ဂျက်လေယာဉ်ကြီး (Heavies) များပါလာပါက ဝေးဝေးခွာထားပေးရသည်။ လုံခြုံစိတ်ချရသော အကွာအဝေး မထားထားပါက မည့်သည့် အရွယ်အစားရှိသည့် လေယာဉ်မဆို ထိုလေပွေများကြောင့် ပြသနာ တက်နိုင်သည်။
ထိုသို့ ထွက်ခွာနှင့်ဆင်းသက် လေယာဉ်များ၏ အကွာအဝေးကို တွက်ချက်ပေးသူမှာ နယ်မြေ လေကြောင်းထိန်းပင် ဖြစ်သည်။ controller များနှင့် ထိုလေယာဉ်မှုးများအတွက် လေပွေများနှင့် တစ်စီးနှင့်တစ်စီး အကွာအဝေးသည် လွန်စွာမှ အရေးပါလှပေသည်။
နောက်အပတ်တွင် လေဆိပ်ရေဒါ ချဉ်းကပ်ညွှန်ကြားမှု (TRACON) အကြောင်း အသေးစိပ် ဖော်ပြပေးပါမည်။
Local Control (Tower)
Control towers were established to provide for a safe, orderly, and expeditious flow of air traffic at an airport and in its vicinity. It is hard to miss the Control Tower, the tall building with the glass-enclosed cab on top. Each airport’s control tower is also known as Local Control.
There are four major controller classifications at control towers:
• Flight Data Controller
• Clearance Delivery Controller
• Ground Controller
• Local Controller
Controllers working in an airport’s control tower are rotated through each position during one work shift. Each of these positions has specific duties.
1.Flight Data (FD) Controller
The Flight Data Controller:
• Receives and relays IFR Departure clearances
• Operates the Flight Data Processing Equipment
• Relays weather and NOT AM Information
Previously, the FD Controller managed in-range flights using “flight progress strips” of paper. Today, the paper strips have been effectively eliminated with electronic flight data displays (the User Request Evaluation Tool - URET).
The Flight Data Controller is also responsible for the Automatic Terminal Information Service (ATIS) equipment. ATIS recordings are made every hour or more often if the weather changes.
2.Clearance Delivery Controller
The Clearance Delivery Controller is responsible for obtaining and relaying departure clearances to pilots.
These departure clearances include the following information:
• Aircraft Identification
• Clearance limit
• Departure Procedure
• Route of flight
• Altitude assigned
• Departure frequency
• Transponder code
3.Ground Controller
The Ground Controller is responsible for the ground movement of aircraft taxiing or vehicles operating on taxiways or inactive runways. The ground controller is responsible for and can issue clearances only to those aircraft and vehicles that can be seen by this controller.
Runway Incursion prevention is a primary responsibility of the ground controller. In the year 2010 there were more than 900 runway incursions recorded. A runway incursion is the unauthorized entry of an aircraft or vehicle onto an active runway without the permission of the local controller.
For a Ground Controller to issue a clearance for an aircraft or vehicle to cross an active runway, the ground controller must first gain permission from the local controller responsible for that runway.
Another major responsibility for the ground controller is protection of “critical areas”. These protected zones include localizer, glide slope and precision approach critical areas. The critical areas provide greater obstacle clearance during approaches. As the weather conditions change the size of the zone increases. For example, if the weather conditions give a ceiling of less than 800 feet with the landing aircraft between the outer marker and the runway, then taxiing aircraft and other ground vehicles must hold short of the designated critical areas until the aircraft has landed.
For approaches by “heavies” with the ceiling less than 200 feet or with the Runway Visual Range (RVR) at 2,000 feet or less, the critical area expands to an even greater distance from the runway.
4.Local Controller
The one major responsibility of the Local Controller is to provide separation between arriving and departing aircraft. Another major responsibility of the Local Controller is to safely sequence arrivals and departures. This controller also relays IFR clearances and taxi instructions. The Local Controller also issues takeoff and landing clearances and provides assistance to other flights flying through their local area.
Of course, there are regulations. The FAA has clearly identified guidelines for keeping aircraft at a safe distance from each other. This is known as safe separation distance. According to the FARs, runway separation regulations describe the following 3 aircraft categories
• Category light-weight single-engine propeller driven aircraft Category II light-weight twin-engine aircraft weighing 12,500 pounds or less Category III everything else including high performance single-engine propeller airplanes, large multi-engine propeller aircraft and all turbine powered aircraft
• The FAA separation regulations also specify that departing aircraft may not take off from a runway unless:
• A landing aircraft has taxied clear of the runway, or
• A departing aircraft is airborne and is clear of the departure end of the runway or
• A departing aircraft has turned away from the departing runway But the regulations also say that the following aircraft can depart:
• If the takeoff separation is 3,000 feet and both aircraft are Category I
• If a Category II aircraft departs before a Category I aircraft
• If a Category II aircraft takes off after a Category I aircraft
• If both aircraft are Category II aircraft and the separation distance is 4,500 feet If either aircraft is a Category III aircraft and the separation distance is 6,000 feet
In other words, during the Takeoff phase of flight a fast, large jetliner should never take off behind a much smaller and slower 2-seater aircraft until it is out of the way. A local controller can allow an aircraft in line for takeoff to "taxi in position and hold" on the runway while another aircraft is on its takeoff roll.
For arriving aircraft similar separation standards applyThe separation regulations for arriving aircraft are similar to the departure regulations with added complications. Arriving aircraft have different speeds with higher speed aircraft overtaking other slower aircraft. Many aircraft have stall speeds higher than many other aircraft top speeds. The controllers must sequence and space all arriving aircraft in a dynamic system.
A further complication is all aircraft produce wingtip vortices. Vortices are caused by the generation of lift from the wings. The vortices generated by a small aircraft are not nearly as troublesome as the vortices generated by a “heavy”. “Heavy aircraft” (aircraft weighing 255,000 pounds or more) and Boeing 757 aircraft, generate vortices with a strength of small tornadoes. Wingtip vortices generated by a large jetliner can cause tremendous turbulence for a much smaller aircraft if it is following too close behind. There has to be a greater separation in distance and time when a “heavy” is in the traffic mix. Wingtip vortices can cause problems no matter the size of any of the aircraft if safe separation is not maintained.
Remember, it is the local controller who determines the spacing and separation of both departing and landing aircraft. Wingtip vortices and safe separation are extremely important to the pilots of these aircraft and the local controller assisting them.
Yangon International Airports FB Page မှ
Friday, April 29, 2016
Air Traffic Control Tower
ချန်ဂီလေဆိပ်
စင်္ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပတ်သက်သော သိကောင်းစရာများ
=========================
၂၀၁၅ ခုနှစ်တွင် -
(၁)
ချန်ဂီလေဆိပ်ကို ဖြတ်သန်းအသုံးပြုခဲ့သော ခရီးသွား အရေအတွက် စုစုပေါင်း - ၅၅,၄၄၈,၉၆၄ ယောက်
(၂)
ကုန်ပစ္စည်း တန်ချိန်စုစုပေါင်း - ၁,၈၅၃,၀၈၇ တန်
(၃)
ဝင်၊ ထွက်သွားလာခဲ့သော လေယာဉ်ပျံအကြိမ်အရေအတွက် စုစုပေါင်း - ၃၄၆,၃၃၄ ကြိမ်
(၄)
လျင်မြန်စွာ တိုးပွားလာသော ခရီးလမ်းကြောင်းများ -
ကိုလံဘိုမြို့  (၁၇.၃%)၊ မွန်ဘိုင်း (၈.၂%)၊ ဘန်ကောက် (၁၆.၆%)၊ ကွမ်ကျိုးမြို့ (၈.၇%) နှင့် တိုကျိုမြို့ (၈.၁%)
(၅)
စီမံကိုင်တွယ်ခဲ့သော ခရီးဆောင်အိတ် စုစုပေါင်း - ၃၉ သန်း အိတ်
(၆)
ဈေးကွက် အကောင်းဆုံး (၁၀) နိုင်ငံ -
(၁) အင်ဒိုနီးရှား၊ (၂) မလေးရှား၊ (၃) ထိုင်း၊ (၄) သြစတေးလျ၊ (၅) တရုတ်၊ (၆) ဟောင်ကောင်၊ (၇) အိန္ဒိယ၊ (၈) ဂျပန်၊ (၉) ဖိလစ်ပိုင် နှင့် (၁၀) ဗီယက်နမ် နိုင်ငံ
(၇)
ထိပ်ဆုံး ဦးတည်သွားရောက်ခဲ့သည့် မြို့ များ -
(၁) ဂျကာတာမြို့ ၊ (၂) ဘန်ကောက်မြို့ ၊ (၃) ကွာလာလမ်ပူမြို့ ၊ (၄) ဟောင်ကောင်မြို့ ၊ (၅) မနီလာမြို့ ၊ (၆) တိုကျိုမြို့  ၊ (၇) ဘာလီမြို့ -ဒင်ပါဆားမြို့  ၊ (၈) ဟိုချီမင်းမြို့  ၊ (၉) တိုင်ပေမြို့  နှင် ဆစ်ဒနီမြို့ 
(၈)
ချန်ဂီလေဆိပ်နှင့် ချိတ်ဆက်ထားသော ဦးတည်သွားရောက်သည့် နေရာများ - မြို့ ပေါင်း ၃၂၀ ကျော်
(၉)
တစ်ပတ်အတွင်း ၀င်ထွက်၊ သွားလာနေသော လေယာဉ် အရေအတွက် - ၆,၈၀၀ စီး
(စက္ကန့် ၉၀ တွင် လေယာဉ် တစ်စီး နှုန်း ၀င်ထွက်၊ သွားလာ နေသည်)
(၁၀)
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ဟာ အစည်ကားဆုံးနေ့ဖြစ်ခဲ့ပြီး အဲဒီ တစ်ရက်ထဲမှာပင် ခရီးသွား ၁၉၂,၀၀၀ ယောက် ဖြတ်သန်းသွားလာခဲ့သည်။
(၁၁)
ချန်ဂီလေဆိပ်တွင် ပြေးဆွဲအသုံးပြုနေသော လေကြောင်းလိုင်း အရေအတွက် စုစုပေါင်း ၁၀၀ ကျော်ရှိသည်။
(၁၂)
ထပ်မံတိုးပွားလာခဲ့သော လေကြောင်းလိုင်းသစ် (၇) လိုင်း -
(၁) AirBridgeCargo* (၂) Air New Zealand (၃) Batik Air (၄) My Indo Airlines* (၅) Myanmar National Airlines (၆) Polar Air Cargo* နှင့် (၇) Thai Lion Air လေကြောင်းလိုင်းများ
(၁၃)
ချန်ဂီလေဆိပ်နှင့် ချိတ်ဆက်ပြီး ဦးတည်သွားရောက်ခဲ့သည့် မြို့ အသစ်များ -
(၁) Cairns (၂) Changchua (၃) Cincinnati (၄) Luang Prabang (၅) Lucknow (၆) Sanya (၇) U-Tapao နှင့် Yinchuan မြို့ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စင်္ကာပူချန်ဂီလေဆိပ် ကမ္ဘာ့အကောင်းဆုံး လေဆိပ်ဆု (၃) နှစ်ဆက်တိုက်ဆွတ်ခူးရရှိခဲ့....
ချန်ဂီလေဆိပ်ဟာ တခြားသော ကမ္ဘာ့အကောင်းဆုံးလေဆိပ်တွေဖြစ်ကြတဲ့ တောင်ကိုရီးယားနိုင်ငံမှ အင်ချွန်းလေဆိပ်၊ ဂျာမနီနိုင်ငံမှ မြူးနစ်လေဆိပ်နှင့် ဟောင်ကောင်နိုင်ငံမှ ဟောင်ကောင်လေဆိပ်တို့ကို ကျော်ဖြတ်ပြီး (၃) နှစ်ဆက် ဆွတ်ခူးခဲ့တာပါ။
ဒါတင်မကသေးဘဲ ချန်ဂီလေဆိပ်ဟာ ကမ္ဘာ့အကောင်းဆုံး Leisure amenities (ခရီးသွားများအတွက် နားနေချိန်နဲ့ အားလပ်ချိန်မှာ စိတ်အပန်းပြေ သာယာအဆင်ပြေမှု) ဆုကိုပါ ဆွတ်ခူးခဲ့တာပါ။
"ယခုလို ကြီးကျယ်တဲ့ ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဆုကို (၃) နှစ်ဆက် ဆွတ်ခူးရရှိတာဟာ ချန်ဂီလေဆိပ်အတွက် တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှု တစ်ခုပါပဲ" လို့ Skytrax လေကြောင်းသုတေသန မှ အကြီးအကဲဖြစ်သူ Mr.Edward Plaisted က ပြောကြားသွားပါတယ်။
Jewel Changi Airport Project, Terminal 4 Project စတဲ့ ပရောဂျက် စီမံကိန်းအသစ်တွေ ဆောက်လုပ်နေတဲ့ ချန်ဂီလေဆိပ်အတွက် ယခုလို ဆုတံဆိပ်တွေ ရရှိတာဟာ ချိုမြိန်မှု တစ်ခုပါပဲ။
"ဒီထပ်တိုးချဲ့ပြီး များပြားလှတဲ့ ခရီးသည်တွေကိုဝန်ဆောင်မှုပေးဦးမယ့် ချန်ဂီလေဆိပ်အနာဂတ်အတွက် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်" လို့ ချန်ဂီလေဆိပ်အကြီးအကဲ Mr.Lee Hiang က ဆိုသွားပါသေးတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
***** စင်္ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ပတ်သက်ပြီး သိသင့်သည့် အကြောင်းအရာ (၅) ခု *****
စင်္ကာပူနိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ ယခုအချိန်ထိ Terminal 1, 2 နှင့် 3 တို့ဖြင့် ခရီးသည် ဝင်/ ထွက် သွားလာမှုများကို ဝန်ဆောင်ပေးနေပါတယ်။
Changi Terminal 4 အသစ် ဟာ၂၀၁၇ ခုနှစ်မှာ အဆင်သင့် ဖြစ်နေတော့မှာဖြစ်ပြီး ချန်ဂီလေဆိပ်ဟာ နောင် ၁၀ နှစ် အကြာမှာ တကယ့်ကို တမူထူးခြား ခြားနားတဲ့ ပုံစံနဲ့ တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။
Terminal 4 ရဲ့  အဓိက အဆောက်အအုံ ဆောက်လုပ်နေမှုဟာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပါပြီလို့ ချန်ဂီ နိုင်ငံတကာ လေဆိပ် တာဝန်ရှိသူများမှ လွန်ခဲ့သော အပတ်က ကြေငြာ သွားခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာ တရားဝင် ဖွင့်လှစ်နိုင်တော့မယ့် Terminal 4 ကို အနည်းဆုံး လေကြာင်းလိုင်း ၆ လိုင်းမှ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
အဲဒီကြေငြာတဲ့ အချိန်အတောအတွင်းမှာပဲ လက်ရှိ စင်္ကာပူနိုင်ငံရဲ့  အကြီးဆုံး Mall တစ်ခုဖြစ်တဲ့ VivoCity အရွယ်အစားထက် ၁၀ ဆခန့် ကြီးမားတဲ့ ဧရာမ အကြီးစား Terminal 5 ကို နောက် ၁၀ နှစ်အကြာမှာ ဖွင့်လှစ်မယ်လို့ The Straits Times သတင်းစာ က ဖော်ထုတ်ရေးသား သွားခဲ့ပါတယ်။
ယနေ့ ချန်ဂီလေဆိပ် အဖြစ် ရပ်တည်လာနိုင်အောင် ပြုလုပ်ပေးတဲ့ ချန်ဂီ လေဆိပ်နဲ့ ပတ်သတ်ပြီး သိသင့်သည့် အကြောင်းအရာ တချို့ မှာ----------
(၁) အစပိုင်း ချန်ဂီ
ဇူလိုင်လဟာ ချန်ဂီလေဆိပ်ရဲ့  မွေးလ ဖြစ်ပါတယ်။
၁၉၈၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တွင် Terminal 1 မှာ လေယာဉ်များ စတင် ပြေးဆွဲ အသုံးပြုခဲ့ ကြပါတယ်။ အဲဒီ အချိန်က အာရှရဲ့  အကြီးဆုံး လေဆိပ် တစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမဆုံး ဆိုက်ရောက်လာခဲ့တဲ့ လေယာဉ်ကတော့ ကွာလာလမ်ပူမြို့ မှ ပျံသန်းလာတဲ့ စင်္ကာပူလေကြောင်းလိုင်းမှ ခရီးသည် ၁၄၀ ဦးတင်ဆောင်လာသော လေယာဉ်အမှတ် SQ101 ဖြစ်ပါတယ်။ ပထမဆုံး ထွက်ခွာခဲ့တဲ့ လေယာဉ်ကတော့ မလေးရှားနိုင်ငံ ပီနန်း ကိုထွက်ခွာသွားခဲ့သော SQ192 ဖြစ်ပါတယ်။
.....................................................................
(၂) လေကြောင်း ထိန်းချုပ် ညွှန်ကြားရေး မျှော်စင်
Public Works Department မှ ဒီဇိုင်းထုတ်ခဲ့တဲ့ အမြင့် ၇၈ မီတာ (ပင်လယ်ရေ မျက်နှာပြင်အထက် ၈၁ မီတာ) မြင့်မားတဲ့ လေကြောင်းထိန်း မျှော်စင်ဟာ အဲဒီအချိန်က လက်ထပ်စ မောင်နှံတို့ရဲ့ လက်ထပ် မင်္ဂလာ အလှဓာတ်ပုံများ ရိုက်ကူးရာ နေရာ တစ်ခုအဖြစ် ရေပန်းစားခဲ့ပါတယ်။
လေဆိပ်တစ်ခုလုံးကို အပေါ်စီးမှ စီးမြင်နိုင်ပြီး ချန်ဂီလေဆိပ်ရဲ့ အလယ်တည့်တည့်မှာ တည်ရှိတဲ့ လေကြောင်းထိန်းမျှော်စင်ဟာ တစ်ရက်ကို လေယာဉ် အစီးပေါင်း ၇၀၀ ၏ လှုပ်ရှားမှုများကို ကိုင်တွယ် ပေးနေပါတယ်။
.....................................................................
(၃) အမြဲတမ်း တိုးချဲ့ခြင်း
ချန်ဂီလေဆိပ်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ဇူလိုင်လ ၁၉၈၁ ခုနှစ် မှာ ခရီးသွားဦးရေ ပမာဏဟာ ၈ သန်းသာ ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ခရီသွားဦးရေ ၅၄ သန်းကို ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ခရီးသွား ၅၅ သန်းကျော် အသုံးပြုခဲ့ပါတယ်။
၁၉၉၀ ခုနှစ် နိုဝင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ Terminal 2 ဟာ အစ၌ "Airtropolis" တစ်ခု အဖြစ် အမည်မှဲ့တွင်ခဲ့ပြီးမှ နောက်ဆုံးတော့ Terminal 2 ဆိုတဲ့ ရိုးစင်းလွန်းသော အမည်ဖြင့်သာ အဖတ်တင်နေပါတော့တယ်။
Terminal 3 ကို ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှ စတင် ဖွင့်လှစ်ခဲ့ပြီး လေယာဉ်များ စတင် ပြေးဆွဲ အသုံးပြု ခဲ့ကြပါတယ်။
Terminal 4 ဖွင်လှစ်မည့် ၂၀၁၇ ခုနှစ်မှာတော့ တစ်နှစ်မှာ ခရီးသည်ပေါင်း ၁၆ သန်း အထိ ထပ်တိုးကိုင်တွယ်
နိုင်တော့မှာ ဖြစ်ပါတယ်။
Terminal 5 သာ ဖွင့်လှစ်နိုင်ခဲ့ပြီးလျှင်တော့ တစ်နှစ်အတွင်းမှာ ခရီးသည် သန်းပေါင်း ၁၄၀ အထိ ၀င်ရောက်သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။
.....................................................................
(၄) လေယာဉ်ကွင်းထဲမှာ ပန်းဥယျာဉ်များ၊ ကလေးကစားကွင်းများ၊ ရုပ်ရှင်ရုံများ ရှိနေခြင်း
လိပ်ပြာ ပန်းဥယျာဉ်၊ နေကြာပန်း ဥယျာဉ်၊ စင်္ကာပူရဲ့  အရှည်ဆုံး လျှောစင်၊ အခမဲ့ ကြည့်ရှုနိုင်သော ရုပ်ရှင်ရုံများ အပြင် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ကျော် နှင့် စားစရာ စားသောက်ဆိုင်ခန်းပေါင်း ၁၂၀ ကျော်ရှိနေတဲ့ ချန်ဂီလေဆိပ်ဟာ ခရီး အကူးအပြောင်းဖြင့် ရောက်ရှိလာသော ကမ္ဘာ့လှည့် ခရီးသွားများကို ခရီးအကူးအပြောင်းနေရာတစ်ခုအဖြစ်မှ သွားရောက် လည်ပတ်ရမည့် နေရာတစ်ခုအဖြစ် ဖန်တီးထားပါတယ်။
.....................................................................
(၅) ချန်ဂီလေဆိပ် နောက်ကွယ်မှ ရွေ့လျားစက်ခါးပတ်များ
ရွေးလျားစက်ခါးပတ်များ အသုံးပြုပြီး ၀န်စည်စလွယ် အိတ်တွေကို Terminal တစ်ခုမှ တစ်ခုသို့ အလိုအလျောက် သယ်ယူပို့ဆောင်ပေးနေတာဟာလည်း အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ နေ့ရော ညပါ လည်ပတ် အသုံးပြုနေတဲ့ ရွေ့လျားစက်ခါးပတ်တွေဟာ တစ်ရက်ကို ကမ္ဘာအနှံ့မှ ရောက်လာကြတဲ့ ၀န်စည်စလွယ် အိတ်ပေါင်း ၇ သောင်းကျော်ကို ၀န်ဆောင်မှု ပေးနေပါတယ်။
ရွေ့လျားစက်တွေနဲ့ ဘယ်လို လည်ပတ်ပြီး ၀န်ဆောင်မှုပေးနေတယ်ဆိုတာ Behind Changi ဆိုတဲ့ ဗဟုသုတရဖွယ် အောက်ပါ ၀က်ဗွီဒီယိုလေးကို ကြည့်ရှုနိုင်ကြပါတယ်။
https://www.youtube.com/watch?v=bGOpjr5FvI8
Copyright © စလုံး Page
https://www.facebook.com/SaloneCollection
(စင်္ကာပူနှင့် ပတ်သတ်သော အကြောင်းအရာများ စုစည်းမှု)
Ref: ST/ CNA
Wednesday, April 6, 2016
Air Traffic Controller
- Air Traffic Control is a service provided by ground-based controllers who direct aircraft on the ground and through controlled airspace.ATC protect you whenever you travel by plane.
2:Do you know objectives of ATC?
:Prevent collisions between aircraft
:Prevent collissions between aircraft on manoeuvering area and obstruction on that area.
:Expedite and maintain orderly flow of air traffic.
:Provide advice and information that usefuk for the safe and efficient conduct of flight.
:Notify appropriate organization regarding in need of search and rescue aid and assist such as organization as required.
3.What is tasks of ATC?
-ATC have to do as flight check,admin and plan,Air navigation and safety division,airport construction,revenue and aviation security.
Weather codes for ATC
-FU... Smoke
-DU... Dust
-SA... Sand
-HZ .. Haze
-PY.. Spray
-VA ... Volcanic Ash
DS.. Duststrom
SS... Sandstrom
SQ ..Squalls
NSW... No significant weather
SKC.. Sky Clear
VV.. Vertical visibility
FC.. Funnel cloud
WS.. Wild Speed
BR.. Mist
FG ..Fog
SCT..Sky Cloud Types
NSC No Significant Cloud
CAVOK Cloud And Visibility Ok
CB Cumulonibus Cloud
ILS (Instrument Landing System): Electronic approach aid which enables a pilot to carry out an approach for landing when weather conditions preclude visual contact with the ground.
IFR (Instrument FLIGHT Rules): Stipulated procedures for navigating aircraft by reference to cockpit instruments and radio navigation aids alone. Enables FLIGHT regardless of visibility. Normal operating procedure for AIRLINE FLIGHTS.
IMC (Instrument Meteorological Conditions): Weather conditions in which visibility is less than specified for visual flying, and in which FLIGHT is legally possible only under IFR.
Knot: One nautical mile per hour. Equivalent to 1.853km/h.
Lifeguard: A term attached to an airliner's radio callsign when the aircraft is transporting time sensitive medical materials/supplies, such as blood plasma, organs for transplant, etc. (Example: TWA Flight 800 was known as "Lifeguard TWA800")
Localizer: The horizontal guidance portion of an Instrument Landing System. Indicates to the pilot whether he is to the left of, to the right of, or on course.
LOG: Localised VHF radio beacon providing accurate horizontal guidance.
Lowest SAFE Altitude (LSA): Designated minimum altitude for particular air route, providing minimum of 1,000 feet clearance above underlying terrain.
MAC: Mean Aerodynamic Chord.
MSA (Minimum SAFE Altitude): Altitude below which IFR aircraft may not descend unless specifically authorised to do so by ATC. Takes into account high terrain underlying an air route.
Mach number: Figure expressing relationship between true airspeed of aircraft and speed of sound.
Mayday (repeated three times): Radio telephony version of former morse code "SOS" distress call. Derived from the French "m'aidez" - "help me".
N1: RPM of Stage 1 fan of turbofan jet engine, expressed as a percentage of normal maximum fan speed.
N2: RPM of gas turbines of turbofan jet engine, expressed as a percentage of normal maximum turbine speed.
Nautical mile (nm): Measure of distance used for navigation in the air and at sea. Equal to one minute of an arc of latitude on the earth's surface. Is 800 feet longer than a statute mile and equivalent to 1.853km.
Nav: Navigation.
Navaid: Radio navigation aid.
ND: Navigation Display.
NDB: Non directional beacon. Ground based medium frequency radio transmitter sending continuous signals in all directions for use by aircraft fitted with ADF (radio compass).
NOTAM (Notice to Airmen): Message concerning changes to serviceability of aerodromes, radio and navigation facilities.
NTSB: National Transportation Safety Board.
Octas ("eighths"): Expression of cloud amount. Eight octas (or eighths) represents a completely overcast sky; four octas a half clouded sky.
PFD: Primary Flight Display.
Pitot-static system: System of instruments, connecting tubes and air sensors for measuring altitude, airspeed, and rate of climb or descent.
Precipitation: (Meteorological) Rain, hail, sleet or snow in or falling from cloud.
Preflight (inspection): "Walk around" inspection of aircraft by pilot, usually immediately prior to flight.
QFE: Code expression designating altimeter setting in millibars for particular airport. When set on subscale of altimeter, instrument reads aircraft's height above that airport.
QNH: Code expression designating altimeter setting in millibars - when set on subscale of aircraft's altimeter, instrument reads aircraft's height above mean sea level.
Radial: Bearing to or from VOR radio range.
Radio Compass: See ADF.
Radio Range: Type of radio beacon providing defined aircraft tracks to or from that navigation aid.
Rate One turn: Shallow standard rate turn used in instrument flight conditions.
RMI: Radio Magnetic Indicator.
RMP: Radio Management Panel.
RPM (rpm): Measure of engine speed expressed in revolutions per minute.
Rudder(s): Control surface(s) at rear of vertical tail (fin) controlling yawing movement of aircraft.
SAR: Search and Rescue.
SEC: Spoiler/Elevator Computer.
SFCC: Slat/Flap Control Computer.
Sigmet: Warning signal issued by Aviation Meteorological Service when weather conditions suddenly deteriorate.
Slats: Aerodynamic device fitted to leading edge of wings to delay onset of stall.
Spot height: Height noted on chart showing elevation of prominent mountain peak.
SSC: Side Stick Controller. Replaces a conventional flight yoke on Airbus aircraft.
Stalling speed: Low airspeed at which aircraft wings suddenly lose lift. No connection with engine "stall". Is absolute minimum airspeed at which aircraft can maintain flight.
Stick-shaker: Stall warning device which shakes aircraft's control columns as stalling speed is approached.
Tailplane: Horizontal aerofoil member of an aeroplane's tail assembly or empennage. Provides longitudinal stability in flight. Known as the stabilizer in US aviation parlance (see also elevators).
Threshold: The point at which a runway begins.
Transponder: Radio device fitted to aircraft which, when triggered off by certain radar wavelengths, emits a signal visible on ground radar screens. Signal usually includes additional information such as altitude of the aircraft.
Trim: Adjusting control of aircraft in climb, level flight and descent, so pilot is not required to maintain continuous pressure on elevators, ailerons or rudder.
T-VASIS: T Visual Approach Slope Indicator System.
UHF (Ultra High (radio) Frequency): Frequency band of 300 to 3000 MHZ. Aviation use confined mainly to military aircraft.
V (code): Schedule of indicated airspeeds stipulated for different phases of flight (see following).
V-1: Decision speed during takeoff. Aircraft is committed to fly when this speed is passed.
Vr: Rotation speed. Speed at which aircraft is "rotated" into liftoff attitude by raising the nosewheel off the runway.
V-2: Takeoff safety speed. Minimum control speed plus safety margin to allow for engine failure and other contingencies.
Vne: Never exceed speed.
Vref: Flap reference speed. Landing speed for stipulated number of degrees of flap extension.
VASIS: Visual approach slope indicator. System of lights located on ground on either side of runway to indicate correct angle of descent to approaching aircraft.
VSI (Vertical Speed Indicator): Instrument displaying rate of climb or descent in feet per minute.
VHF (Very High (radio) Frequency): In general use for inflight radio communications on air routes. Its frequency band from 30 to 300 MHZ is largely free from interference and static, but range is limited to "line of sight".
VFR (Visual Flight Rules): Stipulated flight procedure for navigating aircraft visually, clear of cloud, in Visual Meteorological Conditions.
VMC (Visual Meteorological Conditions): Weather providing specified range of visibility, making it possible for pilots to use visual means to avoid obstructing terrain and other aircraft.
VOR: Very High Frequency Omnidirectional Radio Range
Between Pilot and ATC conversation
pilot: Atc Herlambang if you've heard my voice
Atc: yes please
pilot: Garuda Indonesia aircraft AirBus code GHDYSUJ destination dubai international airport of Jakarta Indonesian cengkareng
Atc: Please feel free to runway 24 premises 10km speed
Pilot: Garuda Indonesia Airbus Code GHDYSUJ ready to fly to Dubai International Airport
Pilot: how the weather in the sky
Atc: good weather .. please fly with the speed of 500km altitude of 35000 feet above sea level
Pilot: Ready .. fly